Friday, November 30, 2012

အသိခေါက်ခက်အဝင်နက်၏။ အိပ်ခြင်ဟန်ဆောင်သောသူကိုနှိုးရခက်၏။

Aye Chan Mon


သတင်းစာတွေ online mediaတွေပေါ်က mptရဲ့ မှားယွင်းသော ကမောက်ကမဖြစ်သော ယုတ္တိကင်းသောကြေညာချက်တွေ ကို အားလုံးမြင်တွေ့ပြီးဖြစ်မှာပါ။ပြည်သူတွေသက်သာစွာသုံးစွဲနိုင်အောင်ရည်ရွယ်ပါတယ် အရင်စနစ်ထက်အများကြီးအကုန်အကျသက်သာပါတယ်လို့ပြောပါတယ်။
ဒီစာသားတွေဟာmobile အင်ဂျင်နီယာချုပ်ကြီးရဲ့အာဘော်ဆိုတာအားလုံးသိပြီးဖြစ်မှာပါ။ယုံကြပါသလား။no no no လုံးဝဘဲ ၉၉ ရာခိုင်နှုန်း ကမယုံပါဘူးတဲ့ဗျာ။ ယခုခေတ် အသက်၃၀ဝန်းကျင်ကနေ ၃၀အောက် လူငယ်တွေဟာ ဆိုးရွားနိမ့်ကျလှတဲ့ ပညာရေးအောက်မှာသင်ယူခဲ့ကြရတာပါ။အရည်အချင်းနည်းတာမှန်ပါတယ်။ဒါပေမယ့်အင်ဂျင်နီယာချုပ်ကြီးသိထားရမှာကသွားလေသူအာနာရှင်ကြီးကပြည်သူတွေကိုပေါင်းနှုတ်မြောက်စားလောက်တေ့သင်ခွင့်ပေးခဲ့တယ်။နာကျည်းတတ်အောင်လည်းကျင့်ပေးခဲ့တယ်။ အဲဒီတော့ပြည်သူတွေအတွက်စေတနာထားပြီးလုပ်တာ လား ကိုယ့်အတွက်ကိုလုပ်တာလား ဆိုတာ calculator လေးနှိပ်လိုက်ရုံနဲ့သိတော့တာပေါ့ဗျာ။

ဒါပေမယ့်ဆရာများကမလျော့ပါ။ ဒီစနစ်ပိုသက်သာတာပေါ့။ facebookလေးသုံးတာကို ဘယ်လိုလုပ် ၂၀၀ mb ကကုန်မှာလဲ။မဖြစ်နိုင်ပါဘူး။

ပြည်သူကတွေးပြီပေါ့ ဒီလူ စာတကယ်တတ်ရဲ့လားပေါ့။facebookကောသုံးဘူးလား။ဓာတ်ပုံတစ်ပုံ dataုံ ဘယ်sizeလောက်ရှိလဲ သိကောသိရဲ့လား။တွေးစရာတွေကအများသား။သူတို့ကျောင်းသားတုန်းကဒါတွေမသင်ရဘူးမသိဘူးဆိုလည်း ကိုယ့်ရာထူးလေးတော့အားနာပြီးလေ့လာသင့်တာပ။news feed ကိုဖွင့်လိုက်ပြီ အနည်းဆွုံးဓာတ်ပုံ 20လောက်တက်လာမယ် ဆိုရင်7 mbလောက်တော့အသာလေးဘဲ ။တစ်ခုတော့ရှိတာပေါ့ ပုံတွေစညတွေကို down ပြီးဖတ်တာမှမဟုတ်တာ ဒီအတိုင်းကြည့်တာ ဘာကုန်မှာလဲဆိုပြီးကလေးအတွေးနဲ့ပြောသလားမသိ။ ခက်တာက သူ့ပထွေးbrowserက cacheထဲ ကိုdataစွဲထည့်ပြီးမှ user က်ုပြတာ။အဲဒီအချက်ကိုမသိဘဲ CE လုပ်နေတာဆိုရင် အကြံကောင်းတစ်ခုပေးမယ် ။ လဲသေလိုက်ပါ။ အများအကျိုးအတွက်သေတာဖြစ်လို့ သက်သာတဲ့ ငရဲလောက်ဘဲကျမှာပါ။

ဒါပေမယ့်သိရဲ့သားနဲ့ ဖင်ပိတ်ငြင်းနေတာလဲဖြစ်နိုင်တာဘဲ။ကျွန်တော်ပြောသလ်ုမတုံးဘဲအလည်လွန်ပြီး ငါးကြင်းဆီနဲ့ငါးကြင်းကြော်နေတာလဲဖြစ်နိုင်တာဘဲ။ လိုင်းလဲမြန် ဝင်ငွေလဲတိုး ပြည်သူလဲ မျိက်ကန်း နားကန်းဖြစ် တစ်ချက်ခုတ်သုံးချက်ပြတ်။ လူငါးယောက် သွားတဲ့လမ်း ဆယ်ယောက်သွားလို့ကြပ်နေတာကို ပြင်ခြင်ရင် လမ်းကိုဆယ်ယောက်စာချဲ့ရမှာ ကို ငါးယေက်ဘဲသွားကျန်လူမသွှားရ လို့ပြောလိုက်တာပါဘဲ။

ရယ်စရာကောင်းတာတစ်ခုက တစ်လကို 1gb တဲ့ ။ဆိုရှယ်လစ်စနစ်တုန်းက စာအုပ်နဲ့ ဆန်တို့ ဆပ်ပြာတို့ ကိုခွဲတမ်းနဲ့ရောင်းပေးသလိုဖြစ်နေတယ်။ ခုလည်းမတန်တစလည်းပေးရသေးခွဲတမ်းနဲ့တဲ့ ။1 gb ကျော်သွားရင် နောက်ထပ်1gbအတွက် 20000လောက်ကျမှာပါ။ ဖုန်းတစ်လုံးတစ်လ 1gbတဲ့ download မစွဲတောင်အလွန်ဆုံးခံနှစ်ပါတ်ပါ။

ကျုပ်တို့နိုင်ငံက အပြင်လောကမှာ ဒီမိုကရေစီနိုင်ငံဟုတ်ရဲ့လားဆို့ပြီး သံသယဖြစ်မေချိန်မှာ online လောကမှာတော့ ဆိုရှယ်လစ်စနစ်ဆီကို အရှိန်အဟုန်နဲ့ဆုတ်နေပါပြီ။ယနေ့နေ့လည်မှာလဲ စာမတတ်တဲ့ ce ကသတင်းစာရှင်းလင်းပွဲ လုပ်ပြီးစာမတတ်ကြောင်းအထုပ်ဖြေပြမလို့ပါတဲ့ဗျာ ။ စောင်းကြည့်ခိုက်ကြပါဦး။အချိုးမပြေဘူးဆိုရင်တော့ ကျွန်တော်တို့ရည်ရွယ်ထားတဲ့ december 15 ကို တက်ညီလက်ညီချီတက်ကြပါစို့။ွ

Sunny Man မှပေးပို့လာသော Message အားတင်ပြခြင်းဖြစ်ပါသည်