Sunday, August 15, 2010

၁၉၈၉ တုန်းက “တပ်မတော်သည် လိမ်တဲ့အကျင့်မရှိဘူး”တဲ့ ...ယုံကြပါသလား ခု ၂၀၁၀ မှာကော ယုံဦးမှာလား

ဗိုလ်ချုပ်ကြီးစောမောင်၏ လွှတ်တော်ပေါ်ပေါက်ရေး၊ အာဏာလွှဲပြောင်းရေးနှင့် အခြေခံဥပဒေ ရေးဆွဲရေးအတွက် ပြောကြားချက်နှင့် “တပ်မတော်သည် လိမ်တဲ့အကျင့်မရှိဘူး”ဟူသော ပြောကြားချက်များ
(၁၉၈၉)ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့တွင် နဝတ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီးစောမောင်က- “ကျနော် ဒီနေ့နိုင်ငံတော်အာဏာကို ယူထားတဲ့အခါမှာ ကျနော်လုပ်ချင်တာ လုပ်သွားတယ်ဆိုတာ မဖြစ်စေရဘူး၊ ကျနော် စည်းနဲ့စနစ်နဲ့လုပ်သွားတယ်ဆိုတာကို လွှတ်တော်ပေါ်လာရင် ရွေးကောက်ပွဲပြီးရင် ကျနော် လွှတ်တော်ကို တင်ပြမယ်။ ကျနော့်မှာ တာဝန်ရှိတယ်။”ဟူ၍လည်းကောင်း၊ “-ဘာတခုမှ တိုင်းပြည်ကိုမလိမ်ချင်ဘူး၊ အရင်တုန်းကလည်း လိမ်တဲ့အကျင့်မရှိဘူး၊ တပ်မတော်ဟာ လိမ်တဲ့အကျင့်မရှိဘူး”ဟူ၍ တပ်မတော်၏ ရိုးဖြောင့်ပုံကိုလည်းကောင်း ပြောကြားခဲ့ပေသည်။ ထို့ပြင်- “တော်လှန်ရေးကောင်စီနဲ့လည်းမတူဘူး။ မတူပါဘူး၊ ဘယ်လိုမတူသလဲ၊ တော်လှန်ရေးကောင်စီက နောက် လမ်းစဉ်ပါတီ ထောင်တယ်။ ကျနော့်မှာ (Party Back) ပါတီမရှိပါဘူး။” ဟူ၍စစ်တပ်က လက်ကိုင်တုတ်များဖွဲ့စည်းခြင်း မပြုဟူ၍ လည်းကောင်း ပြောကြားခဲ့ပါတယ်။ ထို့ပြင် အာဏာလွှဲပြောင်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးနဲ့ ပတ်သတ်၍လည်း ဗိုလ်ချုပ်ကြီး စောမောင်က- “ကျနော် အာဏာကို ဥပဒေနဲ့လွှဲမယ်၊ (majority vote government form up) လုပ်နိုင်ရင် လွှဲပေါ့ဗျာ။ ကျနော် သဘောတူပါတယ်။ (constitution) ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိရမယ်။ သူ့မှာ အခြေခံ (constitution) ဖွဲ့စည်းပုံအခြေခံ ဥပဒေရှိရမယ်။ ဘယ်ဟာကို (recognize) လုပ်မလဲ။ (amendment) လုပ်မလား၊ ဘာညာ၊ ဒါတွေကတော့ ပါတီတွေ စဉ်းစားရမယ့်ကိစ္စဗျ။” ဟူ၍ရွေးကောက်ပွဲပြီးလျှင် အနိုင်ရရှိသောပါတီအား အာဏာလွှဲပြောင်းပေးမည်ဟူ၍ လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် ရေးဆွဲရာတွင် နိုင်ငံရေးပါတီများကသာ လုပ်ဆောင်ရမည်ဟူ၍လည်းကောင်း ပြောကြား သွားခဲ့ပါသည်။

0 comments: