Thursday, August 23, 2012

ကုလားပြီးတော့ ....တယုတ်အကြောင်းပြောရဦးမယ်

ရန်ကုန်မြို့လည်ခေါင်နဲ့ မြန်မာနိုင်ငံ အနှံ့အပြားမှာ ခြံတွေ၊ လယ်တွေကို လွတ်လပ်စွာဝယ်နေတဲ့ ပြည်မက တရုတ်တွေ ရဲ့အ၀ယ်တော်တွေကိုကော စသုံးလုံးက ဘာ့ကြောင့် ငုတ်တုတ်ထိုင်ကြည့်နေတာလဲခင်ဗျား..။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စတင်ဖြစ်ပေါ်လာတဲ့ မန္တလေးက အိမ်ခြံမြေဈေးပေါက်ကွဲမှုဟာ ဘယ်သူတွေက စသလဲဆိုတာကို စသုံးလုံးက ပေါ်လစီ အရ မသိချင်ယောင်ဆောင်ခဲ့တာလား..။


ယနေ့အချိန်အထိ ဒေသအာဏာပိုင်တွေကို အိပ်ထဲထည့်ထားတဲ့ ပြည်မကြီးတရုတ်လောင်းရိ

ပ်အောက်က ပြည်တွင်းစီးပွားရေးသမားတွေရဲ့ မြန်မာပြည်အနှံ့အပြားက မြေယာကစားမှုများကိုတော့ ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးရးများက မည်သိုမျှ ဖော်ထုတ်အရေးမယူနိုင်ပဲ ဂျပန်နိုင်ငံသားနဲ့ အိမ်ထောင်ပြုသူ မြန်မာစကားမတတ်တဲ့ ရှမ်းမလေးရဲ့ မြေကစားမှုကိုတော့ အသည်းအသန် ခွင်ရိုက်ဖို့ကြိုးစားရင်း ဖိအားပေး စစ်ဆေးနေတာကတော့ လွန်တာပေါ့ဗျား..။

ဒါနဲ့ စကားမစပ် တရားလိုအမျိုးသမီးတစ်ယောက်ကို စစစ ရုံးခန်းပေါ်က ခုန်ချလောက်တဲ့အထိ အဲဒီလို နေ့ညမပြတ် ဖိအားပေး စစ်ဆေးဖို့ ဘယ်ဥပဒေမှာ ပြဌာန်းထားပါသလဲ..။


နောက်တစ်ချက်က သူအမျိုးသား ဂျပန်နိုင်ငံသားကို သူသေဆုံးတော့မှ ဘာ့ကြောင့် ဖမ်းရပါသလဲ..။ (အစတည်းက ဖမ်းလို့ရပါတယ်.။)


(မှတ်ချက်= သေဆုံးသွားသော မနန်းဝိုးဖန်မှာ ၄င်းမန်နေဂျာကို မြေယာမှုဖြင့် တရားလိုအဖြစ် တရားစွဲစဉ် စသုံးလုံမှ တရားလို ၄င်းအား ဆက်တိုက် (ရက်ဆက်) ရုံးသို့ခေါ်ကာ နေ့ညမပြတ် စစ်ဆေးမေးမြန်းသဖြင့် ရုံးပေါ် ငါးထပ်မှ ခုန်ချသေဆုံးခြင်းဖြစ်ပါသည်)


၎င်းကိစ္စသည် အစိုးရသစ်လက်ထက် Rule of Law နှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပေဒဟောင်း၏ အားနည်းချက်ကို စိန်ခေါ်ခြင်းဖြစ်ပါသည်..။


..............................
...........................................................................

၂၀၁၂ ခုနှစ် မတ်လအတွင်းက အမှုစစ်ဆေးနေစဉ်အတွင်း အထူးစုံ စမ်းစစ်ဆေးရေး ဦးစီးဌာနရုံး ပြတင်းပေါက်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည့် မနန်းဝိုးဖန်၏ အမှုအား သက်ဆိုင်ရာ တရားရုံးမှ သေမှုသေခင်းအဖြစ် ဇွန်လအတွင်းက ပိတ်သိမ်းခဲ့ကြောင်း သိရသည်။ ထို့အပြင် အိမ်ခြံမြေများကို ၀ယ်ယူ၍ ဈေးကစား အမြတ်တင် ရောင်းချမှုနှင့်ပတ်သက်ပြီး ထိန်းသိမ်းခံထားရသည့် ၎င်း၏ ခင်ပွန်းဖြစ်သူ ဂျပန်နိုင်ငံသားအား အာမခံရရှိရေးအတွက် ကြိုးပမ်းနေကြောင်း အဆိုပါ မိသားစုဝင်များနှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရှိရသည်။


ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် မတ်လ ၂၁ ရက်နေ့က အိမ်ခြံမြေနှင့်ပတ်သက်၍ စစ်ဆေးစရာရှိသည်ဟုဆိုကာ မနန်းဝိုးဖန်ကို ခေါ်သွားခဲ့ပြီး ယင်းညတွင် လုံခြုံရေး အစောင့်အရှောက်များနှင့် နေအိမ်သို့ စာချုပ်စာတန်းများ သိမ်းဆည်းခဲ့ပြီး ရုံးသို့ ပြန်လည်ခေါ်ဆောင်စစ်ဆေးခဲ့ကြောင်
း၊ နောက်ထပ်လည်း အစောင့်အရှောက်များနှင့် နေအိမ်သို့ ခေတ္တပြန်ခွင့်ပြုခဲ့ကာ မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အထူးစုံစမ်းစစ်ဆေးရေးဌာန ရုံးပြတင်းပေါက်မှ ပြုတ်ကျသေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ မနန်းဝိုးဖန်သေဆုံးမှုနှင့် ပတ်သက်၍ ကျောက်တံတား ရဲစခန်းမှ သေမှုသေခင်းအဖြစ်ရေး ဖွင့်စစ်ဆေးခဲ့ပြီး ကျောက်တံတားမြို့နယ် တရားရုံးမှမြို့နယ် တရားသူကြီး ဦးဝင်းဇော်ညွန့်က သက်သေများ၏ ထွက်ဆိုချက်များနှင့် မှုခင်းဆရာဝန်၏ ထွက်ဆိုအစစ်ခံချက်တို့အရ မနန်း ၀ိုးဖန် သေဆုံးမှုသည် မည်သူတစ်ဦးတစ်ယောက်၏ ပယောဂကြောင့်မျှ မဟုတ်ဘဲ ၎င်းအလိုအလျှောက် စစစ ရုံး၏ အပေါ်ဆုံးထပ်ပြတင်းပေါက်မှ အရှိန်လွန် ပြုတ်ကျပြီး ကတ္တရာလမ်းနှင့်ထိခိုက်၍ ရရှိသော ဒဏ်ရာများကြောင့် သေဆုံးရသည်ဟု သုံးသပ်ခဲ့ပြီး အမှုပိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


http://www.first-11.com/index.php?option=com_content&view=article&id=15066%3A2012-08-22-03-37-44&catid=42%3A2009-11-10-07-36-59&Itemid=112
.