Sunday, August 15, 2010

သမိုင်းမှာ မင်းတရားခံဖြစ်မယ့်..မသာတွေ

သမိုင်းမှာ မင်းတရားခံဖြစ်မယ်-
မင်းမမှန်ရင်
မင်းတရားခံဖြစ်မယ်-
ငါမမှန်ရင် ငါတရားခံဖြစ်မယ်-
တရားဆိုတာ
ညှာလည်းမညှာ ညာလည်းမညာ
သာစေ နာစေလည်းမရှိ
ပကတိ သူ့သဘော သူဆောင်ခြင်းပါဘဲ-။
ဒီနေ့တော့ မင်းလုပ်ရပ်ဟာ
နောင်နေ့ မင်းရဲ့အထ္ထ္ထုပ္ပတိ-
ဒီနေ့ မင်းလုပ်ရပ်ဟာ
နောင်နေ့  မင်းရဲ့အနာဂတ်
မပတ်သက်ချင်လို့မရ
မဆက်စပ်ချင်လို့မရ
မင်းဘဝကို မင်းကသာပြဋ္ဌာန်းတယ်-။
မင်းဘာလဲ-
မင်းဘယ်သူလဲ
မင်းဟာ မင်းပဲ-။ ။
တင်မိုး

0 comments: