Thursday, May 02, 2013

အများပြည်သူ ရုံးပိတ်ရက်တွင် အချိန်ပိုကြေးမပေးဘဲ အလုပ်ဆင်းခိုင်းလျှင် အလုပ်သမား ၀န်ကြီးဌာနသို့ တိုင်တန်းနိုင်

ရန်ကုန်၊ မေ ၁။

အများပြည်သူ ရုံးပိတ်ရက်အဖြစ် အစိုးရမှ တရားဝင် အားလပ်ရက်အဖြစ် သတ်မှတ်ထားသော နေ့များတွင် အချိန်ပိုကြေး ပေးဆောင်ခြင်း မရှိဘဲ အလုပ်သမားများကို အလုပ်ဆင်းခိုင်းပါက အလုပ်သမား ၀န်ကြီးဌာနကို တိုင်ကြားနိုင်ကြောင်း ရှေ့နေ ဦးခင်မောင်ရှိန်၏ ပြောကြားချက်အရ သိရသည်။

အစိုးရမှ အများပြည်သူ ရုံးပိတ်ရက်အဖြစ် တရားဝင် သတ်မှတ်ထားသော ရုံးပိတ်ရက်များတွင် စူပါမားကတ်၊ စားသောက်ဆိုင် စသော ပုဂ္ဂလိကပိုင် လုပ်ငန်းများတွင် တာဝန် ထမ်းဆောင်နေကြသော ၀န်ထမ်းများမှာ အများနည်းတူ နားရက်အဖြစ် ရရှိခြင်း မရှိဘဲ အလုပ်ဆင်းနေရခြင်းများရှိရာ အလုပ်ရှင်များဘက်မှ အလုပ်သမားများနှင့် ညှိုနှိုင်းမှု ပြုလုပ်ပြီး အချိန်ပိုကြေး ပေးခြင်းများကို လုပ်ဆောင်ရန် လိုအပ်ကြောင်း ထိုသို့ မပြုလုပ်ဘဲ အလုပ်ဆင်းခိုင်းခြင်းမှာ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခြင်းဖြစ်ကြောင်း သိရသည်။

“အများပြည်သူ ရုံးပိတ်ရက်တွေမှာ အလုပ်ဖွင့်ချင်တယ်ဆိုရင် အလုပ်ရှင်တွေ အနေနဲ့ အချိန်ပိုကြေး ပေးရမယ်။ အလုပ်ရှင်နဲ့ အလုပ်သမား ညှိုနှိုင်းပြီး နဂိုတစ်ရက် လုပ်ခရဲ့  နှစ်ဆ ဆိုတာမျိုး ညှိုနှိုင်းပြီး အလုပ်သမားတွေကို ပေးရမယ်။ ဒီလိုအချိန်ပိုကြေး မပေးဘဲ အလုပ် လုပ်ခိုင်းမယ်ဆိုရင် အလုပ်သမားတွေဘက်က တရားဝင် ဆန္ဒထုတ်ဖော်ခွင့် လည်းရှိတယ်။ အလုပ်ကို မသွားဘဲ နေလို့လည်းရတယ်။ ဒီအတွက်လည်း အလုပ်သမားကို အရေးယူပိုင်ခွင့် မရှိဘူး။ အချိန်ပိုကြေး မပေးဘဲ အလုပ်ဆင်းခိုင်းတဲ့ အလုပ်ရှင်တွေကို အလုပ်သမားဝန်ကြီး ဌာနမှာ တိုင်ကြားနိုင်တယ်” ဟုရှေ့ နေ ဦးခင်မောင်ရှိန် ကပြောကြားသည်။

တစ်ကမ္ဘာလုံးတွင် အလုပ်သမားများအတွက် မေလ (၁)ရက်နေ့ကို အလုပ်သမားနေ့ (မေဒေးနေ့) အဖြစ် တရားဝင် သတ်မှတ်ကာ ပိတ်ရက်အဖြစ် သတ်မှတ်ပေးထားသော်လည်း မြန်မာနိုင်ငံတွင် အဆိုပါနေ့တွင် အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရကာ အလုပ်ဆင်း နေရသော အလုပ်သမားများလည်းရှိကြောင်း သိရသည်။

ဆုဝေ

အေးချမ်းမွန် Credit & Copy From > မြန်မာ့ခေတ်
https://www.facebook.com/excellencemedia
Photo: အများပြည်သူ ရုံးပိတ်ရက်တွင် အချိန်ပိုကြေးမပေးဘဲ အလုပ်ဆင်းခိုင်းလျှင် အလုပ်သမား ၀န်ကြီးဌာနသို့ တိုင်တန်းနိုင် 

ရန်ကုန်၊ မေ ၁။

အများပြည်သူ ရုံးပိတ်ရက်အဖြစ် အစိုးရမှ တရားဝင် အားလပ်ရက်အဖြစ် သတ်မှတ်ထားသော နေ့များတွင် အချိန်ပိုကြေး ပေးဆောင်ခြင်း မရှိဘဲ အလုပ်သမားများကို အလုပ်ဆင်းခိုင်းပါက အလုပ်သမား ၀န်ကြီးဌာနကို တိုင်ကြားနိုင်ကြောင်း ရှေ့နေ ဦးခင်မောင်ရှိန်၏ ပြောကြားချက်အရ သိရသည်။

အစိုးရမှ အများပြည်သူ ရုံးပိတ်ရက်အဖြစ် တရားဝင် သတ်မှတ်ထားသော ရုံးပိတ်ရက်များတွင် စူပါမားကတ်၊ စားသောက်ဆိုင် စသော ပုဂ္ဂလိကပိုင် လုပ်ငန်းများတွင် တာဝန် ထမ်းဆောင်နေကြသော ၀န်ထမ်းများမှာ အများနည်းတူ နားရက်အဖြစ် ရရှိခြင်း မရှိဘဲ အလုပ်ဆင်းနေရခြင်းများရှိရာ အလုပ်ရှင်များဘက်မှ အလုပ်သမားများနှင့် ညှိုနှိုင်းမှု ပြုလုပ်ပြီး အချိန်ပိုကြေး ပေးခြင်းများကို လုပ်ဆောင်ရန် လိုအပ်ကြောင်း ထိုသို့ မပြုလုပ်ဘဲ အလုပ်ဆင်းခိုင်းခြင်းမှာ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခြင်းဖြစ်ကြောင်း သိရသည်။

“အများပြည်သူ ရုံးပိတ်ရက်တွေမှာ အလုပ်ဖွင့်ချင်တယ်ဆိုရင် အလုပ်ရှင်တွေ အနေနဲ့ အချိန်ပိုကြေး ပေးရမယ်။ အလုပ်ရှင်နဲ့ အလုပ်သမား ညှိုနှိုင်းပြီး နဂိုတစ်ရက် လုပ်ခရဲ့  နှစ်ဆ ဆိုတာမျိုး ညှိုနှိုင်းပြီး အလုပ်သမားတွေကို ပေးရမယ်။ ဒီလိုအချိန်ပိုကြေး မပေးဘဲ အလုပ် လုပ်ခိုင်းမယ်ဆိုရင် အလုပ်သမားတွေဘက်က တရားဝင် ဆန္ဒထုတ်ဖော်ခွင့် လည်းရှိတယ်။ အလုပ်ကို မသွားဘဲ နေလို့လည်းရတယ်။ ဒီအတွက်လည်း အလုပ်သမားကို အရေးယူပိုင်ခွင့် မရှိဘူး။ အချိန်ပိုကြေး မပေးဘဲ အလုပ်ဆင်းခိုင်းတဲ့ အလုပ်ရှင်တွေကို အလုပ်သမားဝန်ကြီး ဌာနမှာ တိုင်ကြားနိုင်တယ်” ဟုရှေ့ နေ ဦးခင်မောင်ရှိန် ကပြောကြားသည်။

တစ်ကမ္ဘာလုံးတွင် အလုပ်သမားများအတွက် မေလ (၁)ရက်နေ့ကို အလုပ်သမားနေ့ (မေဒေးနေ့) အဖြစ် တရားဝင် သတ်မှတ်ကာ ပိတ်ရက်အဖြစ် သတ်မှတ်ပေးထားသော်လည်း မြန်မာနိုင်ငံတွင် အဆိုပါနေ့တွင် အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရကာ အလုပ်ဆင်း နေရသော အလုပ်သမားများလည်းရှိကြောင်း သိရသည်။

ဆုဝေ

အေးချမ်းမွန် Credit & Copy From > မြန်မာ့ခေတ် <Thank

.