Friday, November 30, 2012

အောင်မင်း ကတိမတည်ပါ

ဝံကြီးဦးအောင်မင်းပြောသွားတာ သတိရမိတယ် .. တပည့်တော်တို့ တပတ် ၊ ဆယ်ရက်လောက်ဆို သမ္မတကြီးကိုတင်ပြပြီး အကြောင်းပြန်ပါ့မယ်ဘုရားတဲ့ .... အခု တပတ် ၊ ဆယ်ရက်တော
င်မကြာလိုက်ဘူး .. အကြောင်းပြန်လိုက်ပုံက ဒီအခြေနေကို ဆိုက်သွားတယ်ဗျာ၊

ဦးဇင်းတို့လည်းတစ်ပါတ်ဆိုလို့တစ်ပါတ်စောင့်နေရတာပေါ့၊
နောက်ပြီးသူပြောလေးရှိသေးတယ် ဘာတဲ့ တပည့်တော်က နာမည်ခံတဲ့ ဗုဒ္ဓ ဘာသာ မဟုတ်ပါဘူး။ မိရိုးဖလာဗုဒ္ဓဘာ သာ ဖြစ်ပါတယ်။ အတော်ပြင်းပြင်းထန် ထန် လေ့ကျင့်ခဲ့ပါတယ်။""

အော်....ဝံကြီးအကြောင်းပြန်မည်ဆိုတော့ စောင့်နေတာပေါ့၊ နောက်ပြီးဝံကြီးကကပြောသွားသေးတယ်။ မလိင်ပါဘူးတဲ့၊ မယုံရင် TVမှာကြည့်နေပါတဲ့၊ ခင်ဗျားတို့လိုအပ်ချက်ကို စာအုပ်နဲ့ရေးမှတ်သွားမည်တဲ့၊

ဝံကြီးက ပြောသွားသေးတယ်၊ သူမဟုတ်တာလုပ်ရင် အရှင်ဘုရားတို့ ပေးတဲ့ ပြစ်ဒဏ်ကို ခံပါမည်၊ တပည့်တော်က တပ်မတော်သားကောင်းတစ်ယောက်ဆိုပြီး ပြောသွားတာလည်းရှိသေး၊

နောက်ပြီး သူ့တရားချပုံလေးကိုလည်း သတိရမိလို့ နားလည်သလိုရေးချင်ပါသေးသည်၊
သူက ဥပမာလေးနဲ့ ပြောသွားတယ်။

အားနည်းသူကို အားပေးမယ်ဆိုလား......
လူနှစ်ယောက် သစ်တုံကြီးထမ်းလာတယ်တဲ့ လူနှစ်ယောက်က မနိုင်ဘူး၊ သူကဝင်ကူမယ်ပေါ့၊
နောက်ပြီး လှေစီးကြမယ်ပေါ့ လှေက လူသုံးယောက်စီးရင် နစ်သွားမယ်ပေါ့၊ အဲဒီအထဲ ကိုယ်ဝန်ဆောင်မိခင်က ပါသေးတဲ့၊ ကိုယ်ဝန်ဆောင်မိခင်ကို သနားသောအားဖြင့် သူကလှေမစီးတော့ဘူးပေါ့။
သူဆိုလိုတဲ့ စကားတွေကတော့ အများအတွက် အနစ်နာခံတယ်ပေါ့။
တစ်ပါတ်မကြာခင်မှာ သူဘာလို့ ဒီလိုပုံစံမျိုးဖြစ်သွားအောင်လုပ်လိုက်တာလဲ၊
သူ့က တရုပ်ကို ကြောက်ရတယ်ဆိုတဲ့စကားကပြောသေးတယ်ဆိုတော့- အဲဒီစကားကို အများကဝေဖန်လိုက်တာ ဝေဖန်နိုင်စွမ်းခံနိုင်စွမ်းမရှိလို့ ရှက်ရမ်းရမ်းပြီး လုပ်ပလိုက်တာလားပေါ့....
စသည်.....စသည်....များကို ဆွေးနွေးပေးစေလိုပါသည်.........

အသောက အသောက အသောက


ဦးအောင်မင်းပါးစပ်ပေါက်မှပြောထားတဲ့ ရုပ်သံဖိုင်ပါ DVBကလွှင့်တာပါ

http://www.youtube.com/watch?v=Hpv3y3n0pd4&feature=youtube_gdata_player