Saturday, October 27, 2012

အစိပ်သား စစ်သားအမတ်တွေ လွှတ်တော်မှာ ကြိုးကြိုးစားစား


နိုင်ငံတော်သမ္မတအနေဖြင့်မိမိတို့ အစိုးရလက်ထက်တွင် တည်ဆောက်ရေး စီမံကိန်းများကို ပွင့်လင်း မြင်သာအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ တိုင်းရင်းသားများနှင့် ပတ်သက်သော လက်နက်ကိုင် ပဋိပက္ခများကို ချုပ်ငြိမ်းအောင် အဆင့် သုံးဆင့်ဖြင့် ဆောင်ရွက်နေကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်ရာတွင် Peace Center တစ်ခုကို မကြာမီ ဖွင့်သွားမည် ဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိ
ုင် ပဋိပက္ခများ ဖြစ်ပွားရာ ဒေသ၌ အေးချမ်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ကချင်ပြည်နယ်အတွင်း ပဋိပက္ခများက ဆုံးရှုံးမှု များကြောင်း၊ ဒေသတွင်း တိုင်းရင်းသားများ အိမ်ရာများကို စွန့်ခွာပြေးသွားခြင်းက စိတ်မကောင်းဖွယ် ဖြစ်ကြောင်း၊ ကချင်ဒေသကိငြိမ်းချမ်း စေလိုကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး မျက်နှာချင်းဆိုင် ဆွေးနွေးပွဲများ၊ ယုံကြည်မှုတည်ဆောက်ခြင်းများ လုပ်ဆောင်နိုင်ပြီဆိုပါက မကြာမီတွင် ငြိမ်းချမ်းရေးကို မျှော်လင့်နိုင်မည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားနေသော်လည်းပဲလွှတ်တော်တွင်းတပ်မတော်သားကိုယ်စားလှယ်များအနေဖြင့် မည်သည်ကိုမျှ အာရုံ့မရှိဘဲ သတင်းစာ၊ဂျာနယ်ကိုလွပ်လွပ်လပ်လပ်ဖတ်ရှုနေနိုင်သေးသည်ကိုအံ့သြစွာတွေ့မြင်ခဲ့ရပါသည်။
 
Min Thithtoo ဖေ့ဘုတ်မှမျှဝေသည်။
.