မြန်မာပြည်လူထုက အမေစုကို ကိုးကွယ်သတဲ့လား (Po Zaw)
မြန်မာပြည်လူထုက အမေစုကို ကိုးကွယ်သတဲ့လား
ဖိုးဇော်။ စက်တင်ဘာ ၂၅၊ ၂၀၁၃
သားတို့ချစ်တဲ့အမေစုကျန်းမာပါစေ..
သမီးတို့ချစ်တဲ့အမေစုကျန်းမာပါစေ..
တို့အားလုံးချစ်တဲ့အမေစုကျန်းမာပါစေ…
အမေစုကျန်းမာချမ်းသာရွှင်လန်းစေ…
ဆိုပြီးသီချင်းသံတွေနဲ့မြိုင်နေတဲ့ခမ်းနားလှတဲ့ Resorts World Sentosa Ballroom RWS ခန်းမကြီးကို ၀င်လိုက်ြ့ပီးအမေစုရဲ့ပုံနောက်ခံနဲ့ စင်မြင့်ကြီးကိုကြည့်လိုက်ရတော့မနက် ငါးနာရီထပြီး လာခဲ့ရတဲ့အတွက်အိပ်ရေးမ၀တ၀ ဖြစ်နေရာကနေစိတ်ရောကိုယ်ပါ အတော့်ကို လန်းဆန်းသွားပါတယ်။
ရှေ့ဆုံးနားရောက်အောင်ခြောက်နာရီလောက်အရောက်စောစောလာခဲ့ပေမယ့်ကိုယ့်ရှေ့မှာလူနှစ်ရာကျော်လောက် ရောက်နှင့်နေတာကို တွေ့ရတယ်။တချို့တွေနံနက်၎နာရီလောက်ကတည်းကရောက်နေကြတယ်လို့လည်း ကြားရတယ်။
အမျိုးသမီးတွေအမျိုးသားတွေအတော်များများဟာပင်နီတိုက်ပုံကချင်လုံချည်တွေနဲ့ ရင်ဘတ်မှာNLD တံဆိပ်၊ အမေစုပုံ ၊ ဗိုလ်ချုပ်အောင်ဆန်းပုံ ရင်ထိုးတွေနဲ့တွေ့ရတယ်။ ကရင်၊ ချင်း၊ရှမ်းတိုင်းရင်းသားဝတ်စုံတွေနဲ့လည်း တွေ့ရတယ်။အမေစုပုံတီရှပ်တွေနဲ့လူငယ်ကောင်လေး၊ ကောင်မလေးတွေကိုလည်း တွေ့ရတယ်။ အမျိုးသမီးလေးတွေအချို့ကလည်းပါးမှာ NLD တံဆိပ်ကိုဆေးခြယ်သထားကြတယ်။အဲဒီလိုမြင်ကွင်းတွေကြားမှာတစ်ခါတစ်လေကိုယ့်ကိုယ်ကိုစလုံးမှာဆိုတာကိုတောင် မေ့နေမိတယ်။
ဒီလိုမြန်မာတွေနဲ့ပတ်သက်တဲ့ပွဲ၊အထူးသဖြင့်အမေစုအတွက်လုပ်တဲ့ပွဲကို ခမ်းခမ်းနားနားစည်စည်ကားကားအတိုင်းအတာတစ်ခုအထိလွတ်လွတ်လပ်လပ် ကျင်းပခွင့်ပေးတဲ့ စင်ကာပူအစိုးရ၊ပွဲဖြစ်မြောက်အောင် စီစဉ်ပေးတဲ့မြန်မာကလပ်နဲ့ ၀ိုင်းဝန်းပံ့ပိုးပေးကြတဲ့ မြန်မာအဖွဲ့အစည်းများကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိတယ်။
ကျွန်တော့်အတွက်တော့ အမေစုကိုပထမဆုံးတွေ့ရမယ့် အခွင့်အလမ်းလည်းဖြစ်တယ်။လွန်ခဲ့တဲ့ ၂၅နှစ် ၁၉၈၈ ရွှေတိဂုံခြေရင်းက အမေစုရဲ့ပထမဆုံး လူထုတရားပွဲလုပ်တော့ ကိုယ့်အဖေတွေဘကြီးတွေဦးလေးတွေတက်တက်ကြွကြွ သွားရောက်နားထောင်ဖို့ ပြင်ဆင်ကြတာကို သွားသတိရမိတယ်။အဲဒီတုန်းက အဖေ့ရဲ့တက်ကြွမှုမျိုးနဲ့ပဲ ဒီနေ့ကျွန်တော် အမေစုစကားပြောမှာကို လာရောက်နားထောင်နေပါလား၊
နားထောင်တဲ့ပရိသတ်ကတော့မျိုးဆက်တစ်ခုပြောင်းလဲသွားပြီ။ အမေစုကတော့ဆက်လက်ပြီး ဒီတာဝန်ကြီးကိုထမ်းဆောင်နေတုန်းပါလားလို့ တွေးမိပြီး ကြက်သီးများလည်းထမိ၊ မျက်ရည်များလည်းစို့မိပါတယ်။
စင်ကာပူမှာ ၀မ်းနည်းဖွယ်ရာဒီပဲယင်းအဖြစ်အပျက်နောက်ပိုင်း၊ မြန်မာနိုင်ငံဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေဟာစုပေါင်းလှုပ်ရှားမှု အတော်များများကို လုပ်ဆောင်ခဲ့ကြတယ်။ဒီပဲယင်းအမှတ်တရ ဆွမ်းကျွေး၊ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရ လွတ်မြောက်ရေးဆုတောင်းပွဲ၊ရွှေဝါရောင် လှုပ်ရှားမှုနဲ့ပတ်သက်ပြီး ဆုတောင်းပွဲ ၊ဆွေးနွေးပွဲများ၊ နာဂစ်ဘေး ကူညီရေးလှုပ်ရှားမှုများ၊ Vote No လှုပ်ရှားမှုများကိုတင်းကြပ်လှတဲ့ စင်ကာပူ စည်းမျဉ်း စည်းကမ်းတွေရဲ့ဘောင်နှုတ်ခမ်းဖျားကနေလုပ်ဆောင်ခဲ့ကြတယ်။
နောက်ပိုင်းမြန်မာနိုင်ငံမှာ ပိုမိုပွင့်လင်းလာတာနဲ့အမျှ နိုင်ငံနဲ့ စာပေအကျိုး ဆောင်ရွက်တဲ့အဖွဲ့အစည်းများ စင်ကာပူမှာအများအပြား ပေါ်ပေါက်လာတယ်။အခုစင်ကာပူကိုအရင်ကအိပ်မက်တောင်မမက်ဖူးတဲ့စင်ကာပူအစိုးရရဲ့ဖိတ်ခေါ်မှုနဲ့ ဒေါ်အောင်ဆန်းစုကြည်လာမယ်လို့ဆိုတဲ့အခါကြတော့စင်ကာပူက မြန်မာမိသားစုနဲ့တွေ့ဆုံပွဲကို မြန်မာကလပ်ကဦးစီးကျင်းပပေးမယ်လို့ကြားရတယ်။
မြန်မာကလပ်ဟာယခင်စစ်အစိုးရခေတ်အခွန်ကောက်မြန်မာသံရုံးအသိုင်းအ၀ိုင်းနဲ့ နီးစပ်တယ် ဆိုပြီး ဒီမိုကရေစီအဖွဲ့တွေက ရှောင်ကြဉ်ခဲ့ကြဖူးတော့အခုဒေါ်အောင်ဆန်းစုကြည်ပွဲကို မြန်မာကလပ်ဦးစီးမှာကို တချို့အဖွဲ့ တွေကသဘောမတွေ့ဖြစ်ကြတယ်။ဘယ်နေရာမှာ လုပ်မှာလဲဆိုတော့ လူ၁၇၀၀ ၀န်းကျင်လောက်သာ ဆံ့တဲ့တက္ကသိုလ်က ခန်းမမှာဆိုတော့ မကျေနပ်သံတွေ ဆူဆူညံညံထွက်လာတယ်။တူတာတွေကိုတွဲလုပ်ဆိုတဲ့မူနဲ့ အခြားအဖွဲ့အစည်းတွေဟာ မြန်မာကလပ်နဲ့ညှိုနှိုင်းပြီး၊ လူ ပိုမိုဆန့်တဲ့ခန်းမငှားနိုင်ဖို့ကိစ္စဆွေးနွေးပြီး RWS ခန်းမကိုငှားရမ်းဖို့ အဆင်ပြေသွားပြီးတဲ့နောက်၊ အမေစုနဲ့တွေ့ဆုံပွဲ ခမ်းနားကြီးကျယ်စွာဖြစ်မြောက်ဖို့အတွက်စင်ကာပူနိုင်ငံခြားရေးဝန်ကြီးငှာနနဲ့အဆက်အသွယ်ရနေပြီဖြစ်တဲ့မြန်မာကလပ်ရဲ့ ဦးဆောင်မှုနဲ့ အခြားသော မြန်မာအဖွဲ့အစည်းတွေ ကျရာနေရာကနေ ပူးပေါင်းပါဝင်ကြဖို့ ဆုံးဖြတ်ခဲ့ကြတာဟာ ညှိုနှိုင်းကြရမယ၊် အားလုံး လိုချင်တဲ့အရာတစ်ခုအတွက် ညီညွတ်ကြရမယ်ဆိုတဲ့ အမေ့စကားနားထောင်တဲ့ စင်ကာပူက အမေစုသားသမီးတွေရဲ့ လုပ်ဆောင်ချက်ဟာ ဂုဏ်ယူစရာကောင်းလှပါတယ်။
လုပ်ပိုင်ခွင့်၊ ပြောဆိုခွင့်ပိုရလာတာသာရှိပြီးအုပ်ချုပ်မှုအာဏာ ဘာမှမရှိသေးတဲ့ အမေစုအတွက် စိတ်ရောလူပါ အပင်ပန်းခံ လုပ်ဆောင်ပေးခဲ့ကြတဲ့ မြန်မာကလပ်အဖွဲ့သားများကိုလည်း အခွင့်သာမှလုပ်တယ်လို့ ပြောမယ့်အစား၊ အရင်ကစိတ်ရှိပေမယ့် လုပ်ပိုင်ခွင့်မရှိလို့ မလုပ်ခဲ့ကြတာပဲလို့ တွေးပေးပြီး၊ မပြီးဆုံးသေးတဲ့ဒီမိုကရေစီခရီးလမ်းကို ဆက်လျှောက်မယ့် အမေစုအတွက် နောင်တွဲလုပ်ရမယ့်ဘက်တော်သားအသစ်တွေဆိုပြီးကြိုဆိုသင့်ပါတယ်။
စင်ကာပူမှာ လူစုလူဝေးနဲ့ပတ်သက်ရင် အင်မတန်စည်းကမ်းဥပဒေ တင်းကြပ်တဲ့နိုင်ငံဖြစ်တယ်။ အမေစုရောက်တဲ့နေ့က သွားကြိုချင်ကြပေမယ့် လူစုလူဝေးနဲ့ဆိုရင် အရေးယူခံရမလား ဆိုပြီး စိုးရိမ်မှုတွေလည်းရှိကြတယ်။ မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူလူငယ်တစ်ဦးဖြစ်တဲ့ ကိုစိုးထွန်းက အမေစုရောက်မယ့်ချန်ဂီလေဆိပ် VIP ဆိုက်ရောက်ဆောင်က တာဝန်ကျလုံခြုံရေးဝန်ထမ်းတွေကိုသွားရောက်စုံစမ်းမေးမြန်းပြီးတော့ ကြိုမယ့်သူတွေစောင့်ဖို့နေရာလေးသတ်မှတ်ပေးထားတယ်။
နေရာမတွေ့ရင်ဆက်သွယ်ဖို့သူ့ရဲ့ဖုံးနံပါတ်ကိုပါထည့်သွင်းပြီးသူ့facebook ကနေ တင်လိုက်တဲ့အခါမှာ၊ ဘာပဲဖြစ်ဖြစ် သွားမယ်ဆိုတဲ့ သူတွေရော စိုးရိမ်နေကြသူတွေရော ၀မ်းသာအားရဖြစ်ကုန်ကြတယ်။
ကိုစိုးထွန်းကို “မင်းတို့ဒေါ်အောင်ဆန်းစုကြည်ကိုစက္ကန့်ပိုင်းလေးတွေ့ရဖို့အလုပ်တွေ၊ကျောင်းတွေကခွင့်ယူပြီးတနေ့လုံးနီးပါးအချိန်ပေးရတာထိုက်တန်ရဲ့လား” လို့ Channel News Asia မှ သတင်းထောက်က အလွတ်ဘဘောမျိုးမေးတော့သူက ဂုဏ်ယူဝင့်ကြွားစွာနဲ့ပြန်ပြောလိုက်ပါတယ်။
“ကျွန်တော်တို့အတွက် သူရဲ့အချိန်တွေပေးထားတာ တစ်ရက်လား … တစ်လလား …တစ်နှစ်လား … နှစ်ပေါင်း၂၀ကျော်ပြီ …။ ဒါကြောင့် ဒီနေ့ ကျွန်တော်တို့ခေါင်းဆောင်ကို တွေ့မြင်ရခြင်း မမြင်ရခြင်းကို အဓိကမထားဘဲ လာရောက်ကြိုဆိုဖို့အချိန်ပေးရတာ သူပေးဆပ်နေတာနဲ့ ယှဉ်ရင် ဘာမှပြောလောက်စရာကိစ္စ မဟုတ်ဘူး …”လို့။
သတင်းထောက်အမျိုးသမီးရဲ့မျက်နှာကတော့ စိတ်ကျေနပ်တဲ့အရိပ်အယောင်အပြည့်နဲ့ပြုံးလို့တဲ့။
VIP ဆိုက်ရောက်ခန်းမဆောင်ကနေ အမေစုကို ကြိုလာတဲ ကား ထွက်လာတော့ ကြိုဆိုနေကြတဲ့သူတွေနဲ့ မနီးမဝေးမှာ ခဏရပ်ပြီး လက်လှမ်းပြလိုက်တဲ့အခါ ကြိုနေတဲ့သူတွေထဲက အမျိုးသမီးလေးတွေတော်တော်များများဟာ ပါးစပ်ကလည်းအမေစုကျန်းမာပါစေလို့ အော်ဟစ်ဆုတောင်းနေကြရင်းက သူတို့ရဲ့မျက်လုံးတွေဟာလည်း မျက်ရည်တွေရွှဲပြီး နီရဲကုန်တော့တယ်။
နိုင်ငံရေးဆိုရင် လုပ်ကိုင်မှုလည်းမရှိ ဆွေးနွေးမှုလည်းမရှိတဲ့ကျွန်တော့်ရဲ့အမျိုးသမီးတောင် Facebook ကနေ အမေစုလာမယ်ဆိုတဲ့သတင်းတွေကို ဖတ်ထားရကြည့်ထားရတော့၊ အလုပ်လုပ်နေရင်းနဲ့ ဒီနေ့အမေစုရောက်မယ်ဆိုတဲ့အသိက ၀မ်းသာသလိုလို၊ ၀မ်းနည်းသလိုလို ရင်ထဲတမျိုးကြီးပဲလို့ ထူးထူးခြားခြား လာပြောလေတယ်။ မေတ္တာဆိုတာ ကိုယ့်ကိုလာပေးရင် အငြင်းရခက်လှတဲ့ လက်ဆောင်တစ်ခုလိုပဲ စင်ကာပူက မြန်မာတွေလည်း အမေစုရဲ့ မြန်မာပြည်သူပြည်သားတွေအပေါ်ထားတဲ့ မေတ္တာစစ်မေတ္တာမှန်တွေကို မျက်ရည်တစိုစိုနဲ့ ကျေကျေနပ်နပ်ကြီး လက်ခံနေရတော့တယ်။
အမေစုနဲ့တွေ့ဆုံပွဲ နံနက်ခင်းမှာ အကြောင်းအမျိုးမျိုးကြောင့် လက်တွေ့ဆန်ဆန် စင်ကာပူနိုင်ငံသားခံယူသွားတဲ့ သူငယ်ချင်းတွေကိုလည်း မြန်မာအမျိုးသားဝတ်စုံတွေနဲ့ တွေ့ရပြီး ကျေနပ်ပီတိဖြစ်နေတဲ့သူတို့ရဲ့မျက်နှာတွေဟာလည်းဟန်ဆောင်မှုမရှိ ရင်ထဲကလာတယ်ဆိုတာငြင်းလို့မရပါ။
အမေစုပုံနောက်ခံနဲ့ စင်မြင့်ပေါ်မှာ တိုင်းရင်းသားပေါင်းစုံ ရိုးရာအကတွေကကြ ။ အမေစုဟာ ဒီနိုင်ငံက၀န်ကြီးချုပ်နဲ့ ညစာစားပွဲ အတူတက်၊ သမ္မတနဲ့တွေ့ဆုံဖို့လည်း အစီအစဉ်တွေရှိတယ် ဆိုတာကြားသိရတော့၊ တစ်ခါတစ်လေ ကျွန်တော်တို့ရဲ့စိတ်ထဲ အမေစုဟာ လုပ်ပိုင်ခွင့် အာဏာရှိသူ တစ်ယောက်လို့ ထင်မှတ်မှားသွားပြီး၊ တိုင်းပြည် ဒီနေရာတိုးတက်ရေးအတွက် ဘယ်လိုအစီအစဉ်ရှိလ၊ဲ ဟိုနေရာ အရေးအခင်းတွေကို ဘယ်လိုဖြေရှင်းမလဲဆိုပြီး မေးခွန်းတွေမေးတတ်ကြတယ်။
ဒီလိုမေးတာတွေ လုံးဝမှားတယ်လို့လည်း မဆိုလိုပါ။အမေစုကလည်းဒီလိုတိုးတက်ရေး ပဋ္ဋိပက္ခဖြေရှင်းရေးတွေကို ဆွေးနွေးဖို့အမြဲပဲစိတ်အားထက်သန်ပါတယ်။ဒါပေမယ့် ကျွန်တော်တို့သတိချပ်ရမှာကအမေစုဟာ၂၀၁၅ရွေးကောက်ပွဲမှာ အနိုင်ရရင်တောင်အုပ်ချုပ်မှုအာဏာရမယ့်သမ္မတဖြစ်ဖို့ အခွင့်အလမ်းမရှိသေးပါ။
အဲဒီစိတ်ကူးနဲ့ပဲကိုယ့်မေးခွန်းအရွေးခံရ၊ မခံရတာထက်၊ ပါဝင်ဆင်နွှဲရမှာကကိုယ့်ရဲ့တာဝန် ဆိုပြီး … “အမေစုကျန်းမာရေးကောင်းအောင်ဂရုစိုက်ဖို့နဲ့ သူ့ရဲ့ အဓိကရည်မှန်းချက်ဖြစ်တဲ့ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေးမှာ နိုင်ငံသားတစ်ယောက်အနေနဲ့ အကောင်းဆုံးဘယ်လိုထောက်ခံပါဝင်ရမလဲ …” ဆိုပြီး ပေးထားတဲ့မေးခွန်းလွှာစာရွက်မှာရေးပြီးထည့်လိုက်တယ်။
“အမေစုက ကျွန်တော်တို့အတွက်ဘာလုပ်ပေးမလဲ …”
ဆိုတာထက်
အမေစုပြောသွားတဲ့
“ကိုယ်လိုချင်တဲ့အခြေအနေတွေကိုကိုယ်တိုင်ဖန်တီးပေးရမယ်” ဆိုတဲ့စကား
အမေစု သမ္မတဖြစ်ရင်ပြန်လာမယ်ဆိုတဲ့ကျောင်းသားလူငယ်လေးရဲ့စကားကို …
“ဒါဆိုအမေစု သမ္မတဖြစ်အောင် အရင်ပြန်လာလုပ်ပေးလှည့်ဦး …” လို့
အရွှန်းဖောက်သလိုလိုနဲ့အလေးအနက်တိုက်တွန်းသွားတဲ့စကားတွေအတိုင်းအခုအချိန်မှာအမေစုကို ဘယ်လိုဝန်းရံရမလဲဆိုတာကိုကျွန်တော်တို့က စဉ်းစားရမှာဖြစ်တယ်။
အမေစုစင်ကာပူမှာပြောသွားတဲ့စကားတွေဟာကောင်းမွန်ထိမိလွန်းလှတာကြောင့် အရင် ဗီဒီယိုခွေတွေကနေ ကြည့်ဖူးတဲ့တက္ကသိုလ်ရိပ်သာလမ်းအိမ်ရှေ့က တရားပွဲတွေကိုတောင် သတိသွားရနေမိတယ်။
ပွဲမစခင် မြန်မာကလပ်ရဲ့ မြန်မာတွေနဲ့ပတ်သက်ပြီး လုပ်ဆောင်ချက်တွေကို ရှင်းလင်း ပြောကြားသွားတာဟာ အမေစုပြောတဲ့ အပေးအယူ သဘောတရားလေးတွေပဲလို့ တွေးတောမိတယ်။ သူတို့လည်းစိတ်ထဲတကယ်မပါဘဲနဲ့ လူထင်ပေါ်ရုံအခွင့်အရေးမျှော်ကိုးရုံနဲ့တော့ အချိန်တိုအတွင်း ဒီလောက်အပင်ပန်းခံပြီး လုပ်နိုင်ကြလိမ့်မယ် မထင်ပါ။
ပွဲပြီးလို့အပြင်ထွက်တော့ အပြင်မှာတာဝန်ကျနေတဲ့ လုပ်အားပေးလူငယ်တစ်ယောက် သူရဲ့သူငယ်ချင်းကို လှမ်းနှုတ်ဆက်ရင်း “ကိုယ်တို့ကတော့ ပွဲစကတည်းက ဒီနေရာမှာပဲ …” လို့ လှမ်းပြောလိုက်တာကိုကြားရတော့ ရင်ထဲ နင့်ကနဲဖြစ်သွားပြီးကိုယ့်ကိုယ်ကိုလည်း ရှက်မိတယ်။
သူတို့လိုလူမျိုးတွေကတော့ အမေစုပြောတဲ့ အပေးသမားသက်သက်တွေပါလား … လို့ တွေးပြီးဂုဏ်ယူမိတယ်။
အဲဒီနေ့ကအမေ့စုနဲ့တွေ့ဆုံပွဲကိုတက်ရောက်ကြတဲ့မြန်မာတွေ ၆၀၀၀ နီးပါးရှိပေမယ့် စိတ်တွေကတော့ တစ်စိတ်တည်းဖြစ်နေတယ်။သူတို့ချစ်တဲ့အမေစုကို သူတို့ရဲ့သမ္မတအဖြစ်နဲ့ ဂုဏ်ယူဝင့်ကြွားစွာမြင်ချင်တဲ့စိတ်ကတော့အားလုံးမှာတူညီစွာရှိနေကြတယ်။
သင်္ဘောမာလိန်မှူးတွေဟာ မြှုမှုန်ထုထဲ အမှောင်ထဲမှာ မီးပြတိုက်ကို အားထားရသလိုပဲ ပြည်သူလူထုကလည်း အမေစုကို ဒီမိုကရေစီခရီးလမ်းမှာ ယုံကြည်အားထားကြတယ်။
အင်မတန်သာယာလှပတယ်လို့ဆိုတဲ့ဟာဝိုင်ယီကမ်းခြေကနေပစိဖိတ်သမုဒ္ဒရာကြီးကို လှမ်းကြည့်ရင်း အမှန်အတိုင်းရွေးချယ်ရရင်မြန်မာ့အလှမြန်မာ့ဓလေ့တွေကြားထဲမှာဒီမိုကရေစီခရီးအတွက် ရုန်းကန်နေထိုင်နေရတာကို ပိုမိုနှစ်သက်တယ် လို့ ဆိုတဲ့ အမေစုဟာ မြန်မာပြည်သူလူထုက သူတို့ရဲ့ရင်ထဲ အသည်းထဲကနေ အူလှိုက်သည်းလှိုက်ချစ်ရသူပါ။
တစ်ချို့ကဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုက ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေ များလွန်းတယ်လို့ဝေဖန်ကြတယ်။ လွတ်လပ်စွာေ ရွေးချယ်ပိုင်ခွင့်၊ တန်းတူညီမျှခွင့်ပေးနိုင်မယ့် ဒီမိုကရေစီအစစ်အမှန်ကို လိုချင်ကိုးကွယ်မိတဲ့ ပြည်သူလူထုဟာ အဲဒီလိုရပိုင်ခွင့်တွေအတွက် ခရီးကြမ်းကိုငွေရတု တိုင်အောင် မိမိတို့ရှေ့က ဦးဆောင်ပေးနေတဲ့ ခေါင်းဆောင်ကောင်း ခေါင်းဆောင်မြတ်ကို ချစ်မိ၊ အားထားမိကိုးကွယ်မိကြတယ်လို့ဆိုကြရင်လည်း မှားလိမ့်မည်တော့မထင်။
(ပြည်သူ့ခေတ် ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၆၄ မှ ဆရာဖိုးဇော်၏ သပြေနု၊ ငွေခရု၊ ဇေယျတုနဲ့မြန်မာပြည်သူတွေရဲ့ အမေစု ဆောင်းပါး)
(Photo – Ko Soe Tun’s facebook Page)
- See more at:http://moemaka.com/archives/38300#sthash.VYUgDWNc.dpuf
မြန်မာပြည်လူထုက အမေစုကို ကိုးကွယ်သတဲ့လား
ဖိုးဇော်။ စက်တင်ဘာ ၂၅၊ ၂၀၁၃
သားတို့ချစ်တဲ့အမေစုကျန်းမာပါစေ
သမီးတို့ချစ်တဲ့အမေစုကျန်းမာပါေ
တို့အားလုံးချစ်တဲ့အမေစုကျန်းမာ
အမေစုကျန်းမာချမ်းသာရွှင်လန်းစေ…
ဆိုပြီးသီချင်းသံတွေနဲ့မြိုင်နေ
ရှေ့ဆုံးနားရောက်အောင်ခြောက်နာရ
အမျိုးသမီးတွေအမျိုးသားတွေအတော်
ဒီလိုမြန်မာတွေနဲ့ပတ်သက်တဲ့ပွဲ၊
ကျွန်တော့်အတွက်တော့ အမေစုကိုပထမဆုံးတွေ့ရမယ့် အခွင့်အလမ်းလည်းဖြစ်တယ်။လွန်ခဲ့
နားထောင်တဲ့ပရိသတ်ကတော့မျိုးဆက်
စင်ကာပူမှာ ၀မ်းနည်းဖွယ်ရာဒီပဲယင်းအဖြစ်အပျ
နောက်ပိုင်းမြန်မာနိုင်ငံမှာ ပိုမိုပွင့်လင်းလာတာနဲ့အမျှ နိုင်ငံနဲ့ စာပေအကျိုး ဆောင်ရွက်တဲ့အဖွဲ့အစည်းများ စင်ကာပူမှာအများအပြား ပေါ်ပေါက်လာတယ်။အခုစင်ကာပူကိုအရင
မြန်မာကလပ်ဟာယခင်စစ်အစိုးရခေတ်အ
လုပ်ပိုင်ခွင့်၊ ပြောဆိုခွင့်ပိုရလာတာသာရှိပြီးအ
စင်ကာပူမှာ လူစုလူဝေးနဲ့ပတ်သက်ရင် အင်မတန်စည်းကမ်းဥပဒေ တင်းကြပ်တဲ့နိုင်ငံဖြစ်တယ်။ အမေစုရောက်တဲ့နေ့က သွားကြိုချင်ကြပေမယ့် လူစုလူဝေးနဲ့ဆိုရင် အရေးယူခံရမလား ဆိုပြီး စိုးရိမ်မှုတွေလည်းရှိကြတယ်။ မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူလူငယ်တစ်ဦးဖြစ်တဲ့ ကိုစိုးထွန်းက အမေစုရောက်မယ့်ချန်ဂီလေဆိပ် VIP ဆိုက်ရောက်ဆောင်က တာဝန်ကျလုံခြုံရေးဝန်ထမ်းတွေကို
နေရာမတွေ့ရင်ဆက်သွယ်ဖို့သူ့ရဲ့ဖ
ကိုစိုးထွန်းကို “မင်းတို့ဒေါ်အောင်ဆန်းစုကြည်ကို
“ကျွန်တော်တို့အတွက် သူရဲ့အချိန်တွေပေးထားတာ တစ်ရက်လား … တစ်လလား …တစ်နှစ်လား … နှစ်ပေါင်း၂၀ကျော်ပြီ …။ ဒါကြောင့် ဒီနေ့ ကျွန်တော်တို့ခေါင်းဆောင်ကို တွေ့မြင်ရခြင်း မမြင်ရခြင်းကို အဓိကမထားဘဲ လာရောက်ကြိုဆိုဖို့အချိန်ပေးရတာ
သတင်းထောက်အမျိုးသမီးရဲ့မျက်နှာ
VIP ဆိုက်ရောက်ခန်းမဆောင်ကနေ အမေစုကို ကြိုလာတဲ ကား ထွက်လာတော့ ကြိုဆိုနေကြတဲ့သူတွေနဲ့ မနီးမဝေးမှာ ခဏရပ်ပြီး လက်လှမ်းပြလိုက်တဲ့အခါ ကြိုနေတဲ့သူတွေထဲက အမျိုးသမီးလေးတွေတော်တော်များမျ
နိုင်ငံရေးဆိုရင် လုပ်ကိုင်မှုလည်းမရှိ ဆွေးနွေးမှုလည်းမရှိတဲ့ကျွန်တော
အမေစုနဲ့တွေ့ဆုံပွဲ နံနက်ခင်းမှာ အကြောင်းအမျိုးမျိုးကြောင့် လက်တွေ့ဆန်ဆန် စင်ကာပူနိုင်ငံသားခံယူသွားတဲ့ သူငယ်ချင်းတွေကိုလည်း မြန်မာအမျိုးသားဝတ်စုံတွေနဲ့ တွေ့ရပြီး ကျေနပ်ပီတိဖြစ်နေတဲ့သူတို့ရဲ့မျ
အမေစုပုံနောက်ခံနဲ့ စင်မြင့်ပေါ်မှာ တိုင်းရင်းသားပေါင်းစုံ ရိုးရာအကတွေကကြ ။ အမေစုဟာ ဒီနိုင်ငံက၀န်ကြီးချုပ်နဲ့ ညစာစားပွဲ အတူတက်၊ သမ္မတနဲ့တွေ့ဆုံဖို့လည်း အစီအစဉ်တွေရှိတယ် ဆိုတာကြားသိရတော့၊ တစ်ခါတစ်လေ ကျွန်တော်တို့ရဲ့စိတ်ထဲ အမေစုဟာ လုပ်ပိုင်ခွင့် အာဏာရှိသူ တစ်ယောက်လို့ ထင်မှတ်မှားသွားပြီး၊ တိုင်းပြည် ဒီနေရာတိုးတက်ရေးအတွက် ဘယ်လိုအစီအစဉ်ရှိလ၊ဲ ဟိုနေရာ အရေးအခင်းတွေကို ဘယ်လိုဖြေရှင်းမလဲဆိုပြီး မေးခွန်းတွေမေးတတ်ကြတယ်။
ဒီလိုမေးတာတွေ လုံးဝမှားတယ်လို့လည်း မဆိုလိုပါ။အမေစုကလည်းဒီလိုတိုးတ
အဲဒီစိတ်ကူးနဲ့ပဲကိုယ့်မေးခွန်း
“အမေစုက ကျွန်တော်တို့အတွက်ဘာလုပ်ပေးမလဲ
ဆိုတာထက်
အမေစုပြောသွားတဲ့
“ကိုယ်လိုချင်တဲ့အခြေအနေတွေကိုက
အမေစု သမ္မတဖြစ်ရင်ပြန်လာမယ်ဆိုတဲ့ကျော
“ဒါဆိုအမေစု သမ္မတဖြစ်အောင် အရင်ပြန်လာလုပ်ပေးလှည့်ဦး …” လို့
အရွှန်းဖောက်သလိုလိုနဲ့အလေးအနက်တ
အမေစုစင်ကာပူမှာပြောသွားတဲ့စကား
ပွဲမစခင် မြန်မာကလပ်ရဲ့ မြန်မာတွေနဲ့ပတ်သက်ပြီး လုပ်ဆောင်ချက်တွေကို ရှင်းလင်း ပြောကြားသွားတာဟာ အမေစုပြောတဲ့ အပေးအယူ သဘောတရားလေးတွေပဲလို့ တွေးတောမိတယ်။ သူတို့လည်းစိတ်ထဲတကယ်မပါဘဲနဲ့ လူထင်ပေါ်ရုံအခွင့်အရေးမျှော်ကို
ပွဲပြီးလို့အပြင်ထွက်တော့ အပြင်မှာတာဝန်ကျနေတဲ့ လုပ်အားပေးလူငယ်တစ်ယောက် သူရဲ့သူငယ်ချင်းကို လှမ်းနှုတ်ဆက်ရင်း “ကိုယ်တို့ကတော့ ပွဲစကတည်းက ဒီနေရာမှာပဲ …” လို့ လှမ်းပြောလိုက်တာကိုကြားရတော့ ရင်ထဲ နင့်ကနဲဖြစ်သွားပြီးကိုယ့်ကိုယ်
သူတို့လိုလူမျိုးတွေကတော့ အမေစုပြောတဲ့ အပေးသမားသက်သက်တွေပါလား … လို့ တွေးပြီးဂုဏ်ယူမိတယ်။
အဲဒီနေ့ကအမေ့စုနဲ့တွေ့ဆုံပွဲကို
သင်္ဘောမာလိန်မှူးတွေဟာ မြှုမှုန်ထုထဲ အမှောင်ထဲမှာ မီးပြတိုက်ကို အားထားရသလိုပဲ ပြည်သူလူထုကလည်း အမေစုကို ဒီမိုကရေစီခရီးလမ်းမှာ ယုံကြည်အားထားကြတယ်။
အင်မတန်သာယာလှပတယ်လို့ဆိုတဲ့ဟာဝ
တစ်ချို့ကဒေါ်အောင်ဆန်းစုကြည်အပေ
(ပြည်သူ့ခေတ် ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၆၄ မှ ဆရာဖိုးဇော်၏ သပြေနု၊ ငွေခရု၊ ဇေယျတုနဲ့မြန်မာပြည်သူတွေရဲ့ အမေစု ဆောင်းပါး)
(Photo – Ko Soe Tun’s facebook Page)
- See more at:http://moemaka.com/archives/
Sa Maung