Tuesday, December 03, 2013

ငါးနှစ်အောက်ကလေး ၂၀တွင် တစ်ယောက်နှုန်း လေထု ညစ်ညမ်းမှုကြောင့် သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂


သဘာဝ ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု ဒဏ်ကြောင့် မြန်မာ နိုင်ငံအတွင်းရှိ ငါးနှစ်အောက်ကလေး အယောက် ၂၀ တွင် တစ်ယောက်နှုန်းဖြင့် လေထုညစ်ညမ်းမှုနှင့် ပတ်သက်ပြီး သေဆုံးနေရကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့် ရှာက်ရေးအဖွဲ့မှ ဒေါက်တာဦးမြင့်ဇော်က ပြောကြားသည်။

“အရင်တုန်းက မြန်မာနိုင်ငံကို အစိမ်းရောင်လွှမ်းခြုံတဲ့ နိုင်ငံဟု တင်စားခေါ်ကြတယ်၊ အခုအချိန်မှာတော့
သစ်တောဧရိယာက ၂၅ရာခိုင်နှုန်းပဲ ရှိတော့တယ်၊ ဒါကြောင့် စက်ရုံ၊ အလုပ်ရုံ စီမံကိန်းတွေက ထွက်တဲ့
အခိုး အငွေ့တွေကြောင့် လေထု ညစ်ညမ်းမှုတွေကို တားဆီးမှုတွေ မရှိ တော့ဘူး”ဟု ၎င်းက ပြောကြားသည်။

သမ္မတဦးသိန်းစိန်အနေဖြင့် သဘာဝပတ်ဝန်းကျင် ပျက်စီး ဆုံးရှုံးမှုများအား မည်သို့ ကာကွယ် ပြုပြင် ဆောင်ရွက်နေ သလဲဟု မေးမြန်းမှုအပေါ် ကျွန်တော့်အနေနှင့် ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးအောင် ပြုလုပ်နေသူများက တိုင်းပြည်ကို ဖျက် စီးသောလူဟုမှတ်ယူကြောင်း ပြောကြားသည်။

ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမ၌ နိုဝင်ဘာ ၃၀ရက်တွင် ပြုလုပ်သော “တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော် တည်
ဆောက်ရေးတွင် လူထု အခြေပြု အဖွဲ့အစည်းများ၏ အခန်း ကဏ္ဍ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် အတည်ပြုပြောကြားသည်။

“အခုစီမံကိန်းတွေနဲ့ အရင်တုန်းက အစိုးရ လက်ထက်က စီမံကိန်းတွေက သဘာဝ ပတ်ဝန်းကျင်ဥပဒေနဲ့ မညီညွတ်ဘဲ ပြုလုပ်နေတာ ပိုများ တယ်၊ ဥပဒေနဲ့ မညီညွတ်တဲ့ စီမံကိန်းတွေ အလုပ်ရုံတွေကို အရေးယူနိုင်အောင် စစ်တမ်းကောက်နေတယ်၊ နောက်ပြီး ဥပဒေတွေထဲမှာ လိုအပ် တဲ့အရာတွေ ပြန်တင်သွင်းနိုင်အောင် ပညာရှိတွေ နဲ့တိုင်ပင်ဆွေးနွေးနေပါတယ်”ဟု သဘာဝပတ်ဝန်းကျင် လေ့လာ စမ်းစစ်ရေး အဖွဲ့ဝင်များ က ပြောကြားသည်။

စီမံကိန်းများသတ္တုသံယံဇာတ အများအပြား ထုတ်လုပ်နေမှုနှင့် စက်ရုံအလုပ်ရုံများ အနေဖြင့် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ ဥပဒေနှင့်အညီ လုပ်ဆောင်နေခြင်း မရှိခြင်းကြောင့် လာမည့် ၂၀၁၅တွင် မြန်မာနိုင်ငံအတွင်းရှိ ဒီရေ တောများ၊ မြစ်ချောင်း၊ အင်းအိုင်၊ တောင်တန်းများသည် သဘာဝပတ်ဝန်းကျင် ဖျက်စီး မှုခံနေရပြီး ပျောက်ကွယ် ပျက်စီးနေကြောင်း ဦးမြင့်ဇော်က ပြောဆိုသည်။

ရေးသားသူ-ရဲကိုကို
တည်းဖြတ်-နီတိုး

People power

သစ်ထူးလွင်