Showing posts with label သတင်း(ပြည်တွင်း). Show all posts
Showing posts with label သတင်း(ပြည်တွင်း). Show all posts

Tuesday, December 03, 2013

ငါးနှစ်အောက်ကလေး ၂၀တွင် တစ်ယောက်နှုန်း လေထု ညစ်ညမ်းမှုကြောင့် သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂

သဘာဝ ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု ဒဏ်ကြောင့် မြန်မာ နိုင်ငံအတွင်းရှိ ငါးနှစ်အောက်ကလေး အယောက် ၂၀ တွင် တစ်ယောက်နှုန်းဖြင့် လေထုညစ်ညမ်းမှုနှင့် ပတ်သက်ပြီး သေဆုံးနေရကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့် ရှာက်ရေးအဖွဲ့မှ ဒေါက်တာဦးမြင့်ဇော်က ပြောကြားသည်။

“အရင်တုန်းက မြန်မာနိုင်ငံကို အစိမ်းရောင်လွှမ်းခြုံတဲ့ နိုင်ငံဟု တင်စားခေါ်ကြတယ်၊ အခုအချိန်မှာတော့
သစ်တောဧရိယာက ၂၅ရာခိုင်နှုန်းပဲ ရှိတော့တယ်၊ ဒါကြောင့် စက်ရုံ၊ အလုပ်ရုံ စီမံကိန်းတွေက ထွက်တဲ့
အခိုး အငွေ့တွေကြောင့် လေထု ညစ်ညမ်းမှုတွေကို တားဆီးမှုတွေ မရှိ တော့ဘူး”ဟု ၎င်းက ပြောကြားသည်။

သမ္မတဦးသိန်းစိန်အနေဖြင့် သဘာဝပတ်ဝန်းကျင် ပျက်စီး ဆုံးရှုံးမှုများအား မည်သို့ ကာကွယ် ပြုပြင် ဆောင်ရွက်နေ သလဲဟု မေးမြန်းမှုအပေါ် ကျွန်တော့်အနေနှင့် ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးအောင် ပြုလုပ်နေသူများက တိုင်းပြည်ကို ဖျက် စီးသောလူဟုမှတ်ယူကြောင်း ပြောကြားသည်။

ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမ၌ နိုဝင်ဘာ ၃၀ရက်တွင် ပြုလုပ်သော “တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော် တည်
ဆောက်ရေးတွင် လူထု အခြေပြု အဖွဲ့အစည်းများ၏ အခန်း ကဏ္ဍ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် အတည်ပြုပြောကြားသည်။

“အခုစီမံကိန်းတွေနဲ့ အရင်တုန်းက အစိုးရ လက်ထက်က စီမံကိန်းတွေက သဘာဝ ပတ်ဝန်းကျင်ဥပဒေနဲ့ မညီညွတ်ဘဲ ပြုလုပ်နေတာ ပိုများ တယ်၊ ဥပဒေနဲ့ မညီညွတ်တဲ့ စီမံကိန်းတွေ အလုပ်ရုံတွေကို အရေးယူနိုင်အောင် စစ်တမ်းကောက်နေတယ်၊ နောက်ပြီး ဥပဒေတွေထဲမှာ လိုအပ် တဲ့အရာတွေ ပြန်တင်သွင်းနိုင်အောင် ပညာရှိတွေ နဲ့တိုင်ပင်ဆွေးနွေးနေပါတယ်”ဟု သဘာဝပတ်ဝန်းကျင် လေ့လာ စမ်းစစ်ရေး အဖွဲ့ဝင်များ က ပြောကြားသည်။

စီမံကိန်းများသတ္တုသံယံဇာတ အများအပြား ထုတ်လုပ်နေမှုနှင့် စက်ရုံအလုပ်ရုံများ အနေဖြင့် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ ဥပဒေနှင့်အညီ လုပ်ဆောင်နေခြင်း မရှိခြင်းကြောင့် လာမည့် ၂၀၁၅တွင် မြန်မာနိုင်ငံအတွင်းရှိ ဒီရေ တောများ၊ မြစ်ချောင်း၊ အင်းအိုင်၊ တောင်တန်းများသည် သဘာဝပတ်ဝန်းကျင် ဖျက်စီး မှုခံနေရပြီး ပျောက်ကွယ် ပျက်စီးနေကြောင်း ဦးမြင့်ဇော်က ပြောဆိုသည်။

ရေးသားသူ-ရဲကိုကို
တည်းဖြတ်-နီတိုး

People power

သစ်ထူးလွင်

Thursday, November 14, 2013

ဒီလိုနဲ့ ၂၀၁၅လည်းပြည့်ရော နောက်အစိုးရအပေါ်ပုံချခဲ့ရော

အစိုးရ ၀န်ကြီးဌာန ၁၉ ခုမှ နိုင်ငံတော်သို့ ပေးဆပ်ရမည့် ကြွေးကျန် ကျပ်ဘီလီယံပေါင်း များစွာနှင့် ပတ်သက်၍ ၀န်ကြီးဌာနများကို ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ကတိအတိုင်း ဆောင်ရွက်ကြရန် တွန်းအားပေးထားကြောင်း ၊ အကြွေးများ ပေးဆပ်နိုင်ရန် ဆောင်ရွက်နေကြောင်း၊ မပေးဆပ်သည့် သူများကို တည်ဆဲ ဥပဒေအရ ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုလွှတ်တော်၌ ပြီးခဲ့သည့်ရက်ပိုင်းက ဒု ၀န်ကြီးများက လာရောက် ဖြေဆိုကြစဉ် ဦးရွှေမန်းက တိုက်တွန်း သတိပေးခဲ့ခြင်း ဖြစ်သည်။

ဦးရွှေမန်းက“မလုပ်နိုင်တဲ့ ကတိပေးခြင်းဟာ ပေးတဲ့သူမှာရော ၀န်ကြီးဌာနမှာပါ တာဝန်ရှိတယ်၊ လွှတ်တော်မှာ လာဖြေရင် ကတိပေးမှ ဖြစ်မယ်ဆိုတာမျိုးနဲ့ ကတိပေးပြီး လက်တွေ့မှာ မလုပ်နိုင်ရင် မကောင်းဘူး။ အားလုံးအတွက် အဆင်ပြေအောင် လုပ်ပေးဖို့ လိုအပ်တယ်”ဟု ပြောဆိုခဲ့သည်။

ကြွေးကျန် ၀န်ကြီးဌာနများသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်များကလည်း ထိုသို့ ဖြေဆို ကတိပေးခဲ့ကြကြောင်း၊ သို့သော် ယနေ့ အထိ ဖြေရှင်းနိုင်မှု မရှိသေးကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

-- ဧရာဝတီ သတင်း

Friday, September 20, 2013

မြန်မာနိုင်ငံသားခြင်းအတူတူပေမယ့် ဥပဒေမတူ

ရန်ကုန်မှာ သူဌေးတွေ Day Club ကလပ်ဖွင့်ပြီး လိုင်စင်မဲ့အရက်ရောင်းတော့ ခံဝန်ချုပ်၊၀န်းသိုမှာ ဆင်းရဲသားတွေ လိုင်စင်မဲ့အရက်ရောင်းတော့ ထောင်ကျ(ဟာဂျူလီ-ကသာ)
*****************************************
၂၀၁၃ခုနှစ် စက်တင်ဘာလ (၁၂)ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ ၀န်းသိုမြို့နယ် တရားရုံးက ယစ်မျိုး(၃၀)ရဲ့ တရားခံတွေဖြစ်တဲ့ခင်အုန်း(၄၀)နှစ်၊ခင်ထားလွင်
(၃၃)နှစ် နဲ့(၂၃)နှစ်တို့ ကို ထောင်(၇)ရက်စီ ကျခံစေဖို့ စီရင်ချက်ချခဲ့ပါတယ်၊သူတို့ ကျူးလွန်တဲ့ အပြစ်ကတော့ သူတို့ ဆိုင်မှာ လိုင်စင်မဲ့အရက်ရောင်းချလို့ ၀န်းသိုရဲစခန်းက
သတင်းအရ ၀င်ရောက်ရှာဖွေရာ အရက်(၅)ပုလင်းစီ တွေ့ရှိခဲ့လို့ အခုလို ဥပဒေနဲ့အညီ စီရင်ချက် ချလိုက်ရတာလို့ဆိုပါတယ်၊ ရလာတဲ့ ဒီသတင်းလေး ကို ရေးရင်းနဲ့
ရန်ကုန်က သူဌေးတွေ Day Club ကလပ်ဖွင့်ပြီး လိုင်စင်မဲ့(ပြည်တွင်း ပြည်ပ)အရက်တွေ ရောင်းတာကို စစ်ဆေးတွေ့ရှိခဲ့လို့ ခံဝန်ချုပ်လုပ်ခဲ့တဲ့ သတင်းကို တွေးမိလိုက်ပါတယ်၊
ဘာကြောင့် အရက်မိတာချင်း အတူတူ ပြစ်မှုနဲ့ ပြစ်ဒါဏ်က ကွာခြားရတာလဲလို့ပေါ့၊ ပြီးတော့မှ အဖြေတစ်ခုရလာပါတယ်၊ သြော် ဟိုဟာက ရန်ကုန်တိုင်းဒေသကြီး..၊ဒီဟာက
စစ်ကိုင်းတိုင်ဒေသကြီး..၊ဒီလောက် တိုင်းခြားမြေခြား ကွာခြားနေမှတော့ မြန်မာနိုင်ငံဥပဒေဟာလည်း ဒီလောက်တော့ ကွာခြားသွားမှာပေါ့....ဟူ၍။(ဟာဂျူလီ-ကသာ)

Friday, September 13, 2013

ဗိုလ်ချုပ်ကိုနေရာမပေးချင်သူများ

ငွေစက္ကူများ၌ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ များ ပြန်လည် ရိုက်နှိပ်ထုတ်ဝေရန် လွှတ်တော် ကိုယ်စားလှယ်ဦးကျော်က ယနေ့ ကျင်းပသော ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် အဆိုတင်ခဲ့မှုကို ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီဝင် ကိုယ်စားလှယ် ဒေါက်တာ စောလှထွန်းက ကန့်ကွက်ခဲ့သည်။

ကန့်ကွက်မှု ရှိသဖြင့် ဦးကျော်တင်ပြသော အဆိုအား လွှတ်တော်ဥက္ကဌ က ကိုယ်စားလှယ်များကို မဲစနစ်ဖြင့် ဆုံးဖြတ်စေခိုင်းခဲ့ရာ ထောက်ခံ သူ နှစ်မဲသာ ရှိခဲ့၍ ဆွေးနွေးခွင့် မရရှိခဲ့ပေ။

အမျိုးသား ဒီမိုကရေစီ ပါတီသစ် အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က လက်ရှိထုတ်ဝေနေသော တစ်ထောင်တန်အထိ ငွေစက္ကူများမှာ ပါတီတစ်ခုကို ကိုယ်စားပြုသော ခြင်္သေ့ ပုံတံဆိပ် ထည့်သွင်းရိုက်နှိပ် ထားခြင်းမှာ မသင့်တော်ဟု
ပြောကြားခဲ့သည်။

ယင်းကို ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဝင် ရန်ကုန်တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောလှထွန်းက ယင်းကိစ္စမှာ ပြည်ထောင်စု လွှတ်တော်မှ ဆုံးဖြတ်ရမည့် ကိစ္စရပ်ဖြစ်ပြီး ဦးကျော်၏ အဆိုမှာ အဖွဲ့အစည်းကို ပုတ်ခတ်ပြောဆိုသည့် သဘောရှိနေ သည်ဟု ပြန်လည်ချေပခဲ့သည်။

၎င်း၏ အဆိုဆွေးနွေးခွင့် မရခဲ့မှုနှင့် ပတ်သတ်၍ ဦးကျော်က "ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ဗိုလ်ချုပ်ကို ဘယ်နေရာပေးလဲဆိုတာ ဒီနေရာမှာ ပေါ်သွားပြီ" ဟု မှတ်ချက်ပေးသည်။

ယနေ့ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ ဆဌမ ပုံမှန် ပထမ ဆုံးရက်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၂၃ ဦးတက်ရောက်ခဲ့သည်။

ဝေမာထွန်း
Popular Myanmar News Journal

Monday, August 26, 2013

ထုံးစံအတိုင်း ကန့်ကွက်နေကြ ကြံဖွတ် ခွေးဖွတ်

NLD ကဒေါက်တာမြတ်ဥာဏစိုးဟာ..
နိုင်ငံခြားမှ တရားမ၀င်ဝင်ရောက်တဲ့ကိစ္စတွေကို
တားမြစ်ဖေါ်ထုတ်အရေးယူပေးဖို့..
လွှတ်တော်မှာ အဆိုတင်တယ်..

