Saturday, March 22, 2014

စစ်အာဏာရှင်တို့၏ နိုင်ငံတော်သစ္စာဖောက်မှု~~

စစ်အာဏာရှင်တို့ဟာ လက်နက်မဲ့ ပြည်သူကို အနိုင်ကျင့် နိုင်ခဲ့ကြပေမဲ့ လက်နက်အင်အား တောင့်တင်းတဲ့ အဖွဲ့အစည်းတွေကိုတော့ မထိရဲမတို့ရဲတဲ့ သက်သေတစ်ခုပါ။ 

တရုတ်က သူတပါးနိုင်ငံ ပြည်တွင်းရေးကိစ္စ ဝင်ရောက်မဆွက်ဖက်ဘူးလို့ ဘယ်လောက်ပြောပြော မြန်မာပြည်ရဲ့ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်တဲ့ သက်သေလည်း ဖြစ်ပါတယ်။

7Day နေ့စဉ် သတင်းစာရဲ့ဖေါ်ပြချက်အရ.. တရုတ်နိုင်ငံ၏ ထောက်ပံ့မှုများ ယူထားပြီး တရုတ်ပြည်သူ့တပ်မတော်၏ အစိတ်အပိုင်းတစ်ခုသဖွယ် ဖြစ်နေသော `ဝ´ဲပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA သည် မြန်မာနိုင်ငံအတွင်း ရှိနေသည် ဆိုသည့်အနေအထား--------------။

၁၈.၃.၂၀၁၄ နေ့ထုတ် မြန်မာ့ အလင်းသတင်းစာတွင်.... ယူကရိန်းနိုင်ငံ ခရိုင်းမီးယားဒေသသို့ ရရှားတပ်များဝင်ရောက်လာပြီးနောက် ယူကရိန်းမှခွဲထွက်၍ ရရှားနှင့် ပူးပေါင်းရေး ဆောင်ရွက်လာကြပါတယ်။ ဆန္ဒခံယူပွဲ ကျင်းပပြီးနောက် ခရိုင်းမီးယားပြည်သူ ၉၅% က ရရှားနှင့်ပူးပေါင်းရန် ဆန္ဒမဲပေးခဲ့ကြောင်း၊ ယင်းရလဒ်ကို မော်စကိုအစိုးရက လက်ခံကြောင်း ... ရေးသားထားပါတယ်။

ကျွန်တော် စိုးရိမ်တာလည်း အဲဒါပါဘဲ။ မြန်မာပြည်တွင်းမှာ တရုတ်တွေဝင်ရောက်ခြေကုတ်ယူထားတဲ့ ဝ နယ်ကလူတွေက နိုင်ငံရေး ရှပ်ထွေးမှုတစ်ခုခု ဖြစ်လာချိန်မှာ မြန်မာပြည်က ခွဲထွက်ဖို့ ပြင်ဆင်နေကြပုံပါဘဲ။ မြန်မာနိုင်ငံထဲမှာ တရုတ်က လက်နက်နဲ့ ငွေကြေးထောက်ပံ့မှုတွေပေး၊ တရုတ် ဝမ်ငွေသုံးနေမှု၊ တရုတ်ဘာသာစကားကို ရုံးသုံးဘာစကားအဖြစ် သတ်မှတ်ထားတဲ့ `ဝ´ အရေးဟာ တရုတ်တို့ရဲ့ မြန်မာပြည်ကို တရားမဝင် ကျူးကျော်ထားမှုလို့ မြင်ပါတယ်။ တချိန်မှာ တရုတ်ပြည်ထဲကို အရင်ဆုံး တရားဝင်ရောက်ရှိ သွားမည့် နယ်က ဝ နယ်ပဲ ဖြစ်ပါတယ်။ 

ကျောက်ဖြူ-ကူမင်း ရေနံနဲ့ ဓါတ်ငွေ့ ပိုက်လိုင်းလုံခြုံရေးအတွက် ဝ တပ်တွေ ချထားခွင့်ပေးဘို့ တရုတ်ကတောင်းဆိုခဲ့ပြီး မြန်မာအစိုးရက လက်မခံခဲ့ဘူးလို့လည်း သိရပါတယ်။ 

စစ်အာဏာရှင်တို့ရဲ့ အာဏာတည်မြဲရေးနဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးအတွက် အသိဥာဏ်ဆင်ချင်တုံမဲ့စွာ ဘာမဆိုလုပ်ခဲ့တာကြောင့် ဒီလိုအဖြစ်မျိုးတွေ မြန်မာနိုင်ငံထဲမှာ ဖြစ်ခဲ့ရတာပါ။

နောက်တစ်ခုက တရုတ်လူမျိုးများစွာ မြန်မာပြည်ထဲ ဝင်ရောက်နေထိုင်ခြင်းနဲ့ စီးပွားရေး လုပ်ငန်းများစွာ ရှိနေခြင်းကလဲ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ဖို့ အကြောင်းပြစရာကောင်းတဲ့ အချက်ပါပဲ။ ဒါကြောင့် နောက်ထပ် တရုတ်နဲ့ မည်သည့်စီးပွားရေး တိုးချဲ့မှုကိုမှ မလုပ်စေချင်သေးပါဘူး။ နိုင်ငံတကာ စီးပွားရေးဝင်ရောက်မှု မျှတစေချင်ပါတယ်။

နောက်တစ်ခုက ရိုဟင်ဂျာအရေးပါ။ ဘင်ဂလီတွေ white card ထုတ်ပေးပြီး လွှတ်တော်ထဲ သွင်းထားတာ။ ဒါကို တော်တော်များများ သိကြပြီးဖြစ်လို့ ထပ်မရေးတော့ပါဘူး။

ဒီအချက် နှစ်ချက်က.. 
စစ်အာဏာရှင်များရဲ့ မြန်မာနိုင်ငံပေါ် သစ္စာဖောက်တဲ့လုပ်ရပ်မဟုတ်လို့ ဘာရယ်လို့များ ဆင်ခြေပေးချင်သေးပါလိမ့်..?
ဒါကြောင့် .. 
စစ်အာဏာရှင်တို့၏ နိုင်ငံတော် သစ္စာဖောက်မှုလို့ ပြောချင်ကြောင်းပါဗျာ..။

Naywin Thr
https://m.facebook.com/story.php?story_fbid=210097812534118&id=100006017020333