Friday, October 12, 2007

Touching Words

ထမင်းကို ဟင်းလို့ ဆိုစရာ မယ်မယ်ရရမရှိပဲ သားလေးသမီးလေးတွေကိုကျွေးပြီး စားပြီးချင်ယောင်ဆောင်ရတဲ့ မိခင်များ ဘယ်နှစ်ယောက်ရှိနေပါသလဲ…
သမီးလေး လှချင်တာကိုမတားနိုင်ပဲ တနေ့ သမီးလေးပြန်အလာမှာ ခေါက်ဆွဲထုပ်လေးတွေ အ၀တ်လှလှလေးတွေ မြင်ရတော့ ရင်ကျိုးရပေမယ့် ဘာမှမမေးနိုင်ပဲ မျက်ရည်ကြားမှာ အဲဒီငရဲထမင်းလုတ်ပေါင်းများစွာ ဘယ်လောက်များတဲ့ မိဘများစွာစားနေကြရပါသလဲ ဒါတွေကို ကျွန်တော်တို့က ငါ့နှမတော့ဖာဖြစ်တဲ့ထဲမပါဘူး ဆိုပြီး မသိချင်ယောင်ဆောင်နေကြမလား…
ကျွန်တော်တိုတွေ ကွန်ပြူတာလေးတွေ ကိုယ်စီနဲ့ ဒါတွေပြောနေချိန်မှာ ကိုယ့်ကိုယုတ်မာ သမီးဖာဇာတ်သွင်း လင်ကိုထောင်ချတဲ့ လူတွေကို ကူသူမဲ့ မျက်လုံးတွေနဲ့ အသနားခံနေတဲ့ အမေတွေ ဘယ်လောက်များနေပြီလဲ သားလေးကတော့ သာသနာမှာပျော်နေပြီ ကိုရင်ရယ်လို့  ဆန်ကောထဲမှာ ဆန်ခပ်ရင်း ပုခုံးပေါ်က သဘက်အဟောင်းလေးနဲ့ ချွေးသုတ်နေတဲ့ ယာတောကမိခင်များ သာမဏေလေး ပြန်လမ်းမရှိတော့တာ မသိနိုင်ခင်မှာ အရာအားလုံးပြီးဆုံးရတော့မှာလား ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို ဖွာရင်း ကြေးနီရောင်ထနေတဲ့ ပခုံးသားနဲ့  ကွမ်းကြမ်းစားရင်း နွားနဲ့ ဖက်ရုန်းနေတဲ့ အဘကရော သားလေးသာမဏေ မြစ်ရေထဲမှာ မျောပါ ပျံလွန်တော်မူတယ်ဆိုတဲ့စကားတောင် မသုံးကြပဲ သတ်ရဲကြတာ သိပါ့မလား မြန်မာလူမျိုး အလုပ်သမားလေးတွေကို ပါးခေါ်ချတဲ့ ကိုရီးယားတွေ သူတို့ နိုင်ငံကရုပ်ရှင်ကားလေးတွေ ကြည့်ရင်းနဲ့ပဲ ကျနော်တို့  ကိုယ်မပိုင်သော ကိုရီးယားအိပ်မက်လေးတွေ မက်ရင်း ကိုယ့်ကိုယ်ကို ညာနေကြတော့မှာလား မြန်မာလူမျိုး ဘ၀အရ မလုပ်ချင်ပဲ လုပ်နေရတဲ့ စင်မြင့် ညများမှာ တင်ပါးကိုကိုင် ရင်သားကိုကိုင်ပြီး အထင်သေးတဲ့ ရာဂမျက်လုံးတွေနဲ့  အဆီပြန်ပြန် မျက်နှာနဲ့ တရုတ်
်၀၀ကြီးဘေးက ပြုံးဖြဲဖြဲ စစ်ဝတ်စုံထဲကလူတွေကို ဆက်ကြောက်နေရင်း မေတ္တာတွေ ပို့နေကြယုံပဲလား အဲဒီဘ၀တွေ..အဲဒီဘ၀တွေ
အဲဒီ အသက်မဲ့ ခန္ဓာနဲ့ အပြစ်မဲ့ သာမဏေအလောင်းလေးတွေ ကျနော်တို့  မဆိုင်သလိုကြည့် သက်ပြင်းချ မေ့ပစ် ဖြတ်လျှောက်သွားကြယုံလား
ဒီဘ၀တွေ ဖျားနာနေပါတယ်
ဒီရောဂါကိုလဲ ဖယ်ရှားပျောက်ကင်းကုသတဲ့ လမ်းတွေရှိပါတယ် ဒီတော့ သွေးနဲ့မျက်ရည် ပင်လယ်ဝေတဲ့ သာသနာထွန်းကားတဲ့တိုင်းပြည်မှာ စတေးခြင်းနဲ့  သွေးရင်းပြီး သွေးချင်းတွေအတွက် တဖက်တလမ်းက ဖြစ်နိုင်သမျှ ကူညီကြရအောင်လား
ကျနော်တို့ မေတ္တာတွေတကယ်ထိရောက်ချင်ရင်... အသက်တွေပေးကြရအောင်လား
ညစ်ပတ်နံစော်တဲ့ ချောင်းရေ ပုပ်ပုပ်ထဲမှာ
လှုပ်ယုံလေး ရေလှိုင်းပုတ်လို့ လှုပ်နေတဲ့ ရဟန်းငယ်လေး ရုပ်ကလာပ်ကို မမေ့ကြပါနဲ့
အလုပ်သမားတွေ လယ်သမားတွေ အေးချမ်းစွာနေတဲ့ တိုင်းပြည်
ငါဒို့ တွေမမုန်းတတ်ကြပါဘူး ဒါပေမယ့်နာကျင်တတ်တယ်
မြန်မာပါ့စ်ပို့ စာအုပ်နီကိုမြင်ရင် လေဆိပ်တိုင်းက သူခိုးဓါးပြကိုဆက်ဆံသလိုလဲ ခံခဲ့ကြရဖူးမှာပါ
တိုင်းပြည်ကိုချစ်ဖို့ နိုင်ငံရေးသမားဖြစ်စရာမလိုပါဘူး
ဒါပေမယ့်နှလုံးသားရှိဖို့ လိုတယ်
မျက်ရည်ရှိဖို့ လိုတယ်
သွေးရှိဖို့ လိုတယ်
ပြီးတော့…အောင်ပွဲကိုလဲ တိုက်ယူရဲဖို့ လိုပါတယ်
ပထမအဆင့်ကတော့ ခင်ဗျားတို့ ပြောနေတဲ့ oppositeye(နေလင်းမောင်) ဆိုတာအပါအ၀င် န.အ.ဖ အ၀န်းအ၀ိုင်းနဲ့
ငါဖားရင်တော့ ကောင်းစားမှာပဲထင်တဲ့ (ဗို်လ်ခင်ညွန့်တို့ကြည့်ပြီး သံဝေဂမရတတ်သေးတဲ့ )
သိပ်နှမြောဖို့ ကောင်းတဲ့ လူငယ်များရဲ့ ဆိုက်တွေကို မသွားခြင်းဖြင့် စကြတာပေါ့
သူတို့ ကိုရောဖို့ မလိုဘူး အသိအမှတ်ပြုဖို့ မလိုဘူး ..ကျနော်တို့တွေ လမ်းဘေးက မ၀ရေစာစားပြီး တအီအီအော်နေရှာတဲ့ ခွေးဝဲစားလေးတွေကို သနားတတ်တဲ့လူမျိုးပါ
ကျော်ကြားချင် ကောင်းစားချင် အနိုင်လိုချင်လို့ 
ပြောရရင် စိတ်ဓါတ်ပိုင်းဆိုင်ရာအားနည်းပြီး စိတ်ကူးယဉ်တတ်လို့ ဒီလမ်းကလိုက်ကြတဲ့
ခပ်ညံ့ညံ့တွေဖြစ်ပေမယ့် ဒို့ ဘက်ကသဘောထားကြီးပေးကြရပါမယ်
လူရာမသွင်းနဲ့ စကားထဲထည့်မပြောနဲ့..
ဖွတ်တကောင်နဲ့ ဇာတကဇာတ်တော်ကိုဆွေးနွေးလို့မရပါဘူး
ပုတ်သင်တကောင်နဲ့ ဘ၀အရေးပြောလို့ မရပါဘူး
ဘာလို့ ဆိုတော့ ဖွတ်ဟာဖွတ် ပုတ်သင်ဟာပုတ်သင်
သူတို့ ဘာသာရပ်နဲ့ လူထုဘာသာရပ်မတူပါဘူး
တိတ်ဆိတ်ငြိမ်သက် လွမ်းဆွတ်ဖွယ် မိုးညတွေမှာ
မိုးလေးဖြောက်ဖြောက်ကျလိုက် လေအေလေးဝှေ့ လိုက် တယောက်ထဲ ရှိနေချိန်မှာ
ကိုယ့်အသံကိုယ်ပြန်မကြားရဲတဲ့ ဘ၀တွေနဲ့ သေနတ်ခါးချိတ်ပြီးဆက်နေမယ်ဆိုရင်တော့ သဘောပေါ့
လူငယ်တွေလဲ နားလည်ပါ မျိုးဆက်တိုင်းမှာ တာဝန်ရှိပါတယ်
စင်္ကာပူလူမျိုးသူဌေး တရုတ်လူမျိုးသူဌေး မ၀ရေစာလေးပေးပြီး
ခြေတော်တင်ထားခံရတဲ့ တအိမ်ကျော်က စာရေးမလေးကို
အပေါစားအဖြစ်အပြစ်တင်နေတာထက်
သူတို့ ဘ၀တွေကိုဘယ်လိုကူညီကယ်တင်မလဲဆိုတာအာရုံစိုက်ကြပါစို့…
ဒို့ တိုင်းပြည်နိမ့်ရင် ဒို့သူများနိုင်ငံမှာ ကုမ္ပဏီပိုင်ရှင်ကြီးပဲ ဖြစ်နေပါစေ
ဒို့ဘ၀တွေမှေးမှိန်ပါတယ်
ကိုယ့်လူမျိုးနိမ့်ကျနေတာ ကိုယ်မပါဘူးဆိုတဲ့အချိုးနဲ့
နှုတ်ခမ်းတလပန်းတလံ ပြန်ဝေဖန်ကြတဲ့အကျင့်…
ဒို့သူငယ်ချင်းက ဘယ်သူ့သမီးလေ ဘယ်လောက်ချမ်းသာတာ
သူ့အဖေက ဘာကောင်ဆိုတာလောက်ကိုပဲပြောပြီး
လွယ်လွယ်ဘက်ပြောင်းတတ်တဲ့အကျင့်တွေကိုဖျောက်ကြပါစို့…
အသက်ရှိသော သတ္တ၀ါတိုင်းဟာ ကြောက်တတ်ကြပါတယ်
ကျုပ်တို့ လဲကြောက်တတ်တယ်..ဒါကိုလဲအသိအမှတ်ပြုပါ
ဒါပေမယ့် ကြောက်တတ်တဲ့ ကြားက အမှန်တရားတခုအတွက် ရပ်တည်ရဲတာမှ လူ.....
လူဆိုတာ တသက်မှာ တခါပဲသေပါတယ် တခါပဲမွေးပါတယ်
မွေးခြင်းသက်သက်ကလဲ သိပ်ပြီးတော့ ခမ်းခမ်းနားနား အဓိပ္ပါယ်မရှိလှပါဘူး
ဒါပေမယ့် အဓိပ္ပါယ်ရှိတဲ့ဘ၀ကို ကိုယ်တိုင် သေခြင်းတရားဆီကို ဒူးတွားတွားရင်း ဖန်တီးထုဆစ်ကြရတာပါ ဒီတော့ဘယ်လို ကိုယ့်ဘ၀ကို ပြဌာန်းမလဲ…
လာချင်ရင်လာပါ
ကံကြမ္မာတူတူ
ငါတို့ကို ရိုက်သူများကို
နာကျင်တဲ့မျက်လုံးတွေနဲ့ 
သွေးချင်းချင်းနီသော ဦးခေါင်းတွေမငုံ့တန်း ရဲရဲကြည့်နိုင်တဲ့ သတ္တိရှိတယ်ဆိုရင်…
ရရာနည်းနဲ့ လက်စားချေချင်းမဟုတ်ပဲ
လုပ်သင့်တာကိုလုပ်တဲ့အနေနဲ့ ပြန်လည်တိုက်ခိုက်ရဲမယ်ဆိုရင်…
တော်လှန်ရေးဆိုတာ သေနတ်ပါမှ တော်လှန်ရေးမဟုတ်ဘူး
အနုနည်းတော်လှန်ရေး ဥက္ခောတရားနဲ့ တော်လှန်ရေးပဲ
ရဟန်းတွေလုပ်ခဲ့တဲ့တော်လှန်ရေး မပြီးပြတ်သေးတဲ့ တော်လှန်ရေးဟာ
ဥပေက္ခာတရားနဲ့ ဆင်နွှဲခဲ့တာဖြစ်တယ်
ဆရာစံဆိုတဲ့ လယ်သမားတစ်ယောက်ဟာ အင်္ဂလိပ်နယ်ချဲ့ကို
ကွမ်းမန်းထုံးမန်းတွေ စီရင်ပြီး အပီအပြင်
ငှက်ကြီးတောင်နဲ့ လက်သီးထောင်ပြီးတော်လှန်ခဲ့တာပါ
သခင်ဖိုးလှကြီးဆိုတဲ့ အလုပ်သမားကြီးဟာ တွင်းတူးကိရိယာတွေကလွဲလို့
ဘာလက်နက်ဆိုတာမှ မရှIပဲ နယ်ချဲ့ ကို မင်းဘာကောင်လဲ ဆိုတဲ့ ထီမထင် ရဲသွေးနဲ့ တွန်းလှန်ခဲ့တယ်
ကဲ…ကျုပ်တို့ကရော ဘာကောင်တွေလဲ…??????????????????


အီးမေးလ်မှ ရေးသူမသိ

0 comments: