Sunday, July 29, 2012

လူယုတ်မာ ဦးအောင်သိန်းလင်းအား အရေးယူမည်တဲ့



၁။      ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ် အမှုဆောင် ဦးအောင်သိန်းလင်း နှင့် Southen Weekend (China) ဟု ဖော်ပြထားသော တွေ့ဆုံမေးမြန်းမှု ရေးသားဖော်ပြချက် များအား Internet စာမျက်နှာများပေါ်တွင်လည်းကောင်း၊ ပြည်တွင်းရှိ ဂျာနယ် များတွင် လည်းကောင်း ဖော်ပြလျှက်ရှိနေကြပြီး အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မေးမြန်းမှုများလည်း ရှိနေကြပါ သည်။
၂။  အဆိုပါ ရေးသားဖော်ပြချက်များသည် ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းမှ အမှန်တကယ် ပြောကြားခဲ့မှုများဖြစ်ပါက ဦးအောင်သိန်းလင်း၏ ပုဂ္ဂလိက ပြောဆိုချက် များသာဖြစ် ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သဘောထားများ မဟုတ်ပါ။
၃။       ဦးအောင်သိန်းလင်းအနေနှင့် အမှန်တကယ် ပြောကြားခြင်း ရှိ မရှိ ကိုလည်း စီစစ်ဆောင် ရွက်လျှက်ရှိပြီး၊ တွေ့ရှိချက်များအပေါ် မူတည်၍ ပါတီစည်းကမ်းအရ ဆက်လက် အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

ဦးအောင်သိန်းလင်းဘာတွေပြောခဲ့လို့သူ့ရဲ့ ကြံဖွတ်ပါတီကဒီလိုထုတ်ပြန်တာလဲ?

ဦးအောင်သိန်းလင်း က တရုတ်နိုင်ငံထုတ် southern weekend သတင်းစာနှင့်တွေ့ဆုံမေးမြန်းခန်းမှာ ပြောသွားတာတွေပါ www.burmanet.org  မှာ English လို   ဖော်ပြထားပါတယ်
ဒါဟာသူ့ (သမ္မတ)ရဲ့ကိုယ်ပိုင် အတွေးအခေါ်ပါ။လွှတ်တော်ရဲ့ဆုံးဖြတ်ချက်မဟုတ်ပါဘူး  ကျွန်တော်တို့ဒါကိုဆန့်ကျင်ပါတယ်  ဒါဟာ ကျွန်တော်တို့ရဲ့ အမျိုးသားရေးမူဝါဒ မဟုတ်ပါဘူး။သမတ ဟာ တရုတ်-မြန်မာ ဆက်ဆံရေးကိုပျက်ပြားအောင်လုပ်ခဲ့ပါတယ်။
မြစ်ဆုံစီမံကိန်း ဆောက်ကိုဆောက်ရမယ် ။ကျွန်တော်တို့လျှပ်စစ်ဓာတ်အားလိုတယ် အနောက်နိုင်ငံတွေက ဒါကိုရပ်ဆိုင်းဖို့နဲ့ တရုတ်နဲ့ မြန်မာ ဆက်ဆံရေးပျက်ပြားအောင်လုပ်ခဲ့တာပါ
ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်ကိုလဲမယုံဘူး ကုလသမဂကိုလဲမယုံဘူး။
ဟီလာရီ ကလင်တန်လာတာ ကျွန်တော်တို့နိုင်ငံအတွက်လာတာမဟုတ်ဘူး။
ဒီအမျိုးသမီး(ဒေါ်အောင်ဆန်းစုကြည်)အတွက်လာတာ။ နောက်ပြီး EU နှင့် US အားသူတို့ကိုမယုံဘူး ။သူတို့က သူတို့လိုချင်တဲ့ ရုပ်သေးအစိုးရတင်ဖို့ ဂိုဏ်းဖွဲ့နေတာနောက်ပြီး NLD အား "လူတွေက ရူးနေကြတာ" ။ သူက လူကြိုက်များတာက ဗိုလ်ချုပ်အောင်ဆန်း ရဲ့သမီး ဖြစ်နေလို့ပါဟု ပြောဆိုခဲ့ပါတယ်။
 ပြည်သူလုထုကိုပါစော်ကားခဲ့သည့် အောင်သိန်းလင်း အကြောင်း

 အောင်သိန်းလင်းဟာ ယခင် စစ်တပ်အတွင်း တာဝန်ထမ်းဆောင်
စဉ်က ကလေးငယ်တစ်ဦးကို မွေးစားခဲ့ပါတယ်။ ဒု-တပ်ရင်းမှူးဘဝ
ရှေ့တန်းတိုက်ပွဲတစ်ခုအတွင်း အပြစ်မဲ့စွာ သေဆုံးနေကြသော
လူသေအလောင်းများအကြား အသက်ရှင် ကျန်ရစ်ခဲ့သော ပအို့ဝ်
တိုင်းရင်းသွေးပါသည့် မိန်းကလေးငယ်တစ်ဦးကို ကောက်ယူမွေးစား
ခဲ့ပါတယ်။ လူပုံအလယ်တွင် အဲလို လုပ်ပြခဲ့တဲ့အတွက် စစ်ဖက်
ဆိုင်ရာ အထက်အရာရှိများနှင့် တပ်တွင်း ရဲဘော်များအကြား
စိတ်ကောင်းရှိသူဟု ထင်သွားစေရန် တမင်သက်သက် အကွက်
ဆင် ဖန်တီးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း သူ့ဘ၀ကို ပြောင်းလဲစေ
ခဲ့တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ် ….။

ရှမ်းပြည်နယ် လွတ်မြောက်ရေး အမည်ခံ ခေါင်းဆောင်ဟောင်း
ဘိန်းဘုရင် ခွန်ဆာနဲ့ ပက်သက်ပြီး အောင်သိန်းလင်းဟာ ပြဿနာ
တစ်ခု ကြီးကြီးကျယ်ကျယ် ဖြစ်ပွားခဲ့ဖူးပါတယ်။ ခွန်ဆာ လက်နက်ချ
ခါစက အောင်သိန်းလင်းဟာ တပ်မဌာနချုပ်တစ်ခုမှာ တာဝန်ရှိတဲ့
အရာရှိတစ်ဦးပါ။ တနေ့တော့ နယ်မြေ ရှင်းလင်းရေးတပ်ဖွဲ့က
မူးယစ်ဆေးဝါး အမြောက်အများကို သယ်ဆောင်လာတဲ့ ခွန်ဆာ့တပည့်
တစ်ဦးကို ဖမ်းဆီးမိပါတယ်။ အထက်အရာရှိများထံ မျက်နှာလိုမျက်နှာရ
လုပ်ချင်တဲ့ အောင်သိန်းလင်းဟာ အဖမ်းခံရသူကို အကြီးအကျယ်
အပြစ်ပေးအရေးယူဖို့ ပြင်ဆင်ခဲ့ပါတယ်။ အဲလိုအရေးယူဖို့ ဆောင်ရွက်
နေတဲ့ သတင်းကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကြားသိသွားပြီး “ရယူထား
သောငြိမ်းချမ်းရေး ပျက်ပြားအောင်” ပြုလုပ်မှုနဲ့ တပ်တွင်း အထူးစစ်အဖွဲ့
မှတဆင့် အောင်သိန်းလင်းအပေါ် ပြင်းပြင်းထန်ထန် အပြစ်ပေး အရေး
ယူဖို့ ပြင်ဆင်ခဲ့ပါတယ်။ ခေါင်းမီးတောက်ပြီး ကြံရာမရ ဖြစ်နေတဲ့
အောင်သိန်းလင်းဟာ သူ့မွေးစားသမီး ဖြစ်သူကို ခုတုံးလုပ်ပြီး
ထွက်ပေါက်တစ်ခုကို ရှာဖွေနိုင်ခဲ့ပါတယ်။ အဲဒါကတော့ န.အ.ဖ
စစ်ခေါင်းဆောင်များ အလိုကျ “လူမှုထူးချွန်၊ စီးပွားထူးချွန်၊ စီမံထူးချွန်
ဆု …” ဆိုတဲ့ ဆုတံဆိပ်တွေ ဘွဲ့တွေကို ရယူလိုသော အကျင့်ပျက်
အကြံအဖန် စီးပွားရေးသမားများကို ကြားဝင် ပွဲစားလုပ်ပေးနေသော
“ကိုကိုအေး” ဆိုသူပဲ ဖြစ်ပါတယ်။

“ကိုကိုအေး” ဆိုသူဟာ ယနေ့အချိန်အထိ ရန်ကုန် တောင်ဥက္ကလာပ
ဂေါက်ကွင်းရဲ့ ရှယ်ယာ အများစုကို ပိုင်ဆိုင်နေသူ တစ်ဦးပါ။ ကိုကိုအေး
မှာ “ကိုကိုသန့်” ဆိုတဲ့ ညီတစ်ဦး ရှိပါတယ်။ ကိုကိုသန့်ဟာ အောင်သိန်း
လင်း မွေးစားသမီးနဲ့ အဲဒီအချိန်က သမီးရည်စား ဖြစ်နေကြပါတယ်။
“ကိုကိုအေး”ဟာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ အရပ်ဖက်ဆိုင်
ရာ အတွင်းရေး လူယုံတစ်ဦးဖြစ်ပြီး မောင်အေး နေအိမ်ကို တံခါးမရှိ
ဓါးမရှိ ၀င်ထွက်သွားလာခွင့် ရထားသူ တစ်ဦးပါ။ ဒါကြောင့် သန်းရွှေ
ရဲ့ အမျက်တော်ရှခြင်း ခံနေရတဲ့ အောင်သိန်းလင်းဟာ သူ့မွေးစား
သမီးကို မောင်အေးလူယုံ ကိုကိုအေး၏ ညီဖြစ်သူနဲ့ ပေးစားပြီး
ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ ကြားဝင် ညှိုနှိုင်းဖြန်ဖြေပေးမှု
ဖြင့် တပ်မ စစ်ဌာနချုပ်ကနေ အရပ်ဖက်ကို ပြောင်းရွေ့ခဲ့ပါတယ်။

မြို့တော်ဝန်ဟောင်း ကိုလေး ပြုတ်ကျခဲ့နောက်ပိုင်း အောင်သိန်းလင်း
ဟာ န.အ.ဖ စစ်ခေါင်းဆောင်များအတွက် ပြည်ပနိုင်ငံများရှိ လျှို့ဝှက်
ရင်းနှီးမြုပ်နှံမှုများ၊ နာမည်အဌားသုံး ငွေစာရင်းများအတွက် စစ်အစိုးရ
အလိုတော်ရိ စီးပွားရေးသမားများကို ဦးဆောင်ပြီး နိုင်ငံတော်ပိုင်
ငွေကြေး အမြောက်အများကို ပြည်ပသို့ လွှဲပြောင်းရာတွင် ဦးဆောင်
ဦးရွက် ပြုခဲ့ပါတယ်။ “ကိုကိုအေး” ညီ “ကိုကိုသန့်” နဲ့ လက်ထပ်
စေခဲ့တဲ့ မွေးစားသမီးဖြစ်သူကိုလည်း အဲဒီ ရင်းနှီးမြုပ်နှံမှုများတွင်
ဦးဆောင်ဖို့အတွက် ယခုအခါ ဂျပန်နိုင်ငံမှာ နေထိုင်စေပါတယ်။

တကယ်တော့ အငြိမ်းစားဗိုလ်မှူးချုပ်ဘ၀မှ လာခဲ့သည့် လူယုတ်မာ
အောင်သိန်းလင်းတစ်ယောက် အခုလို ကလိန်ကကျစ် မဟုတ်မဟပ်
နည်းများကို သုံးခဲ့သည်မှာ သူ့အဖို့ မထူးဆန်းတော့ပါ …။
……. …… ….

မကြာသေးမီ ကာလများအတွင်း တောင်ဥက္ကလာပမြို့နယ် (၇)
ရပ်ကွက် သီရိဇေယျာလမ်းပေါ်ရှိ မူစလင် ဗလီဝတ်ကျောင်း တည်
ဆောက်မှု ပြဿနာမှာ လူသိများ ထင်ရှားသော ကိစ္စတစ်ခု ဖြစ်ပါတယ်။
အဆိုပါ ဗလီဝတ်ကျောင်း တည်ဆောက်မှုကို ၂၀၀၃ ခုနှစ် ကတည်းက
ရပ်ဆိုင်းထားခဲ့ရာ ယခု ရွေးကောက်ပွဲအတွက် ၂၀၁၀ ခုနှစ် စက်တင်ဘာ
လ (၂၄)ရက်နေ့တွင် တောင်ဥက္ကလာပမြို့နယ်အတွင်း နေထိုင်သော
မူစလင် ဘာသာဝင်များထံမှ မဲရရှိဖို့အရေး အောင်သိန်းလင်းဟာ
ဘာသာရေးအခြေခံ ပြည်သူလူထု အချင်းချင်းကြား စိတ်ဝမ်းကွဲမှု
ဖြစ်အောင် စလုပ်ပါတယ်။ နောက်ပိုင်းတွင် တောင်ဥက္ကလာပမြို့နယ်
အတွင်း နေထိုင်သော ဗုဒ္ဓဘာသာဝင် ပြည်သူလူထု၏ ပြင်းပြင်းထန်ထန်
ကန့်ကွက်မှုများကြောင့် ဗလီဝတ်ကျောင်းကိစ္စကို လျော့ချလိုက်ပါတယ်။

….. …. …
ရာဇ၀တ်မှု အမြောက်အများကို ကျူးလွန်ခဲ့သော ကျူးလွန်နေသော
ကလိန်ကကျစ် အောင်သိန်းလင်းသည်
“ ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးအပြန်ပြည်သူလူထုက ကြိုဆိုပွဲမှာ ဒီလိုမဟုတ်မက၊ လုပ်ကြံဆန္ဒပြဖို့အတွက် ရခိုင်အမျိုးသားအင်အားစုကို ငွေပေးပြီး အသုံးချခဲ့သည့် လူယုတ်မာတစ်ဦး ဖြစ်ပါကြောင်း "….။

 .