Thursday, February 23, 2012


ဝန်ထမ်းလစာ တိုးပေးရန် ကိစ္စကို နောက်မဆုတ်ဟု သတ္တိရှိဖို့ လိုဟု သူရဦးရွှေမန်းပြောကြား

 ဖဖေါ်ဝါရီ ၂၂၊ ၂၀၁၂
 ယနေ့  မွန်းလွဲ ၁ နာရီပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ၀န်ထမ်းလစာတိုးပေးရန်
 အဆိုကို ၎င်းအနေဖြင့်နောက်ဆုတ်မည်မဟုတ်ဟု ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အဆောက်
အဦတွင် ယနေ့နံနက်၉ နာရီတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွ္ပဲ၌ ပြောကြားလိုက်သည်။
ထို့ပြင် ဖေဖေါ်ဝါရီ ၇ ရက်နေ့ လွှတ်တော်တွင် ပြည်သူ့လွှတ်တော်တွင် ပြောကြားသည့် မိန့်ခွန်းထဲမှ
စကားလုံး အချို့ ဖြတ်တောက်ခံရကြောင်း ကိုပါ ထည့်သွင်းပြောကြား သွားသည်။
မိန့်ခွန်းထဲတွင် ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ လုပ်သင့်တာလုပ်ဖို့ ဆိုသည့်စကားရပ်တွင် သတ္တိ ဆိုသည့်
စကားလုံး ဖြတ်တောက်ခံရသည်ဟုလည်း ပြောဆိုသွားသည်။ ဒီမိုကရေစီဘက်တော်သားဟု
ရဲရဲဝံ့ဝံ့ပြောဆိုခဲ့မှုများလည်းရှိခဲ့ပြီး လွှတ်တော်တွင် ပြတ်ပြတ်သားသားပြောသူဟု သတင်းများ
ထွက်ပေါ်နေသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာသို့ ခရီးထွက်ဖွယ်ရှိ

 ၂၂-၂-၂၀၁၂
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထိုင်းမှာလုပ်မယ့် အာဆီယံစီးပွားရေးဖိုရမ်သို့ 
 ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် ဟု FNG မှ သတင်း ရရှိ သည်။ ဒေါ်အောင်ဆန်းစုကြည် 
သည် နိုင်ငံခြားသို့  စတင်ထွက်ခွာမည့် ခရီးစဉ် ရှိနေသည်ဟုသိရှိရပြီး နိုင်ငံတကာနှင့် ချစ်ခင်ရင်း
နှီးမှုများပိုမိုရရှိအောင် အခြေအနေအရ ဆောင်ရွက်ရန်ရှိသည်ဟု သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးနိုင်ငံခြားခရီးအဖြစ်
နော်ဝေနိုင်ငံသို့ သွားရောက်မည်

 ရန်ကုန်၊ ဖေဖော်ဝါရီ- ၂၂
 ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် နော်ဝေနိုင်ငံသို့ သွားရောက်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များသို့ ပြောသည်။
 ''ကျွန်မပထမဆုံး လည်ပတ်ချင်တဲ့ နိုင်ငံက နော်ဝေဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မတို့အားလုံးရဲ့ အခက်ခဲဆုံးအချိန်မှာ ကျွန်မတို့ကိုမမေ့ခဲ့လိုပါ"ဟု ဒေါ်အောင်ဆန်းစုကြည်က
 ပြောသည်။ယနေ့နံနက်ပိုင်းက သူမနေအိမ်တွင် အာဆီယံအတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံအပြီး
 နိုင်ငံခြားသတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို အထက်ပါအတိုင်း ဖြေကြားသွားခြင်းဖြစ်သည်။
7 Day News Journal.

