Tuesday, May 28, 2013

လူတော်လူကောင်းဖြစ်ရေး စီမံကိန်း = မင်္ဂလာတရား

ဦး ယဉ်ကျေး's photo.
လူတော်လူကောင်းဖြစ်ရေး စီမံကိန်း = မင်္ဂလာတရား 
*********************************
မင်္ဂလာတရားတော်သည် လူမျိုးမရွေး ၊ ဘာသာမရွေး   လေ့လာ သင်ယူသင့်သော 
တရားတော် ဖြစ်ပါသည်။ ဤ အချက်ကို ဆွေးနွေးတင်ပြလိုပါသည် ။
               
မင်္ဂလာ သုတ္တံ ကို လေ့လာ ကြည့်လျှင် ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ ၊ ပညာရေး 
မင်္ဂလာ ၊ ကြီးပွားချမ်းသာရေး မင်္ဂလာ ၊   ကိုယ်ကျင့်တရား ကောင်းမွန်ရေး မင်္ဂလာ၊
လောက ငြိမ်းချမ်းရေး မင်္ဂလာများ အပြင်  မိဘကျင့်ဝတ် ၊  သားသမီး     ကျင့်ဝတ် 
စသည် လူမှုရေး မင်္ဂလာများ အပြည့်အစုံပါဝင်ကြောင်း တွေ့ရပါသည်။  ထို့ကြောင့်
လည်း မင်္ဂလာ တရားတော်ကို "  တကယ့်လူတော် လူကောင်း    ဖြစ်ရေး စီမံကိန်း
တရားတော်ကြီး " ဖြစ်သည်ဟု ပညာရှိကြီးများက ဆိုခဲ့ကြပါသည်။  ဥပမာအားဖြင့်
မင်္ဂလာ အနည်းငယ်ကို ဖော်ပြလိုပါသည်။ သူတစ်ပါးကျေးဇူး ကို သိရှိပြီး ပြန်လည်
ပေးဆပ်ခြင်းသည် ကတညုတ မင်္ဂလာ ဖြစ်ပါသည်။     မိဘကျေးဇူးကို မသိတတ်
သော သားသမီးများ ၊ ဆရာ့ကျေးဇူးကို မသိတတ်သော တပည့်များနှင့် နိုင်ငံတော်
၏ ကျေးဇူးကို မသိတတ်သော နိုင်ငံသားများ ပေါများလာလျှင် လူ့လောကကြီးမှာ
အေးချမ်း သာယာနိုင်မည် မဟုတ်ပါ ။         ထို့ကြောင့် ကတညုတ မင်္ဂလာသည် 
လောက သာယာရေးအတွက် အရေးကြီးသော မင်္ဂလာဖြစ်ပါသည် ။

မကောင်းမှုမှ ဝေးစွာ( စိတ်ဖြင့် ) ရှောင်ကြဉ်ခြင်း ဟူသော အာရတီ ပါပါ  မင်္ဂလာ  ၊
မကောင်းမှုမှ အထူးသဖြင့် (ကိုယ် ၊ နှုတ်ဖြင့်) ရှောင်ကြဉ်ခြင်း ဟူသော ဝိရတီ ပါပါ  
မင်္ဂလာ ၊ သုစရိုက် တရားများကို ကျင့်သုံးခြင်းဟူသော ဓမ္မစရိယ မင်္ဂလာ ၊ အရက်
သေစာ မူးယစ်ဆေးဝါးများကို စားသောက် သုံးစွဲခြင်းမှ    ရှောင်ကြဉ်ခြင်း ဟူသော
မဇ္ဇပါနာစ သံယမော မင်္ဂလာ စသော မင်္ဂလာတရားတော်များမှ ကိုယ်ကျင့်  တရား
ကောင်းမွန်ရေး အတွက် ဟောကြားထားသော မင်္ဂလာများ ဖြစ်ပါသည် ။

ဤမင်္ဂလာတရားတော်များကို လူငယ်လူရွယ်များအား သင်ကြားရာတွင် လောကပါ
လတရား နှစ်ပါးကိုပါ သင်ကြားပေးသင့်ပါသည် ။ မကောင်းမှု ပြုလုပ်ရန် ရှက်သော
စိတ်ကို ဟီရိ ဟုခေါ်၏ ။ မကောင်းမှု ပြုလုပ်ရန် ကြောက်သောစိတ်ကို  သြတ္တပ္ပ ဟု
ခေါ်၏ ။ ဟီရိ နှင့် သြတ္တပ္ပ တရားတော်နှစ်ပါးသည် လောကကြီးကို မပျက်စီးအောင်
စောင့်ရှောက်သော တရားနှစ်ပါး ဖြစ်သဖြင့် လောကပါလ တရားနှစ်ပါးဟုခေါ်ပါသှ်။
ဤတရားတော် နှစ်ပါးမရှိလျှင် လူ့လောကကြီးသည် ဧကန်အမှန် ပျက်စီးသွားမည်
ဖြစ်သည်။ လူငယ်လူရွယ်များကို ဟီရိ နှင့် သြတ္တပ္ပ ဟူသောတရားနှစ်ပါးကို သေချာ
ကောင်းစွာ နားလည်သဘောပေါက်အောင်သင်ကြားပေးနိုင်လျှင် ကိုယ်ကျင့် တရား
ကောင်းမွန်သော လူငယ်များ ဖြစ်လာမည်မှာ သေချာလှပါသည် ။

မင်္ဂလာ တရားတော်များသည် ရွတ်ဖတ်ရုံမျှအတွက်သာ အသုံးပြုဖို့မဟုတ်ပါ။ လက်
တွေ့ ကျင့်သုံးရမည့် လူမှုရေး တရားတော်များ ဖြစ်ပါသည်။  မည်သည့် ဘာသာဝင်
ဖြစ်စေ ၊ မည်သည့် လူမျိုးဖြစ်စေ ကျင့်သုံးရမည့် တရားတော်များ ဖြစ်ပါသည် ။

ထို့ကြောင့် " တကယ့် လူတော် လူကောင်း ဖြစ်ရေး " စီမံကိန်း  တရားတော်ကြီးဟု 
ဆိုနိုင်သော မင်္ဂလာ တရားတော်များကို လူငယ် လူရွယ်များ၏ နှလုံးသား  အတွင်း
သို့ ရောက်အောင် ပို့ဆောင်ပေးနိုင်ရန် အတွက် နိုင်ငံသား အားလုံးပူးပေါင်းဆောင်
ရွက်ကြရမည် ဖြစ်ပါကြောင်း ....... ။

ဒေါက်တာ စံသိန်း (ကျောက်တန်း) ဝိုင်အမ်ဘီအေ
ရာသက်ပန် အသင်းဝင် ။  ဝိုင်အမ်ဘီအေ ရာပြည့်
စာစောင် (စာ - ၇၃)
*********************မင်္ဂလာတရားတော်သည် လူမျိုးမရွေး ၊ ဘာသာမရွေး လေ့လာ သင်ယူသင့်သော 
G