Wednesday, February 29, 2012


မအူပင်ခရိုင် ကျောင်းသားများ သမဂ္ဂ တရားဝင် ဖွဲ့စည်းရေးဆွေးနွေး

၂၈-၂-၂၀၁၂
ဖေဖော်ဝါရီလ ၂၆ ရက်နေ့က မအူပင်ခရိုင် ကျောင်းသားများ သမဂ္ဂ တရားဝင် ဖွဲ့စည်းရေးအတွက်
 မအူပင် တက္ကသိုလ် နှင့် မအူပင်နည်းပညာတက္ကသိုလ် တို့ မှ ကျောင်းသား/သူ စုစုပေါင်း အယောက်
 ၅၀ ခန့် မအူပင်မြို့တွင် ဆွေးနွေးခဲ့ ကြသည် ။ ၄င်းဆွေးနွေးပွဲသို့ ဗကသ ကျောင်းသားများဖြစ်သော ကိုစည်သူမောင်နှင့် ကိုအောင်အောင်ကျော်တို့ တက်ရောက်ဆွေးနွေးခဲ့ကြပြီး ၊ ကျောင်းသား
သမဂ္ဂ ပေါ်ပေါက်ရေးအတွက် ဖွဲ့စည်းပုံ စည်းမျဉ်း ၊ ကျောင်းသားသမဂ္ဂ သမိုင်းနှင့် ခေတ်အဆက်
ဆက် လုပ်ဆောင်ချက်များကိုလည်း ရှင်းလင်းပြောကြားခဲ့ကြသည် ။
ဒေသအသီးသီးတွင် ကျောင်းသားသမဂ္ဂများ ဖွဲ့ စည်းရန် ကျောင်းသားများကြိုးစားနေကြသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကော့မှူးမြို့
နယ် မဲဆန္ဒနယ်မှ အမည်စာရင်း ထုတ်ပြန်ကြေညာ


၂၈-၂-၂၀၁၂
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခြင်းကို ပြိုင်ဖက် ကိုယ်စားလှယ်လောင်း ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီ ကိုယ်စားလှယ်လောင်း ဦးတင်ရီက ကန့်ကွက်ထားတဲ့ အမှုကို ရန်ကုန်တိုင်းရွေးကောက်ပွဲ ကော်မရှင်က ခိုင်လုံမှုမရှိသည့်အတွက်
ဒီကနေ့ ပယ်ချလိုက်ပါတယ်။ ခရိုင် ကော်မရှင်ရုံးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တိုင်း
 ကော့မှူးမြို့နယ် မဲဆန္ဒနယ်က ၀င်ပြိုင်မဲ့ ကိုယ်စားလှယ်လောင်း အဖြစ် ဒီကနေ့ပဲ အမည်စာရင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။BBC NEWS

လူထုခေါင်းဆောင် မသွားရောက်နိုင်သော ဒေသများကို အနုပညာရှင်များ မဲဆွယ်စည်းရုံးရေးဆင်းမည်


 ၂၈-၂-၂၀၁၂
NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မဲဆွယ် စည်းရုံးရေး မသွားရောက်နိုင်သည့်
ဒေသများသို့ အနုပညာ ရှင်များမှ ကိုယ်စားသွားရောက်၍ ရွေးကောက်ပွဲ ပညာပေးလုပ်ငန်း
များ ဆောင်ရွက်မည်ဟု ပါဝင်မည့် အနုပညာရှင်များထံမှ သိရသည်။
အဆိုပါ အစီအစဉ်မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂီတ၊
ရုပ်ရှင်အနုပညာရှင်များ တွေ့ဆုံကြစဉ် ဒေါ်အောင်ဆန်းစုကြည်၏ အကူအညီတောင်းခံမှု
ကြောင့် အကောင်အထည်ပေါ်လာခြင်းဖြစ်သည်ဟု ဦးဇော်ဝင်း (Metal Zone) က ပြော သည်။

မန္တလေး အာဇာနည် ဗိမာန် ၈၈ မျိုးဆက် ကျောင်းသားများအား သက်ဆိုင်ရာမှ တံခါးမဖွင့်ပေး

၈၈ မျိုးဆက်ကျောင်းသားများမန္တလေး ၁၃၀၀ ပြည့် အာဇာနည် ၁၇ ဦး ဗိမာန်တွင် 
လွမ်းသူ့ပန်းခွေချ၊ ဂါရ၀ပြု သစ်ပင်စိုက်၊ အလှူငွေလှူဒါန်း
၂၈-၂-၂၀၁၂
မန္တလေး အာဇာနည် ဗိမာန်သို့  ၈၈ မျိုးဆက် ကျောင်းသားများသွားရောက် ဂါရ၀ပြုခဲ့ရာ
သက်ဆိုင်ရာမှ တခါးဖွင့်ပေးခြင်း မပြုသောကြောင့် အပြင်ဘက်မှပဲ ဂါရ၀ပြုခဲ့ရသည်ဟု 
သိရှိရသည်။

၈၈ မျိုးဆက် ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်နယ် စည်းရုံးရေးခရီးစဉ်

(၈၄) ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ The Artist ဆိုတဲ့ကားရရှိ


 ၂၈-၂-၂၀၁၂
တနင်္ဂနွေနေ့ညက ဟောလိဝုဒ်မှာ ကျင်းပခဲ့တဲ့ (၈၄) ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ
The Artist ဆိုတဲ့ အဖြူအမဲ ရုပ်ရှင်ကားက အကောင်းဆုံး ဇာတ်ကားဆု၊ အကောင်းဆုံး
ဒါရိုက်တာဆုနဲ့ အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆု စတာတွေနဲ့ ဆုအများစုကို
ရရှိသွားပါတယ်။
အသံတိတ် ရုပ်ရှင်ဇာတ်ကားတွေခေတ်က အခက်အခဲတွေနဲ့ ရင်ဆိုင် ရုန်းကန်ရတဲ့ ရုပ်ရှင်
မင်းသားအဖြစ် ပီပြင်စွာ သရုပ်ဆောင်ခဲ့တဲ့ ပြင်သစ်မင်းသား Jean Dujardin က အကောင်း
ဆုံး အမျိုးသား သရုပ်ဆောင် ရရှိသွားပြီး Michel Hazanavicius ကတော့ အကောင်းဆုံး
ဒါရိုက်တာဆုကို ရရှိသွားပါတယ်။
ဝါရင့်သရုပ်ဆောင် Meryl Streep ကတော့ ဗြိတိသျှဝန်ကြီးချုပ်ဟောင်း Margaret Thatcher
 အကြောင်း ဘ၀သရုပ်ဖော် ရိုက်ထားတဲ့ The Iron Lady ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင် ရရှိသွားပါတယ်။ ဒါဟာ Meryl Streep ရဲ့ တတိယမြောက် အော်စကာဆုလည်း
 ဖြစ်ပါတယ်။
Christopher Plummer ကတော့ အသက်အကြီးဆုံး အော်စကာဆုရရှိသူအဖြစ်နဲ့ မနေ့ညက သမိုင်းမှတ်တိုင်တစ်ခု တင်လိုက်ပါတယ်။ အသက် ၈၂ နှစ်အရွယ် ရှိပြီဖြစ်တဲ့ Christopher
Plummer က အသက်အရွယ်ကြီးရင့်တဲ့ လိင်တူ ဆက်ဆံသူ မုဆိုးဖိုဘ၀ကို Beginners
 ဇာတ်ကားမှာ ပီပြင်စွာ သရုပ်ဆောင်ခဲ့တဲ့ အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို
ရရှိသွားတာပါ။
The Help ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု ရသွားတဲ့ Octavia Spencer
ဆုယူဖို့ စင်ပေါ်ကို တက်လာတဲ့ အချိန်မှာတော့ အားလုံးက မတ်တပ်ရပ်ပြီး လက်ခုပ် သြဘာပေးခဲ့ကြပါတယ်။ အဲဒီ ဇာတ်ကားကတော့ လူမျိုးရေး ခွဲခြား ဆက်ဆံမှုတွေ ဖြစ်ပေါ်နေ
တဲ့ ၁၉၆၀ ခုနှစ်တွေကို အခြေခံပြီး အမေရိကန်နိုင်ငံ တောင်ပိုင်းဒေသမှာ အာဖရိကနွယ်ဖွား
အမေရိကန် အိမ်ဖော်တွေအကြောင်း ရိုက်ထားတာပါ။VOA

လူသတ်မှုကျူးလွန်သည့် စစ်အရာရှိနေရာ တပ်ကြပ်ဖြင့် လူစားထိုး


တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ 27 ရက် 2012 ခုနှစ် သျှမ်းသံတော်ဆင့် သတင်း ယခုလ ၂၄ ရက်နေ့
 ည ၈ နာရီကျော်ခန့်က ကချင်ပြည်နယ် ဗန်းမော်မြို့ မလူလာကျေးရွာအတွင်း အရပ်သား တစ်ဦး
 အား စစ်အရာရှိ တစ်ဦးက ပစ္စတို သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခဲ့သည့် အမှုတွင် ကျူးလွန်သူ
အရာ ရှိ၏ နေရာတွင် တပ်ကြပ် တစ်ဦးဖြင့် လူစားထိုးထားကြောင်း မိသားစုဝင်များက သျှမ်းသံတော်ဆင့်သို့ ပြော သည်။ ဗန်းမော်မြို့ ခွန်သာရပ်ကွက်နေ အသက် ၃၇ နှစ်အရွယ် ကိုမင်း
ခန့်အား အရက်သေစာသောက်စားထား သည့် ခလရ ၂၃၇ မှ ဗိုလ်မှူးတစ်ဦးက ငွေတောင်းရာမ
ပေးသဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူနှင့် ဆိုင်ကယ်တစ်စီးတည်း အတူလိုက်ပါသူ
မျက်မြင်၏ အပြောကို ကိုးကား၍ ညီဖြစ်သူက ပြန်ပြောသည်။ "သူက သစ်ကယ်ရီဆိုတော့ ခလရ
 ၂၃၇ က အရက်မူးနေတဲ့ အရာရှိတချို့ပါတဲ့ ၄၊ ၅ ယောက်အဖွဲ့က လမ်း ရှင်းကြေး တောင်းတာ
ပေါ့နော်။ ကိုမင်းခန့်တို့ နှစ်ယောက်က ဆိုင်ကယ်ပေါ်မှာ။ သူကနောက်မှာထိုင်တယ်။ အဲတော့
 တပ်ရင်းရုံး မှာ ငွေ ၃ သိန်းပေးခဲ့ပြီးပြီ လို့ပြောတော့ မင်းခန့်ကိုသေနတ်နဲ့ချိန်ထားတယ်။ မချိန်ပါနဲ့ ခဏစောင့်ပေးပါ ဗိုလ်မှူး လို့ ပြော တဲ့အချိန် မင်းခန့် ဆီကိုဖုန်းဝင်လာတယ် ဖုန်းနိုက်ယူတဲ့အချိန်
အနီးကပ် ပစ်ထည့်လိုက်တာ " ဟု ဆိုသည်။ အဆိုပါ မျက်မြင်၏ အပြောအရ လူသတ်မှု
 ကျူးလွန်သူမှာ ဗိုလ်မှူးတစ်ဦး ဖြစ်ကြောင်း သိရသော်လည်း ယခုလ ၂၅ ရက် နေ့က သေဆုံးသူ၏ မိခင်အား လူသတ်မှု ကျူးလွန်သူမှာ တပ်ကြပ်လှမြင့်အောင် ဖြစ်ကြောင်း ဗန်းမော်ရဲစခန်းမှ ဂတ် စာရေး ကိုကိုနိုင်ဆိုသူက ၀န်ခံလက်မှတ်ထိုးခိုင်းခဲ့သည်ဟု ဆိုသည်။ "ပစ္စတိုကျည်က ဘယ်ဘက်မျက်လုံးကနေဝင်သွားပြီး နောက်ကိုပေါက်မထွက်သွားဘူး။ ရဲစခန်းက ဂတ်စာရေး ကိုကိုနိုင်ပေါ့နော် ။ ညနေပိုင်းမှာအိမ်ကိုလာပြီးတော့ သေဆုံးသူကိုဖိုးခန့်ရဲ့ အမေကို လက်မှတ်
 ထိုး ခိုင်းတယ်လေ။ အဲဒီ မှာတော့ ကျူးလွန်သူက တပ်ကြပ်လှမြင့်အောင်ဖြစ်နေတာပေါ့နော် "
ဟု ဆိုသည်။ ဗန်းမော်မြို့ ရင်ခွဲရုံ၌ ရင်ခွဲစစ်ဆေးချက်အရ ပစ်ခတ်သည့် ကျည်မှာ ပစ္စတို
ကျည်ဖြစ်ပြီး အနီးကပ်ပစ်ခတ် ခံရကြောင်း ဆရာ ၀န်ကြီးက ထွက်ဆိုကြောင်း သိရသည်။
 သေဆုံးသူ ကိုမင်းခန့် ခလရ ၂၃၇ တွင် ပေးထားသည့် ကျပ်ငွေ ၃ သိန်း အပါအဝင် ဆိုင်ကယ်နှင့်ဖုန်းများကို ဗန်းမော် ရဲစခန်း၌ သက်သေခံပစ္စည်းအဖြစ် ယူဆောင်လာပြီး လူသတ်မှုကျူးလွန်ရာတွင် ပါဝင်သူများအား အရေးယူမှု မရှိသေး ကြောင်း သိရသည်။
.

0 comments: