ရာသီဥတုဖောက်ပြန်မှုကြောင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံသား (၉၅)သန်းကျော် ရွှေ့ပြောင်းရဖွယ်ရှိ
By Kyaw Zaw Oo
၀၅ ဒီဇင်ဘာ ၂၀၁၂ ၊
Coral Arakan News ၊ [ သတင်း ဘာသာပြန် ]
ဘင်္ဂလာဒေ့ရှ်အခြေစိုက် သုတေသနအဖွဲ့အစည်းတစ်ခုက ထုတ်ပြန်တဲ့ အစီရင်ခံစာ တစ်စောင်ရဲ့ အဆို အရ ၂၀၄၀-ခုနှစ် အရောက်မှာ ရာသီဥတု ဖောက်ပြန်မှုကြောင့် နေရာရွှေ့ပြောင်းပေးရတဲ့ လူ အရေ အတွက် ဟာ ဘင်္ဂလာဒေ့ရှ် တစ်နိုင်ငံတည်းမှာကို လူသန်းပေါင်း (၉၅) သန်း ရှိလိမ့်မယ်လို့ ဆိုပါတယ်။
“The Tempest of Exodus: The Case of Climate Change-induced Displacement in Bangladesh and International Negotiations (မုန်တိုင်းပမာ လူဦးရေရွှေ့လျားခြင်း : ရာသီဖောက်ပြန် မှုကြောင့် ဖြစ်ရတဲ့ ဘင်္ဂလာဒေ့ရှ်အတွင်း လူများရွှေ့ပြောင်းရမှု နှင့် ယင်း အတွက် နိုင်ငံ တကာ ညှိနှိုင်းမှု များ)” ဆိုတဲ့စာတမ်းကို ဘင်္ဂလာဒေ့ရှ်အခြေစိုက် အာန်နယန် အွန်နဲရှန် (Unnayan Onneshan) အမည်ရ အဖွဲ့အစည်းက ပြုစုခဲ့တာဖြစ်တယ်လို့ ဆင်ဟွာ သတင်းဌာန သတင်းတစ်ပုဒ်မှာ ရေးသား ထားတာ ကို တွေ့ရတယ်။
အဲသည် အဖွဲ့အစည်းကလုပ်တဲ့ လေ့လာမှုအရ ယခင်ဖြစ်စဉ်တွေကို အခြေခံပြီးသုံးသပ်လိုက်တဲ့ အခါ ရေမြင့်တက်လာမှုကြောင့် ၂၀၂၀-ခုနှစ်လောက်ကျရင် လူဦးရေ ၅.၂၅ သန်း၊ ၂၀၃၀ လောက် ကို ရောက်တဲ့အခါ ၁၁.၀၂ သန်း၊ ၂၀၄၀ ကို ရောက်တဲ့အခါ ၂၃.၁၆သန်း အသီးသီး နေရာရွှေ့ပြောင်း ဖယ်ရှားပေးရတော့မှာ ဖြစ်တယ် လို့ဆိုပါတယ်။ ဒါက ရေမြင့်တက်မှုကြောင့် ဖြစ်မှာ။
ဒီလိုပဲ မုန်တိုင်းဒဏ်ကို ခံရပြီး ရွှေ့ပြောင်းရမယ့် လူအရေအတွက်ကိုလည်း ဒီလေ့လာမှုမှာ တွက်ချက် တင်ပြထားတယ်။ တကယ်လို့ ပြင်ဆင်ကာကွယ်မှုတွေကိုသာ လုပ်သင့်တဲ့အတိုင်း မြန်မြန်ထက်ထက် မဆောင်ရွက်ဘူး ဆိုရင်၊ လေမုန်တိုင်းတွေရဲ့ ဒဏ်ကြောင့် ၂၀၂၀-ခုနှစ်အထိကာလ အတွင်းမှာ လူ ၁.၅၈ သန်း၊ ၂၀၃၀ ကျရင် ၆.၄၆သန်း၊ ၂၀၄၀ ကျရင် ၂၆.၃၉ သန်း ရွှေ့ပြောင်းရဖွယ် ရှိတယ် လို့ ဆိုတယ်။
ပြီးတော့ နောက်တစ်ခါ မြစ်ကမ်းပါးတိုက်စားမှုကြောင့် လူတွေ ရွှေ့ပြောင်းပေးရတာကို တွက်ချက်ထား တယ်။ ၂၀၂၀အထိ ၁၁.၆၂ သန်း၊ ၂၀၃၀ အထိ ၂၆.၁၅ သန်း နဲ့ ၂၀၄၀ အထိ ၄၀.၆၇ သန်းတို့ အသီးသီးဖြစ်ကြတယ်။
နောက်ဆုံးတစ်ခုဖြစ်တဲ့ မိုးခေါင်ရေရှားမှုကြောင့် ရွှေ့ပြောင်းရတာကျတော့ ၃.၉၂သန်း၊ ၄.၆၄ သန်း နဲ့ ၅.၅ သန်း အရေအတွက်တို့ဟာ ၂၀၂၀ ၊ ၂၀၃၀ နဲ့ ၂၀၄၀-ခုနှစ်တို့မှာ အသီးသီးရှိလာလိမ့်မယ် လို့ ဆို တယ်။
ဒါတွေအကုန်လုံးကို ရောခြုံစဉ်းစားတွက်ချက်လိုက်တဲ့အခါ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်း လူတွေအိုးမဲ့အိမ်မဲ့ဖြစ်ရွှေ့ပြောင်းရတဲ့ အရေအတွက်ဟာ ၂၀၂၀ ၊ ၂၀၃၀ နဲ့ ၂၀၄၀-ခုနှစ်အထိ ကာလတွေ အသီးသီးမှာ ၂၂.၃၇ သန်း၊ ၄၈.၂၈ သန်း နဲ့ ၉၅.၇၂ သန်း တို့ အသီးသီး ရှိလာ လိမ့်မယ်လို့ အဆိုပါ သုတေသနအဖွဲ့အစည်းက တွက်ချက်ထားပါတယ်။
အကြမ်းဖျင်းအားဖြင့်ဆိုရင် ကြီးကြီးမားမား ရေကြီးမှု တစ်ခါဖြစ်တိုင်း ဖြစ်တိုင်း၊ ပျမ်းမျှခြင်းအားဖြင့် ဆိုရင် လူ ၂.၅ သန်းတို့ဟာ အမြဲတမ်းသဘော နေရာရွှေ့ပြောင်းပေးရမှု ဖြစ်လာမယ် လို့ဆိုတယ်။
ကမ္ဘာ့ဘဏ်က နိုဝင်ဘာလ (၁၈)ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်စောင်အရ ကမ္ဘာ့ပင်လယ်ရေ မျက်နှာပြင်ဟာ ဘင်္ဂလာဒေ့ရှ်ဘက်မှာ သုံးပေအထိတက်လာနိုင်ခြေရှိတဲ့ အကြောင်းကို အသိပေးထား ပါတယ်။ ဒီလိုတက်လာတဲ့အတွက် နဂိုကထည်းက သုံးရေရှားပါးမှုနဲ့ သီးနှံအထွက်ကျဆင်းမှုကို ရင်ဆိုင်နေရတဲ့ ဘင်္ဂလာဒေ့ရှ်မှာ အငတ်ဘေးနဲ့ ဆင်းရဲမွဲတေမှုဒဏ်တို့ဟာ ဆိုးသထက်ဆိုး လာ နိုင်ခြေရှိ တယ် လို့ဆိုကြပါတယ်။
ကမ္ဘာကြီးပူနွေးလာမှုဒဏ်ကို ကမ္ဘာ့နိုင်ငံပေါင်းစုံက ခံစားရမှာဖြစ်ပေမယ့်၊ ဒါတွေရဲ့နောက်ဆက်တွဲ ဒဏ်ချက်တွေဖြစ်တဲ့ အစားအစာရှားပါး ပြတ်လပ်မှု၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှု၊ ဆိုင်ကလုံး မုန်တိုင်းတွေ နဲ့ မိုးခေါင်ရေရှားဒဏ် တို့ကြောင့် အပြင်းထန်ဆုံး ထိခိုက်ခံစားရတဲ့ နိုင်ငံတွေဟာ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံတွေဖြစ်လိမ့်မယ် ဆိုပြီးတော့ “Turn Down the Heat (အပူချိန် ကို လျှော့ချပေးပါ)” လို့အမည်ပေးထားတဲ့ အဆိုပါ ကမ္ဘာဘဏ် အစီရင်ခံစာမှာ ဖော်ပြထားတယ်။
ရာသီဥတုဖောက်ပြန်မှုရဲ့ ဒဏ်ကို အများဆုံးထိခိုက်ခံစားရဖွယ်ရှိတဲ့ မြို့တွေဟာ ဘင်္ဂလာဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မိုဇမ်ဘစ်၊ မဒါဂတ်စ်ကာ၊ မက္ကစီကို နဲ့ ဗင်နီဇွဲလား နိုင်ငံတို့မှာ တည်ရှိနေ ကြတယ်လို့ အဲသည် ကမ္ဘာ့ဘဏ် အစီရင်ခံစာက ဆိုထားတယ်။
(ကျော်ဇောဦး ဘာသာပြန်သည်။)
—————–
မူရင်းဆောင်းပါးဟာ zee news ရဲ့ Climate change to displace over 95 mn Bangladeshis ဖြစ်ပြီး၊ အောက်ပါ လင့်ခ် မှာ အဲဒီဆောင်းပါးကို ဖတ်ရှုနိုင်ပါတယ်။
http://zeenews.india.com/news/eco-news/climate-change-to-displace-over-95-mn-bangladeshis_813642.html
skip to main |
skip to sidebar
ကျတော်သှ်
မည်သည့် ဆူပူမှုမျိုး အဓိကရုဏ်း မျိုး ကိုမျှ မလိုလားပါ စစ်မှန်သောဥပဒေဖြင့် အပြစ်ရှိသူများအားထိရောက်စွာ အရေးယူမှုမျိုးကိုသာလိုလားပါသည် ..
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ရိုဟင်ဂျာ ငါတို့အမျိုးမဟုတ်
ရိုဟင်ဂျာကိုမြန်မာလူမျိုးစုစာရင်းထဲထည့်ဖို့ကိုလည်း လုံးဝလက်မခံပါ လူမျိုးရေးပဋိပခဖြစ်အောင်လုပ်ပြီး နောက်ကြောင်းပြန် အာဏာသိမ်းမှာကိုလည်း လုံးဝ လုံးဝ လက်မခံပါကြောင်း တရားဥပဒေဘောင်အတွင်းက ကျူးကျော်အစွန်းရောက်ဘင်္ဂလီများကိုဆန့်ကျင်ကြပါ
နိုင်ငံတကာဧည့်သည်များ
Total Pageviews
ဘယ်နိုင်ငံကလာလဲပြော
တခုခုတော့ပြောသွားနော်
Popular Posts
-
တစ်ချို့လူတွေက Leader နဲ့ Boss ဆိုတာကို အတူတူပဲ ထင်တတ်ကြပါတယ်။ တကယ်တမ်း ဒီနှစ်ခုက မိုးနဲ့ မြေလို ကွာခြားတာပါ။ အထက်လူကြီးဖြစ်ရုံနဲ့ ခေါင်းဆော...
-
TEPCO က ညူကလီယားဓာတ်ပေါင်းဖိုတွေထားရှိတဲ့ အဆောက်အအုံတွင်းမှာ နောက်ထပ် ဟိုက်ဒြိုဂျင် ပေါက်ကွဲမှုတွေ ထပ်မဖြစ်အောင်ဆိုပြီး နိုက်ထရိုဂျင်ဓာ...
-
စောက်အလ္လာ နှင့် -ီးးမိုဟာမက် ဒီစာကို ဖတ်ဖြစ်အောင်ဖတ်ပါ။ ပြီးတော့ ဖြန့် ဝေပေးကြပါ။ လူမျိုးအသီးသီး ဘာသာအသီးသီးမှ အပစ်မဲ့ ညီအစ်ကိုမောင်နှမမျာ...
-
Timetable for Political Parties on MRTV - 19 Sept 2010
-
ရာသီဥတုဖောက်ပြန်မှုကြောင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံသား (၉၅)သန်းကျော် ရွှေ့ပြောင်းရဖွယ်ရှိ By Kyaw Zaw Oo ၀၅ ဒီဇင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊...
-
ဗမာ့ဘောလုံး သမိုင်း တစ်နေ့သောအခါက ကျွန်ုပ်သည် လူမှုရေးလုပ်ငန်းများ တစ်နေ့တာ ပြီးဆုံးသွားချိန် ကျွန်ုပ်၏ နေအိမ် ဘုရားခန်းအတွင်း အဓိဌာန်...
-
ဘဘဦးလွင်.. အညတြသူရဲကောင်းဆု ချီးမြှင့် ပေးအပ်နေစဉ်.. အဖွဲ့ချုပ်မှာ ကျင်းပတဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ သက...
-
အာဏာရှင်တွေ ည၈နာရီရောက်တိုင်း ကြေးစည်သံကြား ခွေးမခံသာသလို ဗန်းထုသံကြား လဒမခံသာရအောင် မောင်းကြဟေ့ ဟဲ့ခွေး ရှုးရှုး
-
နိုင်ငံခြားသူ လူမည်း အမျိုးသမီး ၂ ဦး မှ မြန်မာ အမျိုးသမီး များ အပေါ် ကိုယ်ထိ လက်ရောက် ကျူးလွန် စော်ကား သည့် အပေါ် ကမာရွက် ရဲစခန်း ၏ တာဝန်မဲ့ ...
-
၂၀၁၀ ခုနှစ် သြဂုတ်လ(၁၁)ရက်။ “ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးသည် ပထမ ” “ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံေ...
Blog Archive
“ရှစ်လေးလုံး အရေးတော်ပုံမှာတမ်း”
♣ ညီလေး....ရှစ်လေးလုံးအကြောင်း
မမေ့ကောင်းသမို့ ပြန်ပြောင်းအမှတ်ရဖို့ရာ
ဒီကဗျာ ရေးလိုက်တယ်။
♣ ချောက် ရေနံတူးစင်အောက်သခင်ဖိုးလှကြီး
လက်ရုံးမြောက်ခဲ့တဲ့၁၃၀၀-ပြည့်ရဲ့အရေးတော်ပုံ
ရွှေရတုကြုံတဲ့ ရှစ်ဆယ့်ရှစ် သမိုင်းတွင်ရစ်မယ့် အုံကြွမှု
လူထုရဲ့အသံခွပ်ဒေါင်းအလံမေ့ကျန်ထားလို့ရပါ့မလား။
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988