သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ ဆုံ
နိုင်ငံတော်သမ္မတကြီးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဌ၊ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ်အသစ် ဒေါ်အောင်ဆန်းစုကြည်တို့ သည် ယနေ့ ဧပြီ ၁၁ရက်နံနက် ၁၁နာရီတွင် သမ္မတအိမ်တော်၌ ရင်းရင်းနှီးနှီးတွေ့ ဆုံခဲ့ ကြသည်။ တွေ့ ဆုံပွဲကို နံနက် ၁၂နာရီခွဲခန့် တွင်ရုပ်သိမ်းလိုက်ရာ တစ်နာရီခွဲခန့်  အကြာတွေ့ ဆုံစကားပြောခဲ့ကြခြင်းဖြစ်သည်။
နှစ်ဦးတည်း တွေ့ ဆုံ ဆွေးနွေးကြခြင်းဖြစ်ပြီး ဓာတ်ပုံမှတ်တမ်းတင်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတကြီး မိသားစုနှင့် ရင်းနှီးစွာ မိတ်ဆုံနေ့ လယ်စာသုံးဆောင်ခဲ့
ကြောင်း သတင်းရရှိသည်။ အဆိုပါတွေ့ ဆုံပွဲ နှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်များ ကို လောလောဆယ် မသိရှိရသေးသော်လည်း ကြားဖြတ်ရွေးကောက်ပွဲအလွန် ဒေါ်အောင်ဆန်းစုကြည် နှင့် အင်န်အယ်ဒီ ကိုယ်စားလှယ်များ လွှတ်တော်အမတ်များ အဖြစ်အသိအမှတ်ပြုခံရ အပြီးနှင့် တိုက်ဆိုင်နေသောကြောင့် နိုင်ငံရေးအရ ထူးခြားမှုရှိနိုင်မည့် တွေ့ ဆုံပွဲဖြစ်နိုင်ကြောင်း နိုင်ငံရေးသုံးသပ် သူ အချို့ က သုံးသပ်ကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်သမ္မတအိမ်တော်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး၊သမီး၊ မြေးများနှင့်အတူ မိသားစုပုံစံ ရင်းနှီးစွာနေ့ လယ်စာ သုံးဆောင်အပြီး မွန်းလွဲ ၁နာရီ ၂၅မိနစ်တွင် အိမ်တော်မှ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သတင်း ရရှိပါသည်။ ရန်ကုန်တိုင်း
ရန်ကုန် မြန်မာ့သင်္ကြန်ပွဲ ဆင်နွဲမည့် လူငယ်များ၏ ဆန်းသစ်သော punk rock Hair Style
ရန်ကုန် မြန်မာ့သင်္ကြန်ပွဲတွင် မြန်မာလူငယ်များ၏ ဆန်းသစ်သော punk rock Hair
Style နှင့် ဆင်နွဲကြမည်ဖြစ်သည်။ ခေတ်နှင့်အညီ ပြောင်းလဲလာနေသော
လူငယ်များ၏ ၀တ်စားဆင်ယဉ်မှုနှင့်
Hair Style များ ထူးထူးခြားခြား တွေ့ မြင်နိုင်သည်။ ခေတ်မှီတိုးတက်သော နိုင်ငံတွင် ပြောင်းလဲမှုနှင့်
လွတ်လပ်မှုကို လူငယ်များ တစတစ လိုလားနေကြပြီး မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွင်
ခေတ်နှင့်အညီ ၀တ်စားဆင်ယဉ်မှုများလဲ ပြောင်လဲလျှက်ရှိသည်။
Hair Style များ ထူးထူးခြားခြား တွေ့ မြင်နိုင်သည်။ ခေတ်မှီတိုးတက်သော နိုင်ငံတွင် ပြောင်းလဲမှုနှင့်
လွတ်လပ်မှုကို လူငယ်များ တစတစ လိုလားနေကြပြီး မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွင်
ခေတ်နှင့်အညီ ၀တ်စားဆင်ယဉ်မှုများလဲ ပြောင်လဲလျှက်ရှိသည်။
ဒီပဲယင်း လုပ်ကြံမှု နေပြည်တော်အစိုးရ ဂယက်ရိုက်နေ
ဒီပဲယင်း လုပ်ကြံမှုအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ အသက်ကို ကယ်တင်ခဲ့သည် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုသွားတားခဲ့ရတယ်လို့  ဘန်ကောက်ပိုစ့်က မြင့်ရွှေဆိုသူနဲ့ ဦးခင်ညွန့် တွေ့ ဆုံခဲ့စဉ် ပြောဆိုခဲ့သောကြောင့် ဘန်ကောက်ပိုစ့် မှရေးသားခဲ့သည်။
ထိုကိစ္စနှင့်ပါတ်သက်၍ နိုင်ငံတကာသို့  သတင်းများပြန့် လွင့်သွားခဲ့သည်။ နေပြည်တော်အစိုးရ အဖွဲ့အတွင်းစိုးရိမ်မှုများ ဖြစ်ပေါ်နေပြီး ၎င်းအား ပြန်လည် ဖမ်းဆီးနိုင်သည်ဟူသော သတင်းများလည်း ထွက်ပေါ်နေကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။
မြောက်ပိုင်း ဆူမတြားကမ်းလွန်ပင်လယ်ပြင်တွင် ငလျင်လှုပ်
ကြောင်းသိရတယ်ဟု ပြောပါသည်။ ငလျှင်နှင့်ပါတ်သက်ပြီး ဆုနမိ အန္တရာယ် ယခုအချိန်အထိ မရှိ
ကြောင်းသိရှိရပါတယ်။
သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် ပူးပေါင်းမှုကြောင့် အပြောင်းအလဲများ ဖြစ်
By- အောင်သက်ဝိုင်း(ဧရာဝတီ)
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော သမိုင်းဝင် အပြောင်းအလဲများသည် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ နှစ်ဦး၏ ပူးပေါင်း ဆောင်ရွက်မှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း အမေရိကန် အထက် လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က ပြောကြားသည်။
ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးတွင် ယနေ့ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ၄င်းက အထက်ပါ အတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ဒီအပြောင်းအလဲတွေက လူနှစ်ဦးက အဓိက မောင်းနှင်ရွှေ့လျားစေခဲ့တယ်လို့
အဲဒီသူနှစ်ဦးကတော့ သိပ်ပြီးခြားနားမှုမရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်ပါပဲ။ အပြောင်းအလဲတွေကို သူတို့နှစ်ဦးက စတင်ခဲ့ကြတယ်၊ သူတို့နှစ်ဦးက ကွဲပြားခြားနားတဲ့ ဘ၀ခရီးတွေ ရှိပေမယ့် လူ့အဖွဲ့အစည်းကောင်းမွန်ဖို့ အရေး မတူတာတွေ ဘေးဖယ်ထားပြီး ပူးပေါင်းခဲ့ကြတယ်” ဟု မစ္စတာ ဂျင်မ်ဝက်ဘ်က ပြောသည်။
ယင်းပူးပေါင်းဆောင်ရွက်မှုကြောင့
“အခု အခြေအနေက မြန်မာနိုင်ငံအတွက် သမိုင်းမှာ အရမ်းကို လေးနက်အရေးကြီး အချိန်အခါလို့ ကျနော် ပြောချင်ပါတယ်။ လွန်ခဲ့တဲ့ ကိုးလတုန်းက အခြေအနေတွေနဲ့ စာလို့ရှိရင် အခုဖြစ်ပျက်နေ တာတွေက အံ့သြဖို့ ကောင်းတယ်ဆိုတာထက် ပိုပါတယ်” ဟု မစ္စတာ ဂျင်မ်ဝက်ဘ်က ဆိုသည်။
သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ နံနက်က နေပြည်တော်တွင် သီးသန့်တွေ့ ဆုံဆွေးနွေးကြပြီး နေ့လည်စာ စားခဲ့ကြသည်။
မစ္စတာ ဂျင်မ်ဝက်ဘ်အနေဖြင့် အမေရိကန်ပြည်ထောင်စုသို့ ပြန်လည်ရောက်ရှိပါက မြန်မာနိုင်ငံနှင့် အမေရိကန် ဆက်ဆံရေးအတွက် လွှတ်တော်အမတ်များ၊ အုပ်ချုပ်ရေး ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးသွားရန် ရှိကြောင်း သိရှိရသည်။
“ကျနော် ၀ါရှင်တန်ပြန်ရောက်ရင် တခြားလွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းမယ်။ အုပ်ချုပ်ရေး ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးမယ်။ ပေါ်လစီတွေပြောင်းလဲဖို့ စစ်မှန်တဲ့ လမ်းကြောင်းမှန်ပေါ်ရောက်ဖို့ ကျနော်တို့အနေနဲ့ အပြုသဘော ပြောင်းလဲမှုတွေအတွက် ဆုပေးရမယ်။ ပြီးတော့ နောက်ဖြစ်မယ့် အနာဂတ် အပြောင်းအလဲတွေအတွက် ဘယ်လိုမက်လုံးတွေနဲ့ တုံ့ပြန်ဆောင် ရွက်မယ်ဆိုတာလည်း ဆွေးနွေးပါမယ်။ ကျနော့်အနေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ ထုတ်ပြန်ချက်ကိုလည်း ချီးကျူးကြိုဆိုပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံက စီးပွားရေးပိုင်းမှာရော၊ သံတမန်ပိုင်းမှာရော တိုးတက်ပြောင်း လဲ လာတွေကို မြင်ချင်ပါတယ်” ဟု ၄င်းက ပြောသည်။
မစ္စတာ ဂျင်မ်ဝက်ဘ်သည် ၄င်း၏ ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊လွှတ်တော်ဥက္ကဋ္ဌများ၊ နိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များ၊ မီဒီယာသမားများ၊ စီးပွားရေးသမားများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
နေပြည်တော်သို့ သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တွေ့ရစဉ်။
(Photo: AFP)
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရန် နေပြည်တော်သို့ သွားရောက်မည့် ဒေါ်အောင်ဆန်း စုကြည်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တွေ့ရစဉ်။
သမ္မတကြီး ဦးသိန်းစိန်နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ
ယနေ့ နံနက်ပိုင်း တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။ မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် လက်နက်ကိုင်
တိုင်းရင်းသားအဖွဲ့ အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ကိစ္စများကို ဆွေးနွေးရန်ရှိကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။ထိုနောက် အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနဲ့လည်း နောက်ပိုင်းမှာ တွေ့ဆုံမှာဖြစ်ကြောင်း သတင်းရရှိခဲ့ပါတယ်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရန် နေပြည်တော်သို့ သွားရောက်မည့် ဒေါ်အောင်ဆန်း စုကြည်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တွေ့ရစဉ်။
သမ္မတကြီး ဦးသိန်းစိန်နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ
ယနေ့ နံနက်ပိုင်း တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။ မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် လက်နက်ကိုင်
တိုင်းရင်းသားအဖွဲ့ အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ကိစ္စများကို ဆွေးနွေးရန်ရှိကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။ထိုနောက် အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနဲ့လည်း နောက်ပိုင်းမှာ တွေ့ဆုံမှာဖြစ်ကြောင်း သတင်းရရှိခဲ့ပါတယ်။
မန္တလေး သင်္ကြန် စည်ကားစွာကျင်းပမည်
မန္တလေးမြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်တွင်
သင်္ကြန်အကြိုနေ့ ဖွင့်ပွဲအတွက် ဝတ်စုံပြည့် လေ့ကျင့်နေသည့်
အကအလှမယ်များကို တွေ့မြင်ရစဉ်။ဒီနှစ်မန္တလေး သင်္ကြန်သည်
အင်္ဂလန်နိုင်ငံ လန်ဒန်ဝိဟာရကျောင်း နှစ်စဉ်ပူဇော်ပွဲ
ရေတွင်းသန့်ရှင်းရေးလုပ်စဉ် အောက်ဆီဂျင်ပြတ်၍ ရဟန်းတစ်ပါးပျံလွန်ပြီး လူတစ်ဦးကွယ်လွန်
နိုင်ကြီး(ကသာ)
ကသာ၊ ဧပြီ - ၇
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်၊ ပေါမမြိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း
ဖြစ်စဉ်မှာ နွေရာသီကာလရောက်ပြီဖြစ်၍ ဧပြီလ ၁ရက် တွင် ရေတွင်းအတွင်း၌ ရေနည်းလာပြီ ဖြစ်သောကြောင့် အမှိုက်များ ဆယ်ယူသန့်ရှင်းခြင်း၊ ရေထွက်ပေါက် များအား ကောင်းမွန်လာစေရန် အတွက် ကုသိုလ်ဖြစ်ကူညီပေးကြသူ ကိုအောင်လွင်နှင့် ဦးပဉ္ဇင်း ဦးစန္ဒောတို့နှစ်ဦးရေတွင်းထဲ အောက်ဆီဂျင်ပြတ်လပ်မှုနှင့်ကြုံေ
ဖြစ်စဉ်မှာ ဧပြီလ ၁ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၃၀ အချိန်တွင် ကသာမြို့နယ်၊ ပေါမမြိုင် ကျေးရွာဘုန်း
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း တည်ထောင်မည်
မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်
အောင်သူရ
ရန်ကုန်၊ ဧပြီ - ၉
ဒေါ်အောင်ဆန်းစုကြည်က သူမ၏မိခင်အမည်ဖြစ်သော ဒေါ်ခင်ကြည်အမည်နှင့် ဖောင်ဒေးရှင်းတစ်ခု ကို ဧပြီ ၁၆ ရက်တွင်ကျရောက်မည့် ဒေါ်ခင်ကြည်နှစ် (၁၀၀)ပြည့်၌ တည်ထောင်ကာ လူထုအကျိုးပြု လုပ်ငန်းများ လုပ်ဆောင်သွားမည်ဟု အင်န်အယ်လ်ဒီမှ ပြောခွင့်ရှိသူ ဦးဉာဏ်ဝင်းကပြောသည်။
အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲပြုလုပ်သော ဧပြီ ၇ ရက်တွင် ဒေါ်အောင်ဆန်း စုကြည် က ဒေါ်ခင်ကြည်အမည်နှင့် ဖောင်ဒေးရှင်းထူထောင်မည်ဟု ပြောကြောင်း အဆိုပါအစည်း အဝေးသို့ တက်ရောက်ခဲ့သူ ဇဗ္ဗူသီရိမဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့သူ ဒေါ်စန္ဒာမင်းက ပြောသည်။
“အခုတောင် ကျပ်သိန်းတစ်ရာနဲ့စနေပြီ” ဟု မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် အနိုင်ရရှိခဲ့သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကဆိုသည်။ ကူညီရေးအစီအစဉ်များကို ကော့မှူးမြို့ နယ်မှ စတင်မည် ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအထိ လတ်တလောလိုအပ်ချက်များအား တတ်နိုင်သမျှကူညီသွားမည်ဟု လှည်းကူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးဖြိုးမင
ဒေါ်အောင်ဆန်းစုကြည်၏မိခင် ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ၁၉၄၂ ခုနှစ်စက်တင်ဘာ ၆ ရက်တွင် လက်ထပ်ခဲ့ပြီး ၁၉၆၀ တွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ခံရကာ ၁၉၈၈ ဒီဇင်ဘာ ၂၇ရက်တွင် ကွယ်လွန်ခဲ့သည်။
ရွှေညဝါ ဆရာတော်ကြီး ထိုင်းနိုင်ငံသို့ တရားဓမ္မများ ဟောကြားရန် ရောက်ရှိ
မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ရုံးမှာ ပြီးခဲ့တဲ့ ၂၀၁၁ စက်တင်ဘာလက သြဝါဒတရား ချီးမြှင့်ခဲ့သည်
ဆိုသော အကြောင်းပြချက်ဖြင့် ယခုနှစ် ဖေဖော်ဝါရီလက ကြည့်မြင်တိုင်
သာဓုပရိယတ္တိ စာသင်တိုက်မှ ထွက်ခွာသွားရန် မတရားဖယ်ရှားခြင်း ခံခဲ့ရတဲ့
ရွှေညဝါဆရာတော်ကြီးဟာ ၁၀ရက်နေ့က ထိုင်းနိုင်ငံသို့ သာဿနာပြု တရားဓမ္မများ ဟောကြားရန် ရောက်ရှိနေပါတယ်။
ပြည်သူများရဲ့  ကြည်ညိုလေးစားခြင်းခံရတဲ့ ရွှေညဝါဆရာတော်ကြီးဟာ ဓမ္မတရားနှင့်အညီ အေးချမ်း
စွာ နေထိုင်နေပါတယ်။အမှန်တရားဟာ ဘယ်တော့မှဖျောက်ဖျက်လို့ မရပါဘူး ပြည်သူဘက်မှ သံဃာရဲ့ 
ဝတ်နည်းနဲ့ အညီ ဆုံးမတရားများဟောကြားခဲ့တဲ့အတွက် အစိုးရရဲ့ ညိုငြင်ခြင်းခံရပြီး မတရားကျောင်းမှ
နှင်ထုတ်ခံခဲ့ရသောကြောင့် ပြည်သူများမျက်ရည် ကြီးငယ်ကျခဲ့ရပေမဲ့ ဆရာတော်ကြီးဟာ င်္သခါရတရား
ကိုလက်ကိုင်ထားသူမို့  အပြုံးမပျက်ခဲ့ပါဘူး။
ဒုက္ခသစ္စာမသိတဲ့ အစိုးရဟာ အ၀ိဇ္ဇာဖုံးလွမ်းပြီး သံဃာတွေတောင်သတ်ရဲတာ အ၀ိစီမှတပါး အခြားမရှိတော့ပါ။
ရွှေညဝါဆရာတော်ကြီးအား ဆက်သွယ်ရန်ဖုန်း
ပြည်သူများရဲ့  ကြည်ညိုလေးစားခြင်းခံရတဲ့ ရွှေညဝါဆရာတော်ကြီးဟာ ဓမ္မတရားနှင့်အညီ အေးချမ်း
စွာ နေထိုင်နေပါတယ်။အမှန်တရားဟာ ဘယ်တော့မှဖျောက်ဖျက်လို့ မရပါဘူး ပြည်သူဘက်မှ သံဃာရဲ့ 
ဝတ်နည်းနဲ့ အညီ ဆုံးမတရားများဟောကြားခဲ့တဲ့အတွက် အစိုးရရဲ့ ညိုငြင်ခြင်းခံရပြီး မတရားကျောင်းမှ
နှင်ထုတ်ခံခဲ့ရသောကြောင့် ပြည်သူများမျက်ရည် ကြီးငယ်ကျခဲ့ရပေမဲ့ ဆရာတော်ကြီးဟာ င်္သခါရတရား
ကိုလက်ကိုင်ထားသူမို့  အပြုံးမပျက်ခဲ့ပါဘူး။
ဒုက္ခသစ္စာမသိတဲ့ အစိုးရဟာ အ၀ိဇ္ဇာဖုံးလွမ်းပြီး သံဃာတွေတောင်သတ်ရဲတာ အ၀ိစီမှတပါး အခြားမရှိတော့ပါ။
0 comments:
Post a Comment