Monday, July 22, 2013

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဆရာမောင်ဝံသထံသို့ လာရောက်အားပေး


ဝိတိုရိယဆေးရုံ၌ ဆေးကုသမှုခံယူနေသည့် စာရေးဆရာ သတင်းစာ ဆရာ မောင်ဝံသ ထံသို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း ဆုကြည်သည် ၂၁ ဇူလိုင် ၂၀၁၃ ညနေပိုင်းက ၁နာရီခန့်လာရောက်၍ နွေးထွေးစွာ အားပေး စကား များပြောကြားခဲ့သည်။

ဆရာမောင်ဝံသက မိမိ၏ ကျန်းမာရေး ပြန်လည်ထူထောင်လိုခြင်းမှာ စင်စစ်အားဖြင့် တိုင်းပြည်အတွက် နိုင်ငံရေးဝေဖန်ချက်များ ဆက်လက်ရေး သားလို၍ ဖြစ်ကြောင်း ပြောဆို၍ ဒေါ်အောင်ဆန်းစုကြည်က “ဆရာ ဘာတွေရေးချင်တာလဲ”ဟု မေးမြန်းသည်။
ဆရာမောင်ဝံသက တိုင်းပြည်၏ လတ်တလော နိုင်ငံရေးပြသနာများ အပေါ် မိမိ၏ ထင်မြင်ချက်နှင့် အယူအဆများ ရှင်းလင်းတင်ပြသည်။ 

ထို့နောက် ဒေါ်အောင်ဆန်းစုကြည် သည် ၀ိတိုရိယဆေးရုံတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ပြည်တွင်းကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အခြေအနေများ မေးမြန်းဆွေးနွေးပြီး ပြန်လည်ထွက်ခွာသွားသည်။
Lik