...အဲဒီအဆိုကန့်ကွက်ခံရတယ်.

အခုတခါ RNDP ဒေါက်တာ အေးမောင်က နိုင်ငံရေးပါတီတည်ထောင်ခွင့်ကို
နိုင်ငံသားကတ်ရှိသူများသာ ပါတီတည်ထောင်ခွင့် ပေးဖို့
ပုဒ်မ ၄ ပုဒ်မခွဲ (က) ကို ပြင်ဆင်ပေးဖို့ .. .တင်သွင်းတာပါ...။ ဒေါက်တာအေးမောင်က တင်သွင်းခဲ့ပါတယ်..။

ဒါကိုလည်း ကန့်ကွက်ခံရပါတယ်.၊
ကန့်ကွက်တဲ့သူက.. ထုံးစံအတိုင်း ကြံ့ခိုင်ရေး USDP ပါဘဲ။

အမျိုးသားရေး ဆိုတာ ဟေးလားဟားလား ရမ်းကားတာ ဆူပူအကြမ်းဖက်တာ မဟုတ်ဘူးဗျာ။ ဥပဒေဘောင်ထဲက စနစ်တကျ နိုင်ငံသားစစ်စစ်တွေဘဲ ရသင့်တဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးတာပါ။ အမျိုး ဘာသာ သာသနာ ကိုကာကွယ်မယ် ကြွေးကြော်ပြီး ဘယ်လို ဘယ်နည်းနဲ့ ဒီအဆိုတွေကို ကန့်ကွက်ကြတာလဲဗျာ။

အင်မတန် စိတ်ပျက်ရပါတယ်။ နောင်တခါလဲ ယာယီမှတ်ပုံတင်တွေ နဲ့ မဲပေးကြ၊ ပါတီထောင်ကြဦးမယ်။ ခိုးဝင်သူတွေ ကိုင်တွယ်ဖို့ ခက်ခဲဦးမယ်။

  Credit To >Lynn Hpone Thant < Re-posted By ACM 25-8-2013
https://www.facebook.com/excellencemedia
.

ဦးပိုင် ကိုခုတုံးလုပ်အကျိုးမြတ်ထုတ်နေသူများ

ကျွန်တော်သည် မူဆယ်-မန်းလေးလမ်း(ရှမ်းပြည်မြောက်ပိုင်းလမ်း)၌ ကုန်တင်ယာဉ်မောင်းဆွဲနေသော ယာဉ်မောင်းတစ်ဦးဖြစ်ပါသည်။

အကြောင်းအရင်းမှာ တရုတ်ပြည်မှဝမ်ပေါင်ကုမ္ပဏီနှင့် မြန်မာပြည် မှဦးပိုင်ကုမ္ပဏီသို့ ပူးပေါင်းဆောင်ရွက်သည် မုံရွာ့  လက်ပံတောင်းတောင်နှင့် ပုလဲ ကြေးနီစီမံကိန်းတွင် အသုံးပြုသည့် ယမ်း(ခေါ်) နမိုးနီးယား ကုန်ကြမ်းပစ္စည်းများကို တရုတ်ပြည်မှမြန်မာပြည် မုံရွာကြေးနီစီမံကိန်းသို့ သယ်ဆောင်ရာတွင် ထိုယမ်း(ခေါ်)နမိုးနီးယားကုန်ကြမ်းများနဲ့ အတူအကောက်ခွန်မဲ့(Dutyမဲ့)တန်ဖိုးရှိcarryပစ္စည်းများသယ်ဆောင်နေ
ပါသဖြင့်အများပြည်သူနဲ့တာဝန်ရှိပုဂ္ဂိုလ်များကိုတင် ပြစေချင်ပါသည်။

ထို(dutyမဲ့)carryပစ္စည်းများသယ်ဆောင်ခြင်းကိုနယ်စပ်စစ်ဆေးရေးဂိတ်ဖြစ်သည့် ၁၀၅မိုင်ဂိတ်နှင့်လမ်းကြောအတွင်း၌ dutyများစစ်ဆေးသော mobileအဖွဲ့များက သိရှိသော်လည်းပဲ စစ်ဆေးအရေး ယူခြင်းမရှိပါ။

ဤသည်မှာဦးပိုင်ကုမ္ပဏီကိုခုတုံးလုပ်၍ ဗိုလ်မှူးအရာရှိများနှင့် စီးပွားရေးသမားများ(ကားဂိတ်များ)ကအကျိုးမြတ်ထုတ်နေကြပါသည်။

၎င်းကုန်ပစ္စည်းများမှာတစ်လလျှင်နှစ်ကြိမ်မှသုံးကြိမ်ထိတစ်ကြိမ်လျှင် တွဲကား(၂၂ဘီး)အစီးရေ ၂၀မှ၂၅စီးနှုန်းသယ်ဆောင်နေပါသဖြင့် အခြားသောdutyကုန်များရှားပါးနေပါသည်။

ထို့ကြောင့်ကျွန်တော်တို့dutyကုန်တင်ဆောင်သောကားများအတွက်ကုန်များရှားပါး၍ကားခဈေးနှုန်းကျဆင်းမှုများနဲ့အခက်အခဲကြုံနေရပါသည်။

ထို့ကြောင့် ဤအခက်အခဲမှလွတ်မြောက်စေရန် တာဝန်ရှိသူများထံသို့ တင်ပြပေးစေချင်ပါသည်။

(ပြည်သူတစ်ဦး)
.

Wednesday, August 21, 2013

........အကျင့် ကတော့....အရင်အတိုင်းပါပဲ.....ပြည်သူကိုချစ်လို...ဒီမိုကရေစီ...အစိုးရပုံလုပ်နေတာမဟုတ်ပါဘူး....ရှင်းရှင်းပြောရရင်...ကမ္ဘာ....ကိုလိမ်ရုံ...မျက်လှည့် ပြရုံ...သက်သက်ပါပဲ......တော်တော်ညစ်ပတ်တဲ့ ...သူတွေပါ....။

Popular Myanmar News Journal
Phoe Par
ရှစ်လေးလုံး ငွေရတု ကျင်းပရေး သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်သူ ဆရာမတစ်ဦး အား မယူမနေရပင်စင် ပေး
====================================

၂၅ နှစ်ပြည့် ရှစ်လေးလုံး အရေးတော်ပုံအခမ်းအနား ကျင်း ပရေး သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် ကျောင်းဆ ရာမတစ်ဦးကို ပညာရေးဝန်ကြီး ဌာနက မယူမနေရပင်စင် ပေး လိုက်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့တော်ဝင် နှင်းဆီ ခန်းမ၌ ဇွန်လ ၁၃ ရက်နေ့က ကျင်းပသော ၄င်းသတင်းစာရှင်း လင်းပွဲသို့ နေပြည်တော်မှ လာ ရောက် တက်ရောက်သည် ဟူ သောအချက်ဖြင့် အဆိုပါကျောင်း ဆရာမကို သြဂုတ်လ ၁၇ ရက်နေ့ တွင် မယူမနေရပင်စင်ပေးလိုက် 
ခြင်းဖြစ်ကြောင်း သိရသည်။

ပင်စင်ပေးခြင်းကို အမှတ် ၂ အခြေခံပညာဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးတင်မျိုးကြည် ကသြဂုတ်လ ၁၅ ရက်တွင် လက် မှတ်ရေးထိုး၍ ပညာရေးဝန်ကြီး ဌာန စီမံခန့်ခွဲရေးကော်မတီအ စည်းအဝေး၏ စုပေါင်းဆုံးဖြတ် ချက်ဖြင့်ဟု အမိန့်စာ၌ ထည့် 
သွင်းရေးသားဖော်ပြထားကြောင်း သိရသည်။

မယူမနေရပင်စင် ပေးလိုက် သည့် ဇမ္ဗူသီရိမြို့နယ်အမှတ် ၅ အခြေခံပညာ အထက်တန်း ကျောင်းမှ သတ္တမတန်း B သိပ္ပံ ဆရာမဒေါ်စိုးစိုးခိုင်က ''တော် တော်လေးအံ့သြမိပါတယ်။ ကျွန် မလည်း တရားဝင်ခွင့်တင်တာပါ။ ဒီအရေးတော်ပုံကြီးမှာ ကျွန်မ လည်း 
ပါဝင်လှုပ်ရှားခဲ့တဲ့အတွက် တက်ရောက်သင့်တယ်လို့ ယူဆ ပြီး ဒီပွဲကို တက်ရောက်ခဲ့တာပါ။ ရန်ကုန်လည်း ရောက်နေတဲ့အ တွက်ပါ'' ဟု ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ဆရာမ ဒေါ်စိုးစိုးခိုင်မှာ လုပ်သက် ၁၈ နှစ်ရှိပြီး အသက် ၄၈ နှစ် အရွယ်ရှိသူ ဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အမှတ် ၂ အခြေခံပညာဦးစီး ဌာန၊ နေပြည်တော် ပညာရေးညွှန်ကြား ရေးမှူးရုံးထံသို့ မေးမြန်းရာ ဖြေ ဆိုရန် ငြင်းဆိုခဲ့ပြီး၊ နိုင်ငံတော် သမ္မတရုံးသို့လည်း ဆက်လက် မေးမြန်းခဲ့ရာ ၄င်းတို့နှင့်မဆိုင်၍ ပညာရေးဌာနထံသာ မေးမြန်းရန် 
ပေါ်ပြူလာနယူးစ်သို့ ဖြေကြားကြ သည်။

