Wednesday, April 04, 2012

ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ လှည်းကူးမြို့မဲမသမာမှုတွေ ရှိခဲ့

ဧပြီ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တဲ့အတွက် လှည်းကူးမြို့သူမြို့သားတွေက ရွေးကောက်ပွဲကော်မရှင်ကို တင်ပြခဲ့ပေမယ့် တစုံတရာ လိုက်လံ ဖြေရှင်းမှုမျိုး မပေးခဲ့တဲ့ အတွက် ဆန္ဒမဲ မပေးရတဲ့ ပြည်သူတွေက မကျမနပ် ဖြစ်နေကြပါတယ်။လှည်းကူးမြို့နယ် မဲဆန္ဒနယ်အတွင်း မဲရုံပေါင်း ၁၂၀ ကျော်၊ မဲဆန္ဒပေးပိုင်ခွင့်ရှိသူပေါင်း တသိန်းသုံးသောင်းကျော် ရှိရှိပြီး မဲဆန္ဒရှင်ပြည်သူတွေက မဲပေးနိုင်ဖို့ အတွက် မနက် (၆) နာရီကတည်း လာရောက် စောင့်ဆိုင်းခဲ့ကြပါတယ်။ကြံ့ခိုင်ဖွံ့ရေးပါတီဝင်တွေကလဲ မဲရုံအချို့မှာ ကြံ့ဖွံ့ပါတီကို အမှန်ခြစ်ထားတဲ့ စာရွက်တွေကို မဲပေးမယ့်ပြည်သူတွေကို လိုက်လံဝေငှပေးခဲ့ကြပါတယ်။ဒီလို မဲမသမာမှုတွေ ရှိနေတဲ့ ကြားက မဲဆန္ဒရှင် ပြည်သူတွေက တခဲနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံဆန္ဒမဲပေးခဲ့ကြ တယ်လို့ သိရှိရပါတယ်။ Type your summary here.

0 comments: