Thursday, June 02, 2011

ဟိုတယ်ဇုန်လား.. ချစ်စခမ်း တထောက်နားစရာ နေရာလား

ရန်ကုန်မြို့တွင် ဟိုတယ်ဇုန်တစ်ခု တည်ထောင်ရန် စီစဉ်နေကြ
နေပြည်တော် ဟိုတယ်ဇုန်၏ ပုံကြမ်းကို တွေ့ရစဉ်

ဖွံ့ဖြိုးတိုးတက်မှုများ အားကောင်းစ ပြုလာသော မြန်မာ့ခရီးသွားလုပ်ငန်း အတွက် အဓိက လိုအပ်ချက် ဖြစ်သော ဟိုတယ်များကို ပြည်တွင်းလုပ်ငန်းရှင်များမှ အရှိန်အဟုန်ဖြင့် တိုးမြှင့် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၌လည်း ဟိုတယ်ဇုန်တစ်ခု တည်ထောင်ရန် သက်ဆိုင်ရာ၏ ခွင့်ပြုချက်ကို မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့မှ တောင်းခံထားကြောင်း သတင်းရရှိသည်။

လတ်တလော၌ အဆိုပါ ဟိုတယ်ဇုန်ကို ဗိုလ်တထောင်မြို့နယ် (သို့) မင်္ဂလာဒုံ မြို့နယ်၌ တည်ဆောက်ရန် လျာထားကြောင်း၊ ယာဉ်ကြောပိတ်ဆို့မှုများသည့် မြို့လည်ခေါင်နှင့် နီးသော ဗိုလ်တထောင်မြို့နယ်ထက် မြေနေရာ ကျယ်ဝန်း၍ အေးဆေးသော မင်္ဂလာဒုံမြို့နယ်၌ ပိုမို ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ ဥက္ကဌ ဦးခင်ရွှေက ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ထိုသို့ ဟိုတယ်ဇုန်တစ်ခုကို မြန်မာနိုင်ငံ၏ အစည်ကားဆုံး ရန်ကုန်မြို့၌ တည်ထောင်ရာတွင် တိုင်းရင်းသား လုပ်ငန်းရှင်များကို ရင်းနှီးမြှုပ်နှံမှု ပါဝင်နိုင်ရေးကို ငွေကြေးအရင်းအနှီး ထုတ်ချေး မတည်ပေးခြင်းဖြင့် အဖွဲ့မှ ကူညီပေးသွားမည် ဖြစ်ကြောင်းလည်း ဥက္ကဌက ပြောကြားခဲ့သည်ဟု သိရသည်။ ရန်ကုန်ဟိုတယ်ဇုန် တည်ထောင်သကဲ့သို့ပင် နေပြည်တော် ဟိုတယ်ဇုန်မှ ဟိုတယ်များကို ၅၄ လုံး၊ အခန်းပေါင်း ၇၄၀၀ ခန့် အထိ တိုးချဲ့တည်ဆောက်သွားတော့မည်ဟု သတင်းရရှိသည်။

လက်ရှိ အစိုးရသစ်လက်ထက်တွင် မြန်မာပြည်တွင်းသို့ အာရှသာမက ဥရောပ၊ အမေရိက နိုင်ငံများမှ ခရီးသွားများ ၀င်ရောက်မှု ယခင်ထက် အဆပေါင်းများစွာ များပြားလာပြီး ဟိုတယ် မလောက်မှု အခက်အခဲများ ကြုံတွေ့နေရကြောင်း ကြားသိရသည်။
( မြန်မာပြည်တွင်ဟိုတယ် လောက်မလောက်တော့မသိပါ မြန်မာလူငယ်များအတွင်း ချစ်စခမ်း တထောက်နားစရာ များလာမှာတော့သေချာပါတယ်)


.

0 comments: