Tuesday, May 28, 2013

လားရှိုးမြို့တွင် ငြိမ်းချမ်းသောဘာသာဝင်တစ်ဦးက လူမျိုးဘာသာမခွဲခြားဘဲ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးအားမီးရှို့မှု ဖြစ်ပွား

ရှမ်းပြည်နယ်၊ လားရှိုးမြို့ အမှတ်(၈)ရပ်ကွက်တွင် ယနေ့ ညနေ (၄)နာရီကျော်ခန့်က အမျိုးသမီးတစ်ဦးအားမီးရှို့မှု ဖြစ်ပွားခဲ့ကြောင်းလားရှိုးမြို့ အမှတ်(၁)ရဲစခန်းမှတာဝန်မှူး ဒုရဲအုပ်တစ်ဦးကပြောကြားသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားတစ်ဦးကို ကျွန်တော်တို့အမှတ်(၁)ရဲစခန်းမှာ ဖမ်းထားပါတယ်။ ဓာတ်ဆီလောင်းပြီး မီးရှို့တာ ဟုတ်ပါ တယ်” ဟု ၎င်းက မြန်မာ့ခေတ်သို့ပြော ကြားသည်။

မီးရှို့ခံရသော အမျိုးသမီးသည် အသက်(၂၉)နှစ်ခန့်ရှိပြီးလားရှိုးဆေးရုံကြီး အရေးပေါ်ဌာနသို့ တင်ထားကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မီးရှို့သောသူမှာ ကိုနေဝင်းဆိုသူဖြစ်ပြီး ကျိုင်းတုံမြို့မှလာရောက်သူတစ်ဦး ဖြစ်ကြောင်း လာရှိုးမြို့ခံမြန်မာ့ခေတ် သတင်းထောက်၏သတင်းပေးပို့ချက်အရ သိရသည်။

အဆိုပါ အမှတ်(၁)ရဲစခန်းရှေ့တွင် လူ(၂၀၀)ခန့်စုရုံးရောက် ရှိနေပြီးသံဃာတော်တချို့မှာ ရဲစခန်းတွင်းသို့ဝင်ရောက်ညှိ နှိုင်းနေကြောင်း၎င်းရဲစခန်းရှေ့ ရောက်ရှိနေသူတစ်ဦးက ပြောကြားသည်။

“အဖမ်းခံထားရတဲ့သူကိုသူတို့လက်ထဲ အပ်ဖို့လူ အုပ်ကြီးက အော်ဟစ်တောင်းဆို နေကြတယ်” ဟု ၎င်းက ပြောကြားသည်။

ယခုအချိန်၌ လားရှိုးမြို့မဈေးအနီးရှိ ဗလီအပါအဝင် တစ်မြို့ လုံး၌ လုံခြုံရေးအင်အားထူထပ်စွာ ချထားကြောင်း သိရသည်။

ထက်နောင်နောင်