Friday, November 30, 2012

မုံရွာချင်းတွင်းတဖက်ကမ်းကလက်ပတောင်းတောင်ကြေးနီစီမံကိန်းဒေသခံတွေရဲ့ဘဝ

Cho Tu Zal
ဒေသခံတွေ ကြေးနီချက်တယ် ဆိုပြီး အပြစ်တင်သူတွေ ဖတ်ဖို့ . . .
ကိုတေဇလှိုင် ဆီက ရှယ်ခဲ့တာ

Phyu Habringer
မုံရွာချင်းတွင်းတဖက်ကမ်းကလက်ပတောင်းတောင်ကြေးနီစီမံကိန်းဒေသက အဆိပ်သင့်နေခဲ့တာကြာပါဘီကနေဒါ အိုင်ဗင်ဟိုးကုမ္ပဏီလက်ထက်ကတဲကစက်ရုံကစီးထွက်လာတဲ့စွန့် ပစ်ရေတွေကြောင့်အနီးအနားကရရွာတွေကလယ်ယာမြေတွေဟာစိုက်ပျိုးမရအောင်ကောသွားခဲ့ပါတယ် ဒါကို အစိုးရအဆက်ဆက်
မသိကျိုး ကျွံပြုနေခဲ့တာပါ အပူပိုင်းဒေသလဲဖြစ် အောက်ခံမြေသားကကျောက်လွှာရှိတဲ့မြေလဲဖြစ်ပြန်တာကြောင့် ပဲစင်းငုံ
နှမ်း နဲ့ နှံစားပြောင်းကလွဲလို့ ကျန်တာစိုက်မရတဲ့ဒေသတွေပါ လူတွေကအင်မတန်ဆင်းရဲပါတယ်
မဖြစ်စလောက် ဖြစ်ထွန်းတဲ့ယာမြေလေးနဲ့ စိုက်ပျိုးထွန်ယက်အသက်ရှင် ခဲ့ကြရတဲ့လူတွေစိုက်စရာမြေဆုံးရှုံးတော့ဘာကျန်အုံးမှာလဲ သေချင်တိုင်းလဲသေမဖြစ်တဲ့လူ့ ဘဝမို့ 
သူတို့ခမျာ တမျိုးကြံရပြန်ပါတယ် မြေသားထဲစီးဝင်နေတဲ့ဒုတ္ထာ နဲ့  နို့ ဆီဗူးခွံ ဟောင်းဇင့်နဲ့ ဓါတ်ပြုစေပီးမိသားစုတနိုင် ကြေးနီပြန်ထုတ်ရရှာပါတယ်
မြေကြီးတွေကိုပေါက်ပြားနဲ့ တူး လေးထောင်ကွက် ကန်လေးထဲထည့် ရေနဲ့ ရော မြေသားက ဒုတ္ထယပါလို့ ရေကစိမ်းဝါဝါရောင်ပါ ဒီအထဲကို လဖက်ရည်ဆိုင်ကျနို့ ဆီဗူးဟောင်းတွေကုလားဆီကဝယ်ပီးတော့စိမ်းထားစေပါတယ်
စိမ်ရက်ဘယ်လောက်ကြာသလဲဆိုတာတော့မေ့နေပါဘီ
ကြာတော့ ဗူးခွံတွေကဓါတ်ပြုပီးကြေမွသွားပါတယ်
အဲဒီကြေမွနေတာကို အဝတ်နဲ့ ရေစစ်ပီးထုတ်ထားပါတယ် ခြောက်တော့ပြန်ကြိုတော့ကြေးနီရပါတယ် ဒါကို အချိန်နဲ့ တရုပ်ပြည်ကဆင်းဝယ်ပါတယ် အရင်ကတော့မိသားစု တစုတပတ်ကိုဘယ်လောက်ဝင်ငွေရသလဲဆိုတာမေးမြန်းတွက်ချက်ခဲ့ဖူးပါတယ်
ခုတော့ မေ့နေပါဘီ မလောက်မငအသက်ဆက်နိုင်ရုံပါ
ထန်းပင်မြစ်ဖေါ်ချိန်ကျရင် ထန်းမြစ်နှုတ်လိုက်ကြရင်း အပိုဝင်ငွေလေးရှာကြရပါသေးတယ်
ကလေးတွေမိန်းမတွေက အဆိပ်သင့်တဲ့မြေမှာနေ အဆိပ်သင့်တဲ့ရေကိုကလရှည်ကြာသောက်သုံးခဲ့ရတော့ မျက်လုံးတွေနှုတ်ခမ်းတွေကဝါနေရှာပါတယ်
သက်တမ်းတို ရှာတဲ့လူတွေပါနိုင်ငံတကာမှာဆိုကြီးမားတဲ့လျော်ကြေးပေးရမဲ့ရာဇဝတ်မှုကြီးပါ
အရေးယူသူမရှိ ကယ်သူမှမရှိ ဒီလို ဘဲ သူတို့ ခမျာရှင်သန်ခဲ့ရပါတယ်
ကျမရောက်တိုင်း အဝတ် ဟောင်းလေးများကလေးတွေအတွက် အချိုအချဉ်လေးများဝယ်သွားပီးဝေပေးလေ့ရှိပါတယ်
ခုတော့သူတို့ ခမျာ စနစ်သစ်မှာ ဘဝ သစ် အတွက် မျှော်လင့်ချက်မရှိတဲ့ပြင်
နစ်ပီးရင်းသာနစ်နေရှာပါတော့တယ် ။။

အိအိဖြူ
၂၉.၁၁.၂၀၁၂