Thursday, November 14, 2013

ဒီလိုနဲ့ ၂၀၁၅လည်းပြည့်ရော နောက်အစိုးရအပေါ်ပုံချခဲ့ရော

အစိုးရ ၀န်ကြီးဌာန ၁၉ ခုမှ နိုင်ငံတော်သို့ ပေးဆပ်ရမည့် ကြွေးကျန် ကျပ်ဘီလီယံပေါင်း များစွာနှင့် ပတ်သက်၍ ၀န်ကြီးဌာနများကို ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ကတိအတိုင်း ဆောင်ရွက်ကြရန် တွန်းအားပေးထားကြောင်း ၊ အကြွေးများ ပေးဆပ်နိုင်ရန် ဆောင်ရွက်နေကြောင်း၊ မပေးဆပ်သည့် သူများကို တည်ဆဲ ဥပဒေအရ ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုလွှတ်တော်၌ ပြီးခဲ့သည့်ရက်ပိုင်းက ဒု ၀န်ကြီးများက လာရောက် ဖြေဆိုကြစဉ် ဦးရွှေမန်းက တိုက်တွန်း သတိပေးခဲ့ခြင်း ဖြစ်သည်။

ဦးရွှေမန်းက“မလုပ်နိုင်တဲ့ ကတိပေးခြင်းဟာ ပေးတဲ့သူမှာရော ၀န်ကြီးဌာနမှာပါ တာဝန်ရှိတယ်၊ လွှတ်တော်မှာ လာဖြေရင် ကတိပေးမှ ဖြစ်မယ်ဆိုတာမျိုးနဲ့ ကတိပေးပြီး လက်တွေ့မှာ မလုပ်နိုင်ရင် မကောင်းဘူး။ အားလုံးအတွက် အဆင်ပြေအောင် လုပ်ပေးဖို့ လိုအပ်တယ်”ဟု ပြောဆိုခဲ့သည်။

ကြွေးကျန် ၀န်ကြီးဌာနများသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်များကလည်း ထိုသို့ ဖြေဆို ကတိပေးခဲ့ကြကြောင်း၊ သို့သော် ယနေ့ အထိ ဖြေရှင်းနိုင်မှု မရှိသေးကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

-- ဧရာဝတီ သတင်း