Friday, November 30, 2012

ရက်စက်လိုက်တာသခင်ရယ်

ထမင်းရှင်သည်။လယ်ယာတည်ထုတ်။
တကုတ်ကုတ်လုပ်၊တောင်ယာတဲငယ်စုတ်။
တိုင်းပြည်ဝမ်းစာ၊သူဒို့ဘဲရှာ။
တိုင်းပြည်သွေးသက်၊သူဒို့နဲ့ဘဲဆက်။
တရားများလည်း ၊ပျက်ပြယ်ရည်းလို့ ၊ ယိုင်ခဲ့သည် ။ ။
ရက်စက်လိုက်တာ သခင်ရယ် ။
တသက်တာလုံး၊ထွန်နဲ့ရုန်းလို့၊
ကုန်းရုန်းကြွေးတာ ၊ ဒို့တွေဘာ။ ။
ရွှေဂျိုးရွှေချောင်း၊ဒီတောင်စောင်းမှာ၊
ဒို့တက်ရှာတော့၊ဒို့ကိုကန်ချတယ်။ ။
သွေးသားမဟုတ်၊ဒီတရုတ်က။
ဒို့ကိုကျွန်လုပ်၊ရွှေထုတ်တောင်ဖြို၊
ကျွန်းခိုးသစ်ဝှက်၊လယ်ဖျက်လယ်သိမ်း၊
မုဒိန်းလူဆိုး၊ဒီလူမျိုးကို။
ရှိခိုးဦးတင်၊သခင်ဘယ့်ကြောင့် ဦးထိပ်ဆင် ။ ။
ရက်စက်လိုက်တာသခင်ရယ်။
မင်းခစားတို့၊ကမ်းပါးသစ်ပင်၊
သူ့ဖြစ်အင်ပင်၊သူလျင်မသိ။
တရားရှိလျင်၊ထမင်းရှင်ကို။
သည်သို့သည်လို၊အော်ဟစ်ဆိုဆဲ။
ထောင်ထဲဆွဲသွင်း၊မင်းမူစော်ကား။အဘယ်သို့သောနှလုံးသား ။ ။
ဪ့ တရားများလည်း ၊ ပျက်ပြယ်ရည်းလို့ ၊ ယိုင်ခဲ့သည် ။ ။
သခင်ကလည်း ၊ ခေတ်အဆက်ဆက်၊ပြယ်ပျက်စီးလို့၊ရက်စက်သည်။ ။
*********ရက်စက်လိုက်တာ ၊သခင်ရယ်---------------***********************

(ဒေးဗစ်အောင်)