Saturday, December 08, 2012

ဦးပိုင် နှိပ်စက်မှပဲ ပြည်သူတွေ ခွေးဘဝရောက်တယ်

ငါက အရင်ကသူဌေးကွ - ဟိုဘက်ခေတ် ဆယ်တန်းတောင်အောင်လာတာ ပညာတတ်ဘဲကွ ။ အခုကျမှ ဒီဘ၀ရောက်လာတာ ။

ဦးကျော်လှိုင်
ဦးလေးက ချောင်းသာသားစစ်စ်ပါ - တစ်ဧကခွဲလောက်ရှိတဲ့အုန်းခြံလေးကိုအဘိုးအဖေတွေတည်ခဲ့တာ - အုန်းခြံလေးနဲ့လုပ်ကိုင်စားသောက်နေခဲ့တယ် ။ ကျနော် ၁၉၇၀ ခုနှစ်မှာ ဆယ်တန်းထိတက်ခဲ့ဘူးတယ် ။ ဦးတရုပ် ဒေါ်သိန်းကြွယ်တို့သမီးနဲ့အိမ်ထောင်ကျပြီး မိသားစုသုံးယောက်ရှိတယ် ။ အုန်းခြံဧက ၂၀ အုန်းပင် ၁၈၀၀ မှာ မိသားနှစ်စု အတူ လုပ်ကိုင်စားသောက်လာတာ - ၁၉၈၉ ခု နှစ်မှာ တိုင်းက ဟော်တယ်ခရီးအတွက်သိမ်းမယ်လို့ပြောလာတယ် - ဒါလေးကိုလုပ်ကိုင်စားသောက်ရတာဆို တော့ - အုန်းပင်ဖိုးပေး မယ်လို့ပြောပြီး အားလုံး ပေါင်း သုံးသိန်းလောက်ရတယ် ။ ။ ခြံသိမ်း မယ်ဆိုတော့ အဘိုကြီးအဘွားကြီးက ညနေစာတောင်မစားတော့ဘူး - သေသည်အထိ အဲဒီခြံဘက် ခြေဦး မလှည့်ကြတော့ဘူး စိတ်မကောင်းလွန်း လို့လေ ။ အိမ်တွေကိုအတင်း ပြောင်း ခိုင်းတယ်။ ချက်ခြင်းကြီးကို ပြောင်းရွှေ့ခိုင်းတာ မပြောင်းရင်ဘူဒိုဇာနဲ့ ထိုးမယ် ဘာမယ် တွေပြောတော့ အိမ်တွေ ဘာ တွေကိုယ့်ဘာ သာဖျက် ရွာထဲမှာ သီးသန့်ဝယ်ပြီး အိမ်ရွှေ့ဆောက်ရတယ် ။ ကျန်နေတဲ့လယ်လေးတွေကို မိသားစုတွေ လုပ်ကိုင်စားသောက်တယ် - ခြံတစ်ခြံ တစ်ဧကခွဲက ရွာထဲမှာကျန်သေးတယ် ။ အဲဒီဟာလေးတွေနဲ့မှီခိုပြီး လုပ်ကိုင်စားသောက်တယ် ။ လယ်နဲ့ ခြံကလေးတွေကိုလည်း ၁၉၉၅ မှာ တစ်ချီ ( ၃ ဧက ခွဲ ) ပါပြန်ရော ။ သားတွေ သမီးတွေကိုလည်း ခယ်မဆိုင်ကိုပိုကပြီးဈေးလည်းဝိုင်းရောကျောင်းလည်းထား လုပ်ရတယ် ။ အဲဒါပြီးတော့ နောက်တတိယနောက်ဆုံး တစ်ခါ ၂၀၀၁ ခုထဲမှာ ပုစွန်ကန်အတွက်ဆိုပြီး ထပ်သိမ်းတော့ နောက်ထပ် ( ၃ ဧက ခွဲ ) ပါပြန်ရော ။ ကုန်ရောဆိုပါတော့ - အားလုံးပေါင်းလိုက်ရင် - ၂၇ ဧက ကုန်ရော ကွ ။ အခုကျတော့ တောင်ပေါ်က မယားညီကိုခြံကို ၀ိုင်းဝန်းလုပ်ကိုင်ပေးပြီးစားသောက်ရတာ ။ ငါက အရင်ကသူဌေးကွ - ဟိုဘက်ခေတ် ဆယ်တန်းတောင်အောင်လာတာ ပညာတတ်ဘဲကွ ။ အခုကျမှ ဒီဘ၀ရောက်လာတာ ။