Saturday, November 02, 2013

ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုဟု ဆိုရာဝယ်

ခရိုနီဘက်ကလိုက်ပြီး ပြောတာလည်း မလုပ်ချင်ဘူး။ ခရိုနီတွေကို ဆော်တဲ့အတွက် လက်ခုပ်တီး တာမျိုးလည်း မလုပ်ချင်ဘူး။ သို့သော် ... ခရိုနီတွေကို တိုက်ခိုက်တာမျိုးကတော့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တယ်လို့တော့ မယူဆပါဘူး။ ခရိုနီတွေဖြစ်နေတာကိုတော့ ပြောရမှာပဲလေ။ သူတို့က Public Figure တွေပဲ။ စီးပွားရေးလုပ်ငန်းတွေ လုပ်နေကြတာပဲ။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တယ် ဆိုတာက ဘယ်လို တိုက်ခိုက်တာလဲ။ သူတို့က ခိုးဝှက်ပြီး၊ လက်ဝါးကြီးအုပ်ပြီး တိုင်းပြည် ရဲ့ ငွေတွေကို စားကြ သောက်ကြ၊ အမြတ်ကြီးထုတ်ကြ ၊ လက်ဝါးကြီးအုပ်ကြ ပြောတာမျိုးတွေ။ အဲဒါမျိုးတွေ ကို ပြောတာဟာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာ မဟုတ်ဘူး။ သူတို့ရဲ့ အိမ်တွင်းရေး ကိစ္စတွေ ၊ မယားငယ်တွေ ထားတာမျိုးတွေကို ပြောတာဆိုရင်တော့ ဟုတ်တာပေါ့။ သူတို့ အရက်သောက်တာမျိုးတွေကို ရေးမယ်ဆိုရင်တော့ ပုဂ္ဂိုလ်ရေးလို့ပြောလို့ရတာပေါ့

အခုလုပ်နေတာက စီးပွားရေးလုပ်ငန်းတွေ လုပ်နေကြတာပဲ။ ဘိန်းလုပ်နေတာတွေရှိတယ်။ သစ်တွေ လုပ်တာတွေ ရှိတယ်။ စီးပွားရေးလုပ်ငန်းတွေမှာ လက်ဝါးကြီးအုပ်နေတာတွေ ၊ အမြတ်ကြီးစားနေကြတာတွေ ရှိတယ်။ အစိုးရတွေနဲ့ပေါင်းပြီး၊ စစ်အာဏာရှင်တွေ နဲ့ ပေါင်းပြီးတော့ တိုင်းပြည်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို လက်ဝါးကြီးအုပ် နေတာ။ အဲဒါတွေ ဖေါ်ထုတ်တာကတော့ ပုဂ္ဂိုလ်ရေးလို့ မယူဆဘူး။ တိုက်ခိုက်တယ်လို့ မယူဆဘူး။

-- ဟံသာဝတီ ဦးဝင်းတင်
ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုဟု ဆိုရာဝယ်
==================

ခရိုနီဘက်ကလိုက်ပြီး ပြောတာလည်း မလုပ်ချင်ဘူး။ ခရိုနီတွေကို ဆော်တဲ့အတွက် လက်ခုပ်တီး တာမျိုးလည်း မလုပ်ချင်ဘူး။ သို့သော် ... ခရိုနီတွေကို တိုက်ခိုက်တာမျိုးကတော့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တယ်လို့တော့ မယူဆပါဘူး။ ခရိုနီတွေဖြစ်နေတာကိုတော့ ပြောရမှာပဲလေ။ သူတို့က Public Figure တွေပဲ။ စီးပွားရေးလုပ်ငန်းတွေ လုပ်နေကြတာပဲ။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တယ် ဆိုတာက ဘယ်လို တိုက်ခိုက်တာလဲ။ သူတို့က ခိုးဝှက်ပြီး၊ လက်ဝါးကြီးအုပ်ပြီး တိုင်းပြည် ရဲ့ ငွေတွေကို စားကြ သောက်ကြ၊ အမြတ်ကြီးထုတ်ကြ ၊ လက်ဝါးကြီးအုပ်ကြ ပြောတာမျိုးတွေ။ အဲဒါမျိုးတွေ ကို ပြောတာဟာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာ မဟုတ်ဘူး။ သူတို့ရဲ့ အိမ်တွင်းရေး ကိစ္စတွေ ၊ မယားငယ်တွေ ထားတာမျိုးတွေကို ပြောတာဆိုရင်တော့ ဟုတ်တာပေါ့။ သူတို့ အရက်သောက်တာမျိုးတွေကို ရေးမယ်ဆိုရင်တော့ ပုဂ္ဂိုလ်ရေးလို့ပြောလို့ရတာပေါ့။