Wednesday, April 11, 2012


မြန်မာနိုင်ငံပုံနှိပ်၊ထုတ်ဝေ၊ဖြန့်ချိ သူများအသင်း ဖွဲ့ စည်း


မြန်မာနိုင်ငံပုံနှိပ်၊ထုတ်ဝေ၊ဖြန့်ချိ သူများအသင်းဖြစ်မြောက်ရေးဖွဲ့စည်းဆောင်ရွက်နိုင်ရန်အတွက်               ဖြစ်မြောက်ရေးကော်မီတီနှင့် ပုံနှိပ်သူ၊ ထုတ်ဝေသူ၊ ဖြန့်ချိသူများနှင့်တွေ့ဆုံပွဲကို ယခုလ ၉ ရက်နေ့         တွင် ရန်ကုန်မြို့ ရှိ CITY STAR ဟိုတယ်တွင်ကျင်းပခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲဝယ် ဒေါက်တာ သာထွန်းဦး၊ဦးမောင်မောင်မြင့်အေးတို့က အမှာစကားပြော

ကြားခဲ့ကြပြီး၊တွေ့ဆုံပွဲသို့တက်ရောက်လာကြသူများကလည်း အသင်းဖြစ်မြောက်ရေးကိစ္စ များကို တင်ပြ ဆွေးနွေး ကြကာယင်းကို အကောင် အထည်ဖော် ဆောင်ရွက် နိုင်ရန်အတွက် ဧပြီလ ၂၈နှင့်    ၂၉ရက် များတွင် အစည်းအဝေးထပ်မံ ပြုလုပ်သွားရန်ဆုံးဖြတ်ခဲ့ကြကြောင်းသိရသည်။

နိုင်ငံရေးကျဉ်းသားတွေ သင်္ကြန်မှာ စုပေါင်းရဟန်းခံမည်

နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် အတူ စုပေါင်းဒုလ္လဘရဟန်းခံ သိမ်တက်ပွဲ ကို ယခုလ( ၁၀ )ရက်နေ့ ညနေပိုင်း နှင့် ( ၁၁ )ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။အဆိုပါပွဲမှာ ရန်ကုန်တိုင်းဒေသကြီး ၊ဒဂုံအရှေ့ပိုင်း မြို့နယ်ရှိ တက္ကသီလာမဟာဇေယျ သိဒ္ဓိပဌာန်းကျောင်း၊ ပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် ဦးကောဝိဒကိုအမှူးပြု၍ ကျင်းပသောပွဲဖြစ်သည်။ကျင်းပမည့်နေရာမှာ ဒဂုံအရှေ့ပိုင်းမြို့နယ်ရှိ တက္ကသီလာ မဟာဇေယျသိဒ္ဓိပဌာန်း ကျောင်း၊ ပရိယတ္တိစာသင်တိုက်တွင် ကျင်းပမည်ဖြစ်ကြောင်း ၊ရှင်သာမဏေ၀တ်ခြင်း ကို ( ၁၀ ) ရက်နေ့ ညနေပိုင်း တွင်ကျင်းပမည် ဖြစ်ပြီး ( ၁၁ )ရက်နေ့ နံနက် ၈နာရီ မိနစ် ၃၀ ခန့်တွင် ရဟန်းခံခြင်းကိုစတင်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ဆု ချီးမြှင့်မည်


RFA
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို Elie Wiesel Award ချီးမြှင့်မည့် Holocaust Memorial Museum ၏ web site ၌ ဖော်ပြထားပုံဖြစ်ပါသည်။
2012-04-09
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စု Holocaust Memorial Museum ခေါ် ဒုတိယကမ္ဘာစစ်အတွင်း ဂျာမဏီနာဇီရဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ ဂျူး ၆ သန်း အထိမ်းအမှတ်ပြတိုက်က ဂုဏ်ထူးဆောင်ဆု ချီးမြှင့်မှာ ဖြစ်ပါတယ်။

တောင်ဥက္ကလာပမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံး ဖွင့်ပွဲ

တောင်ဥက္ကလာပမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးဖွင့်ပွဲတွင် အဖွဲ့ချုပ် သဘာပတိအဖွဲ့ နာယကသူရဦးတင်ဦး အမှာစကားပြောကြားပြီး ဦးနိုင်းနိုင်းမှ အမှာစကားပြောနေစဉ် ရက်ကွက်
မှပြည်သူအများအပြား စိတ်ဝင်တစား လာရောက် နားထောင်လျှက်ရှိသည်ကို တွေ့ မြင်ရသည်။

ဗြိတိန် ၀န်ကြီးချုပ် ဧပြီလ ၁၃ ရက်နေ့ မြန်မာနိုင်ငံလာမည်


ဗြိတိန် ၀န်ကြီးချုပ်ဟာ ဒီသတင်းပတ် အတွင်းမှာ မြန်မာနိုင်ငံကို တရက်ကြာ ခရီးသွားဖို့ ရှိပါတယ်။
 ဧပြီလ ၁၃ ရက်နေ့ သောကြာနေ့မှာ မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိပါတယ်။ ညနေပိုင်းမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဲ့ 
 နေအိမ်မှာ တွေ့ဆုံဖို့ ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးအဖွဲ့ဝင် ဦးခွန်သာမြင့်က ပြောပါတယ်။
.

0 comments: