Saturday, October 27, 2012

မမျှတ တဲ့ ဇာတ်ပေါင်းခန်း


“အာဏာရှင်ဇာတ်တော်ကြီး” က တရားဝင်နိုင်ငံရေး ဇာတ်ခုံမှာ ကန့်လန့်ကာချပြီးသွားပြီ ဆိုပါစို့...။ ပွဲသိမ်းသွားပြီပေါ့..။ သိမ်းသွားပြီးတဲ့ ဇာတ်ခုံနံဘေးမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ငုတ်တုတ်ကျန်ခဲ့သူ နှစ်ဦးကတော့ “တပ်မတော်” နဲ့ “ပြည်သူ” နှစ်ဦးပါပဲ...။ ပြည်သူလည်း ဆင်းရဲ.. တပ်မတော်လည်းမွဲ...။ ပြည်သူတွေလည်း အဘက်ဘက်ကနောက်ကျ.. တပ်မတော်ကလည်း နည်းစနစ်တွေနိမ့်ကျြ
ပီး နှစ်ဦးစလုံး မပြောင်ရောင်ကြတော့ပါဘူး...။ နှစ် ၅၀ အကျပ်အတည်းထဲမှာ ပြည်သူအများဆင်းရဲပြီး လက်တစ်ဆုပ်စာလောက်သာ ကမ္ဘာ့အချမ်းသာဆုံး စာရင်းတွေဝင်ခဲ့သလို... တပ်မတော်သား အများစုဟာလည်း ဆင်းရဲပြီး လက်တစ်ဆုပ်စာ တပ်မတော်ခေါင်းဆောင်တွေနဲ့ ကြံရာပါ အပေါင်းအပါအချို့ ထားစရာနေရာမရှိလောက်တဲ့အထိ ချမ်းသာခဲ့ကြတယ်လေ...။

( The Messenger ဂျာနယ်)
.