Friday, November 30, 2012

တရုတ်အားကိုး ကုလားဖင်လျှက် အစိုးရရေ ဖြေပါဦး

ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့
မေးခွန်း

သတင်းတွေကို ဖတ်ရတာ ဓာတ်ပုံတွေကိုမြင်ရတာ
သံဃာတော်အရှင်မြတ်တွေကိုယ်မှာ မီးလောင်ထားတဲ့ ဒဏ်ရာတွေကို ကြည့်ပြီး တကယ်စိတ်မကောင်းပါဘူး။

အစိုးရနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို မေးခွန်းထုတ်ချင်တာက ရခိုင်ပြည်နယ်မှာ တရားမ၀င်ဘင်္ဂါလီတွေက အုပ်စုလိုက် ဒုတ်၊ဓားလက်နက်တွေကိုင်ပြီး သောင်းကျန်းကြလို့ သေနတ်ကိုင်ထားတဲ့ ရဲတွေက ထွက်တောင်ပြေးရတယ်။ လက်နက်ကိုင်ရဲတွေ ထွက်ပြေးရအောင် သောင်းကျန်းတဲ့ ဘင်္ဂါလီတွေကို လက်ဖျားနဲ့တောင် မထိရဲခဲ့တာ ဘာကြောင့်လဲ။( အဲဒီ ဘင်္ဂါလီတွေကိုမီးခိုးဗုံးတို့ မီးလောင်ဗုံးတို့မပြောနဲ့ ဆေးလိပ်မီးခိုးငွေ့နဲ့တောင် မမှုတ်ရဲခဲ့ဘူး။)

လက်ပတောင်းတောင်မှာ သံဃာတော်တွေ ညဘက်တအားအေးလို့ စောင်လေးခြုံအိပ်နေကြတာ ရေနဲ့ပက်ပြီး လူစုခွဲတာလောက်ဆို လက်ခံနိုင်သေးတယ်။
ခုတော့ အရမ်းအေးတဲ့အချိန်မှာ မီးသတ်ကားက ရေနဲ့ပက်ရုံတင်မက မီးခိုးဗုံး၊ မျက်ရည်ယိုဗုံးမသုံးဘဲ မီးလောင်ဗုံးတွေ သုံးတာဟာ မလျော်မကန်အင်အားအလွန်အကျွံသုံးတာ ဘာသဘောလဲ?
ကိုယ့်တိုင်းရင်းသားကို လည်လှီး၊ မုဒိမ်းကျင့်၊ လူသတ်နေတဲ့ ဘင်္ဂါလီသောင်းကျန်းသူတွေကို မီးလောင်ဗုံးမပြောနဲ့ ဆေးလိပ်မီးခိုးငွေ့နဲ့တောင် မမှုတ်ရဲဘဲ လမ်းပေါ်တောင် မထွက်ဘဲ ကိုယ့်သပိတ်စခန်းထဲမှာ စောင်ခြုံအိပ်နေကြတဲ့ သံဃာတော်တွေ တိုင်းရင်းသားပြည်သူတွေကိုကျမှ မီးလောင်ဗုံးနဲ့ကျဲပြီး နှိမ်နင်းတာ ဘာကြောင့်လဲ?
ဘင်္ဂါလီကို နှိမ်နင်းတာကျတော့ နိုင်ငံတကာမှာ မျက်နှာပျက်မှာစိုးလို့ မထိရဲတာလား?
ဗုဒ္ဓဘာသာသံဃာတော်တွေနဲ့ ပြည်သူကို ခုလို မီးလောင်ဗုံးကျဲနှိမ်နင်းတာဟာ နိုင်ငံတကာမှာ သိက္ခာကျရုံတင်မက လူထုထောက်ခံမှုပါ ဆုံးရှုံးနိုင်ပါတယ်။
ဘင်္ဂါလီတွေသောင်းကျန်းတာကို ပစ်သတ်လို့ နိုင်ငံတကာက ၀ိုင်းရှုံ့ချရင်တောင် ပြည်သူလူထုတစ်ရပ်လုံး အစိုးရဘက်ကရှိနေမှာမိုလို့ နိုင်ငံတကာကို ဂရုစိုက်စရာမလိုပါဘူး။
အစိုးရရဲ့ လုပ်ရပ်တွေဟာ ဘင်္ဂါလီကို အိမ်သားလို သဘောထားပြီး ကိုယ့်လူမျိုးကို တရားမ၀င်ခိုးဝင်တဲ့ကျူးကျော်သူလို သဘောထားပြီး
နှိမ်နင်းသလို ဖြစ်နေတယ်။

လက်ပတောင်းတောင်ကိစ္စကို အလွန်အကျွံအင်အားသုံးနှိမ်နင်းတာဟာ တရုတ်ကုမ္ပဏီနဲ့ တရုတ်အစိုးရဖိအားကြောင့်လား?
မြန်မာပြည်အနေအထားက အခြေအနေအရ တရုတ်နဲ့ဆက်ဆံရာမှာ သတိထားဆက်ဆံရတာကို နားလည်လက်ခံပေမဲ့ တရုတ်ရဲ့ ပြည်နယ်လိုလို တရုတ်ပြည်ရဲ့ မယားငယ်နိုင်ငံလိုလို အမျိုးဂုဏ်ဇာတိဂုဏ်ထိခိုက်လောက်အောင် အောက်ကျနောက်ကျခံပြီး ဆက်ဆံရတာမျိုးကို ဘကတအဖွဲ့က လုံးဝလက်မခံနိုင်ပါ။
( မြန်မာပြည် ဗိုလ်ချုပ်ပြောတဲ့ဖာနိုင်ငံဖြစ်တာက ပြည့်တန်ဆာလုပ်ရင် တန်ရာတန်ကြေး လုပ်အားခရပါသေးတယ်။ မြန်မာပြည် တရုတ်နဲ့ဆက်ဆံရတာဟာ ပြည့်တန်ဆာခတောင်မရဘဲ အလကားဆက်ဆံခံနေရတဲ့ ကိုယ့်ဘက်က အစစအရာရာဆုံးရှုံးနေတဲ့ ဖာနိုင်ငံထက်ဆိုးတဲ့ မိန်းမရွှင်နိုင်ငံဘ၀ကို ရောက်နေတယ်လို့ ဘကတက မြင်မိပါတယ်။ တရုတ်ဂုတ်သွေးစုပ်တာခံနေရတဲ့ ဒီလိုဘ၀က မြန်မာပြည်လွတ်မြောက်ဖို့ နိုင်ငံသားအားလုံးမှာ တာဝန်ရှိပါတယ်။)

ခုလို ကိုယ့်လူမျိုးအချင်းချင်း လက်သံပြောင်သလိုမျိုးကို ဘင်္ဂါလီကို နှိမ်နင်းတဲ့အခါမှာ လက်သံပြောင်စေချင်လိုက်တာ။
ခုလို ကိစ္စတွေ မြင်ရတော့ တလွဲဆံပင်ကောင်းတယ်ဆိုတဲ့ စကားကို ပိုနားလည်သွားတယ်။ ဆံပင်ကောင်းရမဲ့ ခေါင်းပေါ်က ဆံပင်က မကောင်းဘဲ မတော်တဲ့နေရာက ဆံပင်ကသွားသန်သလို ဖြစ်နေတယ်။