Friday, November 30, 2012

တရုတ်နဲ့ရှုတ်ထားခဲ့သမျှဖွင့်ချသင့်ပြီ

ပြီးခဲ့တဲ့ ဦးသန်းရွှေနဲ့ သူ့ အုပ်စု (ခိုးစား ရိုက်စား ပေါင်းစား)
တရုတ်နဲ့ လုပ်ထား ချုပ်ထားတဲ့ လူမသိသူမသိ ပြည်သူမသိ
ခရိုနီတစုနဲ့ ဦးသန်းရွှေအုပ်စုသာသိတဲ့ စာချုပ်တွေဟာ ...
လက်ရှိဒီမိုကရေစီလူ့ အခွင့်အရေးနဲ့ တိုက်ရိုက်ဆက်နွယ်နေ
တဲ့သဘာဝပတ်ဝန်းကျင်ကိစ္စတွေမှာ.... အချီအငှေါ် မတည့်
ဖြစ်နေတာဟာ သေချာနေပါတယ်။

လက်ရှိအစိုးရအနေနဲ့ တရုတ်နဲ့ မျက်နှာမပျက်ဖို့ အတွက်
ပြည်သူကို အခုလိုချကြွေးတဲ့နည်းလမ်းကိုဆက်ပြီးမသုံးပဲ
Transparency ရှိရှိ မိမိတို့ ဘာတွေရင်ဆိုင်နေရတယ်၊
ဘာစာချုပ်တွေချုပ်ခဲ့တယ်ဆိုတာ တိုင်းပြည်ကိုချပြသင့်
ပါတယ်။ သည်လိုချပြဖို့ ကလည်း ဦးသန်းရွှေအသက်ရှိနေ
တုံးဖြစ်နိုင်ပါ့မလားဆိုတာလည်းစဉ်းစားစရာပါ။ စတာလင်
သေပြီးနှစ်ပေါင်းများစွာကြာမှစတာလင် လယ်သမားနဲ့ 
ပြည်သူသန်း(၃၀)ကိုသတ်ခဲ့တာမှားပါတယ်ဆိုပြီး ခရူးရှက်
ကဖွင့်ဟ၀န်ခံရဲခဲ့တယ်။

ဘာပဲဖြစ်ဖြစ် တရုတ် Issue က - နောက်လည်းကြမ်းပါ
လိမ့်မယ်။ အမေရိကန်ပါလာတော့ ပိုဆိုးတယ်။ ပြည်သူ့ 
ဘက်၊ ပညာတတ်တွေဘက်က Environmental Issue နဲ့ 
Sustainable Development Issue တွေကို ကိုင်ပြီး
တရုတ်ကိုပါးပါးနပ်နပ် တိုက်သင့်တယ်လို့ မြင်ပါတယ်။

သိတဲ့အတိုင်းပဲ - တရုတ်ကလူပါးဝတတ်တယ်။ 1979 မှာ
Lesson ပေး မယ်ဆိုပြီး ဗီယက်နမ်ကို အကြောင်းမဲ့ ၀င်
တိုက်ဖူးတယ်၊ မနိုင်ဘူး။ (အချို့ စစ်ဗိုလ်တွေထဲမှာ တရုတ်
ကြောက်ရောဂါဝင်နေပုံလည်းရတယ်) သူတို့ အိပ်ကပ်ထဲ
ကိုဝင်နေခဲ့တဲ့ (၀င်နေဆဲ) ဒေါ်လာတွေကို လွယ်လွယ်နဲ့ -
စားကောင်းနေတဲ့ပန်းကန်ထဲသက်ပက်ထည့်တာကိုလည်း
လိုလားပုံလည်းမရှိပါ။

နောက်ထပ်လာမှာတခုကတော့ ကျောက်ဖြူ - ယူနန်ကိစ္စ။
အဲသည်မှာ အခုထက်ပိုပွဲကြမ်းပါလိမ့်မယ်။ အိန္ဒိသမုဒ္ဒရာ
ကိုတရုတ်ရဖို့ အတွက် ကျောက်ဖြူစီမံကိန်းဟာ သေရေးရှင်
ရေးပါပဲ။ မြန်မာပြည်ဆက်ပြီး အချုပ်အချာအာဏာပိုင်နိုင်ငံ
အဖြစ် ဆက်လက်ရပ်တည်နိုင်ရေးဟာလည်း သေရေးရှင်
ရေးပါပဲ။ (မြန်မာပြည်ကိုအမေရိကန်က သူ့ လက်ထဲကနေ
လုသွားလို့ မရဘူးလို့ တရုတ်အစိုးရအာဘော်သတင်းစာက
ပြီးခဲ့တဲ့နှစ်ပတ်ကပြောခဲ့ခြင်းဟာ ဦးအောင်မင်းလို စစ်သား
လူထွက်ကတရုတ်ကိုကျေးဇူးရှင်ပါလို့  ဖွင့်ပြောလာဖို့ ဖန်
လာတာပါပဲ)။

အမေရိကန်ကလည်း သူဝင်လာပြီးပြီဆိုတော့ အရင်လိုငြိမ်
နေမှာမဟုတ်ပါဘူး ... အန္ဒိယကလည်း အစာမကြေပါဘူး။
ဘာပဲဖြစ်ဖြစ် .... ကျောက်ဖြူ - ယူနန် ကိစ္စဘယ်လိုအဖြေ
ထွက်လာမလဲဆိုတာဟာ လက်ရှိ မနေ့ က လက်ပံတောင်း
တောင်ကိစ္စကို ဦးသိန်းစိန်ဘယ်လိုဖြေရှင်းမလဲဆိုတဲ့အဖြေ
နဲ့ တိုက်ရိုက်သက်ဆိုင်နေပါလိမ့်မယ်။

လှိုင်ဘွား/၈၈