Monday, April 18, 2011

၂၀၁၁ ခုနှစ် အတာသင်္ကြန် နှစ်သစ်ကူးအချိန်သမယအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်လှုပ်ရှားမှုများ

ဘဘဦးလွင်..
အညတြသူရဲကောင်းဆု ချီးမြှင့် ပေးအပ်နေစဉ်..
အဖွဲ့ချုပ်မှာ ကျင်းပတဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲနှင့် အညတြသူရဲကောင်းဆုချီးမြှင့်ပွဲ အခမ်းအနားအား နေ့လည် 2 နာရီ မှာ သံဃာ(5)ပါး ပရိတ်ရွက်ဖတ်ပြီး၊သက်ကြီးပူဇော်ပွဲကို ကျင်းပ။
သင်္ကြန်အတက်နေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံရှေ့မှာ စတုဒီသာ အလှူပွဲ ပြုလုပ်..။
မြန်မာအတာသင်္ကြန်အကြတ်နေ့က အဖွဲ့ချုပ်ရုံးရှေ့သို့ လာရောက်ကြတဲ့ သင်္ကြန်ရေကစားကြသူ အပေါင်းအား မုန့်လုပ်ဆောင်း၊ အအေးနဲ့ မုန့်လုံးရေပေါ်များဖြင့် စတုဒီတာ အလှူပွဲ ပြုလုပ်ခဲ့ပါတယ်..။ မနက်ဖြန်မှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံရှေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်..။
သင်္ကြန်အကြတ်နေ့ ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးရှေ့၌ မနက်(၉)နာရီမှ စ၍ မြန်မာ့ရိုးရာသင်္ကြန်တွင်း  ရုံးရှေ့သို့ ရောက်ရှိလာကြတဲ့ ရေပက်ခံကားများနှင့် ပြည်သူများအား မုန့်လုပ်ဆောင်း စတုဒီတာ တိုက်ကျွေးခဲ့ပါတယ်..။လာရောက်ကြသူများ အထူးများပြားပြီး မနက်ပိုင်းမှာ မုန့်လုပ်ဆောင်းကုန်သွားတဲ့ အတွက် ဖျော်ရည်အအေးများ ဆက်လက် တိုက်ကျွေးခဲ့ပါတယ်..။ သင်္ကြန်အတက်နေ့ မှာလည်း မနက်ပိုင်း၌ မုန့်လုပ်ဆောင်း စတုဒီတာ တိုက်ကျွေးမှာ ဖြစ်ပြီး ဆက်လက်၍ မုန့်လုံးရေပေါ်များ ဆက်လက်စတုဒီတာ ကျွေးမွေးမှာ ဖြစ်ကြောင်း သိရှိရပါတယ်..။ ယနေ့စတုဒီတာ ကျွေးမွေးလှူဒါန်းပွဲသို့ ဘဘဦးတင်ဦးနှင့် ဘဘဦးဝင်းတို့မှ လာရောက်ခဲ့ကြပါတယ်..။
သတင်းနှင့်ဓါတ်ပုံများအား ကိုတင်လှိုင်နှင့် ဒီမိုဝေယံမှမျှဝေသည်။
.

0 comments: