Thursday, May 30, 2013

ဘယ်သူတာဝန်အရှိဆုံးလဲ ပြောပါ

နိုင်ငံရေးမှာ ပါဝင် လှုပ်ရှားနေတဲ့ လူတွေ (political Actors) တွေရဲ့ နေရာကို သေချာ မကြည့်ဘဲ လွဲကြည့်ပြီး နိုင်ငံရေး အမြတ်ထုတ် ဝါဒ ဖြန့်လိုသူတွေ များနေတာ တော်တော်ဆိုးတယ်

ဒါကြောင့် မမေ့အောင် အရင် သတိပေးလိုက်ပါရစေဦး။ 

၁။ မြန်မာပြည်မှာ ဆိုးတာတွေကို ကောင်းအောင် လုပ်ဖို့၊ ကောင်းတာတွေကို ပိုကောင်းအောင်နဲ့ တိုးတက်အောင် လုပ်ဖို့ တာဝန်အရှိဆုံး နံပါတ် (၁) လူဟာ .. နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မဟုတ်ပါ။ ကိုမင်းကိုနိုင် မဟုတ်ပါ။ ဦးဝင်တင် မဟုတ်ပါ။ ဦးကိုကိုကြီး မဟုတ်ပါ။ သူတို့မှာ ဘာအာဏာမှ မရှိပါဘူး။

၂။ မြန်မာပြည်မှာ ဆိုးတာတွေကို ကောင်းအောင် လုပ်ဖို့၊ ကောင်းတာတွေကို ပိုကောင်းအောင်နဲ့ တိုးတက်အောင် လုပ်ဖို့ တာဝန်အရှိဆုံး နံပါတ် (၁) တာဝန်အရှိဆုံး အဖွဲ့အစည်းဟာ ... အစိုးရ ဖြစ်ပါတယ်။ NLD မဟုတ်ပါ။ ၈၈ မျိုးဆက် မဟုတ်ပါ။ ကိုကျော်သူတို့ နာရေး ကူညီမှု အဖွဲ့ မဟုတ်ပါ။ ပြည်ပက အဖွဲ့အစည်း မဟုတ်ပါ။

၃။ မြန်မာပြည်မှာ ဆိုးတာတွေကို ကောင်းအောင် လုပ်ဖို့၊ ကောင်းတာတွေကို ပိုကောင်းအောင်နဲ့ တိုးတက်အောင် လုပ်ဖို့ မူဝါဒတွေ ချမှတ်ရာမှာ နံပါတ် (၁) တာဝန်အရှိဆုံး ပါတီဟာ "ကြံ့ဖွတ်" ပါတီ ဖြစ်ပါတယ်။ NLD မဟုတ်ပါ။ ၈၈ မျိုးဆက် မဟုတ်ပါ။ ကိုကျော်သူတို့ နာရေး ကူညီမှု အဖွဲ့ မဟုတ်ပါ။ ပြည်ပက အဖွဲ့အစည်း မဟုတ်ပါ။

ဒီတော့ ...

ဘင်္ဂလီ ခိုးဝင်တဲ့ ကိစ္စ မနိုင်မနင်း ဖြစ်နေတာမှာ ... တာဝန်ရှိပြီး တာဝန် မကျေသူတွေဟာ ...

နံပါတ် (၁) လူပုဂ္ဂိုလ် ...... ဦးသိန်းစိန်၊ 
နံပါတ် (၁) အဖွဲ့အစည်း ... အစိုးရ
နံပါတယ် တာဝန် မကျေဆုံး ပါတီ .... ကြံ့ဖွတ်

ဖြစ်ပါတယ်။

အကြမ်းဖက် မွတ်ဆလင်တွေကို အကြမ်းဖက်ခွင့် မရအောင် ကိုင်တွယ်ဖို့ ပျက်ကွက်သူဟာ (မနှိမ်နှင်းဘဲ သွယ်ဝိုက် အားပေးသလို လုပ်နေသူတွေဟာ) .... 

နံပါတ် (၁) လူပုဂ္ဂိုလ် ...... ဦးသိန်းစိန်၊ 
နံပါတ် (၁) အဖွဲ့အစည်း ... အစိုးရ
နံပါတယ် တာဝန် မကျေဆုံး ပါတီ .... ကြံ့ဖွတ်

ဖြစ်ပါတယ်။

ဒီလောက် ရှင်းတဲ့ ယုတ္တိဗေဒကို ကျော်ကြည့်ပြီး ... ဘာမှ တာဝန်မရှိ၊ တာဝန်ယူနိုင်ခြင်း မရှိတဲ့ လူတွေကို အပြစ်တင်ပြီး နိုင်ငံရေး အမြတ်ထုတ်နေတာတွေအတွက် ... သတိကလေး ထားမိအောင်ပါ။

(ကိုထိုက်)