Thursday, November 07, 2013

ဇတ်လမ်းကစဘီ ခင်ညွှန့်ရုပ်လုံးတွေဖော်လာနေဘီသတိထား

ထိန်းသိမ်းခံထားရသော ထောက်လှမ်းရေးတပ်မှူး ၂၂ ဦးအား ပြန် လွှတ်ပေးရန် ဗိုလ်ချုပ်ကြီး ခင်ညွန့် (ငြိမ်း)က သမ္မတထံ တင်ပြထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ကြည် က ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူး အစည်းအဝေး (၁/၂ဝ၁၃) ဒုတိယ နေ့၌ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင်သွင်းသော နိုင် ငံတော် လုံခြုံရေးအတွက် အမျိုးသားထောက် လှမ်းရေးအဖွဲ့ကဲ့သို့ အဖွဲ့အစည်း တစ်ခုအမြန်ဆုံးဖွဲ့စည်းတာဝန်ပေးအပ်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြပေးရေး လွှတ်တော်က တိုက်တွန်းသည် ဆိုသည့် အဆိုနှင့် စပ်လျဉ်း ၍ ဆွေးနွေးရာတွင် ကိုယ်စားလှယ် ဦးမြင့်ကြည်က အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ”ဗိုလ်ချုပ်ကြီးခင်ညွန့်က သူ့ရဲ့တပ်မှူး ၂၂ ဦးကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးဖို့ သမ္မတကြီးထံ တင်ပြထားတာကို တွေ့ရပါတယ်။(NIB) လိုအဖွဲ့မျိုး ပေါ်ေ ပါက် လာရင် အကျင့်ပျက်ခြစားမှုတွေကို ဖော်ထုတ်နိုင်ပါမယ်။ ငါးလောင်းပြိုင် လူသတ်မှု ကိုလည်း ဖော်ထုတ်နိုင်ပါမယ်”ဟု၎င်းက ဦးကျော်၏အဆို ကို ထောက်ခံဆွေးနွေးခဲ့သည်။ 

-- Yangon Times Daily