Sunday, December 08, 2013

ဦရဲထွဋ် ဖြေပါဦး


သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်ဖြစ်ပြီး FB ပေါ်မှာလည်း ကြုံရင် ကြုံသလို စာရေးနေတဲ့ ပြန်ကြားရေး ဒုဝန်ကြီး တစ်ယောက်ဖြစ်တဲ့ ... ဦးရဲထွဋ် အနေနဲ့ ... အခုလို ဥပဒေဘောင်ကို ကျော်လွန်ပြီး စစ်တပ်ကဆိုတဲ့ ဝတ်စုံတူ ဝတ်ဆင် တံဆိပ်ကပ်ထားတဲ့ လူတစ်စုက ရဲတွေ၊ တရားရေးတွေကို ဂရုမစိုက်ဘဲ ... ဝင်ရောက် ရိုက်နှက်တိုက်ခိုက်တာတွေကို ဘယ်လို ဖြေရှင်းချက် ပေးမလဲ၊ 

အစိုးရအနေနဲ့ အခုလို မင်းမဲ့ စရိုက်ကို ဘယ်လို ကိုင်တွယ်မလဲ .... သိချင်ပါတယ်။ ဆန္ဒပြသူတွေဘက်က လွန်တယ် ဆိုရင်တောင် ... ဘယ်သူကမှ ဥပဒေမဲ့ ရိုက်နှက်ခွင့် မရှိပါ။ ရဲလည်း ရိုက်နှက်ခွင့် မရှိပါ။ ရဲဌာနက လိုက်နာရမယ့် စည်းကမ်းတွေ အဆင့်ဆင့်ကို လုပ်ဆောင်ပြီးကာမှ နောက်ဆုံး မလွှဲမရှောင်သာမှ (နောက်ဆုံး အဖြစ်) အင်အားသုံးရတယ် ဆိုတာ ... နိုင်ငံတကာမှာ လေ့ကျင့်ခန်းတွေ ရယူဖို့လုပ်နေတဲ့ ရဲဌာနအနေနဲ့လည်း သိလောက်ပြီထင်ပါတယ်။ 

ဒါကို ရဲကိုလည်း လွန်ပြီး ... ရဲ အရေးပိုင်ကိုင်တွယ်ရမယ့် ကိစ္စမှာ ရဲကိုေ-ာက်ဂရု မစိုက်ဘဲ လူတစ်စုက ဝင်ရောက် ရိုက်နှက်တာဟာ တရားဥပဒေ မဲ့လုပ်ရပ် ဖြစ်လို့ ဖြေရှင်းပေးစေလိုပါတယ်။ ဦးရဲထွဋ် အနေနဲ့ ဒီစတေးတပ်ကို မြင်မယ် ဆိုရင် ဖြေရှင်းပေးစေလိုပါတယ်။ 

မမြင်လည်း မြင်သူများမှ တဆင့် ဒီအခြေအနေကို အစိုးရမှာ ဖြေရှင်းပေးဖို့ ၁၀၀ % ထက် ကျော်လွန်သော ရာခိုင်းနှုန်းနဲ့ တာဝန်ရှိတယ် ဆိုတာကို နားလည်စေလိုတာကြောင့် ရေးတာဖြစ်ပြီး ... အခွင့်အရေး ရရင် အဆိုပါ ကိစ္စကို အစိုးရတာဝန်ရှိသူတွေကို မေးမြန်းနိုင်ဖို့ ရည်ရွယ်ပါတယ်။ 
(ကိုထိုက်)