Monday, December 30, 2013

မြစ်ဆုံမှပေးသော သင်ခန်းစာများ

အစိုးရနဲ့ တရုတ်က ပဏာမ စာချုပ် ချုပ်တယ်။

မြစ်ဆုံ စီမံကိန်း စတင်စဉ်က ကေအိုင်အေက အစိုးရ၊ တရုတ် နှစ်ဖက်စလုံးကို စာပို့ကန့်ကွက်တယ်။

မြစ်ဆုံ စီမံကိန်းဝင်းထဲမှာ ဗုံးတွေ ဆက်တိုက်ကွဲတယ်။

အဲဒီတုန်းက မြောက်ပိုင်းတိုင်း တိုင်းမှူး (အခု ဒု-ကာချုပ်) စိုးဝင်း ကေအိုင်အေနဲ့ ဆွေးနွေးရတယ် 
...။

အစိုးရသစ် ခေတ်ဦးမှာ BANCA ရဲ့ မြစ်ဆုံဒေသကို ကွင်းဆင်းစစ်ဆေးပြီး စီမံကိန်းမလုပ်သင့်ကြောင့် သုံးသပ်ထားတဲ့ EIA report နှင့် ပွဲစားခများ ပါဝင်ကြောင်း အချက်အလက်များ ပေါက်ကြားပြီး မြစ်ဆုံကို အသည်းအသန် ကန့်ကွက်ကြတယ် ...။

မြစ်ဆုံကို ယူနန် ပြည်နယ် အစိုးရ လက်အောက်ခံ CPI ကုမဏီဖြင့် သဘောတူ ကြောင်း ပဏာမ လက်မှတ်ထိုးသည်မှာ ကူမင်းကောင်စစ်ဝန် ဦးသန်းရွှေ သားမက် ဇော်ဖြိုးဝင်းဖြစ်ကြောင်း ပွဲစားမှာ Asia World ဦးထွန်းမြင့်နိုင်ဖြစ်ကြောင်း အထောက်အထားများ ထွက်ပေါ်လာတယ်။

အထောက်အထားများအရ ဆည်ရေသောက် ဧရိယာ မိုင် (၅၀) ပတ်လည်က သဘာဝ သယံဇာတတွေ အကုန်ပြောင်တယ်။ အင်ကြင်းကျောက် များ၊ သစ်ပင်ကြီးများအား အမြစ်က တူးပြီး တရုတ်ကို ပို့ကြသလို သင်းခွေခြပ်ပါ မကျန် ချက်စားကြတယ်။

အထောက်အထားတွေ ပေါ်လာချိန်မှာ လျှပ်စစ် (၁) ၀န်ကြီးက မြစ်ဆုံကို မည်သူတားတား ဆက်လုပ်မည်ဖြစ်ကြောင်း ကြေညာတယ်။

နောက်တော့ ကန့်ကွက်မှုတွေ များပြားလာတဲ့အတွက် သမ္မတက သူ့သက်တမ်း အတွင်း မြစ်ဆုံးကို ရပ်ဆိုင်းကြောင်း ကြေညာတယ်။

မြစ်ဆုံကို ရပ်ဆိုင်းလိုက်တဲ့ အကျိုးဆက်အဖြစ် တရုတ်အစိုးရက တရုတ်ရတနာကုန်သည်တွေကို ငွေထုတ်မချေးတဲ့အတွက်ကြောင့် အားထားနေရသော မြန်မာ့ ကျောက်စိမ်းလုပ်ငန်းဈေးကွက် လုံးဝပျက်စီးသွားသလို နှစ်လည် ကျောက်မျက်ရတနာ ပြပွဲများ နေပြည်တော်တွင် နှစ်ကြိမ်ခန့် ပြသရောင်းချမှု ရပ်ဆိုင်းခဲ့ရတယ်။ နစ်နာမှုအတွက် အနည်းဆုံး ဒေါ်လာ သန်းငါးရာမှ တစ်ထောင်ခန့် နစ်နာခဲ့ရတယ်။

မကြာမီမှာပဲ

ကျောက်ဖြူ ကူမင်း သဘာဝဓါတ်ငွေ့ ပိုက်လိုင်းကို ယခင်က ချုပ်ဆိုခဲ့တဲ့ စာချုပ်များအရ စတင်အကောင်အထည်ဖော်လာတယ်။

တရုတ်ကို အများစု တင်ပို့ မယ့် တာပိန် ရေအားလျှပ်စစ် စီမံကိန်း နယ်မြေစိုးမိုးမှုကို အကြောင်းပြုပြီး
နောက်ပိုင်းမှာ ကေအိုင်အေနဲ့ တပ်မတော် တိုက်ပွဲတွေ စတင်ဖြစ်ပွားပြီး ၁၇ နှစ်ကြာ ငြိမ်းချမ်းရေး ပျက်ပြားတယ် ..။

ကျောက်ဖြူကူမင်း သဘာဝဓါတ်ငွေ့ပိုက်လိုင်း လမ်းကြောင်းကျရာနေရာတွေမှာ အထူးခြားဆုံးအဖြစ်၊ ကေအိုင်အေအပါအ၀င် တအောင်းပလောင်၊ SSA အစရှိသော တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရတပ်များအကြား တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ပွားပြီး နှစ်ဖက်စစ်သားတွေ သေကြေကြတယ်။
(မြေပုံအရ)

CPI က မြစ်ဆုံကို ဆက်လုပ်မယ် ကြေညာသလို မြန်မာအစိုးရ က တောက်လျောက်ပြောနေသလို နှစ် (၃၀) မဟုတ်ပဲ နှစ် (၅၀) ဖြစ်ကြောင်း (Undertable) ငွေများ ကျွံထားကြောင်း သတင်းစာရှင်းလင်းပွဲ တချို့မှာ ပြောကြားလာတယ်။

အရိုးသာသာကိုက်နေရသော နိုင်ငံအတွက် အကျိုးအမြတ် မသေချာတဲ့ လက်ပံတောင်းတောင် ကိစ္စအား နိုင်ငံအတွက် ၆၀ ရာနှုန်းခန့် အကျိုးအမြတ်ရရှိအောင် ကိုင်တွယ်နိုင်စွမ်းရှိသော ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အား မြစ်ဆုံ ကို ဆက်လုပ်ရန် တရုတ်အစိုးရက စကားဦးသန်း လာတယ်။

အခုအခြေအနေကတော့

အားလုံး သိတဲံ့ အတိုင်းပဲ ဖြစ်ပါကြောင်း ...။

ငရဲသား
မြစ်ဆုံမှပေးသော  သင်ခန်းစာများ
-----------------------------------