Thursday, January 10, 2013

ဘူဥပဒေ

Pa Yit

---------
"ဘူ "ပိတ်သောသူကို..အများက.."ဘူ ကောင် "ဟုခေါ်သည်..
ပေါင်းခြင်း သုညရလျှင်..
"ဘူ"..ဖြစ်သည်..

ဘူ..ဆိုလျှင်..မည်သူမှမကြိုက်ပါ..
လာဘ်ပိတ်သည်..
ကံမကောင်းဟုယူဆကြသည်..
ဘူဂဏန်းကိုရှောင်ကြသည်..

နာဂစ်တွင်လူသိန်းကျော်သေဆုံးသည်..

တရုတ်က...ကောက်သွားမည်ကိုကြောက်ရွှံပြီး..
မဟာဗျူဟာအကြောင်းပြ..
သတင်းအမှောင်ချ...
နိုင်ငံတကာအကူအညီကိုငြင်းပယ်ကာ..
မရှိစလောက်အင်အားနှင့်ကယ်ဆယ်ရေးလုပ်ပြသည်..
ဖရိုဖရဲနှင့်လူများမသေသင့်ပဲသေခဲ့ကြရသည်...

ဒါ့အဲဒီအတွက်တရုတ်တွင်ပါ ငလျင်လှုပ်ခဲ့ပြီး..
ဝဋ်ချက်ချင်းလည်ခဲ့သည်..
ဒါပေသည့်..တရုတ်သည်..
အနောက်နိုင်ငံများဆီက..
ကယ်ဆယ်ရေးအဖွဲ့သာမက..
ကယ်ဆယ်ရေး..ခွေး..ကအစ..အော်ဟစ်အကူအညီတောင်းခဲ့သည်..
ဒါကိုစောက်မှတ်မရှိပဲ..တရုတ်ကိုအဖေဆက်ခေါ်ခဲ့သည်..

အဲဒီအတွင်းမှာ..လူသိန်းချီသေတာကိုဂရုမစိုက်..
အခြေခံဥပဒေကို..အတင်းအသက်သွင်းသည်..

မီးစာတစ်ဖက်ရေမှုတ်တစ်..ရန်တိုက်ထားမှုများ....
အကျိုးစီးပွားကိုအသေအလဲကာကွယ်ထားမှုများ..
ပါဝင်ခဲ့သည်..

၂၀၀၈ အခြေခံဥပဒေ..
ပေါင်းလျှင် ၁၀
ဘူဂဏန်း...
လူသိန်းချီရဲ့နာဂစ်ဝိညဉ်များစွဲကပ်နေသောဟာကြီး..
အဲဒါကြီးကိုဘာလို့..လက်ခံသုံးစွဲနေကြသနည်း..

ဘူဥပဒေ...နာဂစ်ဥပဒေ

မကောင်းမှန်းလဲသိနေပြီ..
မပြတ်သားမှန်းလဲသိနေပြီ..
lucky ပိတ်မှန်းလဲသိနေပြီ..
လူတစ်စုအကျိုးစီးပွားကာကွယ်မှန်းလဲသိနေပြီ..
ပြင်သင့်မှန်းလဲသိနေပြီ...

ဘာလို့သုံးစွဲနေကြလဲ..
လုပ်စရာရှိတာလုပ်ကြသင့်သည်။