Friday, May 10, 2013

ဂျီဟတ်လုပ်မယ်အော်နေတဲ့ အင်ဒိုနီးရှား


Kyaw H Aung

အင်ဒိုနီးရှားက မွတ်စလင်အစွန်းရောက်တွေက မြန်မာပြည်မှာ လူနည်းစုဘင်္ဂလီတွေကို လူမျိုးတုန်းသတ်ဖြတ်နေပါတယ်၊ မွတ်စလင်တွေကို နှိပ်ကွပ်နေပါတယ်၊ ဒါကို ဂျီဟတ်လုပ်မယ် လို့ အော်ကြတော့ တကယ့် hypocrites (ကြောင်သူတော်) တွေပဲလို့ ထင်လိုက်ပါတယ်။ သူ့များကို လက်ညှိးထိုးဖို့လောက်ပဲ သိပြီး ကိုယ့်အိမ်ရှေ့က အဖြစ်အပျက်ကျတော့ လူသူမသိအောင် ဖုံးနေလိုက်တာလို့ တွေးလိုက်မိပါတယ်။


အင်ဒိုနီးရှားနိုင်ငံဟာ ကျွန်းပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ ကျွန်းစုနိုင်ငံပါ။ နိုင်ငံအရှေ့ဘက်က New Guinea လို့ခေါ်တဲ့ ကျွန်းရဲ့ အနောက်ဘက်တစ်ခြမ်း (ပါပူးဝါး တိုင်းနှင့် အနောက် ပါပူးဝါး တိုင်း) ကို အင်ဒိုနီးရှားက သိမ်းထားတာပါ။ ဒေသခံတိုင်းရင်းသား ပါပူးဝါ တွေရဲ့ ဆန္ဒကို နှိပ်ကွပ်ပြီး ဒီနေ့ထက်ထိ မတရား အုပ်ချုပ်နေတာပါ။ အရှေ့ဘက်ခြမ်းကိုတော့ Papua New Guinea လို့ခေါ်ပါတယ်။


အင်ဒိုနီးရှားကို ဒတ်ခ်ျတွေက လွတ်လပ်ရေးပေးတော့ ဒတ်ခ်ျတွေက တိုင်းနှစ်တိုင်းဖြစ်တဲ့ ပါပူးဝါနဲ့ အနောက်ပါပူးဝါး ကို ချန်လှပ်ထားခဲ့ပါတယ်။ အဲဒီဒေသမှာနေတဲ့ တိုင်းဦးသားတွေဟာ မွတ်စလင်အင်ဒိုနီးရှားတွေနဲ့ ယဉ်ကျေးမှု ဘာသာတရားတွေမှာ အစစ အရာရာ ကွားခြားနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ချန်လှပ်ထားခဲ့တာပါ။ အင်ဒိုနီးရှားအမျိုးသားအစိုးရကတော့ ဒတ်ခ်ျတွေပိုင်ခဲ့သမျှ Dutch East Indies အကုန်လုံးကို သူတို့ရသင့်တယ်လို့ စောတက တက်နေခဲ့ကြပါတယ်။


ဒါပေမယ့် စစ်အေးတိုက်ပွဲကာလမှာ အမေရိကန်တွေဟာ အင်ဒိုနီးရှားကို သူတို့ဘက်မှာ ဆက်လက်ရှိနေဖို့အတွက် ကနေဒီအစိုးရဟာ အဲဒီဒေသတွေကို အင်ဒိုနီးရှားဆီကို အနစ်နာခံ ပေးလိုက်ဖို့ ဒတ်ခ်ျတွေကို ဖိအားပေးနေခဲ့ပါတယ်။ ဒါကြောင့် ၁၉၆၂ ခုနှစ်မှာ ဒတ်ခ်ျတွေဟာ အဆိုပါဒေသတွေကို ကုလသမဂ္ဂဆီကို ခေတ္တလွှဲအပ်ရန်နဲ့ ၁၉၆၉ ခုနှစ်မှာ ဒေသခံပြည်သူတွေကို “လူထုဆန္ဒ ခံယူပွဲ” ကျင်းပပြီး အင်ဒိုနီးရှားလက်အောက်မှာ နေလို၊ မနေလို ဆုံးဖြတ်ရန် စတဲ့ အချက်တွေပါတဲ့ သဘောတူညီမှုတစ်ခုကို အင်ဒိုနီးရှားအစိုးရနဲ့ ချုပ်ဆိုခဲ့ပါတယ်။


၁၉၆၉ ခုနှစ်အရောက်မှာ အင်ဒိုနီးရှားစစ်တပ်ဟာ လူထုဆန္ဒကောက်ခံဖို့ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် နှစ်ဘက်သဘောတူညီချက်ကို ချိုးဖောက်ပြီး အင်ဒိုနီးရှားဟာ ၄င်းတို့စိတ်ကြိုက်ရွေးထားတဲ့ လူပေါင်း ၁၀၂၅ ဦးကို သေနတ်ပြောင်းဝနဲ့ တည့်ပြီး အင်ဒိုနီးရှားစစ်တပ်ရှေ့မှာ မဲပေးခိုင်းခဲ့ပါတယ်။ အဲဒီ ၁၀၂၅ ဦးဆိုတာဟာ မဲပေးခွင့်ရှိသူ ဒေသခံလူဦးရေ စုစုပေါင်းရဲ့ ၁ ရာခိုင်နှုန်းအောက်ပဲ ရှိပါတယ်။ အဲဒီလိုနဲ့ ပါပူးဝါးနဲ့ အနောက်ပါပူးဝါး တိုင်းနှစ်တိုင်းဟာ အင်ဒိုနီးရှားအစိုးရလက်အောက်ကို ကိုလိုနီအဖြစ် အလိုမတူပဲ ကျရောက်သွားခဲ့ရပါတယ်။


အခုအချိန်ထိ အင်ဒိုနီးရှားအစိုးရလက်အောက်က လွတ်မြောက်ဖို့ ကြိုးစားနေကြတုန်းပါ။ အင်ဒိုနီးရှားအစိုးရနဲ့ စစ်တပ်ကလည်း ၁၉၆၉ ခုနှစ်ကတည်းက ဒေသခံတွေရဲ့ လွတ်လပ်ရေး လှုပ်ရှားမှုတွေကို နှိပ်ကွပ်နေခဲ့တာပါ။ ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒေသခံတိုင်းရင်းသား ရွာများအား စီးနင်းဝင်ရောက်သတ်ဖြတ်ခြင်း စတဲ့ ရာဇ၀တ်မှုတွေကို ကျုးလွန်နေခဲ့ကြပါတယ်။ နိုင်ငံခြားသား သတင်းထောက်တွေ ၀င်ရောက်တာကို ပိတ်ပင်နေခဲ့ပါတယ်။ အခုအချိန်အထိ ဒေသခံ ပါပူးဝါးပြည်သူပေါင်း ၄ သိန်း ၅ သောင်းကျော် သေဆုံးပြီး လူမျိုးတုန်းမျိုးဖြုတ်သတ်ဖြတ်ခြင်း Genocide ဖြစ်နေပြီလို့ ဆိုကြပါတယ်။