Friday, October 11, 2013

အသွားမတော် တစ်လှမ်း၊ အစားမတော် တရုတ်

အသွားမတော် တစ်လှမ်း၊ အစားမတော် တရုတ် ( Dredit- D Myo Chit )
------------------------------------------------------

မိုးစက်ဝိုင် ကိစ္စက ထင်တာထက် ပိုပြီး နက်ရှိုင်းမှုတွေ ရှိနေပါလား !!

တရုတ် သံရုံး၊ တရုတ် သတင်းစာ၊ တရုတ်ဝက်ဆိုက်၊ 
တရုတ်ရုပ်သံတွေက အားပါးတရ ချီးကျူးထောပနာပြုနေတာ
သွေးရိုးသားရိုးမှ ဟုတ်ရဲ့လား ။

ဒါဟာ တရုတ်ပယောဂ မပါဘူးလို့ ပြောဖို့ခက်နေပြီ။
သူတပါး ပြည်တွင်းရေးကို ထိုးဖောက်စိမ့်ဝင်ပြီး မြန်မာနိုင်ငံသားတရုတ်တွေကို
ပြည်မကြီးသစ္စာခံချင်လာအောင် ဆွဲဆောင်မြှောက်ပင့်ပွဲထုတ်မှုလို့ မြင်မိတယ်။

ကမ္ဘာ့အလယ်မှာ မြန်မာဟာ တရုတ်ပြည်နယ်ခွဲ ဖြစ်ဖူးသယောင်
၊ တရုတ်လူမျိုးတို့ ကြီးစိုးပြီး တရုတ်ယဉ်ကျေးမှူ့လွမ်းမိုးသယောင်
ပုံဖော်ချက်တွေဟာ မန္တလေးကို တရုတ်စိမ့်ဝင်မှုတွေနဲ့ ဆက်စပ်စဉ်းစားရင် အန္တရာယ်အနံ့ရနေတယ်။

မိုးဆက်ဝိုင်ကို တရုတ်အဖြစ် ဂုဏ်ယူကြောင်း သူတို့ဘက်က ထုတ်ရှိုးလိုက်တာဟာ
နှပ်ပစ်ခံနေရတဲ့ သန်းရွှေမြေးကိုတောင် အလေးမစိုက်ပဲ ကျော်ခွပြီး
ပေါ်တင်စိန်ခေါ်လိုက်တာပဲ။

မြန်မာဆိုတဲ့ စကားလုံးဟာ တရုတ်ဆိုတာအောက် မှေးမှိန်သွားခဲ့ပြီ။

တိုင်းပြည်ကို ဖျက်စီးလို့ အားမရကြသေးဖူးလားဗျာ။
သောက်သုံးမကျတဲ့ မင်းတို့ မြေးအဖိုး အားရအောင် မြိုစို့ပြီးရင်
ကျေနပ်ကြပါတော့။ လူတောထဲ မျောက်က ထ,ကပြီး ဝင်မရှုပ်စမ်းပါနဲ့။

နောက်ဆုံး ရောင်းစရာမရှိ နိုင်ငံအမည်၊ 
လူမျိုးအမည်ကိုပါ ရောင်းစားနေတာလား?
 
အသွားမတော် တစ်လှမ်း၊ အစားမတော် တရုတ် ( Dredit- @[100003954909463:2048:D Myo Chit] )