Sunday, December 02, 2012

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ်တာဝန်ယူသည့် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းမိန့်ကို နိုင်ငံတော်သမ္မတကြီးက ယနေ့ ထုတ်ပြန်


နိုင်ငံတော်သမ္မတကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် ဖြစ်ပေါ်လျက်ရှိသော ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ကြေးနီမိုင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်ရန် သင့်/ မသင့်နှင့် ဆန္ဒပြမှုဖြစ်စဉ်များ ထိန်းသိမ်းခြင်းတို့အပေါ် အခြေအနေ အမှန်ဖော်ထုတ်နိုင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် ပါဝင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းလိုက်သည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် အောက်ဖော်ပြပါ ကိစ္စရပ်များအပေါ် ဖြစ်စဉ်ဖြစ်ရပ်အမှန်ပေါ်ပေါက်စေေ
ရး စုံစမ်းစစ်ဆေးရန်နှင့် ဥပဒေစိုးမိုးရေးနှင့် အမျိုးသားအကျိုးစီးပွား တိုးတက်စေရေးတို့အတွက် သုံးသပ်ချက်နှင့်တစ်ကွ အကြံ
ပုတင်ပြရမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်-

(၁) ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတ
ွက် နိုင်ငံတကာ ပြဌာန်းချက်များ၊ ဆောင်ရွက်သင့်သည့်နည်းပညာများ အသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်း ရှိ-မရှိ။

(၂) ကြေးနီစီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများ။


(၃) ကြေးနီစီမံကိန်းဆောင်ရွက်ခြင်းေ
ကြာင့် နိုင်ငံတော်အတွက် အကျိုး ရှိ-မရှိ။

(၄) ကြေးနီစီမံကိန်းရပ်ဆိုင်းရန် ဆန္ဒဖော်ထုတ်ရသည့် အကြောင်းရင်းများ။


(၅) ဆန္ဒဖော်ထုတ်မှုအပေါ် ထိန်းသိမ်းဆောင်ရွက်မှုနှင့် ဆန္ဒဖော်ထုတ်သည့် သံဃာတော်များအား ထိခိုက်ဒဏ်ရာ ရသည့်အပေါ် သုံးသပ်ချက်။


(၆) ကြေးနီစီမံကိန်း ဆက်လက်ဆောင်ရွက်ရန် သင့်-မသင့်နှင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုအား ရပ်ဆိုင်းရန် သင့်-မသင့်။


(၇) နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင်
့ ဥပဒေစိုးမိုးရေးဆိုင်ရာ အကြံပြုချက်များ။

(၈) ကော်မရှင်၏ အထွေထွေသုံးသပ်တင်ပြချက်နှင့် အကြံပြုချက်များ။


စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် (၄) ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၃) ဦး၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်(၂)ဦး၊ (၈၈) မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုယ်စားလှယ်(၂)ဦး၊ ဆားလင်းကြီးမြို့နယ် ဒေသခံ ပြည်သူလူထုမှ ရွေးချယ်ပေးသော ကိုယ်စားလှယ်(၃)ဦး ပါဝင်သည်။ အလားတူ မြန်မာ့စီးပွားရေးဦးပိုင်လိမိတ
က်မှ ကိုယ်စားလှယ်(၁)ဦး၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်(၁)ဦး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ကျွမ်းကျင်သူများ၊ အုပ်ချုပ်ရေးဆိုင်ရာ အရာရှိများ စသည်တို့လည်း ပါဝင်ကြောင်း သိရှိရသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်သည် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေတို့နှင့်အညီ စုံစမ်းစစ်ဆေးနိုင်သည့်အပြင် သက်သေများ ဆင့်ခေါ်ခြင်း၊ စာရွက်စာတမ်းများ တောင်းခေါ်ခြင်းနှင့် လိုအပ်သည့် နေရာသို့ သွားရောက်စစ်ဆေးခြင်းတို့ ဆောင်ရွက်ခွင့် ရှိကြောင်း၊


စုံစမ်းစစ်ဆေးမှုအစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အရောက် အစီရင်ခံတင်ပြရမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ အမိန့်ကြော်ငြာချက်တွင် ဖော်ပြပါရှိသည်။


Read More=>http://www.president-office.gov.mm/zg/briefing-room/news/2012/12/01/id-1865
 မှုးဇော်
.
.