Friday, June 24, 2011

ဂွဒ် ဂါးဗားမန့် ဖြစ်ဖို့ . . .

လတ်တလော ဖြစ်ပေါ်နေတဲ့ ကချင်၊ ကရင် နဲ့ ရှမ်း ပြည်နယ်တွေက စစ်ပွဲတွေဟာ အစိုးရ ရဲ့ အမြော်အမြင်နည်းပါးမှု၊ ငါတကောကော မောက်မာမှု၊ တွေကြောင့်ဖြစ်ရတယ် လို့ပဲ ရှင်းရှင်းပြောချင်တယ်။ စစ် ဆိုတာ ငါ့မှာ အင်အားရှိတယ်၊ ငါနိုင်အောင် တိုက်နိုင်တယ် လို့ ဆိုပြီးတော့ လည်း တိုက် စရာမှ မဟုတ်တာ။ ဘယ်လိုနည်းနဲ့ပဲ အာဏာကို ရ ထား၊ ရ ထား၊ အစိုးရ တရပ်ဟာ သူအုပ်ချုပ်နေတဲ့ တိုင်းသူပြည်သားတွေရဲ့ ထိခိုက်နာကျင်မှုတွေ၊ ပျက်စီးဆုံးရှုံးမှုတွေကို ပြည့်စုံအောင် ကာကွယ်ပေးနိုင်မှ အစိုးရကောင်း( Good government) ဖြစ်ပါလိမ့်မယ်။ ပါးစပ်က ဂွဒ်ဂါးဗားမန့် လို့ပြောတိုင်းဖြစ်တာမဟုတ်ပါဘူး။ ဒီလို စစ်ဖြစ်ဖို့မပြောနဲ့ သွားရင်းလာရင်း၊ ရထားတွေမှောက်ပြီး၊ ကားတွေမှောက်ပြီး လူတွေအစုလိုက်အပြုံလိုက်ပျက်စီးဆုံးရှုံးရတယ်ဆိုရင်တောင် အစိုးရ မှာ တာဝန်ရှိတယ်။ တာဝန်လည်း ယူရမယ်။ ဒါမှ ဂွဒ်ဂါးဗားမန့် လို့ခေါ်တယ်။ အလကားနေရင်းတော့ မဂွဒ် ဘူးဗျ။ခု ကချင်ပြည်နယ်မှာ အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဖြစ်ရတဲ့ စစ်ပွဲတွေဟာ အစိုးရအနေနဲ့တာဝန်လုံးလုံးလျားလျားယူရမယ့် ဖြစ်ရပ်တွေဖြစ်တယ်။ ပြည်သူလူထုကို ကိုယ်စားပြုတဲ့အစိုးရဖြစ်ချင်ရင်၊ အစိုးရကောင်းဖြစ်ချင်ရင် ပြည်သူက မကြိုက်ဘူးလို့အော်နေမှတော့ နားထောင်ပေါ့။ မြစ်ဆုံရေကာတာစီမံကိန်းဟာ ဘယ်လိုအကျိုးမြတ်ပဲ ရှိရှိ၊ ပြည်သူတရပ်လုံးက မလုပ်ပါနဲ့ လို့ ၀ိုင်းအော်နေတာကို ငါတကောကောပြီး ဆက်လုပ်တာကိုးက အစိုးရရဲ့ ရပ်တည်ချက်ဟာ ငါတကောကော ကော ရာ မကျဘူးလား။ အဲဒီ မြစ်ဆုံ၊ အဲဒီ ဧရာဝတီ နဲ့ မြန်မာပြည်ကို တည်ဆောက်ထားတာ။ နေရာတကာ အကျိုးမြတ်ရှိတိုင်း လုပ်လို့ မရဘူး။ အထူးသဖြင့် တိုင်းပြည်ကိစ္စဆိုတာ အကျိုးအမြတ်ထွက်တိုင်း လုပ်ရတာမဟုတ်ပါဘူး။ ကျွန်တော်တို့ မြတ်လို့ ရွှေတိဂုံကိုရောင်းလို့မရဘူး၊ မြတ်လို့ ခါကာဘိုရာဇီကို ပေးလို့မရဘူး။ ဒါ တိုင်းပြည် ကိစ္စ။ တိုင်းပြည်ရဲ့ ရပ်တည်ချက်ဟာ ဘယ်လောက်ဆင်းရဲဆင်းရဲ၊ ဘယ်လောက် အကျိုးအမြတ်နည်းနည်း ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်သယံဇာတကို စောင့်ရှောက်စောင့်ထိန်းမှုမရှိပဲ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးလို့အော်နေလည်း အလကားဖြစ်မှာပဲ။ လွတ်လပ်ရေးဆိုတာ သူတပါး Type the rest of your post here.

0 comments: