By Pyi Myanmar
မြန်မာနိုင်ငံမှ
ကျိုက္ကဆံ လေ့ကျင့်ရေး အားကစားကွင်း ဝင်းကြီး တစ်ခုလုံးကို နိုင်ငံတကာ
အဆင့်မီ အားကစားကွင်း မျိုးစုံ ပါဝင်သော အဆင့်မြင့် အားကစား စင်တာ ကြီး
ဖြစ်အောင် အခမဲ့ လုပ်ဆောင်ပေးလိုကြောင်း ဂျပန်ကုမ္ပဏီကြီး တစ်ခုက
အားကစားဝန်ကြီးဌာနသို့ အဆိုပြုထားကြောင်း ၁၈-၇-၂၀၁၂ ရက်က သိရသည်။ဂျပန်နိုင်ငံမှ ACT (Association for Communation and Transcultural Study) အဖွဲ့က ယင်းကဲ့သို့ အဆိုပြုခဲ့ခြင်း ဖြစ်ကာ အားကစားဝန်ကြီးဌာန အဆင့်၌် လုပ်ငန်း အကောင်အထည် ဖော်နိုင်ရန် ညှိနှိုင်း ဆွေးနွေးလျက် ရှိကြောင်း သိရသည်။ "Proposal ကတော့ ရောက်နေပါပြီ။ ဆွေးနွေးရပါဦးမယ်" ဟု ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၏ ကိုယ်ရေးအရာရှိ တစ်ဦးက ပြောကြားသည်။ ၎င်းတို့၏ အဆိုပြုလွှာထဲတွင် မြန်မာနိုင်ငံမှ လူငယ် မျိုးဆက်သစ်များ အလားအလာအတွက် ကစားကွင်းကောင်း များ ရှိစေရေး ကဏ္ဍတွင် ဂျပန်ကုမ္ပဏီ အနေဖြင့် မည်သည့် အခကြေးငွေမျှ မယူဘဲ ကူညီ ဆောင်ရွက်ပေး လိုသည်ဟု ရေးသား ထားသည်ကို တွေ့ရသည်။
"ATC က Proposal လုပ်ထားတာပဲ ရှိပါသေးတယ်။ ဘောလုံးကွင်းကြီး အပါအဝင် အားကစားနည်း အစုံ ပါဝင်အောင် လုပ်သွားဖို့ ရှိတယ်။ လုပ်မယ့် ဒီဇိုင်းအချောနဲ့ ကုန်ကျမယ့် ငွေကြေး အသေးစိတ် တွက်ချက်မှုတွေ ပြီးရင် ဒီနှစ်ကုန်လောက်မှပဲ စနိုင်မယ်လို့ ယူဆရပါတယ်" ဟု တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
.
