Friday, March 02, 2012

ဧပြီလ ၂၉ ရက် စင်္ကာပူမှာလုပ်မယ့် ဇာဂနာစုစည်းသည့် မြန်မာ့သင်္ကြန်အငြိမ့်ပွဲတော်




ဧပြီလ ၂၉ ရက် စင်္ကာပူမှာလုပ်မယ့် ပွဲပါခင်ဗျာ... လူရွှင်တော် အရိုင်း - မေတ္တာ - ငှက်ပျောကြော် - ကင်းကောင် ကျနော်နဲ့  .. မင်းသမီးကတော့ ချောအိငြိမ်းပါ ..
ကိုဇာဂနာဖေ့ဘုတ်မှ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်နယ် စည်းရုံးရေးခရီးစဉ်

 ၁-၃-၂၀၁၂
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းပြည်နယ် စည်းရုံးရေးခရီးစဉ် ကလောမြို့ကို
 ရောက်နေပြီး ထောက်ခံသူ သောင်းနဲ့ ချီတဲ့ပြည်သူများစွာကို မိန့်ခွန်းပြောတဲ့အခါမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲဖို့ တပ်မတော်ကလည်း ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်လို့  ပြောကြား
လိုက်ပါတယ်။

လူထုခေါင်းဆောင်၏ မန္တလေးခရီးစဉ် ပို့ ဒ်စတာ

 ၁-၃-၂၀၁၂
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၏ မန္တလေးခရီးစဉ် လူထုဟောပြောပွဲ
 အောင်ပင်လယ်ကွင်း ဆဆ/၉၊ လမ်း ၅၀ နှင့် ၅၁ လမ်းကြား၊ အောင်ဇေယျလမ်းနှင့် ခိုင်ရွှေဝါလမ်းကြား၊
 အောင်ပင်လယ်ရွာအရှေ့ဘက် ၂၀၁၂၊ မတ်လ ၃ ရက် နံနက် ၉နာရီ ပေါင်းစုလက်တွဲ ဆုံစည်းကြရ
အောင်... (မန္တလေးမြို့၊ ၂၆ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ ပဒုမ္မာ ခန်းမရှေ့တွင် ချိတ်ဆွဲထားသော ပိုစတာ ဖြစ်ပါသည်)


လူထုခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ်
လူထုဟောပြောပွဲ အောင်ပင်လယ်ကွင်းတွင် ကျင်းပမည်ဖြစ်ပြီး မန္တလေးမြို့ မိမြို့ ဖများ အနုပညာရှင်များ
 ဈေးချိုသူဈေးချိုသားများ အနီးနားတ၀ှိက်ကျေးရွာအသီးသီးမှ တောင်သူလယ်သမား အလုပ်သမား
 ကျောင်းသား ကျောင်းသူများမှ ပန်းစီး ပန်းကုံးများဖြင့်  ကြိုဆိုကြမည်ဟုသိရှိရသည်။

မအူပင်မြို့ နယ် ရွေးကောက်ပွဲကာလ လွတ်လပ်ပြီး တရားမျှတမူ ရှိစေရန် ဟောပြော

  ၁-၃-၂၀၁၂
မအူပင်မြို့နယ်အတွင်းရှိ ညောင်ဝိုင်းကျေးရွာ၊အော်ကထုံးကျေးရွာ၊အင်းတေးကျေးရွာ၊ အင်းမ ကျေးရွာ၊ လေးအိမ်စုကျေးရွာ၊ ကျွဲထုံးကျေးရွာ၊ ကျုံနတ္တာ ကျေးရွာ၊ ရွှေတောင်ကျေးရွာတွေမှာ ကိုဇော်ရမ်း(ဗကသ၊ NLD ဟောင်း)၊ ကိုဖိုးခွား(ခ)အောင်ကျော်စိုး။ကိုဟန်ဝင်းအောင် (နိုင်ငံရေးအကျဉ်းသား မိသားစုကွန်ယက်)၊ ကိုအောင်ကျော်ကျော်( ဗကသဖြစ်မြောက်ရေး တွဲဘက်အတွင်းရေးမှူး)၊ ကိုလတ်(ခ) မောင်မောင်လတ် (ဗကသဟောင်း)တို.မှ ရွေးကောက်ပွဲကာလ လွတ်လပ်ပြီး တရားမျှတမူ ရှိစေရန် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ စတင်၍ ၂၇ ရက်နေ့အထိ သွားရောက်စည်းရုံးတရားဟောပြောပွဲများ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ စစ်မှန်တဲ့ဒီမိုကရေစီပေါ်ပေါက်လာရေးအတွက် ပြည်သူတွေက အားကြိုးမာန်
တက် ဆောင်ရွက်နေကြတာတွေ့ ရပါတယ် ဒီမိုကရေစီရဲ့ အခြေခံဖြစ်တဲ့ လူမှု့ အဖွဲ့ အစည်းတွေ
ပေါ်ပေါက်ရေး လူ့ အခွင့်အရေးတွေရရှိအောင် ကျေးရွာ မြို့ နယ်အသီးသီးမှာ ဆွေးနွေးဟောပြော
ပွဲတွေ အများအပြားလုပ်ဆောင်လာခြင်းသည် ကောင်းသောလက္ခာဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြည်ထောင်စုလွတ်တော် မိန့်ခွန်း

၁-၃-၂၀၁၀                                                                                                                   အစိုးရအဖွဲ့သစ် တာဝန်ယူခြင်း ၁ နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် နိုင်ငံတော်သမ္မတက       ပြည်ထောင်စုလွှတ်တော်၌ မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ထိုသို့ မိန့်ခွန်းပြောကြားရာတွင် ဒီမိုကရေစီဖြစ်ထွန်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အစရှိသည့် ကိစ္စများကို အဓိကထား ပြောကြားသွား     ခဲ့ပြီး ဆောင်ရွက်ပြီးနှင့် ဆက်လက်ဆောင်ရွက်နေဆဲ ကိစ္စများကို အကျဉ်းချုံးတင်ပြခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံရေးလုပ်ငန်းစဉ်အားလုံးတွင် အားလုံးပါဝင်ဆောင်ရွက်နိုင်အောင် ကြိုစားလုပ်ဆောင်လျက်ရှိပြိး ထိုကဲ့သို့ အားလုံးပါဝင်နိုင်ရန်အတွက် အကျဉ်းသား ၂၈၀၀၀ ကျော်          ကို တစ်နှစ်တာအတွင်း လွတ်ငြိမ်းချမ်းသားခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မက   ပြောကြားပါသည်။
အားလုံးပါဝင်နိုင်ရေးမှာ ခေတ်အဆက်ဆက် တောင်းဆိုခဲ့ကြသည့် အချက်ဖြစ်သည်နှင့်အညီ တိုင်းရင်းသားများ ပါဝင်နိုင်ဖို့မှာလည်း အရေးကြီးကြောင်း၊ တိုင်းရင်းသားအားလုံး တန်းတူရည်တူ ပါဝင်နိုင်ဖို့ မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် ဖြစ်ပေါ်ခဲ့သော အထင်အမြင်လွဲမှားမှုများကို ဖယ်ရှားနိုင်ဖို့ အရေးကြီးကြောင်း နိုင်ငံတော် သမ္မတက ပြောကြား      ပါသည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း အစရှိသည့်အနက် ဗမာဆိုသည်မှာ        လည်း လူမျိုးစုတစ်စုသာဖြစ်သည့်အတွက် အားလုံးသာတူရည်မျှရှိသင့်ကြောင်း၊ တန်းတူရည်တူ   ဖြစ်အောင်နှင့် တိုင်းရင်းသားများ၏ မျှော်မှန်းချက်များ ပြည့်ဝစေရေးမှာ ကျွန်တော်တို့ အစိုးရ        အဖွဲ့၏ လိုလားချက်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ဆက်လက်ပြောကြားပါသည်။
 သမ္မတက အပြောမှာတော့ရွှေမန်း အလုပ်မှာတော့ ချိုမိုင်မိုင် ပြဇတ်ထဲက၀န်ကြီးလောက်တောင် အဆင့်မရှိဘူး စာတွေဘဲဖတ်ပြနေပြီး အပြောတမျိုး အလုပ်တမျိုးဆိုတာ လက်ရှိ ရွေးကောက်ပွဲ   ဖြစ်စဉ်တွေနဲ့  တိုင်းရင်းသားဒေသတွေက တိုက်ပွဲတွေ မရပ်သေးတာ ကြည့်ရင် သိမြင်နိုင်ပါတယ်။          
 

မြန်မာအစိုးရ မြစ်ဆုံစီမံကိန်း ပြည်သူတွေကို လှည့်စားဖို့ လုပ်နေ

 ၁-၃-၂၀၁၂
မြစ်ဆုံဆည် လှို့ ဝှက်တည်ဆောက်နေမှု ကို အနောက် နိုင်ငံ ထောက်လှမ်းရေး ဂြိုလ်တုများက
 ထောက်လှမ်း၍ မရနိုင်ရန် တရုတ်က လှို့ ဝှက်ဆောင်ရွက် နေသည်ဟု သံတမန် သတင်း 
ရပ်ကွက်တွင် ပြောဆိုကြသည်။ တရုတ် ၀န်ထမ်း နှင့် အင်ဂျင်နီယာများ ထပ်မံ ရောက်ရှိ
 အခြေစိုက်နေသည်ဟု နိုင်ငံ တကာ သတင်းများတွင် ဖော်ပြသည်။

NLD မော်လမြိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်ဌေးကြွယ် မဲဆွယ်စည်းရုံးရေးဆင်း

၁-၃-၂၀၁၂
 ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မော်လမြိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း 
 ဒေါ်ခင်ဌေးကြွယ်၊ တရားလွှတ်တော် ရှေ့နေ ဒေါ်ခင်မြတ်မွန်နှင့် ဥပဒေအရာရှိ(ငြိမ်း) ဦးငွေမြင့်တို့က မော်လမြိုင်မြို့နယ် ၆ မိုင်၊ ကျွဲခြံကုန်း၊ သွေးသောက်ကျေးရွာမှ ဒေသခံ ပြည်သူ
တွေကို မဲဆွယ်စည်းရုံးရေးနှင့် မဲပေးရေး ပညာပေး ဟောပြောခဲ့ကြပါသည်။


လူထုခေါင်းဆောင် ဟဲဟိုးမြို့ကျောက်တိုင်ကွင်းမရရှိပါက
ရွေ့လျားစတိတ်ကားပေါ်မှ မိန့် ခွန်းပြောမည်

 ဟဲဟိုးမြို့ကျောက်တိုင်ကွင်းတွင် စတိတ်ကားပေါ်တွင်ပြင်ဆင်ထားသော ရွေ့လျားစကားပြော
စင်မြင့်ကိုတွေ့ရစဉ်။ ဓါတ်ပုံ-မွန်မွန်မြတ်
နံမည်ကျော် လူငယ်သရုပ်ဆောင် တောင်ကြီးသား ရဲတိုက်ကလည်း လူထုခေါင်းဆောင်၏
ဟောပြောပွဲကို မြို့ ခံတယောက်အနေနဲ့  စည်းရုံးရေးခရီးစဉ်မှာ လိုက်လံအားဖြည့်ပေးမှာ
ဖြစ်ပါတယ်။
                     

ရွေ့လျားစကားပြောစင်မြင့် ဆောက်လုပ်ရန် စိတ်ကူးကောင်းခဲ့သူ ဦးမျိုးသိန်းက“အန်တီက
တစ်ချိန်လုံးရွှေ့နေရတာဆိုတော့ ဒီကွင်းမရခဲ့ဘူးဆိုရင် နောက်ထပ် Plan 2 ရှိသေးတယ်
 ရွှေ့လို့ရတယ်။ (မနက်ဖန်အတွက်) စိတ်တော့လှုပ်ရှားတာပေါ့ဗျာ ဘာလို့လဲဆိုတော့ ကိုယ့်နားကိုဒီလိုလူထုခေါင်းဆောင်တစ်ယောက် လာဖို့ဆိုတာခဲယဉ်းတယ်လေ”
ဆယ်ဘီးကားပိုင်ရှင် ဦးမျိုးသိန်း (အောင်ပန်းဇာတိ)
လူထုခေါင်းဆောင်၏ စည်းရုံးရေးခရီးစဉ်တွေကို ခွင့်ပြုချက်မပေးခြင်း နေရာဌားရန်းပြီးမှ
ပျက်ပျယ်ခြင်း တားမြစ်ခြင်း မဲဆွယ်စည်းရုံးရေးများ ခြိမ်းခြောက်ခံရခြင်းများရှိနေသည်။
ရွေးကောက်ပွဲ ဥပဒေက လွတ်လပ်စွာပေးထားပြီး ရွေးကောက်ပွဲ ကော်မရှင်းမှညှိနှိုင်း
ပေးရခြင်း ပါတီများ ဥပဒေအရလေးစားလိုက်နာရင် ကော်မရှင်မှနှုတ်ထွက်ရပါစေ
ရဲရဲဝံ့ဝံ့ပြောဆိုမည်ဟု ကော်မရှင်ဥက္ကဌမှ ပြောကြားထားကာ လက်ရှိအခြေအနေအရ
သမတ ဦးသိန်းစိန်မှ  ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတရမယ်လို့ ပြောပေမဲ့
နှောင့်ယှက်ဟန့် တား ခြိမ်းခြောက်မှုတွေရှိနေပြီး ရွေးကောက်ပွဲ လွတ်လပ်မှုမရှိကြောင်း
အထောက်အထားများက သက်သေပြနေပါသည်။
.

0 comments: