Friday, December 07, 2012

ပင်းအား၇.၃အင်အားရှိငလျင်တစ်ခု ဂျပန်တွင် လှုပ်ခတ်သွား

ပြင်းအား၇.၃အင်အားရှိငလျင်တစ်ခု ဂျပန်တွင် လှုပ်ခတ်သွား

ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းကမ်းရိုးတန်းကို ဗဟိုပြု၍ပြင်းအား၇.၃ရှိသောမြေငလျင်တစ်ခု ဂျပန်ဒေသစံတော်ချိန်နေ့လည်၅နာရီ ၁၈မိနစ်တွင်ဂျပန်နိုင်ငံမြောက်ပိုင်း၌ လှုပ်ခတ်သွားကြေင်းNHK သတင်းဌာနတွင် ဖော်ပြထားသည်။

ထိုငလျင်ဒဏ်ကြောင့်တိုကျိုမြို့လယ် ရှိအဆောက်အဦးများလှုပ်ရမ်းသွားခဲ့ပြီး ငလျင်လှုပ်ခတ်မှုသည် တောင်ဘက်ကီလိုမီတာ ၃၀၀အထိရိုက်ခတ်သွားကြောင်းသိရသည်။ NHKသတင်းဌာန၏ဖော်ပြချက်အရ လက်ရှိတွင် အပျက်အဆီးများမပါရှိသေးပေ။

ငလျင်ဒဏ်ကြောင့်ဆူနာမီသတိပေးချက်များကို ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းကမ်းရိုးတန်းတစ်ေ လျာက်တွင် ထုတ်ပြန်ထားကြောင်းသိရသည်။

Credit to-သတင်း- မဇ္ဈိမသတင်းဌာန