Saturday, December 08, 2012

တရုတ်တွေ ဆမလက်မှတ်မရှိပဲ ရန်ကုန်မှာလာပြီးတော့ စီးပွားရှာဆေးကုနေ

Wunna Thaw
ဒီနေ့လူနာတစ်ယောက်လာပြတယ်။
ကျွန်တော်နဲ့မပြခင် အခုကြော်ငြာနေတဲ့ ကြည့်မြင်တိုင် ဘက်က Apollo ဆေးခန်း မှာ ပြထားတယ်။
ကြည့်ပေးလိုက်တဲ့ ဆရာဝန်က တရုတ်ကြီး၊ records တွေက တရုတ်လို၊ colposcope ကြည့်ထားတယ်။ findings တွေက တရုတ်လို၊ TVS ရိုက်ထားတယ်၊ ပုံမှာတော့ intramural fibroid တစ်ခုတွေ့တယ်။ စကားပြန်ကတဆင့် လူနာကို ရှင်းပြတယ်၊

"သားအိမ်ခေါင်း မှာ အဆင့် ၃ ဖြစ်နေပြီတဲ့၊ သားအိမ်မှာ အလုံးဖြစ်နေတာ ဂျိုးကပ်နေပြီတဲ့၊
ခွဲစိပ်ပြီး သားအိမ်ထုတ်မှ ရမယ်တဲ့" ဘာနဲ့ပဲ ကြည့်ကြည့် သားအိမ်ထုတ်ဖို့ မလိုတဲ့လူနာကို တရုတ်က အဲဒီလို ပြောပြီးကု နေတယ်။

OMG! တရုတ်တွေ ရန်ကုန်မှာလာပြီးတော့ စီးပွားရှာနေပြီ၊ ဆေးကုနေကြတယ်၊ ခွဲဖို့ တောင် စီစဉ်နေကြတယ်။ ဘယ်လို ဥပဒေ နဲ့ ဘယ်လို တွေလုပ်နေကြလဲမသိဘူး။

ကိုယ်လူမျိုး ဆရာဝန်တွေကြတော့ ဥပဒေ တွေ၊ ဆမ မရှိရင် ဆေးမကု နဲ့ စသဖြင့် အမျိုးမျိုး နှိပ်ကွပ်၊ ထစ်ကနဲဆိုရင် ဆမ ပိတ်၊ ဘာမှန်းမသိတဲ့ လူမျိုးခြားတွေကို တော့ အထင်ကြီး၊ ကြိုက်တာလုပ်......

ပြန်စဉ်းစားကြည့်တော့ မြန်မာပြည်က ဥပဒေဆိုတာ ကြောက်တတ်တဲ့ လူတွေအတွက် ထုတ်ထားတာနဲ့တူပါတယ်။

FDI တွေလာရင် Small and Medium Enterprises တွေ တော်တော်များများ ပျောက်သွားမယ်ဆိုတာ အဲဒါမျိုးနဲ့တူတယ်။

အဲဒါမြန်မာ ကွ....