Friday, May 31, 2013

နွားများသို့..၊

နွားများသို့..၊
-----------

ချွင်းချက်..ဆိုပြီး မေ့မေ့ပျောက်ပျောက်ဖြစ်အောင်လုပ်ထားတဲ့..၊

လူမသိသူမသိရော..လူသိရှင်ကြားရော

သောက်ရှုပ်တွေ အများကြီး.မှ
အများကြီး..၊

နှစ် ၃၀ စာရှိတယ်..၊

ဒေါ်စုကို ထောက်ပြလို့ရတဲ့ ထောက်ကွက်လေး ..

တစ်ကွက်နှစ်ကွက်လောက်နဲ့.၊
လာမစမ်းနဲ့..၊

တောက်ထုတ်မှာ..၊

အသံတွေ ကြားနေရတယ်

ဒေါ်စုပြောလိုက်တဲ့ ကန့်ကွက်စကားအပေါ် အခုတလော ဝေဖန်ကန့်ကွက်သံတွေ သောသောညံအောင်ကြားနေရပါတယ်။ NLD ဟာ
ရခိုင်အမျိုးသားတို့ရဲ့ ဘုံရန်သူလို့တောင် ဖွ ဆရာတွေက မီးလောင်ရာ လေပင့်ပေးကြတယ်။ ၂၀၁၅မှာ ဒေါ်စုသမ္မတဖြစ်လို့က ကုလားပြည်ဖြစ်သွားမယ်လို့ လစာယူ အူနေတဲ့ ခွေးတွေက မဟုတ်ကို အဟုတ်ထင်အောင် ဂွင်ဖန်တင်ဆက်ကြတယ်။ အမျိုးသားရေးဆိုပြီး လူတချို့တို့ကလဲအသံကြားလေးတခုအပေါ် ဘာမှနက်နက်နဲနဲ မစဉ်းစားပဲ အော်ဟစ်နေကြလေရဲ့။သာမာန်ကာ ရှန်ကာကြည့်လိုက်ရင်တော့ အမျိုးမချစ်တဲ့ ဒေါ်စု။ နိုင်ငံခြားသားကိုယူလို့
ကုလားဆိုသနားတယ်ပေါ့။ ရှုမြင်ပုံခြင်းမတူတော့ သာမာန်ကြည့်ရင် ဟုတ်သလိုလိုပါပဲ။ ကျွန်တော်တောင် တခါ တခါ ဝေေ၀၀ါးဝါး ဖြစ်သွားရသေး။
တကယ်လို့ ဒေါ်စုကသာ " ကျွန်မကတော့ ဘင်္ဂါလီတွေအပေါ် ခလေး(၂)ဦးပဲ ယူရမယ်လို့ ကန့်သတ်တာ လူ့အခွင့်အရေးစံနှုံးနဲ့ကြည့်ရင် မကိုက်ညီဘူး၊ ဒီမိုကရေစီတိုင်းပြည်တပြည်မှာ ဥပဒေကို လွှတ်တော်ထဲမှာ စနစ်တကျပြဌာန်းပြီးမှသာ အမိန့်ဆိုတာ ထုတ်ပြန်သင့်တယ်။ ဒါကြောင့်ကျွန်မ ကန့်ကွက်တယ် " လို့ပြောခဲ့ရင် ဒီလောက်ပွဲဆူမှာမဟုတ်ဘူးလို့ထင်မိတယ်။

ကိုင်း... တဆိတ်လောက်ကြည့်ကြည့်ရအောင်.......

အခုလက်ရှိအရပ်သားအစိုးရဆိုတာက ရုပ်ပြကောင်းအောင် ဘောင်းဘီချွတ်ပြထားတဲ့သူတွေဆိုတာ သူတို့ရဲ့ဝန်ကြီးကိုယ်တိုင် ကမ္ဘာသိဝန်ခံပြီးသားနော်။
အမိန့်ထုတ်ပြန်ရတာ သူတို့သဲခြေကြိုက်အလုပ်တွေထဲက တခု။ အမိန့်ဆိုတာ ဥပဒေထက်ပိုအရေးပါတယ်လို့ ထင်နေကြတဲ့သူတွေဆိုတော့
ဘဂါင်္လီမွေးမြူရေးခြံကို သားပေါက်နှုံးနဲ့ပတ်သက်ပြီး အမိန့်ပြန်တမ်းထုတ်တာ မဆန်းလှဘူး။ အရင်ကသူတို့သုံးနေကျ စကားတခွန်းရှိတယ်။ " ဥပဒေကဲ့သို့
အာဏာတည်သောအမိန့် " တဲ့။ တရေးနိုးပြီး စိတ်ကူးထဲပေါ်တာ ထထထုတ်တတ်တဲ့ အကျင့်ဟောင်းက သူငယ်နာမစင်သေးဘူး။ အဲဒါကို ဒေါ်စုက
ဒီလိုလုပ်တာ နည်းမကျလို့ ကန့်ကွက်လိုက်တာပဲလို့ ထင်တယ်။

တကယ်လုပ်ရမှာက ဥပဒေထုတ်ပြန်ရမှာ၊ ဥပဒေကိုပြဌာန်းဖို့ လွှတ်တော်ဆိုတာရှိတယ်။ ဒေါ်စုပြောတာ..ဒါပဲ။ ဥပဒေပြဌာန်းပြီးမှသာ
အမိန့်ဆိုတာလာရမှာ.. ဒီမိုကရေစီစနစ်မှာ ဥပဒေဆိုတာအသက်ပဲ။ ဥပဒေမရှိပဲ ထုတ်တဲ့အမိန့်ဟာ ဥပဒေမဲ့အမိန့်ပဲ။ပြောတော့ ဒီမိုကရေစီ၊ လုပ်တော့
စစ်အုပ်ချုပ်ရေး ပုံစံ။ ဒါကို ပြည်သူအားလုံးမြင်ဘို့လိုပါတယ်။အခုအမိန့်ထုတ်တာ သက်ဆိုင်ရာအစိုးရရဲ့ အာဘော်သာဖြစ်ပြီ
ပြည်သူအားလုံးအကျုံးဝင်/မ၀င် မပီပြင်တဲ့ကိစ္စ။ ဒေါ်စုပြောတာရှင်းရှင်းလေးပါ။ ဘင်္ဂါလီမိသားစုတစုကို သားသမီး(၂)ယောက်နှုံးပဲ
ယူရမယ်လို့ကန့်သတ်မိန့်ထုတ်တာ လူ့အခွင့်အရေးစံနှုံးနဲ့ မကိုက်ညီလို့ ကန့်ကွက်တယ် တဲ့။ လူ့အခွင့်အရေးအရဆိုရင် အမှန်ပဲလေ။ ဘာလို့လဲဆိုတော့
ဒီအမိန့်ဟာ ပြည်သူတို့ရဲ့အသံဖြစ်တဲ့ လွှတ်တော်ထဲမှာ အသေအခြာ ဝေဖန်ဆွေးနွေးပြီး ပြဌာန်းလိုက်တဲ့ ဥပဒေရဲ့အောက်က အမိန့်မဟုတ်လို့ပဲ။

ဒီမိုကရေစီစနစ်မှာ အာဏာဟာ ပြည်သူတွေဆီက စီးဆင်းရတာဖြစ်လေတော့ နိုင်ငံတခုမှာနေထိုင်တဲ့ ပြည်သူတွေက သူတို့အကျိုးစီးပွါး မထိခိုက်အောင် ကာကွယ်ပြဌာန်းဖို့ လိုအပ်တယ်ထင်လို့ ပြဌာန်းလိုက်တဲ့ဥပဒေတရပ်ဟာ အဲဒီနိုင်ငံရဲ့ ဒီမိုကရေစီနည်းကျပြဌာန်းထားတာဖြစ်လို့ ပြင်ပက စောဒကတက်လို့မရပါဘူး။

ဂျပန်၊စင်္ကာပူ၊ပြင်သစ်၊သြဇီ စတဲ့ နိုင်ငံတွေမှာလဲ နိုင်ငံသားမဟုတ်သူတွေအတွက် သီးခြားပြဌာန်းထားကြတဲ့ ဥပဒေတွေရှိကြတာပါပဲ။ အခုလက်ရှိဖြစ်နေတဲ့
ခိုးဝင်အဖြစ်အပျက်တွေကရော.. ဘယ်ကမြစ်ဖျားခံလာခဲ့ပါသလဲ။ အရင်ကဆို ပါတီထောင်သူတွေ.. ပါတီဝင်တွေဟာ မကောင်းဆိုးဝါးလိုလို ပြည်ဖျက်တွေလိုလို ပြောပြီး ပါတီနိုင်ငံရေး နဲ့ အမျိုးသားနိုင်ငံရေးကို ခွဲထုတ်၊အပုတ်ချ၊ ပါတီဝင်တွေကို အာဏာရူးတွေလို့သမုတ်၊ ကျောင်းသား/၀န်ထမ်း ပါတီနိုင်ငံရေး ကင်းရှင်းရမည် ဆိုတဲ့ အမိန့်တွေထုတ်၊ သူတို့ကျတော့ အမျိုးသားနိုင်ငံရေးဆိုပြီး ကြံ့ဖွတ်အသင်းကြီးထောင် ၀န်ထမ်းတွေ၊
ကျောင်းသားတွေကို မ၀င်မနေရ သိမ်းသွင်း၊ ဟော... နေ့စေ့လစေ့ဖြစ်လာတော့ မဖုံးနိုင် မဖိနိုင်တော့ပဲ အမျိုးသားနိုင်ငံရေးလို့ အသံကောင်းဟစ်ထားခဲ့တဲ့သူတွေက ပါတီကြီးထောင်ပြီး အာဏာရူးခဲ့တာ လူတိုင်းအသိပဲ။

ပြောပြန်တော့လဲ အောင်မင်းလွန်ကာကျမယ်။

အဲဒီအမျိုးသားနိုင်ငံရေးကိုသာ လုပ်ဆောင်ပါတယ်လို့ ပြောနေတဲ့သူတွေ လက်ထက်မှာပဲ လာဘ်ပေးလာဘ်ယူ အကျင့်ပျက်သူတွေရဲ့ လက်ချက်နဲ့ မဲရဘို့၊
လာဘ်ငွေရဘို့၊ဆိုတဲ့ ကိုယ့်တဘို့ထဲ ကြည့်ခဲ့တဲ့ သူတို့ ငါတကောကောခဲ့တဲ့အကျိုးဆက်ဟာ ဒီနေ့ပြည်သူတွေ မျက်စိလည် လမ်းမှားနေစေတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

ဒေါ်စုမှာ မြန်ပြည်ချစ်စိတ်မရှိရင် သူ့အကို အတ္တဘောကြီးလို စစ်အစိုးရထောက်ပံ့ကြေးနဲ့ အေးအေးလူလူ မိသားစုနဲ့ အတူနေလိုက်မှာပေါ့။ အကြံကြီးကြီး
ကြံထားတဲ့သူဟာ အသေးအမွှားပေးဆပ်ရမှာကို မကြောက်သလိုပဲ၊ ကျွန်တော်တို့တတွေ စိတ်ပူနေရတဲ့၊လာဘ်ပေးပြီး ခိုးဝင် နေထိုင်သူတွေရဲ့အန္တရာယ်ကို
အမှန်တကယ် ကျော်လွှားနိုင်ဖို့ဆိုတာ ဒီမိုကရေစီနည်းကျ ဥပဒေတရပ်ပြဌာန်းမှုအောက်မှာမှသာ အမှန်အကန်လုပ်နိုင်မှာပါ။ ကျွန်တော်တို့က ကုလားကိုပဲမဲနေကြတယ်။့ တယုတ်တွေကတော့ ၀မ်းစွေ့..၀မ်းစွေ့...၀မ်းဝမ်းစွေ့ နဲ့ သိမ်းလာတာ မန္တလေးနန်းမြို့တောင် ကျလုရောပေါ့။

သူတို့လွတ်နေကြတယ်။ ကုလားအတွက်အမိန့်ထုတ်ပြီး တရုတ်အတွက်ဆို အသံတိတ်နေကြတဲ့ သူတစုကို ဥပဒေဆိုတဲ့ တူကြီးနဲ့ထုနိုင်အောင် အမေစု စီစဉ်နေတာလို့သာ ထင်မိပါတယ်။ ပီပြင်တဲ့ နိုင်ငံသားဥပဒေတရပ် ပြဌာန်းပြီး ဥပဒေအတိုင်း ပီပီပြင်ပြင် ကိုင်တွယ်နိုင်ကြပြီဆိုရင် ခိုးဝင်လူမျိုမဲ့ရန်၊ စီးပွါးရေး အုပ်စီးမဲ့အကြံ၊ ဘာသာရေးလွှမ်းမိုးမဲ့ဥာဏ် စတာတွေကို ဥပဒေနဲ့ ထိန်းချုပ် ကြပ်မတ်သွားရန်သာရှိကြောင်းပါ။



( ကျွန်တော့်လို ရေးမြို့ဆိုတဲ့ တောမြို့လေးကလူရဲ့ အမြင်ဆိုတော့လဲ ... အောင်လသီချင်းလေးလိုပဲ..." မှားတာရှိရင် တောင်းပန်ပါတယ် "ဆိုတဲ့

သီချင်းလေးကို သီဆိုရင်း ခွင့်လွှတ်ပေါ့ဗျာ။)

(မျိုးဝင်း)။

Credit & Copy From >Saya Myo Win 


ဆီးဂိမ်းစ်ဆိုတဲ့ အာဆီယံ မွဲဆေးဖော်မယ့် စောက်တလွဲ ပြိုင်ပွဲကြီး

Thursday, May 30, 2013

ဘယ်သူတာဝန်အရှိဆုံးလဲ ပြောပါ

နိုင်ငံရေးမှာ ပါဝင် လှုပ်ရှားနေတဲ့ လူတွေ (political Actors) တွေရဲ့ နေရာကို သေချာ မကြည့်ဘဲ လွဲကြည့်ပြီး နိုင်ငံရေး အမြတ်ထုတ် ဝါဒ ဖြန့်လိုသူတွေ များနေတာ တော်တော်ဆိုးတယ်

ဒါကြောင့် မမေ့အောင် အရင် သတိပေးလိုက်ပါရစေဦး။ 

၁။ မြန်မာပြည်မှာ ဆိုးတာတွေကို ကောင်းအောင် လုပ်ဖို့၊ ကောင်းတာတွေကို ပိုကောင်းအောင်နဲ့ တိုးတက်အောင် လုပ်ဖို့ တာဝန်အရှိဆုံး နံပါတ် (၁) လူဟာ .. နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မဟုတ်ပါ။ ကိုမင်းကိုနိုင် မဟုတ်ပါ။ ဦးဝင်တင် မဟုတ်ပါ။ ဦးကိုကိုကြီး မဟုတ်ပါ။ သူတို့မှာ ဘာအာဏာမှ မရှိပါဘူး။

၂။ မြန်မာပြည်မှာ ဆိုးတာတွေကို ကောင်းအောင် လုပ်ဖို့၊ ကောင်းတာတွေကို ပိုကောင်းအောင်နဲ့ တိုးတက်အောင် လုပ်ဖို့ တာဝန်အရှိဆုံး နံပါတ် (၁) တာဝန်အရှိဆုံး အဖွဲ့အစည်းဟာ ... အစိုးရ ဖြစ်ပါတယ်။ NLD မဟုတ်ပါ။ ၈၈ မျိုးဆက် မဟုတ်ပါ။ ကိုကျော်သူတို့ နာရေး ကူညီမှု အဖွဲ့ မဟုတ်ပါ။ ပြည်ပက အဖွဲ့အစည်း မဟုတ်ပါ။

၃။ မြန်မာပြည်မှာ ဆိုးတာတွေကို ကောင်းအောင် လုပ်ဖို့၊ ကောင်းတာတွေကို ပိုကောင်းအောင်နဲ့ တိုးတက်အောင် လုပ်ဖို့ မူဝါဒတွေ ချမှတ်ရာမှာ နံပါတ် (၁) တာဝန်အရှိဆုံး ပါတီဟာ "ကြံ့ဖွတ်" ပါတီ ဖြစ်ပါတယ်။ NLD မဟုတ်ပါ။ ၈၈ မျိုးဆက် မဟုတ်ပါ။ ကိုကျော်သူတို့ နာရေး ကူညီမှု အဖွဲ့ မဟုတ်ပါ။ ပြည်ပက အဖွဲ့အစည်း မဟုတ်ပါ။

ဒီတော့ ...

ဘင်္ဂလီ ခိုးဝင်တဲ့ ကိစ္စ မနိုင်မနင်း ဖြစ်နေတာမှာ ... တာဝန်ရှိပြီး တာဝန် မကျေသူတွေဟာ ...

နံပါတ် (၁) လူပုဂ္ဂိုလ် ...... ဦးသိန်းစိန်၊ 
နံပါတ် (၁) အဖွဲ့အစည်း ... အစိုးရ
နံပါတယ် တာဝန် မကျေဆုံး ပါတီ .... ကြံ့ဖွတ်

ဖြစ်ပါတယ်။

အကြမ်းဖက် မွတ်ဆလင်တွေကို အကြမ်းဖက်ခွင့် မရအောင် ကိုင်တွယ်ဖို့ ပျက်ကွက်သူဟာ (မနှိမ်နှင်းဘဲ သွယ်ဝိုက် အားပေးသလို လုပ်နေသူတွေဟာ) .... 

နံပါတ် (၁) လူပုဂ္ဂိုလ် ...... ဦးသိန်းစိန်၊ 
နံပါတ် (၁) အဖွဲ့အစည်း ... အစိုးရ
နံပါတယ် တာဝန် မကျေဆုံး ပါတီ .... ကြံ့ဖွတ်

ဖြစ်ပါတယ်။

ဒီလောက် ရှင်းတဲ့ ယုတ္တိဗေဒကို ကျော်ကြည့်ပြီး ... ဘာမှ တာဝန်မရှိ၊ တာဝန်ယူနိုင်ခြင်း မရှိတဲ့ လူတွေကို အပြစ်တင်ပြီး နိုင်ငံရေး အမြတ်ထုတ်နေတာတွေအတွက် ... သတိကလေး ထားမိအောင်ပါ။

(ကိုထိုက်)

တာဝန်ယူမှု တာဝန်ခံမှုရှိစေလို

၁။ မိတ္ထိလာမြို့တွင် အပြစ်ရှိသူ ရွှေဆိုင်ပိုင်ရှင်နှင့် ဘုန်းကြီးသတ်သူများအား အပြစ်ဒဏ်စီရင်ပြီး သကာလ ... ကျန်ရှိသော လူဆယ်ဂဏန်းအထိ သေကြေအောင် တိုက်ခိုက် အကြမ်းဖက်သူများ၊ မီးရှို့အကြမ်းဖက်သူများကို ... ဘယ်အတိုင်းအတာအထိ ဖမ်းဆီး အရေးယူရန် ပြုလုပ်နေသည်ကို ရှင်းရှင်းလင်းလင်း မသိရ။ အကြမ်းဖက်သူ ရာဇဝတ်သားများ အားလုံး ဖမ်းမိတာ ဟုတ်သလား ဆိုသော နောက်ဆက်တွဲ သတင်းလည်း မကြားရ။

၂။ ဥက္ကံမြို့တွင် လူသေသည်အထိ ရိုက်နှက်သူ၊ သူများအိမ်ယာများကို မီးရှိုဖျက်စီးသူ လူရမ်းကားများကို ဖမ်းဆီးမိထားသည် ဆိုသော သတင်းမကြားရ။ လွတ်မြောက်နေသော အကြမ်းဖက်သူများကို ဖမ်းဆီးရန် ကြိုးပမ်းနေသည်ဟူသော သတင်းလည်း မကြားရ။

၃။ ပဲခူးတိုင်း အနောက်ခြမ်းက အကြမ်းဖက်သူများကို ဖမ်းဆီးအရေးယူသည်ဟူသော သတင်းများ လုံးဝ မကြားရ။

၎။ လားရှိုးတွင် မြို့နေလူထုအား အန္တရာယ်ပေးနိုင်ပြီး တမြို့လုံးရှိ မြို့သူ မြို့သားများ အားလုံး မီးဘေးသင့်နိုင်သည့်အထိ အန္တရာယ်ပေးသူများကို ဖမ်းဆီးရန်၊ တားမြစ်ရန် ကြိုးပမ်းနေသည်ဟု ... အသံ တစ်ခုမှ မကြားရသေး။ 

အစိုးရ၏ တာဝန်မှာ ပုဒ်မ ၁၄၄ ထုတ်လျှင် ပြီးပြီဟု ထင်မှတ်နေပုံရ၏။ မြန်မာအစိုးရ၏ ထူးခြားသော တာဝန်ကျေအောင် ထမ်းဆောင်ပုံ မှာ မှတ်တမ်းတင်ရလောက်၏။ 

အလားတူ ... သတင်းသမားများကလည်း အရေးအခင်း ဖြစ်နေသည်ဟူသော "ဖြစ်ကြောင်းပြ" သတင်းများ ရေးတာကို တာဝန်ကျေသော သတင်းသမားများဟု ထင်မှတ်နေကြပုံရသည်။ နောက်ဆက်တွဲ သတင်းများ၊ အကြမ်းဖက်သမားများကို ဖေါ်ထုတ်မှုများ၊ အစိုးရတာဝန်ရှိသူများ၏ အကြမ်းဖက်မှုများကို ကိုင်တွယ်ရာတွင် ညံ့ဖျင်းချက်များကို ဖေါ်ထုတ် ရေးသားမှုများအား လုံးဝ မတွေ့ရ။ 

အမေရိကန်မှာ သမ္မတ နစ်ဆင်ကို ရာထူးက ထွက်သွားအောင်အထိ လုပ်နိုင်ခဲ့တဲ့ ဝါးတားဂိတ် အရှုပ်တော်ပုံကို ဖေါ်ထုတ်ခဲ့တဲ့ သတင်းသမား ဆိုတဲ့ အလေ့အကျင့်တွေကို တန်ဖိုးထားကြပါလို့သာ ... သတင်းမီဒီယာများကို တိုက်တွန်း နှိုးဆော်ပါရစေ။

(ကိုထိုက်)

Wednesday, May 29, 2013

လားရှိုးသတင်းများ

အ28.5.2013- ညနေ (၄း၅၀)မှာ မူဆလင် ကိုနေဝင်းဆိုသူက ဒေါ်အေးဝင်း(၃၈)နှစ်ကို ဓာတ်ဆီပက်မီးရှို့ ပစ်လိုက်လို့ မြို့လူထုက ကိုနေဝင်းကို ဖမ်းပြီး ရဲစခန်းပို့လိုက်ပါတယ်။ ဒေါ်အေးဝင်းကို ဆေးရုံအရေးပေါ်ဌာနသို့ ပို့ထားပါတယ်။ ညနေ(၆း၀၀)နာရီကျော်မှာ ရဲစခန်းရှေ့ လူစုလူဝေးနဲ့ ကိုနေဝင်းကို ထုတ်ပေးဖို့ တောင်းဆိုကြပါတယ်။ ကိုနေဝင်းက ကျိုင်းတုံကလာသည့် ဧည့်သည်ဖြစ်ပြီး၊ တည်းခိုခန်းတစ်ခုမှာ တည်းတယ်လို့ သိရပါတယ်။ မှတ်ပုံတင်အရ မူဆလင်ဟု သိရပြီး၊ ပန်ချာပီမဟုတ်ကြောင်း၊ မြို့ခံတွေက အတည်ပြုကြပါတယ်။ ည(၇း၀၀)နာရီကျော်မှာ မြို့မဗလီနှင့် ဟံသာဝတီလမ်းမှ ကုန်မာဆိုင်တစ်ဆိုင်တို့ မီးရှို့ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။ သမ္မတရုံးဝန်ကြီးများ၊ ပြည်ထဲရေးဌာန၊ လားရှိုးတိုင်းမှူးတို့ ကိုယ်တိုင်ကြီးကြပ် ကွပ်ကဲ လုံခြုံရေးချပြီး၊ ထိန်းသိမ်းနေတယ်လို့ သိရပြီး၊ အခြေအနေအားလုံးကို ညတွင်းချင်း တည်ငြိမ်အောင် ထိန်းနိုင်လောက်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒေါ်အေးဝင်း သေဆုံးသည့်သတင်း မမှန်ပါဘူး။ ဆေးကုသဆဲဖြစ်ပါတယ်။ မနေ့က ၂၇-၅-၂၀၁၃-ည (၈း၀၀)နာရီမှာ ကျူခုံစောင့် ကောင်လေး မောင်ဆန်းဝင်းကို ကျူခုံမဖွင့်လို့-ဆိုကာ မူဆလင်ငါးယောက်က ရန်လုပ်ကြလို့ ကျူခုံဖွင့်ပေးခဲ့ပေမယ့် ကျူခုံထဲအရောက်မှာ မူဆလင်ငါးယောက်က ဝိုင်းဝန်းထိုးကြိတ်ကြလို့ ဗမာကောင်လေး မောင်ဆန်းဝင်း ဆေးရုံတက်နေရပါတယ်။ မောင်ဆန်းဝင်းဖြစ်ပြီး နောက်နေ့ ဒေါ်အေးဝင်းဖြစ်တာဆိုတော့ ပြဿနာကို တမင်ဖန်တီးနေကြတာလားဆိုတာ တွေးစရာဖြစ်နေပါတယ်။ ဗမာတွေ အကြမ်းဖက်တုန့်ပြန်ရင် ထောင်ချောက်ထဲရောက်သွားနိုင်လို့ ဆင်ခြင်ကြဖို့ မြို့သံဃာနှင့် ရပ်ဖိရပ်ဖများက မေတ္တာရပ်ခံနေကြောင်း သိရပါတယ်။ စုံစမ်းရန်= 082-23304 (အမှတ်-၁ ရဲစခန်း) 082-23009 (ပြည်နယ်ရဲတပ်ဖွဲ့) 082-23078 (ရဲမှူး) 09-403768595 (ဦးအကုင်္ရ) 09-73056077 (ဦးခေမာ) ဦးဝီရသူ


ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့
ဗလီကို မီးရှို့တာ ဗလီထဲက အက်ဆစ်နဲ့ပက်လို့ပါ။

လားရှိုးမြို့ခံအမျိုးသမီး မီးရှို့ခံရမှုအကြောင်းပြု ဗလီ နှင့် မိဘမဲ့ကျောင်းမီးရှို့ခံရ
============================================
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးသိန်းနီကားလမ်းဘေးတွင် မေလ(၂၇)ရက်နေ့ညနေ (၄း၀၀) နာရီခန့်က မအေးအေးဝင်း (ဘ) ဦးမောင်မောင်ဝင်း၊ (၎င်းရပ်ကွက် နေသူ)သည် တရုတ်ပြည်မှ ၀ယ် လာသော ဆိုင်ကယ် ဆက်စပ် ပစ္စည်းများနှင့် အထုပ်များကို ရေတွက်နေစဉ် ၎င်းနေရာအနီး သို့ဓာတ်ဆီ (ပလတ်စတစ်ဘူး) (၂)ဘူးဖြင့်ရောက်ရှိနေသောကိုနေ မင်း၊ (ဘ) ဦးဘရွှေ၊ (ကျိုင်းတုံမှ လာသူ)ဆိုသူက နောက်မှဓာတ် ဆီဖြင့်ခေါင်းကိုလောင်းချလိုက်ရာ အလန့်တကြားဖြင့် လှည့်ကြည့် စဉ်ကိုနေမင်းမှန်းသိ၍မျက်နှာချင်း ဆိုင်ရှိ အသိ အိမ်သို့ ပြေးဝင်ခဲ့ရာ ကိုနေမင်းသည် ထပ်ချပ်လိုက်လံ ပြီး ဓာတ်ဆီဖြင့် ထပ်မံပက်ဖျန်း နေခဲ့သည်။ (အိမ်ရှင်က ရေဖြင့် လောင်းဆော့ ကစားနေသည် ထင်၍မဆွဲမိပါ)ထို့နောက်ကိုနေ မင်းက မီးခြစ်ခြစ်ကာ မီးရှို့ရန် ကြံရွယ်နေစဉ် မအေးအေးဝင်းက အိမ်မီးလောင် မည်စိုး၍အပြင်ပြန် ထွက်လာခိုက် ကိုနေမင်းက မီး ခြစ်ဖြင့် ပစ်ပေါက် မီးရှို့ခဲ့ရာ ဦးခေါင်း၊နောက်ကျော၊ လက်နှစ် ဖက်နှင့် ခြေထောက်နောက်ဘက် နှစ်ဖက်စလုံးတို့မှာ မီးလောင်ဒဏ် ရာရရှိခဲ့သဖြင့် ရပ်ကွက်ပြည်သူ များက ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ပေးခဲ့သည်။ ဓာတ်ဆီဖြင့် လောင်း၍ မီးရှို့သူနေမင်းထွက် ပြေးသွားရာ အနီးရှိ ပြည်သူများ က၀ိုင်းဝန်းဖမ်းဆီးခဲ့ပြီး အမှတ်(၁) ရဲစခန်းသို့ ပို့ဆောင်ကာ ဥပဒေ အရအရေး ယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
၎င်းင်းဖြစ်စဉ်အကျိုးဆက်ကြောင့် လားရှိုးမြို့ရပ်ကွက် (၃)ဗလီ (၁)ခု နှင့် လားရှိုးမြို့ ရပ်ကွက် (၃) လမ်း မတော်လမ်းကြက်ခြေနီအသင်း ရှေ့ရှိ မိဘမဲ့မူဆလင်ကျောင်းကို ဒေသခံတချို့က မီးရှို့ခဲ့ကြောင်း မျက်မြင်ဒေသခံများကပြောကြား ခဲ့သည်။

ညဈေးတန်းဗလီသို့ ၀ိုင်းအုံ လာသောသူများကို ဗလီထဲမှ အက်ဆစ်ဖြင့်ပက်သောကြောင့် မီးရှို့ခဲ့ခြင်းဖြစ်ပြီး အက်ဆစ်ထိသူ ကိုရဲတပ်ဖွဲ့ကခေါ်ယူထားကြောင်း ရပ်ကွက် (၁၀) တွင် ည ၉ နာရီ ကျော် အချိန်ခန့် မော်တော် ဆိုင် ကယ် သုံးလေးစီးဖြင့် လူများက အက်ဆစ်ဖြင့် လိုက်ပက်သော ကြောင့် ရပ်ကွက်နေသူ များက နောက်မှ လိုက်လံ ဖမ်းဆီးနေ ကြောင်း (၃) ရပ်ကွက် အစ်္စလာမ် မိဘမဲ့စာသင်ကျောင်းကို မီးမရှို့ ရန် သံဃာတော်များက တားခဲ့ သော်လည်း နောက်ပိုင်းတွင် မီးရှို့ ခံရကြောင်း၊ စာသင်ကျောင်းနှင့် တွဲလျက်ဖွင့်ထားသော ဆိုင်ခန်း ၁၂ ခန်းခန့်လည်း မီးလောင်သွား ကာဆိုင်များမှပစ်္စည်းများကို လမ်း ပေါ်သယ်ယူဖျက်ဆီးကြကြောင်း၊ (၃) ရပ်ကွက် ABC (RC) တိုက် ခန်း ၁၀ခန်းခန့်လည်း မီးရှို့ဖျက် ဆီးခံရကြောင်း လားရှိုး ဆေးရုံ ကြီး၊ ရင်ခွဲရုံအနီးရှိ ဟာဂျီခင် မောင်သန်းအိမ်လည်း မီးရှို့ခံရ ကြောင်း၊ လားရှိုး ကားဝင်းအနီး တွင်ဆူပူပဋိပက္ခမှုများ၁၂ရပ်ကွက် ဘက်သို့ မကူးအောင် ပြည်သူ များက ပိတ်ဆို့ တားဆီးနေကြ ကြောင်း၊ ယင်းနေ့ ညနေပိုင်းက တည်းက အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှဗိုလ်မှူးကြီးရောက် ရှိကာ ပုဒ်မ ၁၄၄ ထုတ်ရန် အတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း၊ နယ်မြေခံ သတင်းသမားများ သတင်းယူရန် အခက်အခဲများစွာ ရှိနေကြောင်း သတင်းရရှိသည်။ ည ၁၀နာရီခွဲ ခန့်တွင် ဈေးဗလီ အောက်နားရှိ မင်းမင်း စတိုးဆိုင်ကို မီးရှို့ခဲ့ ကြောင်း၊ ချစ်တီး ထမင်းဆိုင်ကို လည်း မီးရှို့နေကြောင်း၊ ရပ်ကွက် (၉)ဗလီကိုမီးမရှို့သော်လည်းဖျက် ဆီးခဲ့ကြောင်း၊ လားရှိုးမြို့တွင် ည ၇ နာရီမှ မနက် ၅ နာရီ အတွင်း ညမထွက်ရန်အတွက် ပုဒ်မ ၁၄၄ ထုတ်ပြန်ချက်ကိုလိုက်လံကြေညာ နေပြီဖြစ်ကြောင်း ထပ်မံ သိရ သည်။
-----------------------------------------------------------
ရှမ်းပြည်နဂါး (လားရှိုး)- Hot News
Ref:http://www.hotnewsweekly.com/archives/21282




ငိမ်းချမ်းပါတယ်လို တွင်တွင်အော်နေသော ဘာသာရဲ့  တရားခံ ကုလားပါ ကြည့်ထားပါ

ငြိမ်းချမ်းပါတယ်လို တွင်တွင်အော်နေသော ဘာသာရဲ့  တရားခံ ကုလားပါ ကြည့်ထားပါ
ငြိမ်းချမ်းပါတယ်လို တွင်တွင်အော်နေသော ဘာသာရဲ့  တရားခံ ကုလားပါ ကြည့်ထားပါ

Tuesday, May 28, 2013

လားရှိုးမြို့တွင် ငြိမ်းချမ်းသောဘာသာဝင်တစ်ဦးက လူမျိုးဘာသာမခွဲခြားဘဲ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးအားမီးရှို့မှု ဖြစ်ပွား

ရှမ်းပြည်နယ်၊ လားရှိုးမြို့ အမှတ်(၈)ရပ်ကွက်တွင် ယနေ့ ညနေ (၄)နာရီကျော်ခန့်က အမျိုးသမီးတစ်ဦးအားမီးရှို့မှု ဖြစ်ပွားခဲ့ကြောင်းလားရှိုးမြို့ အမှတ်(၁)ရဲစခန်းမှတာဝန်မှူး ဒုရဲအုပ်တစ်ဦးကပြောကြားသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားတစ်ဦးကို ကျွန်တော်တို့အမှတ်(၁)ရဲစခန်းမှာ ဖမ်းထားပါတယ်။ ဓာတ်ဆီလောင်းပြီး မီးရှို့တာ ဟုတ်ပါ တယ်” ဟု ၎င်းက မြန်မာ့ခေတ်သို့ပြော ကြားသည်။

မီးရှို့ခံရသော အမျိုးသမီးသည် အသက်(၂၉)နှစ်ခန့်ရှိပြီးလားရှိုးဆေးရုံကြီး အရေးပေါ်ဌာနသို့ တင်ထားကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မီးရှို့သောသူမှာ ကိုနေဝင်းဆိုသူဖြစ်ပြီး ကျိုင်းတုံမြို့မှလာရောက်သူတစ်ဦး ဖြစ်ကြောင်း လာရှိုးမြို့ခံမြန်မာ့ခေတ် သတင်းထောက်၏သတင်းပေးပို့ချက်အရ သိရသည်။

အဆိုပါ အမှတ်(၁)ရဲစခန်းရှေ့တွင် လူ(၂၀၀)ခန့်စုရုံးရောက် ရှိနေပြီးသံဃာတော်တချို့မှာ ရဲစခန်းတွင်းသို့ဝင်ရောက်ညှိ နှိုင်းနေကြောင်း၎င်းရဲစခန်းရှေ့ ရောက်ရှိနေသူတစ်ဦးက ပြောကြားသည်။

“အဖမ်းခံထားရတဲ့သူကိုသူတို့လက်ထဲ အပ်ဖို့လူ အုပ်ကြီးက အော်ဟစ်တောင်းဆို နေကြတယ်” ဟု ၎င်းက ပြောကြားသည်။

ယခုအချိန်၌ လားရှိုးမြို့မဈေးအနီးရှိ ဗလီအပါအဝင် တစ်မြို့ လုံး၌ လုံခြုံရေးအင်အားထူထပ်စွာ ချထားကြောင်း သိရသည်။

ထက်နောင်နောင်



သမ္မဒကြီးရဲ့ ပြောင်းလဲမှုတွေလုပ်နေပါတယ်ဆိုတာ ဒါပါလား

မေလ ၂၆ရက်ထုတ် The Daily Eleven သတင်းစာပါ အမြန်လမ်းနှင့် ပတ်သက်သော အယ်ဒီတာ့အာဘော်ကြောင့် The Daily Eleven သတင်းစာပို့သည့်ကားများအား အမြန်လမ်းမတွင် ဖြတ်သန်းခွင့်ပိတ်ပင်ကြောင်း အမြန်လမ်းပိုင်းဆိုင်ရာ တာဝန်ရှိသူတစ်ဦးဖြစ်သူ အင်ဂျင်နီယာမှူးကြီးဦးမျိုးမြင့်က ပြောကြားခဲ့ပါသည်။

မေလ ၂၇ရက် ညပိုင်းတွင် The Daily Eleven သတင်းစာပို့သည့်ကားများ အမြန်လမ်းမှတဆင့် နေပြည်တော်သို့ သတင်းစာပို့ဆောင်ရန် ထွက်ခွာစဉ် ယနေ့သည် နောက်ဆုံးဖြတ်သန်းခွင့်ပြုခြင်းဖြစ်ကြောင်း နောက်ရက်များမှစ၍ The Daily Eleven သတင်းစာပို့သည့်ကားများကို အမြန်လမ်းမအားဖြတ်သန်းခွင့်ပြုတော့မည်မဟုတ်ကြောင်း ရန်ကုန် Toll Gate မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ Eleven Media Group သည် The Daily Eleven သတင်းစာ စတင်ထုတ်ဝေသည့်အချိန်ဖြစ်သည့် မေလ ၃ရက်နေ့မှစ၍ အမြန်လမ်းမကြီးအား ပုံမှန်အသုံးပြုခဲ့ခြင်းဖြစ်ပြီးယခုအချိန်ကျမှ ဖြတ်သန်းခွင့် တားမြစ်ခံရခြင်းဖြစ်သည်။

အဆိုပါအယ်ဒီတာ့အာဘော်သည် မေ ၂၅ရက် နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်တွင် ဖြစ်ပွားခဲ့သော ၁၁ဦးသေဆုံးခဲ့ရသည့် ယာဉ်မတော်တဆမှုအပေါ်အခြေခံကာ အမြန်လမ်းမ၏ လိုအပ်ချက်များအား ဝေဖန်ထောက်ပြ ရေးသားခဲ့ခြင်းဖြစ်သည်။ ယင်းအယ်ဒီတာ့အာဘော်နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ၄င်း၏ဖေ့ဘွတ်စာမျက်နှာမှတဆင့် ပြန်လည်တုံ့ပြန်ရေးသားခဲ့ပြီးဖေ့ဘွတ်တွင် ထင်မြင်ချက်မှတ်ချက်ပေးသူများနှင့်လည်း အပြန်အလှန် ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုမှုများ ပြုလုပ်ထားသည်ကို တွေ့ရသည်။ ယင်းနောက်ပိုင်းတွင် ယခုကဲ့သို့ The Daily Eleven သတင်းစာပို့သည့် ကားများအား ပိတ်ပင်ခံရမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ Eleven Media Group မှ မန်းနေးဂျင်းဒါရိုက်တာဒေါက်တာသိန်းမြင့်က “ဒီကိစ္စဟာ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်တာပဲ ဖြစ်ပါတယ်။ ပြည်သူတွေ၊ နစ်နာသူတွေက သမ္မတကြီးကို လူမှန်၊ လူကောင်းအဖြစ် အားထားလို့တိုင်တယ်။ ၉ တန်းကျောင်းသူ မဂျာဆိုင်းအိန်ကိစ္စမှာလည်း သမ္မတကြီးကိုတိုင်တယ်။ ဘာမှအရေးမယူဘူး၊ မစစ်ဆေးဘူး။ တိုင်တဲ့သူကိုတရားပြန်စွဲတယ်။ အခုလည်းဒီလိုအခွင့်အာဏာအလွဲသုံးတဲ့ တာဝန်ရှိသူတွေကို ကျွန်တော်တို့တိုင်မယ်။ သမ္မတကြီးဘယ်လိုအရေးယူမလဲ” ဟုပြောကြားခဲ့သည်။


ထို့နောက် “အကြောင်းအရာတွေကို ဆုံးဖြတ်တဲ့နေရာမှာ တပြေးညီဖြစ်ဖို့တော့ လိုပါတယ်။ ကျွန်တော်တို့ကိုခွင့်မပြုဘူးဆိုရင် မြ၀တီသတင်းစာတိုက်နဲ့ အစိုးရသတင်းစာတိုက်က အသုံးပြုတဲ့ကားတွေကိုလည်း တစ်သဘောတည်း ထားသင့်ပါတယ်။ အခုကျွန်တော်တို့ကားတွေ ဖြတ်သန်းခွင့်ကို ဘယ်လိုစံနှုန်းတွေကြောင့် တားမြစ်ခံရတယ်ဆိုတာကို သိချင်ပါတယ်” ဟုဒေါက်တာသိန်းမြင့်က ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့် ဆက်စပ်ပြီး The Daily Eleven အယ်ဒီတာချုပ် ကိုဝေဖြိုးကလည်း "ကျွန်တော်တို့ကို အခုလိုဖိအားပေးတာမျိုးတွေလုပ်လို့အယ်ဒီတာအဖွဲ့ရဲ့ ပေါ်လစီကိုလုံးဝပြောင်းလဲမှာ မဟုတ်ပါဘူး။ လာဘ်ပေးလာဘ်ယူမှုတွေ၊ ပြည်သူမတရားခံရတာတွေ၊ ထောက်ပြစရာရှိတာတွေကိုရေးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ဒီအတိုင်းပဲရေးခဲ့တယ်။ ဒီအမြန်လမ်းမကြီးဟာ တကယ်တော့ လူအများကြီးသေကြေပျက်ဆီးစေတယ်။ စံချိန်စံညွှန်းလိုအပ်နေတယ်။ နောက်၆လအကြာမှာ နေပြည်တော်မှာ ကျင်းပမယ့်ဆီးဂိမ်း ရှိနေတယ်။ နိုင်ငံတကာက အားကစားသမားတွေ ဒီလမ်းကိုအသုံးပြုလို့ မတော်တဆတစ်ခုခုဖြစ်ခဲ့ရင် တိုင်းပြည်သိက္ခာကျနိုင်တယ်။ ဒါကြောင့်ဒီလမ်းရဲ့ လိုအပ်ချက်ကို အချိန်မီပြင်ဆင်နိုင်အောင် ထောက်ပြတာပါ။ ဒီလမ်းက အမှန်တကယ်ပဲ နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ညီရင် နိုင်ငံတကာကျွမ်းကျင်သူတွေကို ခေါ်စစ်ဆေးလိုက်ရင် အဖြေပေါ်မှာပါ” ဟု ပြောကြားခဲ့သည်။

The Daily Eleven သတင်းစာကို နေ့စဉ်အမြန်လမ်းမမှတဆင့် နေပြည်တော်နှင့် ၀န်းကျင်ဒေသများသို့ ပေးပို့နိုင်ရန် ကားဖြတ်သန်းခွင့်အား ၂၀၁၃ခုနှစ် ဧပြီလ ၂ရက်နေ့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးများသို့ တရားဝင်တင်ပြခဲ့ပြီး ခွင့်ပြုချက်ဖြင့် ဖြတ်သန်းပို့ဆောင်နေခြင်း ဖြစ်သည်။ယခုမှ ပိတ်ပင်ခြင်းနှင့်ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ စာနယ်ဇင်းလွတ်လပ်ခွင့်ကိုထိပါးသော ဂုဏ်သိက္ခာနှင့် လျော်ညီခြင်းမရှိသည့် လုပ်ဆောင်မှုများအတွက် The Daily Eleven သတင်းစာအနေဖြင့် သမ္မတထံ တင်ပြတိုင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

လူတော်လူကောင်းဖြစ်ရေး စီမံကိန်း = မင်္ဂလာတရား

ဦး ယဉ်ကျေး's photo.
လူတော်လူကောင်းဖြစ်ရေး စီမံကိန်း = မင်္ဂလာတရား 
*********************************
မင်္ဂလာတရားတော်သည် လူမျိုးမရွေး ၊ ဘာသာမရွေး   လေ့လာ သင်ယူသင့်သော 
တရားတော် ဖြစ်ပါသည်။ ဤ အချက်ကို ဆွေးနွေးတင်ပြလိုပါသည် ။
               
မင်္ဂလာ သုတ္တံ ကို လေ့လာ ကြည့်လျှင် ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ ၊ ပညာရေး 
မင်္ဂလာ ၊ ကြီးပွားချမ်းသာရေး မင်္ဂလာ ၊   ကိုယ်ကျင့်တရား ကောင်းမွန်ရေး မင်္ဂလာ၊
လောက ငြိမ်းချမ်းရေး မင်္ဂလာများ အပြင်  မိဘကျင့်ဝတ် ၊  သားသမီး     ကျင့်ဝတ် 
စသည် လူမှုရေး မင်္ဂလာများ အပြည့်အစုံပါဝင်ကြောင်း တွေ့ရပါသည်။  ထို့ကြောင့်
လည်း မင်္ဂလာ တရားတော်ကို "  တကယ့်လူတော် လူကောင်း    ဖြစ်ရေး စီမံကိန်း
တရားတော်ကြီး " ဖြစ်သည်ဟု ပညာရှိကြီးများက ဆိုခဲ့ကြပါသည်။  ဥပမာအားဖြင့်
မင်္ဂလာ အနည်းငယ်ကို ဖော်ပြလိုပါသည်။ သူတစ်ပါးကျေးဇူး ကို သိရှိပြီး ပြန်လည်
ပေးဆပ်ခြင်းသည် ကတညုတ မင်္ဂလာ ဖြစ်ပါသည်။     မိဘကျေးဇူးကို မသိတတ်
သော သားသမီးများ ၊ ဆရာ့ကျေးဇူးကို မသိတတ်သော တပည့်များနှင့် နိုင်ငံတော်
၏ ကျေးဇူးကို မသိတတ်သော နိုင်ငံသားများ ပေါများလာလျှင် လူ့လောကကြီးမှာ
အေးချမ်း သာယာနိုင်မည် မဟုတ်ပါ ။         ထို့ကြောင့် ကတညုတ မင်္ဂလာသည် 
လောက သာယာရေးအတွက် အရေးကြီးသော မင်္ဂလာဖြစ်ပါသည် ။

မကောင်းမှုမှ ဝေးစွာ( စိတ်ဖြင့် ) ရှောင်ကြဉ်ခြင်း ဟူသော အာရတီ ပါပါ  မင်္ဂလာ  ၊
မကောင်းမှုမှ အထူးသဖြင့် (ကိုယ် ၊ နှုတ်ဖြင့်) ရှောင်ကြဉ်ခြင်း ဟူသော ဝိရတီ ပါပါ  
မင်္ဂလာ ၊ သုစရိုက် တရားများကို ကျင့်သုံးခြင်းဟူသော ဓမ္မစရိယ မင်္ဂလာ ၊ အရက်
သေစာ မူးယစ်ဆေးဝါးများကို စားသောက် သုံးစွဲခြင်းမှ    ရှောင်ကြဉ်ခြင်း ဟူသော
မဇ္ဇပါနာစ သံယမော မင်္ဂလာ စသော မင်္ဂလာတရားတော်များမှ ကိုယ်ကျင့်  တရား
ကောင်းမွန်ရေး အတွက် ဟောကြားထားသော မင်္ဂလာများ ဖြစ်ပါသည် ။

ဤမင်္ဂလာတရားတော်များကို လူငယ်လူရွယ်များအား သင်ကြားရာတွင် လောကပါ
လတရား နှစ်ပါးကိုပါ သင်ကြားပေးသင့်ပါသည် ။ မကောင်းမှု ပြုလုပ်ရန် ရှက်သော
စိတ်ကို ဟီရိ ဟုခေါ်၏ ။ မကောင်းမှု ပြုလုပ်ရန် ကြောက်သောစိတ်ကို  သြတ္တပ္ပ ဟု
ခေါ်၏ ။ ဟီရိ နှင့် သြတ္တပ္ပ တရားတော်နှစ်ပါးသည် လောကကြီးကို မပျက်စီးအောင်
စောင့်ရှောက်သော တရားနှစ်ပါး ဖြစ်သဖြင့် လောကပါလ တရားနှစ်ပါးဟုခေါ်ပါသှ်။
ဤတရားတော် နှစ်ပါးမရှိလျှင် လူ့လောကကြီးသည် ဧကန်အမှန် ပျက်စီးသွားမည်
ဖြစ်သည်။ လူငယ်လူရွယ်များကို ဟီရိ နှင့် သြတ္တပ္ပ ဟူသောတရားနှစ်ပါးကို သေချာ
ကောင်းစွာ နားလည်သဘောပေါက်အောင်သင်ကြားပေးနိုင်လျှင် ကိုယ်ကျင့် တရား
ကောင်းမွန်သော လူငယ်များ ဖြစ်လာမည်မှာ သေချာလှပါသည် ။

မင်္ဂလာ တရားတော်များသည် ရွတ်ဖတ်ရုံမျှအတွက်သာ အသုံးပြုဖို့မဟုတ်ပါ။ လက်
တွေ့ ကျင့်သုံးရမည့် လူမှုရေး တရားတော်များ ဖြစ်ပါသည်။  မည်သည့် ဘာသာဝင်
ဖြစ်စေ ၊ မည်သည့် လူမျိုးဖြစ်စေ ကျင့်သုံးရမည့် တရားတော်များ ဖြစ်ပါသည် ။

ထို့ကြောင့် " တကယ့် လူတော် လူကောင်း ဖြစ်ရေး " စီမံကိန်း  တရားတော်ကြီးဟု 
ဆိုနိုင်သော မင်္ဂလာ တရားတော်များကို လူငယ် လူရွယ်များ၏ နှလုံးသား  အတွင်း
သို့ ရောက်အောင် ပို့ဆောင်ပေးနိုင်ရန် အတွက် နိုင်ငံသား အားလုံးပူးပေါင်းဆောင်
ရွက်ကြရမည် ဖြစ်ပါကြောင်း ....... ။

ဒေါက်တာ စံသိန်း (ကျောက်တန်း) ဝိုင်အမ်ဘီအေ
ရာသက်ပန် အသင်းဝင် ။  ဝိုင်အမ်ဘီအေ ရာပြည့်
စာစောင် (စာ - ၇၃)
*********************မင်္ဂလာတရားတော်သည် လူမျိုးမရွေး ၊ ဘာသာမရွေး လေ့လာ သင်ယူသင့်သော 
G
တရားတော် ဖြစ်ပါသည်။ ဤ အချက်ကို ဆွေးနွေးတင်ပြလိုပါသည် ။

မင်္ဂလာ သုတ္တံ ကို လေ့လာ ကြည့်လျှင် ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ ၊ ပညာရေး 
မင်္ဂလာ ၊ ကြီးပွားချမ်းသာရေး မင်္ဂလာ ၊ ကိုယ်ကျင့်တရား ကောင်းမွန်ရေး မင်္ဂလာ၊
လောက ငြိမ်းချမ်းရေး မင်္ဂလာများ အပြင် မိဘကျင့်ဝတ် ၊ သားသမီး ကျင့်ဝတ် 
စသည် လူမှုရေး မင်္ဂလာများ အပြည့်အစုံပါဝင်ကြောင်း တွေ့ရပါသည်။ ထို့ကြောင့်
လည်း မင်္ဂလာ တရားတော်ကို " တကယ့်လူတော် လူကောင်း ဖြစ်ရေး စီမံကိန်း
တရားတော်ကြီး " ဖြစ်သည်ဟု ပညာရှိကြီးများက ဆိုခဲ့ကြပါသည်။ ဥပမာအားဖြင့်
မင်္ဂလာ အနည်းငယ်ကို ဖော်ပြလိုပါသည်။ သူတစ်ပါးကျေးဇူး ကို သိရှိပြီး ပြန်လည်
ပေးဆပ်ခြင်းသည် ကတညုတ မင်္ဂလာ ဖြစ်ပါသည်။ မိဘကျေးဇူးကို မသိတတ်
သော သားသမီးများ ၊ ဆရာ့ကျေးဇူးကို မသိတတ်သော တပည့်များနှင့် နိုင်ငံတော်
၏ ကျေးဇူးကို မသိတတ်သော နိုင်ငံသားများ ပေါများလာလျှင် လူ့လောကကြီးမှာ
အေးချမ်း သာယာနိုင်မည် မဟုတ်ပါ ။ ထို့ကြောင့် ကတညုတ မင်္ဂလာသည် 
လောက သာယာရေးအတွက် အရေးကြီးသော မင်္ဂလာဖြစ်ပါသည် ။

မကောင်းမှုမှ ဝေးစွာ( စိတ်ဖြင့် ) ရှောင်ကြဉ်ခြင်း ဟူသော အာရတီ ပါပါ မင်္ဂလာ ၊
မကောင်းမှုမှ အထူးသဖြင့် (ကိုယ် ၊ နှုတ်ဖြင့်) ရှောင်ကြဉ်ခြင်း ဟူသော ဝိရတီ ပါပါ 
မင်္ဂလာ ၊ သုစရိုက် တရားများကို ကျင့်သုံးခြင်းဟူသော ဓမ္မစရိယ မင်္ဂလာ ၊ အရက်
သေစာ မူးယစ်ဆေးဝါးများကို စားသောက် သုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း ဟူသော
မဇ္ဇပါနာစ သံယမော မင်္ဂလာ စသော မင်္ဂလာတရားတော်များမှ ကိုယ်ကျင့် တရား
ကောင်းမွန်ရေး အတွက် ဟောကြားထားသော မင်္ဂလာများ ဖြစ်ပါသည် ။

ဤမင်္ဂလာတရားတော်များကို လူငယ်လူရွယ်များအား သင်ကြားရာတွင် လောကပါ
လတရား နှစ်ပါးကိုပါ သင်ကြားပေးသင့်ပါသည် ။ မကောင်းမှု ပြုလုပ်ရန် ရှက်သော
စိတ်ကို ဟီရိ ဟုခေါ်၏ ။ မကောင်းမှု ပြုလုပ်ရန် ကြောက်သောစိတ်ကို သြတ္တပ္ပ ဟု
ခေါ်၏ ။ ဟီရိ နှင့် သြတ္တပ္ပ တရားတော်နှစ်ပါးသည် လောကကြီးကို မပျက်စီးအောင်
စောင့်ရှောက်သော တရားနှစ်ပါး ဖြစ်သဖြင့် လောကပါလ တရားနှစ်ပါးဟုခေါ်ပါသှ်။
ဤတရားတော် နှစ်ပါးမရှိလျှင် လူ့လောကကြီးသည် ဧကန်အမှန် ပျက်စီးသွားမည်
ဖြစ်သည်။ လူငယ်လူရွယ်များကို ဟီရိ နှင့် သြတ္တပ္ပ ဟူသောတရားနှစ်ပါးကို သေချာ
ကောင်းစွာ နားလည်သဘောပေါက်အောင်သင်ကြားပေးနိုင်လျှင် ကိုယ်ကျင့် တရား
ကောင်းမွန်သော လူငယ်များ ဖြစ်လာမည်မှာ သေချာလှပါသည် ။

မင်္ဂလာ တရားတော်များသည် ရွတ်ဖတ်ရုံမျှအတွက်သာ အသုံးပြုဖို့မဟုတ်ပါ။ လက်
တွေ့ ကျင့်သုံးရမည့် လူမှုရေး တရားတော်များ ဖြစ်ပါသည်။ မည်သည့် ဘာသာဝင်
ဖြစ်စေ ၊ မည်သည့် လူမျိုးဖြစ်စေ ကျင့်သုံးရမည့် တရားတော်များ ဖြစ်ပါသည် ။

ထို့ကြောင့် " တကယ့် လူတော် လူကောင်း ဖြစ်ရေး " စီမံကိန်း တရားတော်ကြီးဟု 
ဆိုနိုင်သော မင်္ဂလာ တရားတော်များကို လူငယ် လူရွယ်များ၏ နှလုံးသား အတွင်း
သို့ ရောက်အောင် ပို့ဆောင်ပေးနိုင်ရန် အတွက် နိုင်ငံသား အားလုံးပူးပေါင်းဆောင်
ရွက်ကြရမည် ဖြစ်ပါကြောင်း ....... ။

ဒေါက်တာ စံသိန်း (ကျောက်တန်း) ဝိုင်အမ်ဘီအေ
ရာသက်ပန် အသင်းဝင် ။ ဝိုင်အမ်ဘီအေ ရာပြည့်
စာစောင် (စာ - ၇၃)

Monday, May 27, 2013

သတိထားမိနေသော နှပ်ကြောင်းများ

မကြာသေးပါဘူး....၊
ဘာသာရေး လူမျိုးရေးအသံကြီးတွေ တစ်ချိန်းချိန်းထနေတဲ့အချိန်မှာ.....

ကို Myo Set က အမျိုးသားရေးအခြေခံတဲ့ပါတီတစ်ခုပေါ်လာနိုင် ကြောင်းရေးခဲ့တယ

ကို ငရဲ သား ကလဲအဲဒီလိုမျိုးအမြင်တစ်ခုနဲ့ သုံးသပ်ခဲ့ဖူးတယ်..၊

ဘာရယ်မဟုတ်ဘူး..၊ကျွန်တော်လဲ တွေးမိရေးမိခဲ့ဖူးတယ်..၊

အဲဒီ post တွေ က ဆိုင်ရာဆိုင်ရာ wall တွေမှာ ရှိပါတယ်..၊
တစ်ခုမှ မပျက်သေးပါ..၊
ရေးတဲ့ အနေအထားတွေ သုံးသပ်မှုတွေတော့ ကွာတာပေါ့လေ...

အဲဒီတုန်းက ၀င်ပြီး ဝေဘန်နေတဲ့သူတွေ
အတင်း လာတံဆိပ်ကပ်နေတဲ့သူတွေ..၊
တော်တော်များခဲ့ကြတာကိုလဲ သတိထားမိတယ်..၊
----------------------------

တိုက်ဆိုင်စွာနဲ့ပဲ....၊
ပုံပြင်တစ်ပုဒ်ကို သတိရတယ်..၊

ငွေကြေးချမ်းသာပြီး ကျန်းမာသူတွေများတဲ့ရွာတစ်ရွာကို ဆေးဝင်ရောင်းချင်တဲ့
ဆေးကုန်သည်အုပ်စုဟာ ဘယ်လိုမှရောင်းလို့မရလို့ ဒီအတိုင်းဥာဏ်နီဥာဏ်နက်
သုံးကြတယ်...

(၁) ရွာထဲကိုစီးနေတဲ့ ရွာသားတွေသောက်သုံးတဲ့စမ်းချောင်းထဲကို ရွာပြင် ချောင်းထိပ်ကနေ
အညစ်အကြေးတွေ နည်းနည်းချင်း ထည့်ပြီး ရွာသားတွေ ဗိုက်နာဝမ်းလျှောရောဂါရစေတယ်.၊

(၂) အဲဒီမှာမှ ဆေးကုန်သည်အချို့ဟာ အခြားရွာသားဟန်ဆောင်ပြီး ရွာထဲကခြေအနေကို
တီးခေါက်ကာ ရွာထဲမှာ ဆေးကုန်သည်အဖွဲ့ရဲ့ ဆေးကောင်းကြောင်း ၊ဒါပေမဲ့ဈေးကြီးကြောင်း
ကို သတင်းလွှင့်စေတယ်..၊ရွာသားတွေကို ဆေးမရောင်းသေးဘူး၊
ဆေးကုန်သည်အဖွဲ့ကတော သတင်းဖျောက်နေတာပေါ့.၊တစ်ချို့ကလဲ ဆေးတွေထပ်သွားစု
ဆောင်းကြတယ်...၊

(၃) ရွာထဲမှာ ရောဂါများများပြန့်သွားအောင်စောင့်ကြည့်တယ်..၊ရွာသားတွေ 
အခက်အခဲဖြစ်ပြီး ရွာသားအချို့ ရောဂါနဲ့ မသေသင့်ပဲသေကြတဲ့အထိကို စောင့်ကြည့်တယ်...၊
ရွာသားတွေ ဆေးကုန်သည်အဖွဲ့ကို တမ်းတလာတဲ့အထိစောင့်ကြည့်တယ်..၊

(၄) ပြီးတော့မှ ရွာထဲကို ရုတ်တရက်ဝင်ရောင်းတယ်၊ တန်ဘိုးမရှိတဲ့ဆေးတွေကအစ..၊
တန်ဘိုးရှိတဲ့ဈေးနဲ့ရောင်းတယ်..၊တန်ဘိုးရှိတဲ့ဆေးတွေကို..ဈေးမတန်တစ်ဆထပ်တင်ပြီး..၊
အိမ်ခြံမြေ ၊အတွင်းပစ္စည်းတွေနဲ့ ကအစတန်းဖိုးဖြတ်တယ်...

အဲဒါနဲ့ပဲ တစ်ချီထဲနဲ့အရမ်းချမ်းသာသွားသလို..ကျေးဇူးရှင်လို့လဲ မြင်သွားတယ်..၊
ရွာလူထုရဲ့ထောက်ခံမှုကိုလဲ တမဟုတ်ချင်းရသွားတယ်..၊
တစ်ချက်ခုတ်...အချက်ပေါင်း များစွာပြတ်သွားရောလေ...၊

ပုံပြင်ကတော့ ဒါပါပဲ..၊
-----------------------------------

အဲဒီတော့ စဉ်းစားစရာတွေကပုံလာပြီဗျာ.

ဆက်စပ်ပြီးစဉ်းစားရင်တော့..၊

အဲဒီပါတီဖြစ်လာရင်..အဓိက..ရန်ပုံငွေမရှိပဲ..၊
လည်ပတ်လို့မရပါ..၊
အဲဒီတော့...ဘယ်ရံပုံငွေကို သုံးကြမလဲ..၊

စနစ်သစ်မှာ အထိုင်မပျက်ချင်တဲ့..၊ NLD ကိုရှိန်နေကြတဲ့..၊
ဖွတ်ပါတီကို လက်လျှော့လိုက်ကြတဲ့...၊
ခရိုနီ (စကားလုံးလှလှဆိုရင်-တိုင်းရင်းသားလုပ်ငန်းရှင်တွေ)ရဲ့ 
Back up မပါဝင်ပဲနေမလား...(ဖွတ်ပါတီနည်းလမ်းတစ်ချို့အတိုင်းနော်...)

အဲဒီပါတီထဲပါလာနိုင်တဲ့..
လက်ရှိလုပ်ပိုင်ခွင့်ရှိသူတစ်ချို့ကလဲ..
ပေါ်တင်အခွန်တွေ လွှတ်ပေး၊ လုပ်ပိုင်ခွင့်တွေပေးပြီး..၊
တစ်ဖက်လှည့်နဲ့ ရန်ပုံငွေထူထောင်နေသလား..၊

အဲဒီတော့..ပေါ့သေးသေးမဟုတ်ပါ..၊

ဖွတ်က NLD ကို တိုက်ဖို့ စစ်မျက်နှာတစ်ခု ထပ်မံဖွင့်လှစ်ခြင်းလို့..၊
သုံးသပ်ပါကြောင်း..

ပုရစ်