ဆရာမ ဒေါ်စိုးစိုးခိုင်က ''ကျွန်မကို စွဲချက်သုံးချက်နဲ့ စွပ်စွဲ တာ။ ခွင့်မဲ့ပျက်ကွက်တာ၊ ရန် ကုန်ကို အကြောင်းမကြားဘဲသွား တာ၊ ၈၈ ပွဲအခမ်းအနား သတင်း စာရှင်းလင်းပွဲတက်တာ။ ကျွန် မကတော့ ရဲရဲပြောရဲတယ်။ ၈၈ ပွဲကိုတက်လို့ ရည်ရွယ်ပြီးဖြုတ်တာ''ဟုပြောသည်။

ယခုကဲ့သို့ကျောင်းဆရာမ ပင်စင်ပေးခံခဲ့ရမှုကို ရန်ကုန် အ ရှေ့ပိုင်း တက္ကသိုလ်ဆရာ၊ ဆရာမ အသင်းဥက္ကဋ္ဌ ဦးသန်းထိုက် အောင်က အပြင်းအထန်ဆန့်ကျင် ကြောင်း ပြောကြားလိုက်သည်။

''ဒီပြစ်ချက်နဲ့ ထုတ်တယ်ဆို ရင်တော့ ပညာရေးဝန်ကြီးဌာန က တော်တော်လွန်တယ်''ဟု ၄င်းက ပြောသည်။

၈၈ အရေးတော်ပုံကို ယခင် အစိုးရက ချိုးချိုးနှိမ်နှိမ်ပြောခဲ့ကြ ခြင်းမျိုး ရှိပြီး၊ သိမ်ငယ်အောင်၊ သိမ်ဖျင်းအောင် လုပ်ခဲ့ကြတာမျိုး ရှိကြောင်း၊ ၈၈ အရေးတော်ပုံက ကြီးမားသည့် အချိုးအကွေ့ကြီး တစ်ခုဖြစ်ကြောင်း၊ ယခုလိုသာ ဆိုပါက ထိုပွဲကို တက်ရောက်ခဲ့ သော ဝန်ကြီး ဦးအောင်မင်းအပါ အဝင် အခြားအစိုးရဝန်ထမ်း တို့ကိုပါ ပွဲ တက်သည့်ကိစ္စကြောင့် အငြိမ်းစားပေးမည်လားဟု မေး စရာရှိကြောင်းဟု ဦးသန်းထိုက် အောင်က ဆက်ပြောသည်။

PN-051

ကျောင်းသားသမဂ္ဂများ ကျောင်းပရဝဏ်အတွင်း လွတ်လပ်စွာဖွဲ့စည်းခွင့်ရ

ကျောင်းသားသမဂ္ဂများ ကျောင်းပရဝဏ်အတွင်း လွတ်လပ်စွာဖွဲ့စည်းခွင့်ရ
===========================
ရွှေရည်မဉ္ဇူ၊ရန်ကုန်

သြဂုတ်(၁၉)၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
===========================
ကျောင်း သားသမဂ္ဂများကို အသင်းအဖွဲ့ ဆိုင်ရာဥပဒေပါပြဋ္ဌာန်းချက်များအတိုင်းဖွဲ့စည်းရန်မလိုဘဲ ကျောင်း ပရဝုဏ်အတွင်း လွတ်လပ်စွာဖွဲ့ စည်းလှုပ်ရှားခွင့်ရှိပြီဖြစ်ကြောင်း သိရသည်။
ကျောင်းသားသမဂ္ဂများ သည် အသင်းအဖွဲ့ဆိုင်ရာဥပဒေ ကြမ်းအောက်တွင် မပါဝင်ဘဲ ကျောင်းပရဝုဏ်အတွင်း လွတ် လပ်စွာဖွဲ့စည်းလှုပ်ရှားခွင့်ရှိ ကြောင်း ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီကခွင့်ပြုလိုက်သည်ဟု က.သ.ဖကော်မတီမှဥက္ကဋ္ဌ ကိုဒီငြိမ်းလင်းက ပြောသည်။
ဇူလိုင် ၂ရရက်ကထုတ်ပြန် ခဲ့သော အသင်းအဖွဲ့များဆိုင် ရာဥပဒေကြမ်းတွင် လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိသည့် ခေါင်းစဉ် အောက်တွင် ကျောင်းသားသမဂ္ဂ မပါရှိသည့်အတွက် အသင်းအ ဖွဲ့များဆိုင်ရာဥပဒေကြမ်းနှင့် ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အ စည်းကိုယ်စားလှယ်များနှင့် လွှတ် တော်ရေးရာကော်မတီ၊ ကော်မ ရှင်များနှင့် ဩဂုတ် ၁၅ရက်နှင့် ၁၆ရက်တွေ့ဆုံပွဲတွင် တင်ပြ ဆွေးနွေးခဲ့သောကြောင့် ပြည်သူ့ ရေးရာစီမံခန့်ခွဲမှုကော်မတီမှ တာ ဝန်ရှိသူက အထက်ပါအတိုင်းပြော ကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
''ကျောင်းသားသမဂ္ဂတွေ ကျောင်းပရဝုဏ်အတွင်းမှာ လွတ် လပ်စွာဖွဲ့စည်းလှုပ်ရှားခွင့်ရှိတယ်။ အသင်းအဖွဲ့များရဲ့ ခေါင်းစဉ် အောက်မှာမရှိတော့ဘူးပေါ့။ မှတ် ပုံတင်ရမယ့်ခေါင်းစဉ်အောက်က နေဖယ်လိုက်ပြီ''ဟု ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်ဖြစ်မြောက် ရေးကော်မတီဥက္ကဋ္ဌ ကိုဒီငြိမ်း လင်းက ပြောသည်။
ကျောင်းသားသမဂ္ဂများ သည် ယခင်က လွတ်လပ်စွာ ဖွဲ့ စည်းဆောင်ရွက်ခွင့်ရှိသည့် ခေါင်း စဉ်အောက်တွင် ပါဝင်ခြင်းမရှိဘဲ ယခုအရပ်ဘက် လူမှုအဖွဲ့အစည်း များ၏ တင်ပြတောင်းဆိုချက် များဖြင့် ပြန်လည်ပြုပြင်ထားသော ''အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်း ဆိုင်ရာဥပဒေ''တွင် မှတ်ပုံတင် ကင်းလွတ်ခွင့်ခေါင်းစဉ် အောက် တွင် ကျောင်းသားသမဂ္ဂအား ထည့်သွင်းခဲ့ခြင်းဖြစ်သည်။
ပေါင်းကူးအဖွဲ့၏ အကြီး အကဲဒါရိုက်တာဒေါက်တာကျော် သူက ''ကျွန်တော်တို့ အဲဒီနေ့က ဆွေးနွေးမှုမှာ ကျောင်းသားသမဂ္ဂ နဲ့ပတ်သက်ပြီး ကိုဒီငြိမ်းလင်းက သေချာဆွေးနွေးတင်ပြခွင့်ရခဲ့ တယ်။ ဒါကလဲ ဝမ်းသာစရာ ကိစ္စတစ်ခုပါပဲ''ဟု ပြောသည်။
ဩဂုတ် ၁၅ရက်က နေပြည် တော် သင်္ဂဟဟိုတယ်တွင် အ သင်းအဖွဲ့များဆိုင်ရာဥပဒေကြမ်း နှင့်ပတ်သက်ပြီး အရပ်ဘက်အဖွဲ့ အစည်း ကိုယ်စားလှယ်များနှင့် လွှတ်တော်ရေးရာကော်မတီ၊ ကော်မရှင်များတွေ့ဆုံပွဲတွင် အ ရပ်ဘက်လူမှုအဖွဲ့အစည်းများမှ အဆိုပါဥပဒေတွင် အရပ်ဖက် လူမှုအဖွဲ့အစည်းများအားကောင်း စေရန်အတွက် လိုအပ်သောအ ချက်များကို တင်ပြဆွေးနွေးခဲ့ ကြောင်း သိရသည်။
အဆိုပါဆွေးနွေးချက်များ ကို ဩဂုတ် ၁၆ရက်က ပြည်သူ့ လွှတ်တော် ပြည်သူ့ရေးရာ စီမံ ခန့်ခွဲမှုကော်မတီရုံး၌ ထပ်မံတွေ့ ဆုံပြီး ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီမှ ဥပဒေကြမ်းတွင် ပြန်လည်ပြင်ဆင်မှုများ ပြုပြင်ပေး ခဲ့သည်ဟု ဆွေးနွေးပွဲသို့ တက် ရောက်ခဲ့သည့် အသင်းအဖွဲ့များ က ပြောသည်။
ကိုမိုးသွေးက ''အသင်းအ ဖွဲ့တွေ လွတ်လပ်စွာဖွဲ့စည်းခွင့် ကိုပိတ်လိုက်ရင် တိုင်းပြည်ကောင်း ကျိုး၊ အများကောင်ကျိုးအတွက် လုပ်ဆောင်နေတဲ့အသင်းအဖွဲ့ တွေဟာ မလုပ်တော့ဘဲနေမယ်။ အဲဒီကျရင် ပြည်သူပါဝင်မှု လျော့ သွားမယ်။ ပြည်သူမပါတော့ရင် တိုင်းပြည်အပြောင်းအလဲမှာ အ ခက်အခဲရှိနိုင်တယ်''ဟုပြောသည်။
ထိုပြန်လည်ပြုပြင်ထားသည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် သို့ တင်ပြသွားမည်ဖြစ်သည်

Yangon Media Group

Saturday, August 17, 2013

သောက်ကျင့်တွေ မပျောက်သေးဘူး

ဗိုလ်ချုပ်လက်ရေးမူစာအုပ်ပြန်လည်လက်ခံပွဲကို
ကြံ့ဖွတ်ဦးဆောင်ပြီးအာဏာပိုင်ကမီးဖြတ်ပြစ်ပါတယ်။
ဒါပေမယ့်အမှောင်ထဲမှာဘဲရေနံချောင်သားတွေအောင်မြင်စွာကျင်းပခဲ့ကြပါတယ်။
ကြံ့ဖွတ်ဟာသူတို့မင်းသားမလုပ်ရရင်ပတ်မကြီးကိုထိုးဖောက်တတ်ကြောင်းသက်သေပါဘဲ။
မဲမရလို့လမ်းတစ်ခြမ်းဘဲခင်းတဲ့သာဓကတွေရှိခဲ့တာဘဲလေ။

Ashin Issariya 

အေးချမ်းမွန် Credit To > Ashin Issariya < Thanks
Re-posted By ACM 16-8-2013 Lao P.D.R

" သောက်ရှက်မရှိတဲ့ သောက်ရှက် " မရှိတဲ့သိက္ခာကျမှာကြောက်နေသေး

ပြည်ထောင်စုလွှတ်တော်တွင် စစ်တပ်ကမြေသိမ်းသဖြင့် ပြည်သူများ နစ်နာနေရကြောင်း ရခိုင်တိုင်းရင်းသား အမတ် တစ်ဦးက သြဂုတ် ၁၅ ရက်က ဆွေးနွေးနေစဉ် စစ်သားအမတ်တစ်ဦးက ထကန့်ကွက်လိုက်သဖြင့် စစ်တပ်နှင့် ပတ်သက်၍ ထပ်မပြောရန် လွှတ်တော်နာယက ဦးရွှေမန်းက တားမြစ်လိုက်သည်။

ရခိုင်ပြည်နယ် ကျောက်ဖြူ မဲဆန္ဒနယ်မှ လွှတ်တော်အမတ် ဦးဘရှိန်က ၎င်းတို့ပြည်နယ်ရှိ သံတွဲမြို့နယ် ဆီးဖြူကုန်း ရွာတွင် လယ် ၃၅ဧကကျော်ကို ခလရ-၅၅ တပ်ရင်းက သိမ်းဆည်းခဲ့ကာ ပိုင်ရှင်များကိုလျော်ကြေး တစ်ဧက တစ်သိန်းသာပေးပြီး စစ်တပ်ကမူ တစ်ဧကသိန်း ၆၀ မှ ၇၀ အထိယူကာ ပြန်ငှားထားသောကြောင့် မူလပိုင်ရှင်များ နစ်နာနေရသည်ဟု ဆွေးနွေးနေစဉ် တားမြစ်ခံရခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်သို့ ယခုလ ၁၃ ရက်က တင်ပြထားသော လယ်မြေနှင့်အခြားမြေများ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ အပိုင်း ၃နှင့် ပတ်သက်ပြီး ဆွေးနွေးရန် အမတ်၂၅ ဦးက စာရင်းပေးထားသည်။

ယင်းသို့ စာရင်းပေးထားသည့် အမတ်များအနက် တစ်ဦးဖြစ်သည့်ဦးဘရှိန်က ဆွေးနွေးသည်ကို ဗိုလ်မှူးချုပ် အဆင့်ရှိ စစ်သားအမတ်တစ်ဦးက ယခုဆွေးနွေးနေသည့် မြေသိမ်းအစီရင်ခံစာမှာ တပ်နှင့် မသက်ဆိုင်ဘဲ စိုက်ပျိုးမွေးမြူရေးအတွက် သိမ်းသည့်မြေနှင့် အစိုးရစီမံကိန်းများအတွက် သိမ်းသည့်မြေများကိစ္စ သာဖြစ်သဖြင့် စစ်တပ်ကို ဝေဖန်နေမည်ဆိုပါက ပြည်သူများ အထင်လွဲနိုင်သဖြင့် ရပ်တန့်ပေးရန် ကန့် ကွက်ကြောင်း လွှတ်တော်တွင် ပြောသည်။

ကန့်ကွက်သည့် စစ်သားအမတ်၏ အမည်မှာမူ ၎င်းကိုယ်တိုင် လွှတ်တော်တွင် ထ၍ ကန့်ကွက်စဉ် ပြောဆိုခဲ့ခြင်း မရှိသလို ကန့်ကွက်ခံရသည့် အမတ်ဦးဘရှိန်ကို မဇ္ဈိမကမေးမြန်းရာတွင်လည်း သူမသိကြောင်း ပြောသည်။

စစ်သားအမတ်၏ ကန့်ကွက်မှုနှင့်ပတ်သက်၍ ဦးဘရှိန်က “ကလေးစကားနဲ့ ပြောရရင် အနာပေါ် တုတ်ကျတဲ့ သဘောပေါ့” ဟု မှတ်ချက်ပြုသည်။

ဦးရွှေမန်းက ကျောက်ဖြူအမတ် ဦးဘရှိန်ကို စစ်တပ်နှင့်ပတ်သက်ပြီး ဆွေးနွေးမှုကို ရပ်တန့်ရန် ပြောဆိုခဲ့သလို “တစ်ဖက်ကလည်း တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေးဆိုသလိုပဲ ဟိုတစ်ချိန် ဟိုတစ်ခါက တာဝန်ခံဆောင်ရွက်ခဲ့တဲ့ ပုဂ်္ဂိုလ်များ မနစ်နာစေရေးအတွက်လည်း ကြည့်ရမှာဖြစ်ပါတယ်။ ဟိုတစ်ချိန် ဟိုတစ်ခါမှာ လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်များဟာလည်း ဟိုတစ်ချိန် ဟိုတစ်ခါမှာရှိခဲ့တဲ့ အမိန့်တွေ ညွှန်ကြားချက်တွေအရ လုပ်ခဲ့တာဖြစ်ပါတယ်”ဟု လွှတ်တော်တွင် ပြောကြားခဲ့သေးသည်။

ထို့ပြင် ဦးရွှေမန်းက ၎င်းသည် ၁၉၉၇ ခုနှစ်နောက်ပိုင်း၌ ဖြစ်ပျက်ခဲ့သည့် ယခင် စစ်အစိုးရလက်ထက်က အဖြစ်အပျက်များကို ၇၅ ရာခိုင်နှုန်းအထိပင် သိရှိကြောင်းလည်း ဆက်ပြောခဲ့ကာ “ဟိုတစ်ချိန် ဟိုတစ်ခါ တုန်းက လူကြီးခေါင်းဆောင်ရဲ့ စေတနာ၊ ရည်ရွယ်ချက်၊ ဒါတွေကိုလည်း ကျွန်တော်သိပါတယ်။ ဒါပေမဲ့ အဲဒီ့အချိန် အဲဒီအခါက အကောင်အထည်ဖော်ခဲ့တဲ့ လူတွေရဲ့ စေတနာကိုလည်း အတော်အတန် ကျွန် တော်သိခဲ့တယ်။ အဲဒီနေရာမှာ လွဲတာတွေ၊ လိုတာတွေ မှားတာတွေ ရှိနိုင်ခဲ့ပါတယ်”ဟုလည်း သူက ဆက်ပြောခဲ့သည်။

ယခုအချိန်တွင် ထိုကိစ္စများကို အပြစ်တင်နေမည့်အစား ပြန်လည်ပြင်ဆင်ရန် နည်းလမ်းကိုသာ ကြံဆ သင့်သည်ဟု ဦးရွှေမန်းက အမတ်များကို ပြောကြားခဲ့သည်။ ထို့အတူ မြေသိမ်းသူများသည် အချိန်မီ ပြန်ပေးပါက ယခုလို ဝေဖန်မှုများ ရှိလာမည်မဟုတ်ကြောင်းလည်း ထောက်ပြခဲ့သေးသည်။

မြေပုံမဲဆန္ဒနယ်မှ အမတ်ဦးဖေသန်းကမူ ယင်းကဲ့သို့ လွှတ်တော်တွင် စစ်တပ်နှင့် ပတ်သက်၍ ဆွေးနွေးမှုကို စစ်သားအမတ်က ကန့်ကွက်ခြင်းသည် “သူတို့ရဲ့ ဂုဏ်သိက္ခာကို ထိတယ်ဆိုပြီး မခံနိုင်ဖြစ်တာပေါ့။ မိဘတွေ လုပ်ခဲ့တဲ့ ကောင်းမွေ၊ ဆိုးမွေကို သားသမီးတွေက ခံရမှာပဲလေ”ဟု ဝေဖန် ပြောဆိုသည်။

Mizzima - News in Burmese
" သောက်ရှက်မရှိတဲ့ သောက်ရှက် "

Friday, August 02, 2013

အာဏာရှင်ကို တွန်းလှန်ခဲ့သူများအား မပြတ်ဂုဏ်ပြုခြင်းသည် အာဏာရှင်စနစ်ကို တော်လှန်ခြင်းဖြစ်ဟု ဦးဝင်းတင်ဆို

August 1, 2013 at 5:51pm

ကေဇင်ဦး | ကြာသပတေးနေ့၊ သြဂုတ်လ ၀၁ ရက် ၂၀၁၃ ခုနှစ် ၁၇ နာရီ ၄၆ မိနစ်

အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ပြီး အသက်စွန့်ခဲ့သူများကို အမြဲမပြတ် ဂုဏ်ပြုနေခြင်းသည် အာဏာရှင်စနစ်ကိုပင် တော်လှန်နေခြင်းဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာယက ၀ါရင့်သတင်း စာဆရာကြီး ဟံသာဝတီဦးဝင်းတင်က ဇူလိုင် ၃၁ ရက်က ပြောကြားသည်။

“ကိုကိုးကျွန်း ပြည်သူ့ သူရဲကောင်းနေ့” ဟု အမည်ပေးထားသည့် ဗိုလ်ချုပ်ကြီး နေ၀င်း၏ တော်လှန်ရေးကောင်စီ အုပ်ချုပ်စဉ်ကာလက တစ်သက်တစ်ကျွန်း အပို့ခံရသည့်သူများထဲမှ ရှစ်ဦး အစာငတ်ခံ တိုက်ပွဲဝင်ရင်း သေဆုံးခဲ့သည့်နေ့ကို ဂုဏ်ပြုသည့် ၄၂ ကြိမ်မြောက် အခမ်းအနားတွင် ဟံသာဝတီဦးဝင်းတင်က ထိုကဲ့သို့ ထုတ်ဖော် ပြောကြားလိုက်ခြင်း ဖြစ်သည်။

NLD ပါတီ တည်ထောင်ပြီး နောက်တစ်နှစ် ၁၉၈၉ ခုနှစ်မှ ရွှေဝါရောင်တော်လှန်ရေးဖြစ်ပြီး နောက်တစ်နှစ် ၂၀၀၈ ခုနှစ်အထိ ၁၉နှစ်တိုင်တိုင် စစ်အစိုးရက ထောင်ချထားခဲ့သူ ဦးဝင်းတင်က “အာဏာရှင်စနစ်ဆိုတာ စစ်အစိုးရလက်ထက်၊ တစ်ပါတီအစိုးရ လက်ထက်မှာတင်မက ဒီမိုကရေစီအစိုးရ လက်ထက်မှာလဲ ရှိပါတယ်။ အစိုးရရဲ့ အမည်နာမနဲ့ မဆိုင်ပါဘူး အဲဒီအဖွဲ့အစည်းမှာ ပါဝင်တဲ့သူတွေရဲ့ စိတ်သဘောထားနဲ့ပဲ ဆိုင်ပါတယ်”ဟု ဆက်ပြောသည်။

“အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်ခဲ့တဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုနေတာဟာ မျက်မှောက်ခေတ်မှာရော၊ အနာဂတ်မှာပါ အာဏာရှင်တွေကို ဆန့်ကျင်နေတာပါပဲ။”ဟုလည်း သူက ဆိုသည်။

ပထစအစိုးရထံမှ ဗိုလ်ချုပ်ကြီးနေ၀င်းက အာဏာသိမ်းအပြီး ခုနစ်နှစ်အကြာ ၁၉၆၉ခုနှစ်တွင် ကိုကိုးကျွန်း အကျဉ်းထောင်သို့ ပို့လွှတ်ခြင်းခံရသော အကျဉ်းသားများက ထိုထောင်ကိုဖျက်သိမ်းရန် ၅၃ ရက် (နှစ်လ နီးပါး) အစာမစားဘဲ ဆန္ဒပြခဲ့ကြသူ ၂၉ ဦးအနက် ရှစ်ဦးမှာ သေဆုံးခဲ့ရသည်။

လက်ရှိတွင် ထိုအစာငတ်ခံတိုက်ပွဲ၌ ပါဝင်ခဲ့သူများအနက် ရဲဘော်ချို၊ ရဲဘော် ဖေအောင်၊ ရဲဘော် တင်အောင်တို့ သုံးဦးသာ အသက်ရှင်လျက် ကျန်ရှိတော့သည်။

၁၉၆၉ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်က စတင်၍ ဗိုလ်ချုပ်ကြီးနေ၀င်းသည် နိုင်ငံရေးပါတီဝင်များ၊ အလုပ်သမားများ၊ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများ၊ ကဗျာဆရာ၊ စာရေးဆရာ၊ သတင်းစာဆရာများ၊ ကြည်းတပ်လေတပ်၊ ရေတပ်မှ တပ်မတော်သားများ စုစုပေါင်း၂၃၀ ကျော်ကို နိုင်ငံရေးပုဒ်မဖြင့်တပ်ကာ ကိုကိုးကျွန်းသို့ ပို့ဆောင်ခဲ့သည်ဟု ၅၃ ရက် အစာငတ်ခံတိုက်ပွဲအပြီး တစ်ကျွန်းထောင်မှ ပြန်လွတ် လာသူ ရဲဘော်ချိုက ပြောသည်။

“ကျွန်တော်တို့ရဲ့ တိုက်ပွဲဝင်မှုဟာ ကျွန်းဖျက်သိမ်းရေး တစ်ခုတည်းအတွက် မဟုတ်ပါဘူး၊ တစ်ပြည်လုံး အတိုင်းအတာနဲ့ ပြည်သူတွေရဲ့ ဒီမိုကရေစီအရေး၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးတိုက်ပွဲရဲ့ တစ်စိတ် တစ်ပိုင်း ဖြစ်ပါတယ်”ဟု ရဲဘော်ချိုက ၄၃ နှစ်မြောက် အစာငတ်ခံတိုက်ပွဲ အထိမ်းအမှတ် အခမ်းအနား တွင် အတွေ့အကြုံများကို ရှင်းပြရာ၌ ထည့်သွင်း ပြောကြားခဲ့သည်။

အစာငတ်ခံ ဆန္ဒပြ တိုက်ပွဲဝင်သူ ရှစ်ဦး သေဆုံးပြီးနောက် ဗိုလ်ချုပ်ကြီးနေ၀င်း အစိုးရသည် ၁၉၇၁ ခုနှစ် ဇွန် ၉ ရက်တွင် တစ်ကျွန်းစနစ်ကို ဖျက်သိမ်းကြောင်း တရားဝင် ကြေညာခဲ့ရသည်။ 

Credit To >> Mizzima - News in Burm << 

Monday, July 22, 2013

အရွယ်မရောက်တဲ့ကလေးသူငယ်တွေဒီလိုမုဒိန်းအကျင့်ခံနေရတာ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု အလွန်အားနဲနေလို့ပါပဲ

သူငယ်တန်း ကျောင်းသူ အဓမ္မပြုခံရမှု အတန်းဖော်များ စစ်ဆေး မေးမြန်းခွင့် မပြုနိုင်ဟု မိဘများဆို

22.7.2013

ရန်ကုန် တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ရွှေပျောက်ကျေးရွာရှိ သူငယ်တန်း ကျောင်းသူ တစ်ဦး အဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သက်၍ အတန်းဖော် သူငယ်တန်း ကျောင်းသားများကို ခေါ်ယူ စစ်ဆေးခွင့် လုံးဝ မပြုနိုင်ဟု ယင်းကလေးငယ်များ၏ မိဘများက The Voice သို့ ပြောကြား သည်။

ဇူလိုင်လ ၂၀ ရက်နေ့က ယင်း ကလေးများ၏ မိဘ ၁၀ ဦးကို ကျောက်တန်း မြို့နယ် ရဲစခန်းက ကျေးရွာ အုပ်ချုပ်ရေးမှူး အိမ်သို့ ခေါ်ယူ တွေ့ဆုံခဲ့ပြီး ကလေးများကို စစ်ဆေး မေးမြန်းခွင့် ပြု မပြု မေးမြန်းရာတွင် ကလေးငယ် များ၏ အနာဂတ် အစွန်းအထင်းဖြစ်မည် စိုးသဖြင့် စစ်ဆေး မေးမြန်းခွင့် မပြုနိုင်ကြောင်း ပြန်လည် ဖြေဆိုခဲ့ပြီး၊ ထိုသို့ ခွင့်မပြုနိုင်ကြောင်းကို လက်မှတ် ထိုးခဲ့ရသည်ဟု ကျောင်းသား မိဘ တစ်ဦးက ဆိုသည်။

“အထက်ကို တင်ပြပါဦးမယ်လို့ သူတို့က ပြောတယ်။ ဒီလိုအရွယ်လေးတွေနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး၊ ကလေးတွေကို ခေါ်စစ်မယ့်အရေး တွေးပြီး ညတွေမှာ အိပ်လို့တောင် မရဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါ သူငယ်တန်း ကျောင်းသူ အပါအဝင် ပအို့ဝ် တိုင်းရင်းသူ သုံးဦးကို ဗဟန်းမြို့နယ်၊ တောင်ကြီး ကျောင်းတိုက်ရှိ သံဃာ တစ်ပါးထံမှ ရွှေမင်းသမီး တည်းခိုခန်းပိုင်ရှင်က ခေါ်ယူမွေးစားထားခြင်းဖြစ်ပြီး၊ ဇွန်လ ၂၈ ရက်နေ့ တွင် ကျောက်တန်းမြို့နယ် ဆေးရုံသို့ တည်းခိုခန်း မန်နေဂျာနှင့် အလုပ်သမား တစ်ဦးတို့က မိန်းကလေးငယ်၏ ဒဏ်ရာများကို လာရောက် ပြသရာ သာမန်ဒဏ်ရာ မဟုတ်ဘဲ အဓမ္မ ပြုကျင့်ခံထားရသည့် ဒဏ်ရာများ ဖြစ်နေသည်ကို တွေ့ရှိသောကြောင့် ရဲစခန်းသို့ အကြောင်းကြား ခဲ့ပြီး အမျိုးသမီး ဆေးရုံသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

အဓမ္မပြုကျင့်ခံရသည့် ကျောင်းသူမှာ ၄င်းနေထိုင်ရာ ရွှေမင်းသမီး တည်းခိုခန်းရှိ ကောက်ရိုးပုံတွင် လူကြီး တစ်ဦးက သုံးကြိမ် တိုင်တိုင် ပြုကျင့်ခဲ့သည်ဟု ပထမအကြိမ်တွင် ထွက်ဆိုခဲ့ပြီး၊ တစ်ပတ်ခန့် အကြာ ဒုတိယ အကြိမ် ထွက်ဆိုရာတွင် သူငယ်တန်း ကျောင်းသား တစ်ဦးက ကျောင်းဝင်းထဲတွင် အဓမ္မ ပြုကျင့်ပါသည်ဟု ပြင်ဆင် ထွက်ဆို ခဲ့ကြောင်း ရွှေပျောက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

အဆိုပါ ကျောင်းသူသည် ပအို့ဝ် တိုင်းရင်းသူ တစ်ဦးဖြစ်ပြီး မြန်မာစကားကို “ဟုတ်ကဲ့” တစ်လုံးတည်း သာ ပြောဆိုတတ်ကြောင်း၊ တစ်စုံတစ်ရာ အရေးအကြောင်း ရှိပါက အခြား ပအို့ဝ် တိုင်းရင်းသူ သူငယ်တန်း ကလေး နှစ်ဦးမှ တစ်ဆင့် ဆရာ၊ ဆရာမများကို ခွင့်တောင်းရကြောင်းဟု အဆိုပါ မူလတန်း ကျောင်းအုပ်ဆရာကြီး ဦးအေးသောင်းက ဆိုသည်။

“ရေသောက်သွားတာ၊ အိမ်သာသွားတာကအစ စကားပြန် ကလေးတွေ အမြဲတမ်း အဖော်ပါတယ်၊ ပြီးတော့ ခလုတ်တိုက်တာ၊ ခဲတံနဲ့ ထိုးမိတာက အစ ဆရာ၊ ဆရာမတွေကို တိုင်ကြတယ်၊ အခုလို ကိစ္စမျိုးကို ကျူးလွန်ဖို့ ဆိုတာ ကျောင်းဝင်းထဲမှာ မဖြစ်နိုင်ပါဘူး၊ ၉၉ ရာခိုင်နှုန်း အာမခံ ပါတယ်၊ ကျောင်းဝင်းထဲမှာ ကလေးငယ်တွေ ခေါ်စစ်မှာကိုလည်း ခွင့်မပြုနိုင် ပါဘူး” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

သင်္ဃန်းကျွန်းမြို့နယ် မှုခင်း ကျွမ်းကျင် ဆရာဝန်ကြီးများနှင့် ဗဟို အမျိုးသမီး ဆေးရုံမှ သားဖွားမီးယပ် ဆရာဝန်များ၏ စစ်ဆေးချက်အရ ယင်း သူငယ်တန်း ကျောင်းသူမှာ အဓမ္မ ပြုကျင့်ခံရကြောင်း၊ သို့သော် ကလေးချင်း ကျူးလွန်ခြင်း မဖြစ်နိုင်ကြောင်းကို ဆေးပညာအရ သိနိုင်ကြောင်း ကျောက်တန်း မြို့နယ် ဆေးရုံမှ လက်ထောက် ဆရာဝန် တစ်ဦးက The Voice သို့ ပြောဆိုသည်။

ယင်းသူငယ်တန်း ကျောင်းသူ အဓမ္မ ပြုကျင့်ခံရမှုကို ကျောက်တန်းမြို့နယ် ရဲစခန်းမှ စခန်းမှူးဖြစ်သူ ဒုရဲမှူး ခင်စိုးမှ တရားလိုပြု တိုင်ကြားထားပြီး၊ (ပ)၂၀၅/၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၆၊ ၃၇၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

အဆိုပါ အမှုနှင့် ပတ်သက်၍ ယင်း ရဲစခန်းကို ဇူလိုင်လ ညနေ ၄ နာရီခန့်က The Voice မှ သွားရောက် မေးမြန်းသော်လည်း စခန်းမှူး မရှိကြောင်း တာဝန်ရှိသူ တစ်ဦးက ပြန်လည် ဖြေကြားခဲ့သည်။

အောင်မျိုးထက်၊ ဟိန်းသွင်ထက်

The Voice Weekly

ငါတို့မြန်မာပြည်လည်း တရုတ်ဝင်လိုက် ကုလားဝင်လိုက်နဲ့ သာလာယံဇရပ်ကြီးကြနေတာပဲ

တရားမဝင်နေထိုင်သူ တရုတ်နိုင်ငံသား ၈ ဦးကို အရေးယူ

မိုင်းတုံ၊ ဇူလိုင် ၂၁

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်း တရားမဝင် ရောက်ရှိလာသူ တရုတ်နိုင်ငံသား ၈ ဦးကို ဇူလိုင်၁၈ ရက် နေ့ ညနေ၌ ပူးပေါင်းစစ်ဆေးရေး အဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း မိုင်းတုံမြို့နယ်၊ လူဝင်မှု ကြီးကြပ်ရေးဌာန လက်ထောက် လူဝင်မှုကြီး ကြပ်ရေးမှူး ဦးစိုင်းနောင့်က ပြောကြားသည်။

ဖမ်းဆီးခံရသူများသည် မြန်မာ-တရုတ်နယ်စပ် မိုင်းလားဂိတ်မှ တာချီလိတ်အထိသာ တရားဝင် လာရောက်ခွင့် ပြုထားသူ ခြောက်ဦးနှင့် တရုတ်နိုင်ငံမှ ထိုင်းနိုင်ငံသို့ ပြေးဆွဲနေသော တရုတ်ပိုင် ကွမ်လေသင်္ဘောမှ စက်ပြင်ဆရာနှစ်ဦးတို့ ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ခြောက်ဦးက Enter Permit (EP) နှင့်ဝင်ပြီး မိုင်းတုံက ရွှေကျင်တဲ့လှေ ကို ပြုပြင်ဖို့လာတယ်လို့ အစစ်ခံတယ်။ နောက်နှစ်ဦးက တရုတ်မှတ်ပုံတင်နဲ့ Passport ပါပေမယ့် ပြည်ဝင်ခွင့် အထောက်အထား မပါဘူး” ဟု ၎င်းကဆိုသည်။

ရွှေကျင်သည့် လှေပြင်ရန် ခေါ်ဆောင်လာစဉ် တာချီလိတ်တွင် ပြည်ဝင်ခွင့် သက်တမ်း ကုန်သွားသူ တရုတ်နိုင်ငံသား ခြောက်ဦးနှင့်အတူ တာချီလိတ် ဆိပ်ကမ်းရောက် တရုတ်စက်ပြင်ဆရာ နှစ်ဦးတို့သည် လိုင်စင်မဲ့ တိုက်ဂါး အမျိုးအစားယာဉ်အမှတ် ၄ဂ/၂၆၅၁နှင့် လိုင်စင်မဲ့ဗီဂို အမျိုးအစား ၄ဂ/၁၉၇၃ တို့ဖြင့် တာချီလိတ်-မိုင်းဆတ်-မိုင်းတုံ လမ်းကြောင်းအတိုင်း မိုင်းတုံမြို့သို့ လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း မိုင်းတုံ ရဲတပ်ဖွဲ့စခန်း ရဲအုပ် ဦးစိုးညွန့်အောင်က ပြောကြားသည်။

ဝင်ရောက်လာသူများနှင့် အားပေး ကူညီပို့ဆောင်ခဲ့သူများကို လဝက အက်ဥပဒေများနှင့် အရေးယူသွားမည် ဖြစ်ကြောင်း ကျိုင်းတုံမြို့ရှိ ရှမ်းပြည်နယ်အရှေ့ပိုင်း လဝက ပြည်နယ်မှူး ဒုတိယညွှန်ကြားရေးမှူး ဦးစိုင်းဖုန်းတင့်က ဆိုသည်။

တရုတ်နိုင်ငံသား ခြောက်ဦးမှာ ဖူလန်ပြည်နယ်သားများဖြစ်ပြီး မိုင်းလား နယ်စပ်ဂိတ်မှ ကျိုင်းတုံ-တာချီလိတ်အထိ ဇူလိုင်၁၂ ရက်မှ ၂၂ရက်နေ့အထိ တရားဝင် သွားလာခွင့် ရှိကြောင်း ၎င်းတို့၏နယ်စပ် ဖြတ်ကျော် ဝင်ရောက်ခွင့် လက်မှတ်ပါ ဖော်ပြထားချက်အရ သိရသည်။

ဖမ်းဆီးထားသူ တရုတ်နိုင်ငံ ဖူလန်ပြည်နယ်နေ ကျန်းရှုပင်ပါ ခြောက်ဦးအား မိုင်းတုံရဲစခန်းက အမှုအမှတ် ၈/၂၀၁၃၊ လဝက အက်၁၃(၁) ဖြင့်လည်းကောင်း၊ ခွင့်ပြုချက်မရှိဘဲ တရားမဝင် ရောက်ရှိ လာသူ တရုတ်နိုင်ငံ စီချွမ်ပြည်နယ်နေ ဟွမ်းကျင်းပါနှစ်ဦးအား ၉/၂၀၁၃ လဝကအက်၁၃ (၁) ဖြင့် လည်းကောင်း၊ မိုင်းတုံမြို့မရဲစခန်းတွင် မိုင်းတုံမြို့နယ် လဝက ဦးစီးမှူးက အမှုဖွင့် တရားစွဲဆိုထားပြီး လိုက်လံပို့ဆောင်သူ အိုက်ကျော်နှင့် အိုက်ချန်တို့ကို လိုင်စင်မဲ့ယာဉ်များ လက်ဝယ်တွေ့ရှိမှုဖြင့် သွင်းကုန်/ထုတ်ကုန် ဥပဒေပုဒ်မ (၈)အရ ၁၀/၂၀၁၃ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ဗိုလ်ချုပ်အောင်ဆန်းလက်ရေးမူ ရေနံချောင်းမြို့တွင် ဆက်ထားရန်တောင်းဆို

ရန်ကုန်၊ ဇူလိုင် ၂၀

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၁၉၃၃ ခုနှစ် ကျောင်းသားဘဝက ရေးသားခဲ့သော ပါဠိဘာသာ မှတ်စုစာအုပ်ကို ရေနံချောင်းမြို့တွင် ဆက်လက်ထားရှိရန် မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက တောင်းဆိုကြောင်း ယင်းပါတီ ဒုတိယဥက္ကဋ္ဌ ဦးတင့်လွင်က The Voice သို့ ပြောကြားသည်။

ရေနံချောင်းမြို့ အထက (၁) ကျောင်းစာကြည့်တိုက်တွင် နှစ်ပေါင်းများစွာ မှန်ဘောင်သွင်း သိမ်းဆည်းထားသော ယင်းလက်ရေးမူကို ဇူလိုင်လ ၁၉ ရက်နေ့တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ရေနံချောင်းမြို့သို့ ရောက်ရှိစဉ် ကျောင်းအုပ်ကြီးနှင့် မြို့နယ်ပညာရေးမှူးတို့ထံမှ တောင်းယူသွားကြောင်း အထက (၁) ကျောင်းဆရာမတစ်ဦးက ရှင်းပြသည်။

သမိုင်း အမွေအနှစ်တစ်ခုကို မြို့နယ်လူထုဆန္ဒ တောင်းခံခြင်း မပြုဘဲ ယူဆောင်သွားသဖြင့် မြို့နယ်တွင်းရှိ လူမှုအဖွဲ့အစည်းများနှင့် ပါတီများက ဆန္ဒပြတောင်းခံရန် ကြိုးပမ်းနေကြောင်း ရေနံချောင်းမြို့နယ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း ဥက္ကဋ္ဌ ကိုဘိုဘိုလွင်က ပြောကြားသည်။

မြို့နယ် ဒုဥက္ကဋ္ဌ ဦးတင့်လွင်က“ဗိုလ်ချုပ်နဲ့ ဆိုင်တဲ့ပစ္စည်းတွေ အစအန ဖျောက်ပစ်မှာကို လူတွေက စိုးရိမ်နေတယ်” ဟုဆိုသည်။

ယင်းလက်ရေးမူကို ရေနံချောင်းမြို့တွင် ဆက်လက်မထားရှိလိုပါက ဗိုလ်ချုပ်အောင်ဆန်း၏ အမွေဆိုင် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ထံ အပ်နှံသင့်ကြောင်း ၎င်းကအကြံပြု ပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးမူစာအုပ်မှာ ဆွေးမြည့်နေသဖြင့် ရေရှည် ထိန်းသိမ်းထားနိုင်ရေးအတွက် နိုင်ငံတော်သို့ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က လှူဒါန်းကြပြီး (၆၆) နှစ်မြောက် အာဇာနည်နေ့တွင် မှတ်တမ်းတင်လောက်သည့် လှူဒါန်းမှုအဖြစ် နိုင်ငံပိုင် မီဒီယာများက ဖော်ပြခဲ့ကြသည်။

နတ်မောက်ဇာတိ ဗိုလ်ချုပ်အောင်ဆန်းသည် အသက် ၁၃ နှစ်သားအရွယ်တွင် ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ယူခဲ့ရာ ပညာထူးချွန်သဖြင့် သတ္တမတန်းတွင် အထက်တန်း စကောလားရှစ်နှင့် ဦးရွှေခိုဆုကို ရရှိခဲ့ဖူးပြီး ၁၉၃၂ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ ပါဠိနှင့်မြန်မာစာ ဂုဏ်ထူးများဖြင့် ‘အေ’ အဆင့်မှ အောင်မြင်ကာ ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွှေ့ပညာဆည်းပူးခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း ပညာသင်ယူခဲ့ဖူးသည့် အမျိုးသား အထက်တန်းကျောင်းကို ရေနံချောင်းမြို့ ရွာသစ်ရပ်ကွက်တွင် မူလတန်းကျောင်းအဖြစ် ယခုအချိန်ထိ ဆက်လက်ဖွင့်လှစ်ထားပြီး ဒေသခံ များက ဗိုလ်ချုပ်ကျောင်းဟု အမည်သမုတ်ကြသည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေ သတိလစ်မေ့မျောနေ

shared Tin Maung Aye's photo.
အာဏာရှင်ဟောင်း ဦးသန်းရွှေ သတိလစ်မေ့မျောနေ

 အာဏာရှင်ဟောင်း ဦးသန်းရွှေ သတိလစ်မေ့မျောနေ
ယခု ထက်တိုင် နိုင်ငံ တော် အာဏာ ကို ချုပ် ကိုင် ထား ဆဲ လို့ 
ယူဆရတဲ့ မြန်မာ့ စစ်အာဏာရှင် ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ဟာ ပြီး ခဲ့ တဲ့ တနင်္ဂနွေ နေ့ ညနေက  မြန်မာရုပ်ရှင်ဇာတ်ကားတစ်ခုကို  မြေးဖြစ်သူ နေရွှေသွေးအောင် အပါအ၀င် မိသားစု နဲ့ အတူ ကြည့်ရှုအပြီး မှာ သတိလစ် မေ့ မျော သွား ခဲ့ ပြီး တနင်္လာ နေ့  ညနေမှာ သတိ ပြန်လည် လာ က နောက်နေ့  တွေ မှာတော့ သတိမရ တစ်ချက် ရတစ် ချက် ဖြစ်နေပြီး အခု ထက်ထိ အိပ်ရာ ထက် လဲ နေဆဲ ရှိကြောင်း သူ့  မိသား စု နဲ့  နီးစပ် သူ တစ်ဦး ကFNG ကို အတည် ပြုပြောကြား ပါတယ်။
ကနဦးက သူဟာ သေဆုံးသွား ခဲ့ ပြီ ဟု သတင်းများ ထွက် ပေါ် ခဲသေး သည် ဟု နေပြည်တော်ရှိ စစ်တပ် အရာ ရှိ အသိုင်းအ၀ိုင်း က အတည် ပြုပြောကြားသည်။
အသက် ၇၉ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ရဲ့  ကျန်းမာရေး အခြေအနေ နဲ့ ပတ်သက်ပြီး ရန်ကုန် မြို့  က သူ့ မိသား စု နဲ့  နီးစပ် တဲ့ အကြီးစား စက်မှုလုပ်ငန်း ရှင် တစ်ဦးက ” တနင်္လာ နေ့ မှာ ကျွန်တော် တို့  စကြားတယ်။ အဖိုးကြီး အိပ်ယာထဲ မျော သွား တယ်လို့ သမ္မတရော ၊ ကာကွယ် ရေး ဦးစီးချုပ် ရော အိမ်မှာ အသင့် ရှိနေကြရတယ်။ ကိုမာ လို သတိမလည် တော့ မယ့် ပုံစံမျိုး ဖြစ်နေ တယ်။ သူ့ ရဲ့  လုပ်ဖော် ကိုင် ဖက် တွေ က စင်္ကာပူ မှာ သွားပြီး ဆေးကု သစေချင် တယ်။ မိသား စု က သဘောမတူ ဘူး” ဒါနောက် ဆုံး သိရတာ ပဲဟုFNGသို့ ပြောသည်။ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ သည် ပြီး ခဲ့ သည့် မတ်လ ၃၁ ရက်နေ့ က စစ်အုပ်ချုပ် ရေး ယန္တယားဖြစ်သည့် နိုင်ငံတော် အေးချမ်း သာယာရေး နှင့် ဖွံ့ ဖြိုးရေး ကောင်စီ ကို ဖျက် သိမ်းကာ အများ
က သံသယ  ရှိသည့် အရပ်သား အုပ်ချုပ် ရေး ကို အသက်ဝင်စေခဲ့ သည်။
ပြီးခဲ့ သည့် ဇူလိုင် လ ဆန်း က ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ၏ဇနီး ဖြစ်သူ ဒေါ်ကြိုင်ကြိုင် လည်းသည်းထန်စွာ မကျန်းမမာ ဖြစ် ခဲ့ သည် ဟု သတင်း ရရှိသည်။၎င်း သည် ယခု ထက် တိုင် သူ၏ ကိုယ်ရံတော် တပ် ဖွဲ့ နှင့် အတူ နေထိုင် ပြီး ၎င်း အဖွဲ့  မှ ခေါင်းဆောင် ဗိုလ်မှုး ကျော်ကျော် သည် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ၏ ခန္တကိုယ်ကို ပင် စေ့စပ်စွာ ရှာ ဖွေ ပြီး မှ အိမ်ထဲ ၀င်ခွင့် ပြုသည် ဟု သိရသည်။မြန်မာ့ ဆိုရှယ် လစ် လမ်းစဉ် ပါတီ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး နေ၀င်း သည် ၂၀၀၀ ပြည့် နှစ် က
စင်္ကာပူ ဉ် သွားရောက် ဆေးကုသ ခံယူပြီး ၂၀၀၁ ခု နှစ် တွင် နေအိမ် အကျယ်ချုပ် 
ချမှတ်ခံရသည်။ 

တင်ကျော်ကျော်စိုး (FNG) မှကူးယူဖော်ပြသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဆရာမောင်ဝံသထံသို့ လာရောက်အားပေး

ဝိတိုရိယဆေးရုံ၌ ဆေးကုသမှုခံယူနေသည့် စာရေးဆရာ သတင်းစာ ဆရာ မောင်ဝံသ ထံသို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း ဆုကြည်သည် ၂၁ ဇူလိုင် ၂၀၁၃ ညနေပိုင်းက ၁နာရီခန့်လာရောက်၍ နွေးထွေးစွာ အားပေး စကား များပြောကြားခဲ့သည်။

ဆရာမောင်ဝံသက မိမိ၏ ကျန်းမာရေး ပြန်လည်ထူထောင်လိုခြင်းမှာ စင်စစ်အားဖြင့် တိုင်းပြည်အတွက် နိုင်ငံရေးဝေဖန်ချက်များ ဆက်လက်ရေး သားလို၍ ဖြစ်ကြောင်း ပြောဆို၍ ဒေါ်အောင်ဆန်းစုကြည်က “ဆရာ ဘာတွေရေးချင်တာလဲ”ဟု မေးမြန်းသည်။
ဆရာမောင်ဝံသက တိုင်းပြည်၏ လတ်တလော နိုင်ငံရေးပြသနာများ အပေါ် မိမိ၏ ထင်မြင်ချက်နှင့် အယူအဆများ ရှင်းလင်းတင်ပြသည်။ 

ထို့နောက် ဒေါ်အောင်ဆန်းစုကြည် သည် ၀ိတိုရိယဆေးရုံတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ပြည်တွင်းကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အခြေအနေများ မေးမြန်းဆွေးနွေးပြီး ပြန်လည်ထွက်ခွာသွားသည်။
Lik

Thursday, July 18, 2013

အာဇာနည်နေ့ အထိမ်းအမှတ် ဥသြဆွဲခြင်း ပြန်လုပ်ရန် စီစဉ်

ဗိုလ်ချုပ်ကြေးရုပ်မှ အာဇာနည်ကုန်းအထိ လမ်းလျှောက် ဂုဏ်ပြုခြင်းလည်း ပြုလုပ်မည်

ဇူလိုင် ၁၉ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဥသြဆွဲ ဂုဏ်ပြုခြင်း အစီအစဉ်ကို မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ် ၃၅ မြို့နယ်တွင် တက္ကသိုလ်ကျောင်းသားများအဖွဲ့(တကသ)များမှ ဦးစီးပြီး ပြုလုပ်မည်ဖြစ်သည်ဟု တကသအဖွဲ့မှ အလုပ်အမှုဆောင် ကိုနန်းလင်းက မဇ္ဈိမသတင်းစာသို့ ပြောသည်။

၎င်းက “အာဇာနည်နေ့မှာ ဥသြဆွဲဖို့ကို ၃၅မြို့နယ်လို့ သတ်မှတ်ထားပေမယ့် ကျွန်တော်တို့ကျောင်းသား အဖွဲ့တွေက နယ်မြို့တွေကို သွားနိုင်မှာ မဟုတ်ဘူး၊ ကျွန်တော်တို့နဲ့ ပူးပေါင်းလုပ်ဆောင်မယ့် နယ်ခံတွေကတော့ ရှိနေမယ်၊ ဥသြဆွဲဖို့အတွက်ကို စီဒီခွေတွေ ကြိုပြင်ထားပြီးပြီ၊ တချို့ ကားသမားတွေကိုလဲ အချိန်ကျရင် ဟွန်းတွေ တီးပေးဖို့ ပြောထားတာလဲ ရှိတယ်”ဟု ဆိုသည်။

ရန်ကုန်မြို့တွင်သာမက ပုသိမ်၊ ဟင်္သာတ၊ ထားဝယ်နှင့် လွိုင်ကော်မြို့များရှိ ပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့များနှင့် ညှိနှိုင်းမှုများ ပြုလုပ်ထားပြီး ဥသြဆွဲသံများ ထုတ်လွှင့်နိုင်ရန်လည်း စီဒီခွေများ ပေးပို့ထားပြီး ဖြစ်သည်ဟုလည်း အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုစည်သူမောင်က ဆိုသည်။

ရန်ကုန်မြို့တွင်း မြို့နယ်များ၌ ကျောင်းသား ဆယ်ဦးခန့်နှင့် ပြည်သူများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဂုဏ်ပြုအခမ်းအနားကို လုပ်ဆောင်မည်ဖြစ်ပြီး အနက်ရောင် ကျောင်းသားခွပ်ဒေါင်း အလံများအား ကိုင်ဆောင်မည်ဟုလည်း ကိုနန်းလင်းက ပြောပြသည်။

ရန်ကုန်မြို့ရှိ မြို့နယ်များတွင် တစ်မိနစ်ခန့် ဥသြဆွဲကာ စုရပ် ငါးနေရာ ထပ်မံသတ်မှတ်၍ မြို့နယ်အသီး သီးမှ အာဇာနည်ကုန်းသို့ ပန်းခြင်းများဖြင့် သွားရောက် အလေးပြုမည် ဖြစ်သည်။

အရပ်ဘက် လူမှုအဖွဲ့အစည်း ၅၀ ကျော်ကလည်း ဂုဏ်ပြု လမ်းလျှောက်မည်

အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အရပ်ဘက် လူမှုအဖွဲ့အစည်း ၅၀ ကျော်ကလည်း ဗိုလ်ချုပ်ပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် နံနက် ကိုးနာရီခွဲမှ စတင်ကာ ဂုဏ်ပြု အလေးပြုကြမည်ဖြစ်ပြီးနောက် အာဇာနည်ကုန်းသို့ ဂုဏ်ပြု လမ်းလျှောက်ကြမည်ဖြစ်သည်ဟု ငြိမ်းချမ်းရေး လူငယ်လမ်းလျှောက်အဖွဲ့မှ ကိုရန် နိုင်ထွန်းက ပြောသည်။

ယင်းအစီအစဉ်အတွက် အနည်းဆုံး လူဦးရေ ငါးရာခန့် ပါဝင်မည်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

၎င်းက “ခွင့်ပြုမိန့် တင်မထားပါဘူး။ နေ့ထူးနေ့မြတ်မှာ ပြုလုပ်မယ့် ပွဲမို့လို့လည်း မလိုအပ်ဘူးလို့ ထင်ပါ တယ်။ ဒီလို အခမ်းအနား ပြုလုပ်မယ်ဆိုတာ ၀န်ကြီးချုပ်ဆီ စာတင်ထားပါတယ်”ဟု ဆိုသည်။

ယင်းနေ့တွင် ဂုဏ်ပြုရန် လာရောက်သူများ အားလုံးကို အနက်ရောင် အ၀တ်အစားများ ၀တ်ဆင်ပေးရန်လည်းမေတ္တာရပ်ခံထားသည်ဟုလည်း ကိုရန်နိုင်ထွန်းက ပြောသည်။

အာဇာနည်နေ့တွင် တက္ကသိုလ်ကျောင်းသား အဖွဲ့များနှင့်အတူ သက်ဆိုင်ရာ မြို့နယ်အသီးသီးတို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့များ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ လူမှုအရပ်ဘက်အဖွဲ့အစည်းများ၊ လူ့အခွင့်အရေး လုပ်ဆောင်နေသူ အဖွဲ့အစည်းများမှ ပူးပေါင်းလုပ်ဆောင်မည်ဟု တကသအဖွဲ့များက ဆိုသည်။ 

 Credit To >Mizzima - News in Burme

Monday, June 17, 2013

ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ-ဥရောပ ဗုဒ္ဓသာသနာ ပြန့်ပွားရေးအသင်း ဂုဏ်ထူးဆောင် နာယကခန့်

    • ရန်ကုန်၊ ဇွန် ၁၆

  • အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ-ဥရောပ ဗုဒ္ဓသာသနာပြန့်ပွားရေးနှင့် ယဉ်ကျေးမှု ထွန်းကားရေးအသင်း၏ ဂုဏ်ထူးဆောင် နာယကအဖြစ် ဇွန်လ ၁၅ ရက်နေ့တွင် ခန့်အပ်လိုက်ကြောင်း ယင်းအသင်း ဦးဆောင်နာယက လန်ဒန်မြို့ သာသနရံသီဝိဟာကျောင်း ဆရာတော် အရှင်ဥတ္တရက မိန့်ကြားသည်။

    မြန်မာ - ဥရောပ ဗုဒ္ဓသာသနာ ပြန့်ပွားရေးနှင့် ယဉ်ကျေးမှု ထွန်းကားရေး အသင်း၏ ဦးဆောင်နာယကနှင့် အဖွဲ့ဝင်အချို့သည် ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်တွေ့ဆုံ ခဲ့ပြီးယင်းသို့ခန့်အပ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ထူးဆောင် နာယက တာဝန်ကို လက်ခံကြောင်း အဆိုပါ အသင်း၏ ဒုတိယ အတွင်းရေးမှူး ဦးဆန်းဝင်းက ပြောကြားသည်။

    "ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချိန်မှာ နာယက တာဝန်ပေးထားတယ် ဆိုတာ ပြောခဲ့တာ။ သူကလည်း လက်ခံပါတယ်။ ပြီးတော့ လက်ရှိနိုင်ငံရဲ့ ပညာရေး၊ ကျန်းမာ ရေးနဲ့ ခုဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ဆွေးနွေး ခဲ့တယ်"ဟု ဆရာတော် အရှင်ဥတ္တရက မိန့်ဆိုသည်။

    မြန်မာ-ဥရောပ ဗုဒ္ဓသာသနာ ထွန်းကားရေးအသင်းသည် လန်ဒန်မြို့တွင် စတာလင်ပေါင် ၂ ဒသမ ၅ သန်း ကုန်ကျခံကာ ဗုဒ္ဓစင်တာ တစ်ခုကို လာမည့် ဧပြီလအမီ ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် လည်း အဆိုပါ ကိစ္စအတွက် တိုင်ပင်ခဲ့ကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားသည်။

    အဆိုပါ ဗုဒ္ဓစင်တာ တည်ဆောက် ပြီးစီးပါက ပညာတော်သင် ကြွရောက် လာသည့် ရဟန်း သံဃာများနှင့် ဥရောပရောက် မြန်မာလူမျိုးများအတွက် ဘာသာ သာသနာဆိုင်ရာ သင်တန်းများနှင့် သာသနာပြု လုပ်ငန်းဆိုင်ရာ သင်တန်းများ ပို့ချသွားမည်ဖြစ်ကြောင်း ဆရာတော် အရှင်ဥတ္တရက မိန့်ဆို သည်။

    မြန်မာ-ဥရောပ ဗုဒ္ဓသာသနာ ထွန်းကားရေးနှင့် ယဉ်ကျေးမှု ပြန့်ပွားရေး အသင်းကို ၂၀၁၃ ခုနှစ် မတ်လအတွင်း တည်ထောင်ခဲ့ပြီး သင်္ဃန်းကျွန်း မြို့နယ် ဇ/တောင်ရပ်ကွက်ရှိ သာသနာ့မဏ္ဍိုင် ကျောင်းတိုက်တွင် ယာယီရုံးခန်း ဖွင့်လှစ်ထားသည်။

    The Voice Weekly
  • Tuesday, May 28, 2013

    သမ္မဒကြီးရဲ့ ပြောင်းလဲမှုတွေလုပ်နေပါတယ်ဆိုတာ ဒါပါလား

    မေလ ၂၆ရက်ထုတ် The Daily Eleven သတင်းစာပါ အမြန်လမ်းနှင့် ပတ်သက်သော အယ်ဒီတာ့အာဘော်ကြောင့် The Daily Eleven သတင်းစာပို့သည့်ကားများအား အမြန်လမ်းမတွင် ဖြတ်သန်းခွင့်ပိတ်ပင်ကြောင်း အမြန်လမ်းပိုင်းဆိုင်ရာ တာဝန်ရှိသူတစ်ဦးဖြစ်သူ အင်ဂျင်နီယာမှူးကြီးဦးမျိုးမြင့်က ပြောကြားခဲ့ပါသည်။

    မေလ ၂၇ရက် ညပိုင်းတွင် The Daily Eleven သတင်းစာပို့သည့်ကားများ အမြန်လမ်းမှတဆင့် နေပြည်တော်သို့ သတင်းစာပို့ဆောင်ရန် ထွက်ခွာစဉ် ယနေ့သည် နောက်ဆုံးဖြတ်သန်းခွင့်ပြုခြင်းဖြစ်ကြောင်း နောက်ရက်များမှစ၍ The Daily Eleven သတင်းစာပို့သည့်ကားများကို အမြန်လမ်းမအားဖြတ်သန်းခွင့်ပြုတော့မည်မဟုတ်ကြောင်း ရန်ကုန် Toll Gate မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ Eleven Media Group သည် The Daily Eleven သတင်းစာ စတင်ထုတ်ဝေသည့်အချိန်ဖြစ်သည့် မေလ ၃ရက်နေ့မှစ၍ အမြန်လမ်းမကြီးအား ပုံမှန်အသုံးပြုခဲ့ခြင်းဖြစ်ပြီးယခုအချိန်ကျမှ ဖြတ်သန်းခွင့် တားမြစ်ခံရခြင်းဖြစ်သည်။

    အဆိုပါအယ်ဒီတာ့အာဘော်သည် မေ ၂၅ရက် နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်တွင် ဖြစ်ပွားခဲ့သော ၁၁ဦးသေဆုံးခဲ့ရသည့် ယာဉ်မတော်တဆမှုအပေါ်အခြေခံကာ အမြန်လမ်းမ၏ လိုအပ်ချက်များအား ဝေဖန်ထောက်ပြ ရေးသားခဲ့ခြင်းဖြစ်သည်။ ယင်းအယ်ဒီတာ့အာဘော်နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ၄င်း၏ဖေ့ဘွတ်စာမျက်နှာမှတဆင့် ပြန်လည်တုံ့ပြန်ရေးသားခဲ့ပြီးဖေ့ဘွတ်တွင် ထင်မြင်ချက်မှတ်ချက်ပေးသူများနှင့်လည်း အပြန်အလှန် ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုမှုများ ပြုလုပ်ထားသည်ကို တွေ့ရသည်။ ယင်းနောက်ပိုင်းတွင် ယခုကဲ့သို့ The Daily Eleven သတင်းစာပို့သည့် ကားများအား ပိတ်ပင်ခံရမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ Eleven Media Group မှ မန်းနေးဂျင်းဒါရိုက်တာဒေါက်တာသိန်းမြင့်က “ဒီကိစ္စဟာ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်တာပဲ ဖြစ်ပါတယ်။ ပြည်သူတွေ၊ နစ်နာသူတွေက သမ္မတကြီးကို လူမှန်၊ လူကောင်းအဖြစ် အားထားလို့တိုင်တယ်။ ၉ တန်းကျောင်းသူ မဂျာဆိုင်းအိန်ကိစ္စမှာလည်း သမ္မတကြီးကိုတိုင်တယ်။ ဘာမှအရေးမယူဘူး၊ မစစ်ဆေးဘူး။ တိုင်တဲ့သူကိုတရားပြန်စွဲတယ်။ အခုလည်းဒီလိုအခွင့်အာဏာအလွဲသုံးတဲ့ တာဝန်ရှိသူတွေကို ကျွန်တော်တို့တိုင်မယ်။ သမ္မတကြီးဘယ်လိုအရေးယူမလဲ” ဟုပြောကြားခဲ့သည်။

    ထို့နောက် “အကြောင်းအရာတွေကို ဆုံးဖြတ်တဲ့နေရာမှာ တပြေးညီဖြစ်ဖို့တော့ လိုပါတယ်။ ကျွန်တော်တို့ကိုခွင့်မပြုဘူးဆိုရင် မြ၀တီသတင်းစာတိုက်နဲ့ အစိုးရသတင်းစာတိုက်က အသုံးပြုတဲ့ကားတွေကိုလည်း တစ်သဘောတည်း ထားသင့်ပါတယ်။ အခုကျွန်တော်တို့ကားတွေ ဖြတ်သန်းခွင့်ကို ဘယ်လိုစံနှုန်းတွေကြောင့် တားမြစ်ခံရတယ်ဆိုတာကို သိချင်ပါတယ်” ဟုဒေါက်တာသိန်းမြင့်က ဆက်လက်ပြောကြားခဲ့သည်။

    အဆိုပါကိစ္စနှင့် ဆက်စပ်ပြီး The Daily Eleven အယ်ဒီတာချုပ် ကိုဝေဖြိုးကလည်း "ကျွန်တော်တို့ကို အခုလိုဖိအားပေးတာမျိုးတွေလုပ်လို့အယ်ဒီတာအဖွဲ့ရဲ့ ပေါ်လစီကိုလုံးဝပြောင်းလဲမှာ မဟုတ်ပါဘူး။ လာဘ်ပေးလာဘ်ယူမှုတွေ၊ ပြည်သူမတရားခံရတာတွေ၊ ထောက်ပြစရာရှိတာတွေကိုရေးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ဒီအတိုင်းပဲရေးခဲ့တယ်။ ဒီအမြန်လမ်းမကြီးဟာ တကယ်တော့ လူအများကြီးသေကြေပျက်ဆီးစေတယ်။ စံချိန်စံညွှန်းလိုအပ်နေတယ်။ နောက်၆လအကြာမှာ နေပြည်တော်မှာ ကျင်းပမယ့်ဆီးဂိမ်း ရှိနေတယ်။ နိုင်ငံတကာက အားကစားသမားတွေ ဒီလမ်းကိုအသုံးပြုလို့ မတော်တဆတစ်ခုခုဖြစ်ခဲ့ရင် တိုင်းပြည်သိက္ခာကျနိုင်တယ်။ ဒါကြောင့်ဒီလမ်းရဲ့ လိုအပ်ချက်ကို အချိန်မီပြင်ဆင်နိုင်အောင် ထောက်ပြတာပါ။ ဒီလမ်းက အမှန်တကယ်ပဲ နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ညီရင် နိုင်ငံတကာကျွမ်းကျင်သူတွေကို ခေါ်စစ်ဆေးလိုက်ရင် အဖြေပေါ်မှာပါ” ဟု ပြောကြားခဲ့သည်။

    The Daily Eleven သတင်းစာကို နေ့စဉ်အမြန်လမ်းမမှတဆင့် နေပြည်တော်နှင့် ၀န်းကျင်ဒေသများသို့ ပေးပို့နိုင်ရန် ကားဖြတ်သန်းခွင့်အား ၂၀၁၃ခုနှစ် ဧပြီလ ၂ရက်နေ့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးများသို့ တရားဝင်တင်ပြခဲ့ပြီး ခွင့်ပြုချက်ဖြင့် ဖြတ်သန်းပို့ဆောင်နေခြင်း ဖြစ်သည်။ယခုမှ ပိတ်ပင်ခြင်းနှင့်ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ စာနယ်ဇင်းလွတ်လပ်ခွင့်ကိုထိပါးသော ဂုဏ်သိက္ခာနှင့် လျော်ညီခြင်းမရှိသည့် လုပ်ဆောင်မှုများအတွက် The Daily Eleven သတင်းစာအနေဖြင့် သမ္မတထံ တင်ပြတိုင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။