Monday, June 30, 2014

အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ်များအားအကောင်အထည်ဖော်လုပ်ဆောင်ပေးရေးနှင့်၂၀၀၈အခြေခံဥပဒေပြင်ဆင်ပေးရေးတောင်းဆိုဆန္ဒပြပွဲ (ဂျပန်)

တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်ကြသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၌မဖြစ်မနေလုပ်ဆောင်ရမည့် အဓိကလိုအပ်ချက်ဖြစ်သည့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ်များအား အမြန်ဆုံး အကောင်အထည်ဖော်လုပ်ဆောင်
ပေးရန်နှင့် ဒီမိုကရေစီနည်းလမ်းမကိုက်ညီသည့် အချက်များပါဝင်သည့် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ပေးရန်အတွက်တောင်းဆိုဆန္ဒပြပွဲအား တိုကျိုမြို့ ရှိနဂါဝရှိ မြန်မာသံရုံးရှေ့တွင် ဇွန်လ ၃၀ ရက်- ၂ဝ၁၄(တနင်္လာနေ့)ညနေ ၃ နာရီ မှ ညနေ ၄ နာရီအထိ ကျင်းပခဲ့ပါသည်။

ဓါတ်ပုံ။    ။ဦးဇေယျာမင်းထွန်း

သတင်းနှင့်ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ.