Showing posts with label Touching Words. Show all posts
Showing posts with label Touching Words. Show all posts

Wednesday, August 07, 2013

မျှော်လင့် ......... နေတုန်းပါ .... အမေ


မြန်မာ့ကျောက်စိမ်း အရည်အသွေးကောင်းကို ......
အိမ်နီးချင်းနိုင်ငံကြီးဆီမှာ ... ပြန်ဝယ်ရတဲ့ခေတ်..။

မြန်မာ့ ပတ္တမြား ... အရည်အသွေးကောင်းကို .......
အိမ်နီးချင်းနိုင်ငံကြီးဆီမှာ ..ပြန်ဝယ်ရတဲ့ခေတ်...။

မြန်မာ့ ကျွန်းသစ်အရည်သွေးကောင်းနဲ့လုပ်တဲ့ ...... ပရိဘောဂကို .......
အိမ်နီးချင်းနိုင်ငံကြီးဆီက ....... ပြန်ဝယ်ရတဲ့ခေတ် .........။

မြန်မာ့ သဘာဝဓါတ်ငွေ့ကို ....... လျှပ်စစ်မီးပေးဖို့ .
အိမ်နီးချင်းနိုင်ငံကြီးဆီက ..ပြန်ဝယ်ရတဲ့ခေတ်..။

မြန်မာ့ရေအားလျှပ်စစ်စက်ရုံကထုတ်တဲ့ ..လျှပ်စစ်ဓါတ်အားကို ..အိမ်နီးချင်းနိုင်ငံကြီးဆီကနေ ပြန်ဝယ်ရတဲ့ခေတ်..။

မြန်မာ့ ကြေးနီနဲ့ထုတ်တဲ့ စစ်လက်နက်ကို ... အိမ်နီးချင်းနိုင်ငံကြီးဆီက ...... ပြန်ဝယ်ရတဲ့ခေတ်..။

မြန်မာ့ နီကယ်နဲ့ထုတ်တဲ့ ... စက်ပစ္စည်းတွေကို .......
အိမ်နီးချင်းနိုင်ငံကြီးဆီက ပြန်ဝယ်ရတဲ့ခေတ်.။

မြန်မာ့ ပုလဲကို ......
အိမ်နီးချင်းနိုင်ငံကြီးဆီက ......... ပြန်ဝယ်ရတဲ့ခေတ်...။

မြန်မာ့ ရေပိုင်နက်က ရတဲ့ငါးနဲ့ဖန်တီးထားတဲ့ ... ငါးသေတ္တာကို .....
အိမ်နီးချင်းနိုင်ငံကြီးကနေ ........ ပြန်ဝယ်ရတဲ့ခေတ်.....။


မြန်မာ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲအဖွဲ့ဝင်တွေက..
အိမ်နီးချင်းနိုင်ငံကြီးနဲ့ ............ လူကုန်ကူးနေကြတဲ့ခေတ်..။


======================================================

အမေရေ........

၈၈ လည်း ....

ငွေရတု တိုင်ခဲ့ပြီ ...။

ပေးဆပ်ခြင်းလည်း ... များခဲ့ကြပြီ..။

တိုင်းပြည်လည်း ..
သယံဇာတ အကုန် ......ကုန်ပြီ...။

ဘ၀တွေလည်း ........... နာပြီ....။

သို့သော်လည်း..

မျှော်လင့် ......... နေတုန်းပါ .... အမေ..။

------------------------------------------------------------------------------------

Cartoon ဟန်လေး၏ ကာတွန်းအား ...........

ငရဲသား .........ထပ် ...... ကလိ သည်..။
.

ခင်များတို့ လုပ်တတ်တာ ဘာရှိလဲ


လျှပ်စစ်တွေ ထုတ်တယ်၊
ပြည်သူအများစု မသုံးရဘူး။

ဆန် စပါးအများကြီး စိုက်တယ်၊
ပြည်သူတွေ ဝဝလင်လင် မစားရဘူး။

တိုင်းတစ်ပါးသားတွေ ကျူးကျော်နေတာကြာပြီ၊
ခြံစည်းရိုးမရှိဘူး။

ဆင်းရဲလို့
မိန်းမငယ်လေးတွေ သူများနိုင်ငံမှာ
ပြည့်တံဆာအလုပ် အစေခံအလုပ်တွေ သွားလုပ်နေရတယ်၊
ချမ်းသာအောင် မလုပ်ဘူး။

စစ်သည်သုံးသိန်းရှိတယ်၊
သောင်းကျန်းသူတွေကို မနှိမ်နင်းနိုင်ဘူး။

ပညာတတ်တွေ အများကြီးထွက်တယ်၊
အသုံးမချတတ်ဘူး။

ကျောက်တွေ ကတ္တရာတွေ အများကြီးရှိတယ်၊
လမ်းတွေ မကောင်းဘူး။

သံတွေထွက်တယ်၊
အပ်တစ်ချောင်းတောင် မလုပ်တတ်ဘူး။

ရာဘာတောကြီး ရှိတယ်၊
တာယာကို နိုင်ငံခြားက ဝယ်ရတယ်။

သယံဇာတတွေ အများကြီးထွက်တယ်၊
ကုန်ချော မလုပ်တတ်ဘူး။

ရတနာတွေ အများကြီးထွက်တယ်၊
ပြည်သူတွေ အလှမဆင်နိုင်ဘူး။

ပင်လယ်ပြင်ကြီးရှိတယ်၊
ပင်လယ်စာကောင်းကောင်း မစားရဘူး။

ကမ္ဘာမှာ အကောင်းဆုံး ဘာသာတရားရှိတယ်၊
မငြိမ်းချမ်းဘူး။

အမှန်တရားရှိပေမဲ့။
အမုန်းတရားနဲ့ အုပ်ချုပ်တယ်။

မကျန်းမာတဲ့သူတွေ ရှိတယ်၊
ဆေးမကုနိုင်ဘူး။

ရာသီဥတု ကောင်းတယ်၊
စိုက်ပျိုးရေးမှာ အောက်ဆုံးက။

တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု အောက်ဆုံးရောက်နေတယ်
ပြည်သူတွေ အုပ်ချုပ်ရေး အတတ်ပညာကို သင်ခွင့်မရဘူး။

ဝန်ကြီးဌာနအများစု အလွဲသုံးစားလုပ်နေတယ်၊
အရေးမယူဘူး။

ကျွန်းသစ်တွေ အများကြီးထွက်တယ်၊
ပြည်သူအများစု တဲနဲ့နေရတယ။်

ကမ္ဘာမှာ လူဦးရေအများဆုံး နိုင်ငံ နှစ်နိုင်ငံနဲ့ နယ်နမိတ်ချင်းထိနေတယ၊်
ကုန်ချောပစ္စည်း ရောင်းမစားတတ်ဘူး။

ကမ္ဘာကျော် အတွေးအခေါ်ပညာရှင်ရှိတယ်။
ပြည်သူတွေ သူ့အကြောင်း သင်ခွင့်မရဘူး။

ဒီမိုကရေစီနိုင်ငံထူထောင်တယ်၊
အာဏာရှင် စိတ်ဓါတ်နဲ့။

ကမ္ဘာကျော် ခေါင်းဆောင်ရှိတယ်
အုပ်ချုပ်ခွင့် မရဘူး။

ဒေါက်တာ အောင်ခင်
၁၉ -၀၆-၂၀၁၃

အေးချမ်းမွန် Credit To >>ဒေါက်တာ အောင်ခင် <<
.

Friday, July 19, 2013

အာဇာနည်နေ့ အမှတ်တရ တစ်သက်မမေ့စရာ သမိုင်းဝင်စကားများ..။


ဒေါ်သန်းခင်က မျက်နှာမရှိဘဲ ဖြစ်ရတဲ့ မုဆိုးမ။ ကျွန်မက ဂုဏ်ရှိပြီး ကျန်ခဲ့ရတဲ့ မုဆိုးမပါ။ ဒါကြောင့် ဒေါ်သန်းခင်(ဂဠုန်ဦးစောဇနီး) ဆီက ကျွန်မ ဘာမှ မယူလိုတော့ပါဘူး

(လွတ်လပ်ရေးရပြီး နိုင်ငံတော် လုပ်ကြံမှုနှင့်ပတ်သက်၍ ဒေါ်ခင်ကြည်အား နစ်နာကြေး တောင်းခံနိုင်ရန် တရားစွဲဆိုနိုင်သေးကြောင်း အကြံပြုသူရှိခဲ့သော်လည်း ထိုအချိန်က ဗိုလ်ချုပ်ဇနီးဒေါ်ခင်ကြည် ပြောခဲ့သည့်စကား)

------------------------------------------------------------------------------------------------

“ကိုယ်က ဒီမှာတောင် ငုံ့နေရတဲ့သူလေ။ ဒေါ်စုကတော့ Image အရမ်းကြီးတယ်။ ကမ္ဘာကတောင် အသိအမှတ်ပြုခံရတဲ့သူ ဆိုတော့လေ။ ဘာနဲ့မှ နှိုင်းယှဉ်လို့ မရပါဘူး။ မိသားစု သမိုင်းကြောင်းတွေကြောင့် တွေ့ဖူးချင်ပေမယ့်လည်း မတွေ့ရဲပါဘူး။ မေမေတို့တုန်းက ဆိုရင်တော့ တစ်မျိုးပေါ့လေ”
ဒေါ်မွန်မွန်ရင် (ဂဠုန်ဦးစော၏ သမီး)

------------------------------------------------------------------------------------------------

“ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက ဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့အဘိုးကလည်း သူ့အပြစ်အတွက် ဥပဒေအရခံသွားပြီပဲ။ ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး”
“ဖေဖေနဲ့ ပတ်သက်ပြီး တွေးရင် ဦးစောကြောင့် ဖေဖေ ဆုံးသွားတယ်လို့ ဘယ်တုန်းကမှ မမြင်ဘူး။ ပြီးတော့လည်း နိုင်ငံရေးမှာ ဒီလိုပဲ ဖြစ်တတ်ပါတယ်”
--ဒေါ်အောင်ဆန်းစုကြည်--

ဒေါ်အောင်ဆန်းစုကြည်မှ ဒေါ်မွန်မွန်ရင်တို့ ဦးစောမျိုးဆက် မိသားစုဝင်များနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကမူ အပြစ်မရှိသူ မိသားစုဝင်များ အပြစ်ရှိသလို ခံစားနေရခြင်းကို စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားချက်။

=======================================================

ကျုပ်ဟာ တစ်သက်လုံး ဗုဒ္ဓဘာသာလို့ ပြောခဲ့တာပဲ။ တကယ်တော့ မည်ကာမတ္တ ဗုဒ္ဓဘာသာဖြစ်ခဲ့ တာကိုခုလို တရားစာပေ လေ့လာမိမှ ပိုပြီးသိရတယ်။ ကျုပ်ဟာလောကမှာရှိတဲ့ မကောင်းမှုမှန်သမျှ မလုပ်ခဲ့ဖူးတာ လည်းမရှိဘူး။ ကျုပ်ဟာ လောကရဲ့ခံစားရမယ့် အကောင်းဆုံးတွေကိုလည်း မခံစားဖူးတာမရှိဘူး။ ဒါပေမယ့် ခုတွေ့ရတဲ့ တရားတော်တွေရဲ့ အဆီအနှစ်တွေကို ကျုပ်တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။

ကျုပ်မှာ …. အာဏာရှိတဲ့ အချိန်တုန်းကလည်း ဘာသာရေးကို အလေးအနက် မပြုမိဘူး။ ဘာသာရေးဟာ ကျုပ်အတွက် ဟန်ပြအယောင်ဆောင်တစ်ခုလောက်သာ ရှိခဲ့တယ်။ ကျုပ်ဆန္ဒမှာရှိတာက ကျုပ်အာဏာတည်မြဲရေး၊ ကြီးပွားရေးနဲ့ တိုင်းပြည်ကို ကျုပ်ကြိုက်တဲ့ပုံစံ သွင်းချင်တာပဲ ကျုပ်မှာ အဓိကဖြစ်ခဲ့တယ်။ အဲဒီအချိန်ကသာ ခုတွေ့ရတဲ့ တရားတော်တွေကို တွေ့ရရင် ခုလိုလည်း ဖြစ်မယ်မထင်းဘူး။

(ဂဠုန်ဦးစော၏ နောင်တစကား)

-------------------------------------------------------------------------------------------------------
Source
စက်တင်ဘာ ၂၁ ရက်၊ ၂၀၁၁ ခုနှစ်ထုတ် 7 Days Journal တွင် ဖော်ပြသော စာရေးသူ ငြိမ်းငြိမ်းနိုင်၏ လီလီပန်းလေးများရဲ့ နောက်ကွယ်မှာ… (ဂဠုန်ဦးစောမိသားစု၏ ဘ၀ဖြတ်သန်းမှု) ဆောင်းပါး

http://peacepoemblogspotcom-poemview.blogspot.com/2011/09/blog-post_23.html
.

Monday, September 24, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့်  ၀ါရှင်တန် မြန်မာမိသားစု တွေ့ ဆုံပွဲ အမှတ်တရစကားများ...



- နိုင်ငံခြားကိုရောက်နေလဲ ဗမာစကားကို သင်ပေးဘို့  ပြောတတ်ဘို့ လိုပါတယ်။
- ကိုယ့် ကို လုံခြုံမှုပေးတဲ့ နိုင်ငံကို သစ္စာရှိရပါမယ်။ဇာတိမြေကိုလဲ ကူညီပေးကြပါ။
- အိမ်ထောင်ကျသွားတဲ့ သူက ကိုယ့် ရဲ့ မိသားစုအသစ်အပေါ် သစ္စာစောင့် သိရမှာဖြစ်သလို ကိုယ်ရဲ့ ဘိုးဘွားမိဘရင်းတွေကို ပစ်ပယ်လိုက်လို့ မရပါဘူး။
- နိုင်ငံရပ်ခြားရောက်နေတဲ့ ဗမာတေ

ွ သိပ်ညီညွတ်တာဘဲလို့  တခါလောက်တော့  ကြားဘူး ခြင်ပါတယ်။
- တခြားနိုင်ငံသားတွေ ဘာကြောင့်  ညီညွတ်နေတာလဲ လေ့ လာကြပါ။ သင်ခန်းစာယူပါ။
- မြန်မာနိုင်ငံကထွက်လာတဲ့ ပုဂ္ဂိုလ်များ ဟာ မူလနိုင်ငံနဲ့  သက်ဆိုင်မှုရှိနေပါတယ်။ ကျမတို့ ပစ်ပယ်မထားဘူးဆိုတာ သိစေခြင်ပါတယ်။
- နိုင်ငံသားကိစ္စဥပဒေက ပြဌာန်းပါလိမ့် မယ်။
- မြေယာသိမ်းတဲ့ ကိစ္စတွေအတွက် အောက်ခြေအဖွဲ့ အစည်းတွေက လွှတ်တော်ရပ် ထားတဲ့ အချိန်မှာ ကွင်းဆင်းလေ့ လာမှုတွေစတင်နေပါပီ။ ဥပဒေတွေအတွက် ပြင်ဆင် သင့် တဲ့ ဥပဒေ ရုပ်သိမ်းသင့် တဲ့ ဥပဒေ ဆိုတာတွေကိုလေ့ လာစမ်းစစ်ရမှာပါ။
- ဆန္ဒပြတဲ့  ပြည်သူများဟာ ဥပဒေဆိုတာလဲ သိဘို့ လိုပါတယ်။
- ဗမာပြည်ကနေ တခြားနိုင်ငံသားဖြစ်သွားတဲ့ သူတွေအနေနဲ့  နှစ်နိုင်ငံသားကိစ္စ လွှတ်တော်က တာဝန်ရှိပါတယ်။
- ၂၀၁၅ ရွေးကောက်ပွဲပြည်သူတရပ်လုံးထောက်ခံမှုရရှိရေးအတွက်ဘာတွေလုပ်နေပါသလဲ
ဆိုရင် လွန်ခဲ့ တဲ့  အနှစ်၂၀ ကျော်ကတဲက လုပ်ခဲ့ တာပါလို့  ပြောခြင်ပါတယ်။
- ပြုပြင်ပြောင်းလဲနေတယ်ဆိုတာတွေဟာ အခုလို မြေယာသိမ်းနေတာတွေနဲ့ ဆိုရင် ယုံကြည်လို့ ရပါ့ မလား ဆိုတော့  မယုံကြည်မှုနဲ့ မဝေဘန်စေခြင်ပါ။ သံသယကိုအခြေခံပီးမလုပ်စေခြင်ပါ။ သတိနဲ့ သံသယ မတူပါဘူး။
- ဗမာတွေမှာ တယာက်ကိုတယောက် တိုက်ခိုက်ခြင်တဲ့ စိတ်တွေများနေပါတယ်။ မညီမညွတ်မှုများနေပါတယ်။ ငါတို့ ဘာလို့ ဒီလိုဖြစ်နေလဲအရင်မေးပါ။ ပီးမှ သူတို့ ဘာကြောင့် ဒီလိုဖြစ်နေလဲကြည့် ပါ။
- ရွေးကောက်ပွဲက တရားမျှတမှာလားဆိုတာ အားလုံးနဲ့ ဆိုင်တဲ့ ကိစ္စပါ။ လွတ်လပ်ပီးတရားမျှတဘို့ ကပြည်သူတွေရဲ့ ဆန္ဒပေါ်မှမူတည်ပါတယ်။
- ကြံ့ ခိုင်ဖွံ့ ဖြိုးရေးပါတီပီးရင်တော့  အကြီးဆုံး အတိုက်အခံ ပါတီလို့ ပြောလို့ ရပါတယ်။
လွှတ်တော်ဥက္ကဌကြီးကတော့  ကျမတို့ ပါတီကို ဖေးဖေးမမရှိပါတယ်။
အပြင်မှာတော့ ပါတီကြီးပေါ့ ။လွှတ်တော်ထဲမှာတော့  သေးသေးလေးပါ။
- capacity building ဆိုတာ အခုတလောသိပ်ပြောနေကြပါတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်အတွက် အရည်အချင်းတွေ ပိုပီးမြှင့် တင်ပေးဘို့  ဖြည့် စည်းပေးဘို့  ဆိုလိုတာပါ။
- လွှတ်တော်မှာအခက်ခဲဆုံးကိစ္စကတော့ အားချိန်တွေမှာအစည်းအဝေးလုပ်ဘို့ နေရာမရှိ
တာပါဘဲ။ လဘက်ရည်ဆိုင်မျာသွားလုပ်ရပါတယ်။လဘက်ရည်ဆိုင်တွေကတော့ များပါတယ်။
- နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုအတွက် ဒေါ်လာ ၅သန်း ဆိုတာ ပြောင်းထားပါပီ။ ဥပဒေ ထွက်လာ
ရင် ကြည့် ပါ။
- ပညာရေးအဆင့် အတန်းအနေနဲ့  အရင်ကတော့  ဗမာပြည်က ဆရာဝန်တွေကို အသိအမှတ်ပြုပါတယ်။ နောက်ပိုင်းမှာ ပညာေ၇းအဆင့် အတန်းနိမ့် လာတော့  စာမေးပွဲပြန်ဖြေရပါတယ်။ အဲဒါကတော့  သက်ဆိုင်ရာနိုင်ငံရဲ့ တက္ကသိုလ်တွေရဲ့  လုပ်ပိုင်ခွင့် ပါ။ ဗမာပြည်က ကျောင်းပီးလာတဲ့ သူများအနေနဲ့ ကတော့  ပင်ပန်းနေဦးမှာပါဘဲ။
- လူမှုအဆင့် အတန်းခွဲခြားမှုမရှိပါ။ မြန်မာနိုင်ငံမှာ အဆင့် အတန်း၎ မျိုးရှိ ခဲ့ ပါတယ် ရီစရာပြောတာပါ..စစ်တပ်ရယ်..စစ်တပ်နဲ့ ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်းရှင်..သာမန်ပြည်သူ.. NLD ကတော့  အောက်ဆုံးမှာဘဲဖြစ်ပါယတ်။
- မုန်းတီးစိတ်တွေတိုင်းမှာအကြောက်တရားရှိနေပါတယ်။ အကြောက်တရားနဲ့ လွတ်ကင်းတဲ့  မုန်းတီးစိတ်ဆိုတာမရှိပါဘူးလို့ ထင်ပါတယ်။တယောက်နဲ့ တယောက်သံသယစိတ် မရှိတော့ 
ရင်အမုန်းတရားတွေလဲပျောက်ကွယ်သွားမှာပါ။ ဘာကိုစိုးရိမ်လို့ ဒီလိုကြောက်နေရလဲ စဉ်းစားစေခြင်ပါတယ်။
- မြန်မာနိုင်ငံမှာမွေးပီး နိုင်ငံကိုချစ်တယ်ဆိုရင် ဘယ်နိုင်ငံသားဘဲဖြစ်နေနေ ရှက်စရာမဟုတ်ပါ။ ဘယ်လိုကူညီနိုင်မလဲစဉ်းစားပေးတာကို ကျေးဇူးတင်ပါတယ်။
- ၃လ တခါ အခြားမြို့ နယ်တွေကိုသွားရောက်ဘို့ က လွှတ်တော်လဲတက်နေရတော့ အချိန်မရတော့ လို့ ပါ။ တောင်တွင်းကြီးနဲ့ တနင်္သာရီဘက်သွားဘို့ အကြွေးတွေလဲရှိနေပါတယ်။ အဲဒီတွေကို သွားပီးရင် လုပ်ဘို့ အစီစဉ်ရှိပါတယ်။
- လွှတ်တော်အမတ်များ၏ ပိုင်ဆိုင်မှုများ မဖော်ပြရဲ့ တာကို ဘာလို့ ကန့် ကွက်ကြတာပါလဲတဲ့ ။ တင်သွင်းတဲ့ အဆိုက အစိုးရအဖွဲ့ ဝင်များအတွက်ပါ နိုင်ငံတကာမှာလဲလုပ်ကြပါတယ်
အများစုက လက်မခံတာပါ။ အကောင်းဘက်ကကြည့် ရင် လွတ်လပ်မှုကိုကာကွယ် ခြင်လို့ ဖြစ်မှာပါ။ အဆိုးဘက်ကကြည့် ရင်တော့  ပိုင်ဆိုင်တာတွေကို ဖုံးကွယ်ခြင်လို့ ဖြစ်မှာပေါ့ ။
အစိုးရအဖွဲ့ ဝင်ဖြစ်ခြင်ရင် ကိုယ်ရေးကိုယ်တာတွေမှာသာမန်ပြည်သူတွေအတွက် စံပြဖြစ်အောင် ကြိုးစားခြေင်ပါတယ်။
- မှာခြင်တာကတော့  နိုင်ငံတည်ဆောက်ရေးကိုတတ်နိုင်သလောက်ပါဝင်ကူညီပါ။
 
Chit Aung Hla Patrick
.

Saturday, February 04, 2012

အောက်ခြေ အရေးကြီးပါသည်

by Ko John on Saturday, February 4, 2012 at 7:21pm

NLD ပါတီ အလံငယ်လေးတစ်ခုကို ၂၅၀၀ ကျပ်ဖြင့် ယနေ့ဝယ်ဖြစ်ခဲ့ပါသည်။ ဝယ်ပြီးတော့ တခြားသော မိတ်ဆွေများကို မေးကြည့်ရာ ၁၅၀၀ ကျပ်သာဖြစ်သည်ဟု ဆိုကြသည်။ ဒါဆို ကျွန်တော် ဝယ်လိုက်သည့် အလံက ၁၀၀၀ ကျပ်ပိုပေးခဲ့ရသည်။ ဘယ်လိုဖြစ်တာပါလိမ့်။ ဝယ်ခဲ့တာက တာမွေမြို့နယ် ရပ်ကွက်တစ်ခုမှ NLD တံဆိပ်တပ်ထားသော ပုဂ္ဂိုလ်များထံကပဲ ဖြစ်ပါသည်။ ထိုရပ်ကွက်အတွင်း လမ်းတစ်လမ်း၏ထိပ်တွင် စားပွဲဝိုင်းတစ်ခုဖြင့် NLD တံဆိပ်ပါ ထီးမိုးထားပြီး ပါတီဝင်လျှောက်လွှာများ နေ့စဉ် လက်ခံဆောင်ရွက်ပေးသည်။ NLD အထိမ်းအမှတ် ပစ္စည်းများရောင်းသည်။ ဒီလှိုင်းစာစောင် ရောင်းသည်။ ထိုသို့သော ပုဂ္ဂိုလ်များထံမှ ဝယ်ခဲ့သည့် NLD အလံက ဘာဖြစ်လို့များ ၁၀၀၀ ကျပ်ပိုနေသနည်း။ ဘာဖြစ်လို့များ ရုံးချုပ်က ဝယ်ခဲ့သည်ဆိုသူများထက် ၁၀၀၀ ကျပ်
ပိုများနေသနည်း။



ဒီပစ္စည်းတွေ ရောင်းနေသည်က စီးပွားရေး အမြတ်အစွန်းအတွက် မဟုတ်ဟုယုံကြည်သည်။ ပါတီရံပုံငွေအတွက် ထိုက်သင့်သည့် အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်သည်။ လူထုစည်းရုံးရေး သဘောပါဝင်မည်။ ကျွန်တော် နားလည်နိုင်သလောက် ဒီလိုပဲဖြစ်သည်။ ကျွန်တော် NLD အလံငယ်လေး ဝယ်ယူခဲ့တာက မီးပွိုင့်လမ်းဆုံမှာ လိုက်ရောင်းနေသည့် လက်ပွေ့သမားများထံမှ မဟုတ်ပါ။ NLD တံဆိပ်တပ် ပုဂ္ဂိုလ်များထံမှ ဖြစ်သည်။ လက်ပွေ့သမား ရောင်းချသူများက အမြတ်တင်၍ ပြန်ရောင်းခြင်းကို လက်ခံသည်။ ရပ်ကွက် NLD ဆိုသူများကသာ ဒီလိုပုံစံ အမြတ်တင်ရောင်းလိုက်ခြင်းဆိုလျှင်တော့ အလွန်ကို ရုပ်ဆိုးလှပေသည်။ ထိုပုဂ္ဂိုလ်များထံတွင် ရောင်းနေသည့် တီရှပ်၊ ဒီလှိုင်းစာစောင်၊ သော့ချိတ် စသဖြင့် ပစ္စည်းများ၏ဈေးနှုန်း မည်သို့ရှိမည်လဲ မသိသေးပါ။

ကျွန်တော် ရိုးသားစွာ နားလည်ထားတာကတော့ NLD ပါတီက ရောင်းချနေသည့် အထိမ်းအမှတ်ပစ္စည်းများမှာ ရုံးချုပ်တွင် ဝယ်ယူသည့်ဈေးနှုန်းနှင့် အခြားသော မြန်မာပြည်အနှံ့အပြားရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ NLD အဖွဲ့များထံတွင် ဝယ်ယူသည့်ဈေးနှုန်းများ လုံးဝတူညီသင့်ပါသည်။ ထိုသို့မဟုတ်ပါက ပါတီအထိမ်းအမှတ် ပစ္စည်းများရောင်းချခြင်းမှာ လူထုစည်းရုံးရေးအသွင်မှ အောက်ခြေပိုင်း NLD ပုဂ္ဂိုလ်တို့၏ စီးပွားရေးဈေးကွက်အသွင် ဖြစ်သွားပါလိမ့်မည်။ ယနေ့ ကျွန်တော့်အား အလံငယ်တစ်ခု ၁၀၀၀ ကျပ်ပိုများနေသော ဈေးနှုန်းဖြင့် ရောင်းချလိုက်သည့် ရပ်ကွက် NLD တို့၏ လုပ်ရပ်ကို NLD ရုံးချုပ်က သိလိမ့်မည်ဟု မထင်ပါ။ ၁၀၀၀ ကျပ်ပိုပေးလိုက်ရသည်မှာ ပြဿာနာမရှိသောငြား ၁၀၀၀ ကျပ်ပိုယူလိုက်သော ထို ရပ်ကွက် NLD ပုဂ္ဂိုလ်တို့၏ လုပ်ရပ်က ပြဿနာဖြစ်ပါသည်။ အဓိက ပြောချင်သည်ကတော့ မည်သည့် ပါတီ၊ မည်သည့်အဖွဲ့အစည်းတွင်ဖြစ်စေ ပြည်သူလူထုနှင့် နေ့စဉ်ထိတွေ့ဆက်ဆံနေသော ၄င်းတို့၏ အောက်ခြေအဆင့်ပုဂ္ဂိုလ်များ၏ စိတ်ဓာတ်၊ အမူအကျင့်များ လွန်စွာအရေးကြီးသည်ဟုသာ .....

မှတ်ချက် - ယခုရေးသားထားမှုကို NLD ရုံးချုပ်သို့ အရောက်ပို့ဆောင်ပေးမည့်သူ၊ ပြောကြားပေးမည့်သူ တစ်စုံတစ်ယောက် ဖတ်မိခဲ့ပါက ပေးပို့ပြောကြားပါရန် အထူးမေတ္တာရပ်ခံပါသည်။
.

Tuesday, August 31, 2010

သပိတ်မှောက်ပေမဲ့ လေ့လာဖို့လို

                                            NLD ပါတီ CEC ဦးဝင်းတင်  
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရေးကို သပိတ်မှောက်ပေမဲ့ ရွေးကောက်ပွဲအခြအနေကို ဒေါ်အောင်ဆန်းစုကြည်ပြောသလို၊ စောင့်ကြည့်လေ့လာရမယ်လို့ပြောရခြင်း ဟာ ရွေးကောက်ပွဲမှာ မသမာမှု၊ မတရားမှု တွေရှိခဲ့ရင် ဒီအချက်တွေကို ပြည်တွင်း ပြည်ပ သိအောင် ဖေါ်ထုတ်နိုင်မှာမို့လို့ ဦးဝင်းတင် က ဘီဘီစီကို ရှင်းပြပါတယ်။ သပိတ်မှောက်ခြင်းဟာလဲ နှစ်မျိုးနှစ်စားရှိပုံ၊ ကိုယ်စားလှယ်လောင်းအနေနဲ့ အရွေးခံမယ့်သူ ရှိသလို မဲပေးမဲ့သူလဲရှိတဲ့အတွက်၊ ဒါကိုတားဆီးနိုင်မယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာ သဘောသက် ရောက်တဲ့အကြာင်း၊ အဲဒီအတွက် ဒီရွေးကောက်ပွဲဟာ အထမမြောက်နိုင်တဲ့သဘောရှိတဲ့ အကြောင်း၊ ရွေးကောက်ပွဲမှာ လူ ၁ဝဝ မဲထည့်ရမယ့်အစား၊ တစ်ဦး နှစ်ဦးပဲ မဲထည့်ကြရင်၊ ဒါဟာ စိတ်ပိုင်းဆိုင်ရာ အထမမြောက်တဲ့အတွက်၊ ဒီရွေးကောက်ပွဲအောင်မြင်တယ်လို့ ယူဆရင် ရူးနှမ်းရာရောက်လို့ နိုင်ငံတကာဖက်ကလဲ အရူးလုပ်ခံ၊ လိမ်လည်လှည့်ဖျားတာကို တော့ လက်ခံမှာမဟုတ်ဘူးလို့ ဦးဝင်းတင်က ပြောပါတယ်။ 
သတင်း။။ဘီဘီစီ

Friday, August 27, 2010

ဗုဒ္ဓဘာသာနှင့်နိုင်ငံရေး

ဗုဒ္ဓဘာသာနှင့်နိုင်ငံရေး

မိလိန္ဒပဥှာတွင်လည်း ဤသို့ဆိုထားပါသည် ။“ မင်းကြီး ၊ ဥပမာ တစ်နည်းသော်ကား ယောက်ျားသည် အစွမ်းသတ္တိ မရှိ ၊ အမျိုးယုတ်

၏ ။ နည်းသော ပညာရှိ၏ ။ ကြီးကျယ်စွာသော မင်း၏ အဖြစ်ကိုရသော် တစ်ခဏချင်းဖြင့်ဖောက် ပြန်၏ ။ ပရိသတ်ကို ဖျက်ဆီး၏ ။ နောက်သို့ ဆုတ်၏ ။ အစိုးရသော အဖြစ်ကိုဆာင်ရွက် ခြင်းငှါ မတတ်နိုင်ရာ ။ ထိုသို့သော မထိုက်တန်သော မင်းအား ပြည်သူတို့ကှဉ်းဆဲ နှိပ်စက် ရာသည် ၊ ပြည်သူတို့က အပြစ်ဒဏ် ခတ်ရာသည် ၊ တိုင်းသူပြည်သား တို့သည် ဥပဒေကို ချိုး ဖောက်သောကာလ အပြစ်ဒဏ် ခတ်ရာ သကဲ့သို့ ထိုသို့သောဥပဒေနှင့် အညီ မအုပ်ချုပ် သော မင်းကိုလည်း အပြစ်ဒဏ် ပေးရမည် ။ ထို့အပြင်မင်းကဲ့သို့ မကျင့် ၊ ဓားပြကဲ့သို့ ကျင့်သော မင်းအားလည်း အုပ်ချုပ်ခွင့်ကို မပြုရာ ။”ဇာတက ထဲတွင်လည်း အပြစ်မရှိသည့် တိုင်းသူပြည်သားများကိုသာအပြစ်ဒဏ်ပေး ပြီး တကယ့် လက်သည် တရားခံကိုဖြင့် အပြစ်မပေးဘဲထားသည့်မင်းသည် တိုင်းပြည် အုပ် ချုပ်ဖို့ မသင့်သည့် မင်းဖြစ်ကြောင်း ဖော်ပြထားပါသည် ။ မင်းတို့မည်သည် မိမိကိုယ်ကို တိုးတက်မှုရှိအောင် မိမိ၏ အပြုအမူ အပြောအဆို
ို မိမိဘာသာ အမြဲတမ်း စိစစ်မှု ရှိရမည် ။ ပြည်သူလူထု၏ ထင်မြင်ချက်များကိုသိနေအောင် အမြဲ စနည်းနာရမည် ။ မိမိသည် တိုင်းပြည်ကို အုပ်ချုပ်ရာတွင် အမှား အယွင်း တစ်စုံတစ်ရာ ပြုမိခြင်း ရှိမရှိကို အကဲခတ်နေရမည် ။အကယ်၍ မိမိသည် တရားသဖြင့် မအုပ်ချုပ်သောကြောင့် အမှားအယွင်းတစ်စုံတစ်ရာ ပြုမိခဲ့ပြီဟု သိမြင်လာသောအခါမှာလည်း ပြည်သူလူထုက မတရားသောမင်း၏ အုပ်ချုပ်မှု ကြောင့် ငါတို့ ပျက်စီးရပြီဟု ပြစ်တင် ဝေဖန်လာကြလိမ့်မည် ။
ကောက်ကျစ်စဉ်းလဲသော မင်း သည် မတရားသဖြင့် အပြစ်ဒဏ်စီရင်ခြင်း ၊ မတရားသဖြင့် အခွန်အတုတ် ကောက်ခံခြင်း ၊ အခြားသော နည်းများဖြင့် ဖိနှိပ်ချုပ်ချယ်ခြင်း ၊အဂတိအမျိုးမျိုး လိုက်စားခြင်းကြောင့် ပြည်သူ များက ထိုမင်းအား တစ်နည်း မဟုတ်တစ်နည်းအားဖြင့် တုံ့ပြန်လာကြလိမ့်မည် ။ တစ်နည်းဆို သော် မင်းသည် တရားသဖြင့်အုပ်ချုပ်သောအခါ ပြည်သူလူထုက အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေဟု ဆုမွန်ကောင်းများ တောင်းကြလိမ့်မည် ။ (မဇ္ဈနိမနိကာယ် ) မြတ်စွာဘုရားသည် အုပ်စိုးသူ အစိုးရမင်းတို့၏ အကျင့်သီလ ကောင်းမွန်ရေးကိုအလေးပေး ဟောကြားတော်မူပါသည် ။ အကျင့်သီလကောင်းမွန်ပြီး ပြည်သူလူထုကအပ်နှင်း ထားသည့် အချုပ်အခြာ အာဏာကို ပြည်သူလူထု ဘ၀ သက်သာ ချောင်ချိရေး ၊တိုးတက် ကြီးပွားစေရေးအတွက် အသုံးပြုရေး ဟောကြားချက်များက အာသောကဧကရာဇ် ဘုရင်ကြီးကို ဘီစီ ၃၀၀ ခန့်ကွန်အားပေးအားမြှောက် ပြုခဲ့ပါသည် ။ဤတရားများနှင့် အညီ အုပ်စိုးတော်မူခဲ့သည့်အတွက် အာသောကမင်းကြီး၏ ဂုဏ်သတင်းသည် လူ့သမိုင်းတွင် ထွန်းပခဲ့ပါသည် ။ အာသောကမင်းကြီးသည်မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သော တရားဓမ္မများ နှင့်အညီ မင်းပြုတော်မူခဲ့ပါသည် ။ သူ၏အိမ်နီးချင်း တိုင်းပြည်များအပေါ် နယ်ချဲ့လိုခြင်း သဘောထားကို ကြေငြာတော်မူခဲ့သည် ။ထိုအကြောင်းကိုလည်း အခြားသော ပြည်ထောင် မင်းများထံ တမန်စေပြီး
သိကြားစေတော်မူသည် ။တစ်ပါးသောမင်းများအပေါ် သူထားရှိသည့် ချစ်ကြည်ရေး သဘောထားကိုယုံ ကြည်စိတ်ချရအောင် အခိုင်အမာ ပြုခဲ့ပါသည် ။ သူ့လက်ထက်တွင်ရိုးသားဖြောင့်မတ်ခြင်း ၊ သစ္စာရှိခြင်း ၊ ကရုဏာထားခြင်း ၊ ကြင်နာသနားပြီးကြမ်းမဖက်ခြင်း ၊သတ္တ၀ါအားလုံးအပေါ်ာက်ထားညှာတာသောစိတ် ရှိခြင်း ၊အသုံးအဖြုန်း မကြီးခြင်း ၊ သိမ်းပိုက်မှု မပြုခြင်း ၊ တိရစ္ဆာန်များအား ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခြင်း မပြုရေး ဆိုသည့် အားရှိသော တရားများ နှင့်အညီ အုပ်ချုပ်မင်းလုပ်တော် မူခဲ့ပါသည် ။ မင်းကြီးသည် ဘာသာရေး လွတ်လပ်စွာကွယ်ခွင့်ကိုလည်း အားပေး ခွင့်ပြုခဲ့သည် ။ မတူသော ဘာသာဝင် အချင်းချင်း လေးလေး စားစားဆက်ဆံရေး ကိုလည်း အားပေးတော်မူသည် ။
ကျေးလက်ဒေသနေပြည်သူလူထုအများ ရှိရာ အရပ်သို့လည်း မကြာခဏ ကိုယ်တော်တိုင် သွားရောက်ပြီး

တရား ဓမ္မများကို ဟောကြားဆုံးမတော်မူသည် ။ ပြည်သူ့ သက်သာချောင်ချိရေး ၊

ကျန်းမာရေး ၊ ပညာရေး စသည့် လုပ်ငန်းများကိုလည်း ကိုယ်တိုင် ကြီးကြပ်ပြီး

တည်ထောင်သည် ။ ဆေးရုံများ တည်ဆောက်သည် ။ လူများအတွက်ရော ၊

တိရစ္ဆာန်များအတွက်ပါ ဆေးရုံ ဆေးခန်းများကို ထူထောင်သည် ။ ဆေးများကို

ဝေငှသည် ။ လမ်းဘေး အရိပ်ရ သစ်ပင်များကို စိုက်ပျိုးစေသည် ။ ရေတွင်း

ရေကန်များကို တူးဖော်စေသည် ။ ရေအိုးစင်များ ၊ ဇရပ်များကို လည်း တည်ဆောက်ပြီး

လှူဒါန်းခဲ့သည် ။ အထူးသဖြင့် တိရစ္ဆာန်များအပေါ် ရက်စက်ကြမ်းကြုတ်မှုကို

တားမြစ်တော်မူခဲ့သည် ။

တစ်ခါတစ်ရံ ဗုဒ္ဓရှင်တော်မြတ်ဘုရားကို လူမှုပြုပြင် ပြောင်းလဲရေးသမားကြီး

အဖြစ် လည်း ဖော်ပြ ပြောဆိုတတ်ကြသည် ။ တခြားသော လူမှုပြုပြင် ပြောင်းလဲမှု

အလုပ်များအနက် အထူးသဖြင့် အိန္ဒိယပြည်တွင် အရိုးစွဲနေသော ဇာတ်စနစ်ကို ဗုဒ္ဓက

ရှုတ်ချ ပြစ်တင်တော်မူ သည် ။ လူ အချင်းချင်း တန်းတူညီမျှထားရေး

သဘောထားအမြင်ကို အသိအမှတ်ပြုတော်မူ သည် ။ လူမှု စီးပွား

တိုးတက်ကြီးပွားရေးကို ဆောင်ရွက်ရန်လည်း အရေးထား ဟောကြားတော်မူပါသည် ။

ဥစ္စာဓနများကို အညီအမျှ ဖြန့်ဝေ ခံစားရရေးကို အရေးတကြီးထားပြီး ဆင်းရဲ ချမ်းသာ

အလွန်အမင်း မကွာခြားရေးကိုလည်း ဟောကြား ဆုံးမ တော်မူပါသည် ။

အမျိုးသမီးများ၏ လူမှု ဘ၀ အဆင့်အတန်းကိုလည်း မြှင့်တင်တော် မူပါသည် ။ အုပ်စိုးသူ

အစိုးရ၏ လုပ်ငန်းထဲတွင် လူသားချင်း စာနာသည့် လုပ်ငန်းတွေကိုလည်း ပူးတွဲ

လုပ်ဆောင်ရန် ထောက်ခံပြီး ပြညွှန်တော်မူသည် ။ နောက်ပြီး လူ့ အဖွဲ့အစည်းကို

အုပ်ချုပ်ရာတွင် လောဘ တဏှာ ဦးစီးပြီး မလုပ်ကြရန် မေတ္တာ ကရုဏာနှင့်

စာနာထောက်ထားစိတ် ဖြင့်သာ အုပ်ချုပ်ကြဖို့ကိုလည်း တိုက်တွန်း ဆုံးမတော်မူပါသည် ။

ထိုအရေးကိစ္စများထက် ပိုပြီး လူသားများအတွက် မြတ်စွာဘုရား ပြုခဲ့သည့်

အကျိုးပြု လုပ်ငန်းကြီး တစ်ခုရှိ၏ ။ ထိုအလုပ်မျိုးကို ဗုဒ္ဓ မတိုင်မီကလည်း ဘယ်သူမှ

လုပ်ရ ကောင်းမှန်း မသိသည့် ကိစ္စ ဖြစ်၏ ။ မြတ်ဗုဒ္ဓသည် လူသားတို့၏ စိတ်နှလုံးထဲတွင်

နက်နက် ရှိုင်းရှိုင်း အမြစ်စွဲနေသည့် မကောင်းမှု သဘောထားတွေကို ပြုပြင်

ပြောင်းလဲရေးကို ဖော်ဆောင်ခဲ့ပါသည် ။ ပြုပြင် ပြောင်းလဲရေးကို အပြင်ပန်း

ဗဟိဒ္ဓအားဖြင့် လုပ်တာက ရေတိုပဲ ရ၏ ။ တကယ်တမ်း ပြုပြင် ပြောင်းလဲရေး

လုပ်ချင်လျှင် စိတ်ပြောင်း တော်လှန်ရေးလုပ်မှ ဖြစ် ၏ ဆိုသည်ကို ထုတ်ဖော်

ဟောကြားတော် မူခဲ့ပါသည် ။

အင်အားကို အသုံးပြုပြီး လုပ်သည့် ပြုပြင် ပြောင်းလဲရေးသည် ခဏပဲခံမည်

ဖြစ်၏ ။ အဘယ်ကြောင့်ဆိုသော် ထို ပြုပြင် ပြောင်းလဲရာတွင် စွဲစရာ အမြစ် မပါပေ ။

အကိုင်းအခက်တွေက ဘေးပြင်ဘက်ကို ဖြာထွက်နေကြပါ၏ ။ ဘ၀င်စိတ် ဆိုသည့်

မကုန်ခန်း နိုင်သည့် ရင်းမြစ်တွေဆီက အဆီသြဇာဓာတ်ကို ရနေလို့ ဖြစ်၏ ။

တကယ်တမ်း ပြုပြင် ပြောင်းလဲရေး ဖြစ်ဖို့ကတော့ ပြုပြင် ပြောင်းလဲ လိုသည့်စိတ်

အဆင်သင့် ဖြစ်နေမှသာလျှင် ဖြစ်နိုင်ပါသည် ။ လူတွေသည် မိမိကိုယ်တိုင်

အမှန်တရားကို ချစ်မြတ်နိုးမှု လူ အချင်းချင်း တရားမျှတစေလိုမှု ဆိုသည့်

တရားများဆီက ရှင်သန်အားကို ရရှိနေသရွေ့ ရပ်တည် ရှင်သန်နေကြမှာပဲ ဖြစ်သည် ။

မြတ်စွာဘုရား ဟောကြားတော်မူသည့် တရားသည် နိုင်ငံရေး ဒဿနကို

အခြေခံ ပြီး ဟောတာ မဟုတ်ပေ ။ နောက်ပြီး ထိုတရားများသည် လူတွေအတွက်

လောကီ စည်းစိမ် ချမ်းသာတွေ ရဖို့ကို အခြေခံ ဟောကြားတာလည်း မဟုတ်ချေ ။

နိဗ္ဗာန် မဂ်ဖိုလ်ကို ရည်သန်ပြီး ဟောကြားတာတွေချည်း ဖြစ်၏ ။ တစ်နည်းဆိုသော်

နောက်ဆုံးပိတ် ရည်မှန်းချက်ကတော့ တဏှာကိုသေအောင်သတ်ဖို့ပင် ဖြစ်သည် ။

တဏှာက လူသားများကို လောကထောင်ထဲတွင် ချုပ်နှောင် အကျဉ်းချထားတာ

ဖြစ်သည် ။ ဓမ္မပဒထဲတွင်ပါသည့် ပါဠိစာပိုဒ်တစ်ခုသည် ထိုအချက်ကို ပေါ်လွင်

ထင်ရှားစေပါသည် ။ လောကီချမ်းသာရကြောင်းက တစ်လမ်း ၊ ဘာသာရေး ဘ၀ကို

ထူထောင်ပြီး နိဗ္ဗာန်ရောက်ကြောင်း တရား တစ်လမ်း ဖြစ်၏ ။ သို့သော် လည်း

ထိုစကားသည် ဗုဒ္ဓဘာသာဝင်တွေ၏ နိုင်ငံရေးနှင့်ဘာမှ မပတ်သက်ကြဘူးဆိုသည့်

အနက်အဓိပ္ပာယ်မျိုးတော့ မသက်ရောက်ပေ ။ လူ့အဖွဲ့အစည်းထဲက လူတွေ၏ဘ၀ကို

တရားဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့် ပုံဖော်ယူကြရတာ ဖြစ်၏ ။ စီးပွားရေး

အစီအမံတွေကိုလည်း နိုင်ငံတစ်နိုင်ငံ အတွင်းမှာပဲ လုပ်ခွင့်ရကြတာ ဖြစ်၏ ။

ထိုအရာတွေကို ဒီနိုင်ငံတွင်းက နိုင်ငံရေးက သြဇာသက်ရောက်ပါသည် ။

မည်သို့ပင်ဖြစ်စေ ဗုဒ္ဓဘာသာဝင်တွေ လည်း နိုင်ငံရေးတွင် ပါဝင်လိုကြသည် ။

သို့သော်လည်း နိုင်ငံရေး အာဏာရဖို့ ဘာသာရေးကိုတော့ ခုတုံး မလုပ်သင့်ချေ ။

Sunday, August 15, 2010

၁၉၈၉ တုန်းက “တပ်မတော်သည် လိမ်တဲ့အကျင့်မရှိဘူး”တဲ့ ...ယုံကြပါသလား ခု ၂၀၁၀ မှာကော ယုံဦးမှာလား

ဗိုလ်ချုပ်ကြီးစောမောင်၏ လွှတ်တော်ပေါ်ပေါက်ရေး၊ အာဏာလွှဲပြောင်းရေးနှင့် အခြေခံဥပဒေ ရေးဆွဲရေးအတွက် ပြောကြားချက်နှင့် “တပ်မတော်သည် လိမ်တဲ့အကျင့်မရှိဘူး”ဟူသော ပြောကြားချက်များ
(၁၉၈၉)ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့တွင် နဝတ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီးစောမောင်က- “ကျနော် ဒီနေ့နိုင်ငံတော်အာဏာကို ယူထားတဲ့အခါမှာ ကျနော်လုပ်ချင်တာ လုပ်သွားတယ်ဆိုတာ မဖြစ်စေရဘူး၊ ကျနော် စည်းနဲ့စနစ်နဲ့လုပ်သွားတယ်ဆိုတာကို လွှတ်တော်ပေါ်လာရင် ရွေးကောက်ပွဲပြီးရင် ကျနော် လွှတ်တော်ကို တင်ပြမယ်။ ကျနော့်မှာ တာဝန်ရှိတယ်။”ဟူ၍လည်းကောင်း၊ “-ဘာတခုမှ တိုင်းပြည်ကိုမလိမ်ချင်ဘူး၊ အရင်တုန်းကလည်း လိမ်တဲ့အကျင့်မရှိဘူး၊ တပ်မတော်ဟာ လိမ်တဲ့အကျင့်မရှိဘူး”ဟူ၍ တပ်မတော်၏ ရိုးဖြောင့်ပုံကိုလည်းကောင်း ပြောကြားခဲ့ပေသည်။ ထို့ပြင်- “တော်လှန်ရေးကောင်စီနဲ့လည်းမတူဘူး။ မတူပါဘူး၊ ဘယ်လိုမတူသလဲ၊ တော်လှန်ရေးကောင်စီက နောက် လမ်းစဉ်ပါတီ ထောင်တယ်။ ကျနော့်မှာ (Party Back) ပါတီမရှိပါဘူး။” ဟူ၍စစ်တပ်က လက်ကိုင်တုတ်များဖွဲ့စည်းခြင်း မပြုဟူ၍ လည်းကောင်း ပြောကြားခဲ့ပါတယ်။ ထို့ပြင် အာဏာလွှဲပြောင်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးနဲ့ ပတ်သတ်၍လည်း ဗိုလ်ချုပ်ကြီး စောမောင်က- “ကျနော် အာဏာကို ဥပဒေနဲ့လွှဲမယ်၊ (majority vote government form up) လုပ်နိုင်ရင် လွှဲပေါ့ဗျာ။ ကျနော် သဘောတူပါတယ်။ (constitution) ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိရမယ်။ သူ့မှာ အခြေခံ (constitution) ဖွဲ့စည်းပုံအခြေခံ ဥပဒေရှိရမယ်။ ဘယ်ဟာကို (recognize) လုပ်မလဲ။ (amendment) လုပ်မလား၊ ဘာညာ၊ ဒါတွေကတော့ ပါတီတွေ စဉ်းစားရမယ့်ကိစ္စဗျ။” ဟူ၍ရွေးကောက်ပွဲပြီးလျှင် အနိုင်ရရှိသောပါတီအား အာဏာလွှဲပြောင်းပေးမည်ဟူ၍ လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် ရေးဆွဲရာတွင် နိုင်ငံရေးပါတီများကသာ လုပ်ဆောင်ရမည်ဟူ၍လည်းကောင်း ပြောကြား သွားခဲ့ပါသည်။

Thursday, July 22, 2010

ငြိမ်းချမ်းရေးကို ရှာဖွေခြင်း.

မိမိတို့သည် မွေးလာကတည်းက မျက်စိဖွင့်၍ အပြင်လောကကြီးကို မော်ကြည့်ကာ တဖြည်းဖြည်းနှင့် ကြီးပြင်းလာရသည်။ အပြင်လောကမှာ မတွေ့ဖူးတာတွေ မမြင်ဘူးတာတွေ မကြားဘူးတာတွေ များလွန်းလှတော့ အံ့သြစွာနှင့် အထင်ကြီးစွာနှင့် အပြင်လောက၏ ဖမ်းစားမှု နောက်ကို တဖြည်းဖြည်းနှင့် မသိမသာ မျောပါသွားရတော့သည်။ အပြင်လောကမှာ ကိုယ်မသိတာတွေ များလွန်းတော့ သိချင်စိတ်တွေက များလာသည်။ သိချင်စိတ်တွေက များလာတော့ လေ့လာမှု စူးစမ်းမှုတွေကလည်း များလာတော့သည်။ ပထမ အရွယ်မှာ ပညာရှာဆိုသည့် အတိုင်း ပထမအရွယ် အသက်အစိတ် သုံးဆယ်လောက်အထိ ပညာ တွေရှာကြရသည်။ ပညာခေတ်ဆိုတော့ ပညာကမရှာလို့မဖြစ်။ပညာမတတ်လေ ပညာမသိလေ ပညာမရှိလေ နောက်ကောက်ကျလေ ကျကျန်ရစ်မှာသေခြာသည်။ သည်တော့ ပညာတတ်ဘို့ ပညာလက်ဝယ်ရှိဖို့ လိုသည်။လိုတော့ရှာကြရသည်။ ပညာရှာတော့လည်း အပြင်လောကက ပညာတွေကိုပဲ မျက်စိဖွင့်၍ ရှာကြရသည်။ပညာကို အသံထွက်က ပြင်ညာဟု အသံထွက်ကြသည်။ပရမတ်နယ်ကကြည့်တော့  ပြင်ညာဟူ၍ အသံ ထွက်သည့်အတိုင်း အပြင်လောကကြီးက ပြင်ကြ ညာကြနှင့် ပြင်ပြင်ပြီး ညာနေကြတာတွေက များ ပါသည်။ ပရမတ်နယ်မဆိုက်နိုင်သေးလေတော့ သူကကိုယ့်ညာ ကိုယ်ကသူ့ညာနှင့် ပြင်လိုက် ညာ လိုက်နှင့်ပဲ အချိန်ကုန်သွားခဲ့ကြလို့ ယခုလို သံသရာရှည်နေရခြင်း ဖြစ်သည်။ ဒုတိယအရွယ်မှာ ဥစ္စာရှာဟုဆိုသည်။ ဥစ္စာရှာကြတော့လည်း အပြင်လောကမှာဘဲ မျက်စိ ဖွင့်၍ ရှာကြရသည်။ဆရာတို့ကလည်း “ မျက်စိကိုဖွင့်၊ နားကိုစွင့်” ဟု တပ်လှန့်ဆော်သြကြသည်။ မျက်စိကိုမဖွင့် နားကိုမစွင့်လျှင် ငတုံး ငအဖြစ်ရတော့မည့်ပုံစံမျိုး ခြောက်လှန့်ကြသည်။သည်တော့ မျက်စိကိုလည်း အစွမ်းကုန်ဖွင့်ကြရသည်။နားကိုလည်း အစွမ်းကုန် စွင့်ကြရသည်။မျက်စိကဖွင့်ရ ဖန်များတော့ ပြူးပြူးထွက်လာရသည်၊ နားကစွင့်ရဖန်များတော့ ကားကားထွက်လာသည်၊ သည် ခေတ်ထဲမှာ မျက်ပြူးလေးတွေ နားကားလေးတွေသာ လူရာဝင်ကြရတော့မည့် အနေအထားမျိုး ဖြစ်လာသည်။ သိပ္ပံပညာကို အဓိပ္ပါယ်ဖွင့်တော့ မျက်စိနှင့်နားကို အလုပ်ရှုပ်အောင် လုပ်လိုက်ခြင်းဟု ဆိုရ လိမ့်မည်၊ မျက်စိနှင့်ကြည့်စရာ အသစ်အဆန်းတွေကလည်း များများလာသည်၊ နားနှင့်ကြားစရာ အသစ်အဆန်းတွေ စိတ်ဝင်စားဖွယ်ရာတွေကလည်း များများလာလေသည်၊ သိပ္ပံခေတ်ကြီးကြောင့် မျက်စိနှင့် နားမှာ တော်တော်အလုပ်ရှုပ်ရသည်၊ မျက်စိနှင့်နားအလုပ်တွေများတော့ မျက်စိလည်း ပင်ပန်းသည်၊ နားလည်း ပင်ပန်းသည်၊ ထိုကြောင့် ယခုခေတ်မှာ မျက်မှန်တပ်ရသည့်လူတွေ များ များလာသည်၊ နောက်တဖြည်းဖြည်းနှင့် နားကြပ်တပ်ရမည့်သူတွေလည်း များလာဖွယ်ရှိသည်။ မျက်စိအကျင့်ဆိုသည့်အတိုင်း မျက်စိကကြည့်ဖန်များတော့ ကြည့်ချင်လာသည်၊ ဆာ လောင်မွတ်သိပ်သည်၊ နားကလည်းကြားဖန်များတော့ ကြားချင်လာသည်၊ ယခုခေတ်မှာ ပါးစပ်က ဆာလောင်မွတ်သိပ်မှုထက် မျက်စိနှင့်နားက ပို၍ဆာလောင်မွတ်သိပ်သည်ဟု ထင်သည်။ တတိယအရွယ်မှာ တရားရှာဟုဆိုသည်၊ သို့သော် မဟာဓနသူဋ္ဌေးသားဝတ္ထု၌ ဘုရားမိန့် သည်ကိုကြည့်တော့ ပညာရှာတာပဲဖြစ်ဖြစ် ဥစ္စာရှာတာပဲဖြစ်ဖြစ် တရားရှာတာပဲဖြစ်ဖြစ် ပထမ အရွယ်က အကောင်းဆုံး၊ ပထမအရွယ်ကအခွင့်အရေးအရှိဆုံးဆိုတာတွေ့ရသည်၊ ထိုဝတ္ထု၌ ဘုရားမိန့်သည်အတိုင်းဆိုလျှင် ဒုတိယအရွယ်က ကံ ဥာဏ် ဝီရိယတို့သည် ပထမအရွယ်က ကံဥာဏ် ဝီရိယတို့ကို မမီတော့၊ တတိယအရွယ်က ကံ ဥာဏ် ဝီရိယတို့သည် ဒုတိယအရွယ်က ကံ ဥာဏ် ဝီရိယတို့ကို မမီတော့၊ ထိုကြောင့် အတက်ကားကို ဦးစားပေးပါဟူသော စကားသည် မှန်ကန်မှုရှိသည်၊ အတက်ကားက စွမ်းဆောင်မှုတွေပိုနေတာတွေ့ရသည်။ နီတိဆရာတို့က အရွယ်သုံးပါးနှင့် အရှာသုံးမျိုးကို ယေဘုယျအားးဖြင့် ပိုင်းခြားထားခဲ့သော် လည်း အများစုက မွန်းတည့်ချိန်မှာ နေဝင်သည်ဟုဆိုရမလား၊ ဒုတိယအရွယ်မှာပဲ အချိန်ကုန်သွားကြတာက များသည်။ တတိယအရွယ်ကိုသိပ်မရောက်ဖြစ်လိုက်၊ အဘယ်ကြောင့် ဆိုသော် မျက်စိဖွင့်ရှာနေကြတာက များသောကြောင့်ဖြစ်သည်၊ နောက်ဆုံး အပြီးတိုင် မျက်စိမှိတ် သွားမှသာ မှိတ်လိုက်ကြသည်၊ ထိုသို့မမှိတ်မချင်းကတော့ ဖွင့်၍သာထားကြသည် ၊ ဖွင့်၍သာရှာ ကြသည်။ “ တရားပျောက်တော့ ကိုယ်မှာရှာ၊ တရားရှာတော့ ကိုယ်မှာတွေ့ ” ဟုဆိုသည်၊ ရှာခြင်းက နှစ်မျိုးရှိသည်၊ တရားရှာခြင်းနှင့် မတရားရှာခြင်း၊ တရားရှာကိုယ်မှာတွေ့ဆိုတော့ တရားကအပြင် မှာ မတွေ့နိုင်သည့်သဘော ဖြစ်သည်၊ အပြင်မှာမတွေ့နိုင်တာက အပြင်မှာမရှိလို့ဖြစ်လိမ့်မည်၊ အပြင်မှာရှိနေတာတွေက မတရားတာတွေပဲများနေပုံရသည်၊ သို့ဆိုလျှင် အပြင်မှာရှာနေခြင်းက တရားရှာခြင်းမဟုတ်၊ မတရားရှာခြင်းသာဖြစ်သည်ဟု ဆိုရလိမ့်မည်ထင်သည်။ အပြင်မှာတရားမရှိ အပြင်ကဟာတွေက မတရားလို့ဆိုတော့ လွန်များသွားလေမလားပဲ။ မတော်မတရားဟုဆိုသဖြင့် တော်မတရားဆိုတာကလည်း ရှိရမည်၊ ထိုကြောင့် မတော်မတ ရားနှင့် တော်မတရားဟူ၍ မတရားတာကနှစ်မျိုးရှိသည်။ ပုထုဇဉ်ဆိုတာက အကောင်းအဆိုး ဒွန်တွဲနေသည်၊ အဆိုးမရှိပါဘူး၊ အကောင်းချည်းပါဆိုလျှင် အရိယာဖြစ်သွားလိမ့်မည်၊ ပုထုဇဉ်တို့ ဆိုးရာ၌ ကိုယ့်အဆိုးက သူတပါးကိုထိခိုက်လျှင် “ မတော်မတရား” ဖြစ်သည်၊ ကိုယ့်အဆိုးက သူ တပါးကိုမထိခိုက်လျှင် “ တော်မတရား ” ဖြစ်သည် ။ ထို့်အပြင် ကိုယ်ကအကောင်းဟုခံယူထား သည်၊ အကောင်းဟုသိထားသည်၊ သို့သော် ကိုယ့်အကောင်းဆိုတာကြီးက သူတပါးအတွက် မကောင်းလျှင် ၊ သူတပါးမှာ ထိခိုက်နစ်နာနေလျှင် “ မတော်မတရား ”ဟူ၍သာသတ်မှတ်ရမည်။ အရက်ကြိုက်လို့အရက်သောက်သည်၊ သို့သော် သူတပါးကို ထိခိုက်အောင်မပြော၊ ထိ ခိုက်အောင်မလုပ်၊ ထို့အတူ အခြားအပျော်ကိစ္စ ဖျော်ဖြေရေးကိစ္စတွေလည်း မကင်းတတ်၊ သို့သော် သူတပါးအတွက် ဘာထိခိုက်နစ်နာမှုမှ မရှိလျှင် မတရားမှုမှန်သော်လည်း တော်သေး သည်၊ သို့ဆိုလျှင် “ တော်မတရား ”ဟုဆိုရမည်၊ ပုထုဇဉ်ဟူသည် မကောင်းမှုတွေမကင်းနိုင်သေး တော့ အဓမ္မခေါ် အကုသိုလ်ကိစ္စတွေက မကင်းနိုင်သေး ၊ ရှိနေလိမ့်ဦးမည် ။ အရေးကြီးတာက သူတပါးကို မထိခိုက်စေဖို့ မနစ်နာစေဖို့ဖြစ်သည်၊ မည်သို့သော အကြောင်းကြောင့်ဖြစ်စေ တဖက်သားမှာ ထိခိုက်နစ်နာသွားလျှင် တော်လည်းမတော် ၊ တရားလည်းမတရားတော့ ။ “ ရဟန်တို့ … အနရိယ ပရိယေသနာ - မမြတ်သောရှာခြင်း၊ အရိယပရိယေသနာ-မြတ်သောရှာခြင်းလို့ ရှာခြင်းနှစ်မျိုးရှိတယ်၊ မိမိကိုယ်တိုင်က အိုရ နာရ သေရတဲ့ သဘောရှိနေပါ လျှက် အအို အနာ အသေ မလွတ်တဲ့ မတရားတာတွေပဲ ရှာနေတယ်၊ မိမိကိုယ်တိုင်က စိတ်ညစ်နေရပါလျက်နဲ့ စိတ်ညစ်စရာတွေပဲ ရှာနေတယ်၊ ဒါဟာ မမြတ်သောရှာခြင်းပဲ၊ မိမိကိုယ် တိုင်မှာ အိုရ နာရ သေရတဲ့ သဘောရှိနေလို့ အအိုလွတ် အနာလွတ် အသေလွတ်တဲ့ တရားကိုရှာ တယ်၊ မိမိကိုယ်တိုင်က စိတ်ညစ်ရလွန်းလို့ စိတ်မညစ်ရမဲ့တရားကို ရှာတယ်၊ ဒါဟာ မြတ်သောရှာ ခြင်းပဲ ” ၊ ပရိယေသနသုတ္တန်၌ ဘုရားက ဤသို့မိန့်ခဲ့သည်။ ကမ္ဘာတစ်လွှားမှာ အားလုံးကတော့ အရှာသမားတွေချည်းပါပဲ၊ ဘာတွေရှာနေကြတာလဲ၊ ပညာ၊ ဥစ္စာ၊ အောင်မြင်မှု၊ ကျော်ကြားမှု၊ ချမ်းသာမှု၊ အဓိကကတော့ ငွေ၊ ငွေဆိုတာကလည်း ချမ်းသာဖို့ပါပဲ၊ ဒါတွေက ဘယ်အတိုင်းအတာအထိ မိမိပိုင်ဆိုင်ခွင့်ရနေရမှာလဲ၊ အားလုံးက အနိစ္စ၊ အားလုံးက ပုတိ၊ ဘင်္ဂ၊ မရဏ၊မိမိလက်ထဲမှာ အခိုက်အတန့်ပါပဲ၊ ထိုကြောင့် ဘုရားက ဒါတွေကို ရှာနေတာ အနရိယပရိယေသနာ-မမြတ်သောရှာခြင်းဟုမိန့်ခဲ့သည်။ တစ်ခါက ဥပတိဿနှင့် ကောလိတ သူငယ်ချင်းနှစ်ယောက်ပွဲကြည့်နေကြသည်၊ သူတို့နှစ် ယောက်ပွဲကြည့်ရင်း စဉ်းစားတာက “ ဒီပွဲ ကနေသူတွေရော ပွဲကြည့်နေသူရော အားလုံးဟာ အနှစ်တရာအတွင်း သေကြေပျက်စီးကြရမှာ၊ အနှစ်တရာလောက်ဆိုရင် နာမည်တောင်ကျန်မှာ မဟုတ်တော့ဘူး၊ အားလုံးဟာ “မတ” သေကြရမှာ၊ “မတ ”ဆိုတဲ့ သေခြင်းရှိရင် “ အမတ ”ဆိုတဲ့ မသေရာအမြိုက်တရားလည်းရှိရမှာပေါ့၊ အဲဒီ အမြိုက်တရားကို ငါတို့နှစ်ယောက် ရှာဖွေကြရ အောင် ” ဟု တိုင်ပင်ပြီး အရှာထွက်ခဲ့ကြသည်။ ကောလိတသည် အရှင်အဿဇိထံမှ တရားနာရသဖြင့် အမတခေါ် အမြိုက်တရား ရသွား သည်။ ဥပတိဿက ကောလိတထံမှတဆင့် တရားနာရသဖြင့် အမြိုက်တရားရသွားသည်၊ ဥပတိဿက အရှင်သာရိပုတ္တရာဖြစ်လာသည်၊ ကောလိတက အရှင်မောဂ္ဂလာန် ဖြစ်လာသည်၊ သူ တို့၏ ဆုတောင်းနှင့် ဖြည့်ကျင့်မှုကြောင့် အရှင်သာရိပုတ္တရာက ပညာအရာမှာ အမြတ်ဆုံးအဖြစ် နှင့် ဧတဒဂ်ရပြီး လင်္ကျာရံအဂ္ဂသာဝကကြီး ဖြစ်ရသည်၊ အရှင်မောဂ္ဂလာန်က တန်ခိုးအရာမှာ အမြတ်ဆုံး အဖြစ်နှင့် ဧတဒဂ်ရပြီး လက်ဝဲရံအဂ္ဂသာဝကကြီး ဖြစ်ရသည်။ သူတို့နှစ်ဦး ပထမတော့ မျက်စိဖွင့်ရှာကြသည်၊ မျက်စိဖွင့်ရှာနေတာတွေက သေခြာတွေး ကြည့်လိုက်တော့ စိတ်ညစ်စရာတွေချည်း ဖြစ်နေသည်၊ သူတို့လမ်းကြောင်းပြောင်းလိုက်ကြတော့ သည်၊ အာရုံပြောင်းလိုက်ကြသည်၊ အပြင်လောကထဲ မျက်စိဖွင့်ရှာနေရာကနေ မိမိရုပ် နာမ် ခန္ဓာ အတွင်းလောကထဲ စိတ်ပြန်ထည့်ပြီး မျက်စိမှိတ်၍ ရှာကြည့်ကြသည်၊ သူတို့လိုချင်သော ညစ်ညမ်း မှုတွေ ကင်စင်၍ သန့်ရှင်းသောစိတ်ကို တွေ့သွားကြသည်၊ ထိုစိတ်ကို တွေ့ရှိလိုက်သဖြင့် အမြိုက်တရားကိုလည်း တွေ့သွားကြသည်။ ဂေါတမဘုရားရှင် ဘုရားဖြစ်တော်မူကာစ ကျွတ်ထိုက်သည့် ဝေနေယျအများကို ကြည့် လိုက်တော့ ဘဒ္ဒဝဂ္ဂိယညီနောင် မင်းသားသုံးကျိပ် ကျွတ်တမ်းဝင်မည့် အရေးကို တွေ့ရသည်၊ ထိုကြောင့် တောထဲတစ်နေရာ မင်းသားတွေနှင့် တွေ့နိုင်မည့်နေရာက သွားကြိုနေသည်။ တစ်နေ့တော့ မင်းသားသုံးဆယ်သည် ပျော်ပွဲစား ထွက်လာကြသည်၊ ၂၉-ယောက်သော မင်းသားတွေက ကိုယ်ပိုင်ကြင်ယာတွေ ရှိကြသည်၊ တစ်ယောက်သောမင်းသားက ကိုယ်ပိုင်မရှိလို့ အမျိုးသမီးတစ်ယောက်ကို အခကြေးငွေနှင့် ခေါ်လာသည်၊ နေ့လည်ခင်း မင်းသားတွေ မူးရူးပြီး အိပ်ပျော်နေခိုက် အခပေးခေါ်လာသော အမျိုးသမီးက မင်းသားတွေ၏ လက်ဝတ်တန်ဆာ ရတနာ တွေကို ခိုးယူထွက်ပြေးလေတော့၏ ။ ညနေစောင်း မင်းသားတွေနိုးလာသောအခါ သူတို့ပစ္စည်းတွေလည်းပျောက်၊ ခေါ်လာ သော အမျိုးသမီးလည်း ပျောက်မို့ စိတ်ဆိုးဆိုးနှင့် တွေ့ရာသင်္ချိုင်း ဓားမဆိုင်း သတ်မယ်ဟဲ့ရယ် လို့ အမျိုးသမီးပျောက်လိုက်ရှာကြသည်၊ လမ်းတစ်နေရာ ဘုရားနှင့်တွေ့တော့ သူတို့က ဘုရားမှန်း လည်းမသိ သာမန်ရသေ့ပရဗိုဇ်တစ်ပါးမျှသာ ယူဆသည်။ မင်းသားတွေက “ အရှင်ဘုရား …. ဒီနားမှာ အမျိုးသမီးတစ်ယောက်များ ဖြတ်သွားတာ မတွေ့မိပါလားဘုရား ” ဟု မေးလျှောက်တော့ ဘုရားက “ နေစမ်းပါဦးကွယ် …မင်းတို့ကို ငါ စကားတစ်ခွန်းလောက် အရင်မေးစမ်းပါရစေ၊ ယခုလို အမျိုးသမီးပျောက်လို့ ရှာတာနဲ့ ကိုယ့်ကို ကိုယ်ရှာတာ နှစ်ခုမှာ ဘယ်ရှာတာက ပိုကောင်းပါသလဲ ” ဟု မေးခွန်းထုတ်သည်။ ပါရမီဓါတ်ခံ ရင့်သန်နေသော မင်းသားတွေဖြစ်တော့ ချက်ချင်းသဘောပေါက်သွားသည်၊ ဦးတွေညွတ်သွားကြသည်၊ ဒူးတွေ ကွေးသွားကြသည်၊ လက်ထဲကဓားတွေ လှံတွေ ဘေးလွှတ်ချ လိုက်သည်၊ ပုဆစ် ဒူးတုပ်လျက်သား ဖြစ်သွားသည်၊ လက်အုပ်က အလိုလိုချီပြီးသား ဖြစ်သွား သည်၊ သူတို့ပြန်ဖြေကြသည်၊ “ အရှင်ဘုရား … ကိုယ့်ကိုကိုယ် ပြန်ရှာတာက ပိုကောင်းပါတယ် ဘုရား ….” ။ “ ဒါဆိုလျှင်လည်း ငါပြောတာ နားစိုက်ကြ ” ဟု မိန့်ပြီး ဘုရားက ဒါန သီလ သဂ္ဂ မဂ္ဂကထာတို့ကို ဆက်ဟောသည်၊ မင်းသားတွေ မျက်စိမှိတ်ပြီး ခန္ဓာထဲ ဥာဏ်စိုက်ရှာဖွေလိုက်ကြ သည်၊ သစ္စာလေးပါးတရားကို တွေ့ရှိသွားကြသည်၊ မင်းသားတွေ အပြင်လောကကို မျက်စိဖွင့်ပြီး ရှာကြစဉ်ကတော့ ပူလွန်း၊ လောင်လွန်းလိုက်တာ၊ ဒေါသ၊ ဒေါမနဿတွေနှင့် စိတ်ဆိုးလိုက်ရတာ၊ စိတ်တွေညစ်လိုက်ရတာ၊ အခုတော့မျက်စိမှိတ်ပြီး အတွင်းလောကကို အာရုံပြုကာ ခန္ဓာဥာဏ်စိုက် ရှာလိုက်ကြတော့ အပူတွေ အလောင်တွေ အားလုံးလည်း ငြိမ်းသွား အေးသွားတော့သည်၊ အရှုပ်တွေအားလုံးလည်း ရှင်းသွားတော့သည်၊ အညစ်တွေအားလုံးလည်း သန့်ရှင်းစင်ကြယ်သွား တော့သည်။ မိမိတို့ မျက်စိဖွင့်ရှာခဲ့ကြတာ များနေပြီ၊ နောက်ဆုံး အပြီးတိုင် မျက်စိမမှိတ်ခင်လေး အတွင်းမှာ မျက်စိမှိတ်ပြီး ရှာကြည့်ဖို့တော့ လိုအပ်နေသေးသည်၊ ငြိမ်းချင် ၊ အေးချင်၊ သန့်ချင် ၊ ရှင်းချင် ၊ စင်ကြယ်ချင်လျှင်တော့ မျက်စိမှိတ်၍ ရှာကြရဦးမည်။ ကဲ….မျက်စိမှိတ်ပြီး -
ကိုယ့်စိတ်ကလေးကိုယ် - ကြည့်ကြည့်လိုက်စမ်းပါ- ဘာရှိလည်း ဘာမှမရှိဘူး - ဘယ်သူရှိလည်း ဘယ်သူမှမရှိဘူး ငါရှိလား ငါလည်းမရှိဘူး - မရှိတာကို အရှိလုပ်နေလို့ခက်နေတာ မရှိကို အရှိမှတ်နေလို့ - လောဘ ဒေါသ မာန်မာနတွေနဲ့ ခက်ထန်နေကြ - မောက်မာနေကြ - ရိုင်းစိုင်းနေကြ ပူလောင်နေကြတာ - မျက်စိဖွင့်ကြည့်နေသမျှတော့ ရှိနေမှာပဲ မျက်စိမှိတ် ကြည့်လိုက်လျှင်တော့ - ဘာမှမရှိပါလား ဘာမှမဟုတ်ပါလားဆိုတာ အမှန်အတိုင်း သိသွား မြင်သွားပြီ - လောဘ ဒေါသစသည် အားလုံး ချုပ်သွား
ငြိမ်းသွား ပျောက်သွားလေပြီ - ငြိမ်းချမ်းရေးဟူသည် အတွင်းမှာသာရှိသည် - မျက်စိမှိတ်ရှာမှတွေ့မည် ……. ( ဓမ္မပီယဆရာတော်..လွမ်းလို့သာ ကျန်ရစ်ခဲ့ပါစေလေ ….စာအုပ်မှ)

Wednesday, June 02, 2010

အရည်အချင်း ဆိုတာ သမိုင်း


“ သူတပါးက . . .
ကဲ့ရဲ့လာတဲ့အခါ ၊ အပြစ်တင်လာတဲ့အခါမှာ
ရှူးရှူးရှားရှား မဖြစ်ပဲ ခေါင်းကိုညိတ်ပြီး
ပြုံးပြုံးလေး နေနိုင်တာဟာ
“ ခမာ ” ဆိုတဲ့ ဂုဏ်နဲ့ ပြည့်စုံတာပါပဲ "
( တရားတော် )


သမ္မတ အေဘရာဟမ် လင်ကွန်း သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီး နောက်ပိုင်း သမ္မတတွေအားလုံးကို နိုင်ငံတကာမှ ဝေဖန်ရေးသမားများက အမေရိကန်နိုင်ငံကို ဝေဖန်မှု တစ်ခု ရှိတယ်။ ဒါကတော့. . .

၁။ အမေရိကန်နိုင်ငံရဲ့ ၆၀ ရာခိုင်နှုန်း လူတွေဟာ အလုပ်မရှိ အကိုင်မရှိ နိုင်ငံရဲ့ ထောက်ပံ့စရိတ်ကို ထိုင်စားနေဖို့သာ စဉ်းစားနေကြတယ်။

၂။ အမေရိကန်နိုင်ငံရဲ့ ၃၅ ရာခိုင်နှုန်းက အလုပ်တော့ လုပ်ကြတယ်။ ဒါပေမဲ့ အလုပ်ကို တိုးတတ်ကြိုးစားချင် စိတ်မရှိ။

၃။ အမေရိကန်နိုင်ငံရဲ့ ၅ ရာခိုင်နှုန်းလောက်သော လူများသာ အလုပ်ကို ကြိုးစားချင်စိတ်ရှိတယ်။

ဒီလို အချက်အလက်တွေကြောင့် အမေရိကန်နိုင်ငံဟာ နောက်ထပ် ၁၀ နှစ်လောက်ဆိုရင် ကမူးရူးထိုး ကျဆုံးသွားလိမ့်မယ်လို့ ဝေဖန်သူများက ဆိုကြတယ်။

ကိုယ့်နိုင်ငံကို သူများက ဝေဖန်လာရင် ဘယ်သူမဆိုက လက်မခံနိုင်ပါ။ ဒီလိုပါပဲ အမေရိကန်နိုင်ငံရဲ့ ခေတ်အဆက်ဆက်က သမ္မတတွေကလည်း ဒီဝေဖန်သူတွေရဲ့ စကားကို မှားတယ် ဆိုပြီး သက်သေပြဖို့ နည်းမျိုးစုံနဲ့ ကြိုးစားတယ်။ နိုင်ငံသားတွေကို ထောက်ပံ့မှုတွေ လျှော့ချတယ်။ အလုပ်လုပ်လာအောင် ဆွဲဆောင်တယ်။

ထောက်ပံ့မှုတွေ ၊ ပေးကမ်းမှုတွေ လျှော့ချသောကြောင့် ကြပ်တည်းလာသော လူများ ဆန္ဒပြပွဲများ အကြိမ်ကြိမ် ဖြစ်လာတယ်။ အလုပ်လုပ်စေချင်လို့ မက်လုံးများ ပေးကာ ခိုင်းစေသော်လည်း ခဏမျှသာ ၊ အချိန်တန်လို့ သူတို့ လိုဘ ပြည့်ခဲ့ပြီ ဆိုရင် အလုပ်ထွက်သွားပြန်တယ်။

ခေတ်အဆက်ဆက် သမ္မတများ ဖြစ်ကြသူတို့ကလည်း ခေတ်အဆက်ဆက် မပြောင်းလဲပဲ ဝေဖန်မှုတွေ အပေါ် ထိုဝေဖန်မှု မှားကြောင်း သက်သေပြရန် သူတို့ ကြိုးစားခဲ့ကြတယ်။ သို့သော် မအောင်မြင်။ အမေရိကန် နိုင်ငံဟာ ကမ္ဘာမှာ ဆက်လက်ပြီး ထိပ်တန်းနိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေခဲ့တယ်။ နိုင်ငံကလည်း အဆက်မပြတ် တိုးတတ်ခဲ့တယ်။ ဒါပေမဲ့ ဝေဖန်သူတို့ရဲ့ တင်ပြသော ရာခိုင်နှုန်းတွေကလည်း မကျ။

ခေတ်အဆက်ဆက် သမ္မတတွေ ကြိုးစားပေမဲ့လည်း ထိုဝေဖန်မှု အပေါ် ဘယ်လိုမှ လွှမ်းမိုး အုပ်မိုးအောင် မစွမ်းနိုင်ကြ။ ဝေဖန်မှုတွေကို တွန်းလှန်ဖို့ ကြိုးစားရင်း အချိန်တွေ ကုန်လွန်ပြီး သမ္မတတွေလည်း တစ်ယောက်ပြီး တစ်ယောက် ပြောင်းလာခဲ့တယ်။

ဒီအချိန်မှာ သမ္မတသစ် “ ကလင်တန် ” တတ်လာခဲ့တယ်။ သမ္မတဖြစ်ဖြစ်လာခြင်းပဲ ကလင်တန် ဒီကိစ္စကို ကိုင်တွယ်ခဲ့ရတယ်။ သူရဲ့ လေ့လာ စမ်းစစ်မှု အရလည်း အမေရိကန်တွေရဲ့ ၆၀ ရာခိုင်နှုန်းဟာ အလုပ်ကို လက်ကြောတင်းအောင် လုပ်ချင်သူများ မဟုတ် ၊ ထောက်ပံ့ကြေးကိုသာ မျှော်နေသူတွေ ။ ၃၅ ရာခိုင်နှုန်းကတော့ အလုပ်သာ လုပ်တယ် ကြိုးစားချင်စိတ်မရှိ။ ကျန်တဲ့ ၅ ရာခိုင်နှုန်းသာလျှင် အလုပ်ကို ကြိုးစားလုပ်ကြတယ်။

ဒါကို မျက်မြင်ကိုယ်တွေ့ လေ့လာပြီး ဒီကိစ္စကို ဘယ်လို ကိုင်တွယ်မလဲ ဆိုသော ကမ္ဘာပေါ်မှာ ရှိတဲ့ မျက်လုံးပေါင်းများစွာ အတွက် ကလင်တန်က ဖြေရှင်းချက်တစ်ခုကို အံ့သြဖွယ်ရာ ဖွင့်ချပြတယ်။ ထိုဖြေရှင်းချက်လေးက ဒီလို ဆိုတယ်။

“ ကျွန်တော်တို့ အမေရိကန် နိုင်ငံဟာ တိုးတတ်နေတဲ့ နိုင်ငံ တစ်ခုပါ။ ကမ္ဘာ့ထိပ်တန်း နိုင်ငံတစ်လည်း ဖြစ်တယ်။ အခု နိုင်ငံမှာ ၆၀ ရာခိုင်နှုန်းသော လူတွေက အလုပ်မလုပ်ပဲ ထောက်ပံ့ကြေးကို ထိုင်စားပါတယ်။ ၃၅ ရာခိုင်နှုန်းက အလုပ်သာ လုပ်တယ် ကြိုးစားချင်စိတ်မရှိပါဘူး။ ကျန်တဲ့ ၅ ရာခိုင်နှုန်းကသာ နိုင်ငံတိုးတတ်ရေး အတွက် အလုပ်ကို ကြိုးစားလုပ်ကြပါတယ်။

ကျွန်တော်တို့ နိုင်ငံကို တခြား နိုင်ငံအရပ်ရပ်မှ ဝေဖန်စောင့်ကြည့်နေသူတွေကလည်း ဒီလိုပဲ သုံးသပ် တင်ပြကြပါတယ်။ ဒီအတွက် ကျွန်တော် ပြောချင်တာကတော့ ဒါတွေ အားလုံးဟာ တကယ်ပါပဲ ဆိုတာပါပဲ။ ၆၀ ရာခိုင်နှုန်းက အလုပ်မလုပ်ဘူး။ ၃၅ ရာခိုင်နှုန်းက မကြိုးစားကြဘူး။ ၅ ရာခိုင်နှုန်းကသာ တတ်ကြွ ကြိုးစားကြတယ်။ ဒါ အမှန်ပါ။ ”

ဒီလိုပြောပြီး ဝန်ခံလိုက်တော့ ကမ္ဘာနဲ့ချီပြီး သမ္မတအသစ်ရဲ့ စကားကို စောင့်ကြည့်နေသူတွေ အားလုံး အံ့သြသင့်သွားတယ်။ နိုင်ငံတွင်းက လူတွေကလည်း အံ့သြ ဒေါသထွက်ကြရတယ်။ ဒီမှာ ကလင်တန်က ဆက်ပြောတယ်။

“ ဒါပေမဲ့. . . ကျွန်တော်တို့ နိုင်ငံဟာ ဘယ်တော့မှ ကျဆုံးသွားမှာ မဟုတ်ပါဘူး။ ဘာလို့လည်း ဆိုတော့ လူအများ ဝေဖန်ပြောဆိုနေသလို အလုပ်ကြိုးစား လုပ်နေကြတယ် ဆိုသော ၅ ရာခိုင်နှုန်း နဲ့ပဲ ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘာမှာ ထိပ်တန်း အမေရိကန်နိုင်ငံဆိုပြီး ဖြစ်အောင် ဆက်လက် လုပ်ဆောင်သွားပါမယ်။

ကျန်တဲ့ အလုပ်မလုပ်သော ၆၀ ရာခိုင်နှုန်း ၊ အလုပ်မကြိုးစားသော ၃၅ ရာခိုင်နှုန်း ဒါတွေက အရေးမပါပါဘူး။ အခု လက်ရှိ အလုပ်ကြိုးစား လုပ်နေကြတယ် ဆိုတဲ့ ၅ ရာခိုင်နှုန်းနဲ့တင် ကျွန်တော်တို့ ကမ္ဘာမှာ အမေရိကန်နိုင်ငံဆိုပြီး ဦးဆောင်ဖို့ လုံလောက်ပါတယ်။ ကျွန်တော်တို့ ဒီအတိုင်းပဲ မပြောင်းလဲပဲ ဆက်သွားပါမယ်။

ကျေးဇူးတင်ပါတယ်။ ”

ဒီလို ကလင်တန် ရဲ့ ဝန်ခံပြောဆိုတယ် ဆိုသော မိန့်ခွန်းအပြီးမှာ ဒီလို ပေါ်တင် ဝန်ခံပြောကြားလိမ့်မယ် မထင်သော ပရိသတ်နဲ့ ကမ္ဘာက စောင့်ကြည့်နေသူတွေ အံ့သြလွန်းလို့ ပါးစပ် အဟောင်းသား ဖြစ်သွားကြပါတော့တယ်။

ဒီအချိန်က စပြီးလည်း အမေရိကန်နိုင်ငံ နိုင်ငံရဲ့ ဘယ်နှစ်ရာခိုင်နှုန်းက ဘယ်လို ဆိုသော နိုင်ငံတကာရဲ့ ဝေဖန်မှုကိုလည်း တစ်ခါတည်း အဆုံးသတ် သွားစေတော့တာပါပဲ။ အမေရိကန်နိုင်ငံကလည်း ဒီလို အလုပ်ကြိုးစားသော ၅ ရာခိုင်နှုန်းသော လူတွေနဲ့ ကမ္ဘာကို ဆက်လက် ဦးဆောင် လာလိုက်တာ ယနေ့အထိပါပဲ။

၅ ရာခိုင်နှုန်း ဆိုလည်း ၅ ရာခိုင်နှုန်းပါပဲ။ အရေအတွက်က အရေးမကြီးပါဘူး အရည်အချင်းကသာ အရေးပါ ပါတယ်။ အရေအတွက်ဆိုတာ ကိန်းဂဏာန်းတစ်ခုပါ။ အရေအတွက်ဆိုတာက “ သမိုင်း ” တစ်ခုခုကို ကိုယ်စားပြုပါတယ်။ “ သမိုင်း ” ကို ပြောလိုသူတွေက အရည်အချင်းကိုသာ ရေတွက်ကြတယ်။


Source; John Milar ၏ My Country ကိုဇော် ခံစားတင်ပြသည်။