သရက်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင်နှင့် ရုံးဖွင့်ပွဲအခမ်းအနား


၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၁) ရက်နေ့တွင် သရက်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဆိုင်းဘုတ်တင်နှင့် ရုံးဖွင့်ပွဲအခမ်းအနားကိုပြုလုပ်ခဲ့ရာ အခမ်းအနားမှူးအဖြစ် မကွေးမြို့မှ ဒေါ်စန္ဒာဝင်း၊ သဘာပတိအဖြစ် သရက်မြို့မှ ဦးကံမြင့်တို့ကပြုလုပ်ကြပြီး၊ ပထမဦးစွာ အလံတင်ခြင်းနှင့် ဆိုင်းဘုတ်တင်ဖွင့်ပွဲပြုလုပ်ပါသည်။ ၄င်းနောက် အဖွဲ့ချုပ်နာယကအဖွဲ့ဝင် သူရဦးတင်ဦး၏ သ၀ဏ်လွှာ ဖတ်ကြားခြင်း၊ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ကိုယ်စား ကိုအာကာဘိုမှ သ၀ဏ်လွှာဖတ်ကြားခြင်း၊ ဗဟိုအောင်နိုင်ရေး ဥပဒေပြုအဖွဲ့မှ ဦးကြည်ဝင်းနှင့် ဗဟိုအောင်နိုင်ရေး ဒီလှိုင်းဂျာနယ် အယ်ဒီတာ ဦးအောင်မြင့် (ခ) ဖျာပုံနီလုံဦး တို့မှ အမှာစကားပြောကြားခြင်း၊ မကွေးတိုင်း အောင်နိုင်ရေးအဖွဲ့ဝင် ဒေါ်ခင်စောဋ္ဌေးမှ မိတ်ဆက်စကား ပြောကြားခြင်း၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးမှ အမှတ်တရစကား ပြောကြားခြင်းတို့ပြုလုပ်ခဲ့ပါသည်။ သရက်မြို့မှ ကဗျာဆရာတစ်ဦးမှ ဂုဏ်ပြုကဗျာရွတ်ဆိုပြီးနောက် အခမ်းအနား အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။ အောင်လံ၊ မင်းတုန်း၊ ကံမ၊ မကွေး၊ ရေနံချောင်း၊ ရန်ကုန် မှ အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ မြို့ခံပြည်သူလူထုပေါင်း ၃၀၀၀ ခန့် တက်ရောက်ကြပါသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အာစီယံ အတွင်းရေးမှူးချုပ်နှင့်တွေ့ ဆုံ

 ၂၂-၂-၂၀၁၂
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အာစီယံ အတွင်းရေးမှူးချုပ် မစ္စတာ
 ဆူရင် ပစ်ဆူဝန်နှင့်တွေ့ ဆုံဆွေးနွေးခဲ့ပြီး   မြန်မာ - အာစီယံ ဥက္ကဌ ၂၀၁၄ တံဆပ် ရိုက်နှိပ်ထား
သော တီရှပ်အား အမှတ်တရ လက်ဆောင်အဖြစ် ဒေါက်တာဆူရင်က ဒေါ်အောင်ဆန်းစုကြည်သို့
 ပေးအပ်ခဲ့ပါသည်။ 
ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ “အရှေ့တောင် အာရှနိုင်ငံတွေက
 ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့တွေ” ကို လက်ခံသွားဖို့ စဉ်းစားနေတယ်လို့ သမ္မတ ဦးသိန်းစိန်က
 ပြောကြောင်း အာဆီယံအဖွဲ့ အတွင်းရေးမှူးချုပ် မစ္စတာ ဆူရင် ပစ်ဆူဝန်က ဒီကနေ့ ပြောပါတယ်။
အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ
ဆွေးနွေးမှုကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး
မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော ပြုပြင်ပြောင်းလဲမှုများနှင့် နိုင်ငံတကာ အသိုင်းအ၀န်း၏ အမြင်များ၊ အစိုးရအဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် အကြား ပူးပေါင်း ဆောင်ရွက်နိုင်ဖွယ်ကိစ္စရပ်များနှင့် 

လူထုအားလုံး အကျိုး သက်ရောက်မှု ခံစားရရှိစေနိုင်မည့် လုပ်ဆောင်မှုများ ဆောင်ရွက်နိုင်ရန် ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်ဟု ဒေါက်တာ ဆူရင်ပစ်ဆူဝမ်က သတင်းထောက်များကို
 ပြောကြားခဲ့ပါသည်။
သူ့အနေဖြင့်မူ ပွင့်လင်း မြင်သာမှု၊ တရားမျှတမှုနှင့် လွတ်လပ်မှုရှိပြီး အာမခံချက် အပြည့်အ၀ရှိသော

 ရွေးကောက်ပွဲ ဖြစ်စေလိုကြောင်း၊ မဲဆွယ် စည်းရုံးရေး ကာလ၌မက ဒီမိုကရေစီ သွားရာ လမ်းတစ် 
 လျှောက်တွင် ပါတီအားလုံး တန်းတူ ညီမျှ အခွင့်အရေး ရရှိ စေလိုကြောင်း၊ အထူးသဖြင့်နိုင်ငံတကာ
မှလိုလားနေသော အာမခံချက်များ ဖြစ်ပေါ်စေရန်ဆောင်ရွက်မည်ဟု ထင်မြင်ကြောင်း၊ မြန်မာ 
အစိုးရ၏ လုပ်ဆောင်မှု များသည် ၂၀၁၄ ခုနှစ်တွင် တာဝန်ယူခွင့် ရမည့် အာဆီယံ ဥက္ကဋ္ဌနေရာနှင့် ထိုက်တန် ကြောင်းကို ပြသရမည် ဖြစ်ကြောင်းနှင့် လိုအပ်သော အကူအညီများကို အာဆီယံက 
တုန့်ပြန် ကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အစရှိသည်တို့ကို နေပြည်တော်မှ တာဝန် ရှိသူများ
အားပြောကြားခဲ့သည်ဟု ဒေါက်တာဆူရင်က ပြောဆိုခဲ့ပါသည်။

ဒေါက်တာ ဆူရင်ပစ်ဆူဝမ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုမှာ တစ်နာရီကျော် ကြာမြင်ခဲ့ပြီး

 နံနက် ၉ နာရီ မိနစ် ၃၀ အချိန်မှ နံနက် ၁၀ နာရီ မိနစ် ၄၀ အချိန်အထိ ကြာမြင့်ခဲ့ပါသည်။
 ဒေါက်တာ ဆူရင်သည်မြန်မာအစိုးရ၏ ဖိတ်ကြားချက်အရ ဖေဖော်ဝါရီလ ၂၀ရက်နေ့တွင်
မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်မှ လေးရက်ကြာမြင့်မည်ဟု အာဆီယံအတွင်းရေးမှူး ချုပ်ရုံးမှ သတင်း ထုတ်ပြန် ထားသည်။

Tuesday, February 21, 2012

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး သရက်မြို့  NLD ဆိုင်းဘုတ်အသစ်တင်ပွဲတက်ရောက်

  ၂၁-၂-၂၀၁၂
၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးသည် ဇလွန်မှ ဒီကနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ 
မနက် ၁၀း၀၀ နာရီခန့်တွင် သရက်မြို့ကို ကားနဲ့ ရောက်ရှိလာခဲ့ပါသည်။ ၁၁း၀၀ နာရီအချိန်တွင်
သရက်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ဆိုင်းဘုတ်အသစ်တင်ပွဲမှာ ပြည်သူတွေကို သူလာခြင်းအကြောင်းနဲ့ လာမည့်ကြားဖြတ်ရွေးကောက်ပွဲမှာ မဲအရွေးမမှားကြဖို့ ပြောကြားခဲ့
ပါသည်။
၂၀၁၂ ဟာ မာယာပြက္ခဒိန်အရတော့ ကမ္ဘာပျက်မယ့်နှစ် ဖြစ်တယ်လို့ ဆိုပါတယ်၊ ကမ္ဘာပျက်မယ့်နှစ်မှာ ကျနော်တို့ပြည်သူတွေ တကယ် ညီညွတ်ရင် ကျနော်တို့ နိုင်ငံသစ် တည်နိုင်ပါတယ်၊ အားလုံး ယုံကြည်ရဲ့လား၊ ကမ္ဘာပျက်မယ့်နှစ်မှာ နိုင်ငံသစ် တည်နိုင်အောင် ကျနော်တို့ ပြည်သူတွေနဲ့ ကျနော်တို့ လက်တွဲပြီးတော့ တကမ္ဘာလုံးက လေးစားရတဲ့ နိုင်ငံသစ်ဖြစ်အောင် စပြီးတော့ တည်ဆောက်ကြပါစို့' လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ဇလွန်မြို့သူမြို့သားတွေကို ပြောဆိုလိုက်ပါတယ်။ ဇလွန်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တွေ့ဆုံတဲ့ ဒီအခမ်းအနားမှာ အဖွဲ့ချုပ်အဖွဲ့ ဝင်တွေနဲ့ ဒေသခံပြည်သူတွေကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက အသီးသီး မိတ်ဆက် စကားပြောခဲ့ကြပါတယ်။ အဲ့ဒီနောက် ကိုမင်းကိုနိုင်ဦးဆောင်တဲ့ အဖွဲ့က ဓနုဖြူမြို့ကို ဆက်လက် ထွက်ခွာသွားခဲ့ကြပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့
စည်းရုံးရေးခရီးစဉ် ပြည်သူများ တခဲနက်ကြိုဆို

 ၂၁-၂-၂၀၁၂
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့ စည်းရုံးရေးခရီးစဉ်ကို ပြည်သူများတခဲနက်
ကြိုဆိုထောက်ခံကြသည်။ အနီးနားရှိရွာမှ ပြည်သူများစုဝေးရောက်ရှိလာကြပြီး သောင်းနဲ့ ချီသော
ပြည်သူများက လာရောက်ထောက်ခံ အားပေးကြသည်ဟု သိရှိရသည်။

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးဖွင့်ပွဲ

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးဖွင့်ပွဲနှင့် ပါတီဆိုင်း ဘုတ်တင်ပွဲ အခမ်းအနားကို ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၂၅ မိနစ်တွင်တောင်တွင်း
ကြီးမြို့ရွှေအိုး(၁) ရပ်ကွက်ဗိုလ်ချုပ်လမ်းရှိ၊ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျောက်ခဲ(ခ) ဦးသောင်းစိန်၏
 နေအိမ်တွင်ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုနာယက ဦးဝင်းတင်၊ ဒေါ်ဖြူဖြူသင်း၊ တောင်တွင်းကြီးမြို့နယ် အမှတ် (၄) မဲဆန္ဒနယ်မှဝင်ပြိုင်
မည့် NLD ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်ညွန့်၊ စာရေးဆရာ ကဗျာဆရာ ငြိမ်းသက်၊ 
ကဗျာဆရာ တင်ဝင်းတို့သည် ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့က တောင်တွင်းကြီးမြို့သို့ ရောက်ရှိလာ
သည်။ 
 တောင်တွင်းကြီးမြို့အဝင်၌ပင် ကြိုဆိုသူများ ထောင်နှင့်ချှီ၍ ရှိသည်။ လမ်းတလျောက်တွင် အိုးစည်ဒိုးပတ်များ၊ မြန်မာ့ရိုးရာအကများဖြင့်ကြိုဆိုကြသည်။ အသံချဲ့စက်များဖြင့်လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ နာယကကြီးဦးဝင်းတင် ကျန်းမာပါစေ၊ တိုင်းပြည်အကျိုးဆထက်တမ်းပိုး ထမ်းဆောင်နိုင်ပါစေဟုအော်ဟစ်ကာ လမ်းဘေးမှကြိုဆိုကြသည်။ ထို့နောက် အဖွဲ့ချုပ်ရုံးတွင် နာယကကြီး ဦးဝင်းတင်က မိန့်ခွန်းပြောသည်။ ထို့နောက် ဒေါ်ဖြူဖြူသင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်ညွန့် တို့ကလည်း မဲဆွယ်စည်းရုံး ရးတရားများ ဟောပြောကြသည်။ ယင်းဖွင့်ပွဲသို့ ရေနံချောင်း၊ မြို့သစ်၊ နတ်မောက်၊ မကွေးမြို့များမှ ပါတီဝင်အဟောင်းအသစ်များ၊ တောင်တွင်းကြီးမြို့နယ်နှင့် ကျေးရွာအုပ်စုများမှ ပြည်သူလူထုများ၊ တိုင်းရင်းသားလူမျိုးများ စုစုပေါင်းအင်အား ၂၀၀၀ ကျော်တက်ရောက်ခဲ့ပြီး၊ အခမ်းအနားကို
 အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။
.

0 comments: