Thursday, May 02, 2013

ဘင်္ဂလာဒေခ်ျ့တွင် ဧပြီတစ်လတည်း အတွင်းအကြမ်းဖက်ခံရတဲ့ အမျိုးသမီး ၄၁၄ဦးရှိ

Black Angle's photo.
နိရဉ္စရာ
ဘင်္ဂလာဒေခ်ျ့တွင် ဧပြီတစ်လတည်း အတွင်းအကြမ်းဖက်ခံရတဲ့ အမျိုးသမီး ၄၁၄ဦးရှိ

မြန်မာရဲ့ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာလွန်ခဲ့တဲ့ ဧပြီ တစ်လ တည်းအတွင်းမှာ အကြမ်းဖက် ခံရသူအမျိုးသမီး အရေအတွက်ဟာ ၄၁၄ ဦးထိ ရှိခဲ့တယ်လို့ ဘင်္ဂလာဒေခ်ျ့ အမျိုးသမီး အဖွဲ့ချုပ် Bangladesh Mahila Parishad ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။
အဲဒီ ၄၁၄ဦးထဲမှာ ၁၀၂ဦးကတော့မုဒိမ်းကျင့်ခံခဲ့ရပြီး အဲဒီအထဲက ၁၇ ဦးကတော့အုပ်စုလိုက်ကျင့်ခံခဲ့ရတာ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ ၇ ဦးကတော့ မုဒိမ်းကျင့်ပြီးနောက်အသတ်ခံခဲ့ရတယ်လို့ ပြောပါတယ်။

အမျိုးသမီး ၁၆ ဦးကတော့မုဒိမ်းကျင့်ဖို့ ကြိုးစားတာကို ခံခဲ့ရပြီး ၁၃ဦးကတော့မဖွယ်မရာ ဆက်ခံခဲ့ရတယ်လို့ ပြောပါတယ်။

အက်ဆစ်နဲ့ ပက်ခံရတဲ့အမျိုးသမီးက ၃ဦးရှိပြီး ၄ ဦးကတော့ မီးရှို့ တိုက်ခိုက်ခံခဲ့ရပြီး အဲဒီအထဲက သုံးဦးကတော့သေဆုံးကုန်တယ်လို့ ပြောပါတယ်။ အမျိုးသမီး ၅ ဦးကတော့ပြန်ပေးဆွဲခံခဲ့ရတယ်လို့ ဖေါ်ပြပါတယ်။

အမျိုးသမီးနဲ့ ကလေးငယ်၆၄ ဦး ဟာ ဧပြီတစ်လတည်း အတွင်းမှာ အသတ်ခံခဲ့ရပြီး လူကုန်ကူးမူ ၄မူရှိခဲ့တယ်လို့ ပြောပါတယ်။

အမျိုးသမီး ၄၆ ဦးကတော့အမျိုးသားဖြစ်သူကို လက်ထပ်စဉ်က ပေးဆောင်ရမယ့် ခန်းဝင်ပစ္စည်းတွေ (ရွှေ၊ ငွေ၊ ရေခဲသေတ္တာ၊ တီဗီ၊ ဆိုဖာ၊ အဲယားကောင့်စတဲ့ ပစ္စည်းများ) မပေးဆောင်နိုင်တဲ့အတွက်ညှဉ်းပမ်း နှိပ်စက်ခံခဲ့ရပြီး အဲဒီအထဲက ၂၅ ဦးကတော့ အသတ်ခံခဲ့ရပါတယ်။

အမျိုးသမီးနှစ်ဦးကတော့အိမ်တွင်း နှိပ်စက်မူကို ခံခဲ့ရတယ်လို့ ပြောပါတယ်။

အမျိုးသားတွေရဲ့ နှောင့်ယှက်စော်ကားတာကို ခံခဲ့ရတဲ့ အမျိုးသမီးက ၄၅ ဦးရှိပြီး အဲဒီအထဲက တစ်ဦးကတော့ မိမိကိုယ်ကိုသတ်သေသွားခဲ့တယ်လို့ ပြောပါတယ်။

အရေအတွက်၃၀ ထက်များတဲ့ အမျိုးသမီးတွေဟာ အမျိုးမျိုးသောအကြမ်းဖက်မူတွေကြောင့် မိမိကိုယ်ကို သတ်သေခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

အသက်မပြည့်တဲ့ကလေးမလေး တစ်ဦးကတော့ အရွယ်မတိုင်မီအတင်း အိမ်ထောင်ပြုခဲ့ရတယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။

အခုစုဆောင်းထားတဲ့ အရေအတွက်ဟာ ဘင်္ဂလာဒေခ်ျ့က ထုတ်ဝေတဲ့သတင်းစာတွေပါကိန်းဂဏန်းတွေကို စုဆောင်း ကောက်ယူဖေါ်ပြတာဖြစ်တယ်လို့ အမျိုးသမီးအဖွဲ့က ဆိုပါတယ်။

ိ

(နိရဉ္စရာ- ၁ မေ ၂၀၁၃)

.