Friday, October 26, 2012

ရခိုင်တွင် ပဋိပက္ခ ဖြစ်ပွားသော မြို့နယ်များနှင့် နယ်စပ်ဒေသကို လုံခြုံရေး တိုးမြှင့်

                            ပေါက်တောတွင် ဘင်္ဂါလီများ မီးရှို့နေမှု မြင်ကွင်း
 

The Voice Weekly

ပဋိပက္ခများ ထပ်မံ ဖြစ်ပွား နေသော ရခိုင်ပြည်နယ် မြို့နယ် ခုနစ် မြို့နယ်နှင့် နယ်စပ် မြို့များ ဖြစ်သော ဘူးသီးတောင်၊ မောင်တော မြို့ များတွင် အောက်တိုဘာ လ ၂၅ရက်နေ့ နံနက်ပိုင်း မှ စတင်ကာ လုံခြုံရေး အင်အား တိုးမြှင့် လိုက်ကြောင်း ရခိုင် ပြည်နယ် အစိုးရ အဖွဲ့ သတင်း ပြန်ကြားရေး ကော်မတီဝင် ဦးမျိုးသန့် ကေ

ပြာကြားသည်။

လုံခြုံရေး အင်အား တိုးမြှင့် လိုက်သည် ဆိုသော်လည်း အင်အား မည်မျှ တိုးမြှင့်သည် ကိုမူ သေသေ ချာချာ ပြော ကြား နိုင်ခြင်း မရှိ သေးကြောင်း ၄င်းက ဆိုသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ ကျောက်ဖြူမြို့၊ မင်းပြားမြို့ များတွင် ပဋိပက္ခ များ ထပ်မံ ဖြစ်ပွား နေသဖြင့် ညမထွက်ရ အမိန့် (ပုဒ်မ ၁၄၄) ထုတ်ပြန် ထားသော်လည်း ထိရောက်မှု နည်းပါး နေသဖြင့် ပဋိပက္ခ မှုများ အဓိက ဖြစ်ပွားလျက် ရှိသော မြို့နယ် များတွင် "လုံခြုံရေး တပ်ဖွဲ့ဝင် အင်အား မြှင့်တင်ခြင်း၊ လုံခြုံရေး အဆင့် တိုးမြှင့်ခြင်း များ ဆောင်ရွက်ရန် နိုင်ငံတော် သမ္မတ က ညွှန်ကြားချက် ထုတ်ပြန် ခဲ့ကြောင်း " နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး ၏ facebook စာမျက်နှာ တွင် အောက်တိုဘာ လ ၂၄ရက်နေ့ ညနေ ၅နာရီ ခန့်တွင် ဖော်ပြခဲ့သည်။

ရခိုင်ပြည်နယ် တွင် အောက်တိုဘာ ၂၂ ရက်နှင့် ၂၃ ရက်နေ့ တို့တွင် မြောက်ဦး မြို့နယ် နှင့် မင်းပြား မြို့နယ် များတွင် မီးရှို့မှု၊ သေဆုံးမှု များ ဖြစ်ပွားခဲ့ပြီး ၂၃ရက်နေ့ တွင် ကျောက်ဖြူ မြို့နယ်နှင့် မြေပုံ မြို့နယ် များသို့ ကူးစက် ခဲ့ကာ ၂၅ရက်နေ့ တွင် ကျောက်တော် မြို့နယ်၊ ရသေ့တောင် မြို့နယ် နှင့် ပေါက်တော မြို့နယ် များသို့ပါ ကူးစက် ခဲ့ကြောင်း၊ ယင်း ပဋိပက္ခ များကြောင့် သေဆုံးသူ ၅ဦး ရှိပြီဟု ကနဦး သတင်း ရရှိ ထားသော် လည်း သေဆုံး၊ ဒဏ်ရာ ရရှိမှု နှင့် ပျက်စီး ဆုံရှုံးမှု စာရင်းများ ကို အတိအကျ မထုတ် ပြန် နိုင်သေးကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ထံ ဆက်သွယ် မေးမြန်းချက်များ အရ သိရှိ ရသည်။

အဆိုပါ ပဋိပက္ခ များကြောင့် သေဆုံးသူ၊ ဒဏ်ရာ ရရှိသူ ဦးရေ မြင့်တက်လာပြီ ဖြစ်ပြီး ပျက်စီး ဆုံးရှုံးမှု များ လည်း ပိုမို များပြား လာပြီ ဖြစ်ကြောင်း ဒေသခံ များထံ ဆက်သွယ် မေးမြန်းချက်များ အရ သိရှိရသည်။

အဆိုပါ ပဋိပက္ခ များနှင့် ပတ်သက် ၍ လုံခြုံရေး တာဝန် ရှိသူများ ထိရောက်သော လုပ်ဆောင် မှုများ အမြန်ဆုံး လုပ်ဆောင်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က သဘောထား ထုတ်ပြန်ပြီး ဆူပူ အကြမ်းဖက် မှုများ လုံးဝ ရပ်ဆိုင်းရေး ရဟန်းရှင် လူ ပြည်သူ လူထု အားလုံး ဝိုင်းဝန်း ဆောင်ရွက် ကြရန် ၈၈ မျိုး ဆက် ကျောင်းသား များ က မေတ္တာ ရပ်ခံချက် တို့ အသီးသီး အောက်တိုဘာ လ ၁၅ရက် နေ့တွင် ထုတ်ပြန် ခဲ့သည်။
.